သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘူးသီးေတာင္ ေပါက္ကဲြမႈ ကေလး ၄ ဦးေသဆုံး


မုိင္း ၁ လံုး နင္းမိေပါက္ကြဲသျဖင့္ ကေလးငယ္ ၄ ဦးေသဆံုး၊ ၆ ဦးဒဏ္ရာရရွိ (တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး)

(Zawgyi / Unicode)

ျမန္မာအစိုးရနဲ႕NCA အပစ္ရပ္လက္မွတ္ထိုး တိုင္းရင္းသားလက္နက္အဖြဲ႕ေတြနဲ႕ ျငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြး ေႏြးေတာ့မယ့္ အခ်ိန္မွာဘဲ NCA မထိုးနိုင္ေသးတဲ့ ရခိုင္လက္နက္ကိုင္ AA နဲ႕ျမန္မာစစ္တပ္တို႕ အၾကား တိုက္ပြဲျပင္းထန္ ျဖစ္ပြားေနဆဲျဖစ္သလို ဒီေန႕မနက္ ဘူးသီးေတာင္ျမိဳ႕နယ္ အတြင္း ဗံုးေပါက္ကြဲမွဳေၾကာင့္ ေက်ာင္းသား ကေလးငယ္ (၄) ဦးေသဆုံးျပီး (၆) ဦးဒဏ္ ရာ ရရွိခဲ့တယ္လို႕ ေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္တြင္း ေနာက္ဆံုး အ ေျခ ေန ေတြကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္နိုင္ကြန္းအိန္ ကေန သတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ျမိဳ႕နယ္ ေက်ာက္ရန္အုပ္စု ထိပ္ထူးေပါက္ေက်းရြာမွာ ဒီမနက္ဗုံးေပါက္ကြဲမႈေၾကာင့္ ေက်ာင္းဆရာတဦးအပါ၀င္ ေက်ာင္းသား ကေလးငယ္ အမ်ားျပား ထိခိုက္ေသဆုံးခဲ့တယ္လို႕ ထိပ္တူးေပါက္ေက်းရြာ အုပ္ခ်ဳပ္ေရးအဖြဲ႕၀င္တဦး ကေျပာပါတယ္။

“ဗံုးကြဲတာက (၁၀)နာရီခြဲေလာက္မွာ ကေလးေတြနဲ ႕ေက်ာင္းဆရာတေယာက္နဲ႕ သူတို႕ေတာင္ေပၚကို သြားတာ မိုင္း ေပါက္တာ မိုင္းကြဲတာနဲ႕သူတို႕(၁၀ )ေယာက္သြားရတယ္။ (၁၀)ေယာက္မွာ (၆)ေယာက္ ဒဏ္ရာရတယ္။ (၄)ေယာက္ ေသဆုံးသြားတယ္။”

အသက္ ၂၅ ႏွစ္အရြယ္ ေက်ာင္းဆရာျဖစ္သူ အာလီကူဟာရ္က ကေလးေတြနဲ႔အတူ ေတာင္ေပၚကို ထင္းရွာစဥ္မွာ ေပါက္ကြဲမႈျဖစ္ခဲ့တာလို႔ လည္း ေျပာပါတယ္။ ဒီမနက္ဗုံး ေပါက္ကြဲမႈ ေၾကာင့္ ကေလးငယ္(၄) ဦးေသဆုံးျပီး ေက်ာင္းဆရာတဦး အပါ၀င္(၆) ဦး ကေတာ့ ဘူးသီးေတာင္ေဆးရံုမွာ ေဆး၀ါး ကုသ ေနရတယ္ လို႔ ဘူးသီးေတာင္မဲဆႏၵနယ္က အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံ ကေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီမိုင္းဟာ AA ရခိုင္ လက္နက္ကိုင္အဖြဲ႔က ေထာင္ထားတဲ့မိုင္းလို႕ေျပာပါတယ္။

“အဲဒီေတာင္ေၾကာေပၚ ကတက္ရင္းနဲ႕ မိုင္းထိၾကတယ္။ မိုင္းထိတဲ့ေနရာလဲ ကြ်န္ေတာ္တို႔ သြားေရာက္စစ္ေဆးၾကည့္တယ္။ အဲဒီမိုင္းက (၁၀)ေယာက္ေလာက္ (၄)ေယာက္ေလာက္ ေသၿပီးေတာ့ (၆)ေယာက္ေလာက္ ဒဏ္ရာရသြားတယ္။ ေတာ္ေတာ္ ျပင္းထန္တဲ့မိုင္းျဖစ္တယ္။ AA အေနနဲ႕က သူကေတာ့ လုံျခံဳေရးစခန္းေတြ လုံျခံဳေရးကင္းေတြကို သူတို႕ပစ္တယ္။ ပစ္ၿပီးေတာ့ သူတို႕ျပန္ေျပးတဲ့အခါမွာ သူုတို႕ဆုတ္သြားတဲ့ လမ္းမွာေတာ့ အဲဒီလို မိုင္းေထာင္သြားတယ္။ အခုကိစၥမွာလဲမိုင္းကို သူတို႕ေထာင္ထားတဲ့မိုင္းကို နင္းမိတာတို႕ တိုက္မိတာတို႕ ဘဲ ကြ်န္ေတာ္တို႕ေတြ႕ရတယ္ဗ်။”

AA ရခိုင္လက္နက္ကိုင္အဖြဲ႕ေျပာခြင့္ရ ခိုင္သုခကေတာ့ မိုင္းကြဲတဲ့ေနရာဟာ ျမန္မာစစ္တပ္ဘက္က စခန္းခ်ထားတဲ့ေနရာ ျဖစ္ၿပီး စစ္တပ္ကေထာင္ထားတဲ့ မိုင္းလို႕ေျပာပါတယ္။

“ရြာသားေတြဆီက သိရတာကေတာ့ အဲဒီေနရာမွာ ဗမာစစ္တပ္ဘက္က စခန္းခ်ခဲ့တယ္လို႕သိရတယ္။ ဆိုေတာ့ အဲဒီဗမာ စစ္တပ္ေထာင္ထားခဲ့တဲ့ မိုင္းေပါက္တယ္လို ႕ေျပာတယ္။”

ရခိုင္ျပည္နယ္အတြင္း ဒီရက္ပိုင္းမွာ တိုက္ပြဲျဖစ္ပြားမႈ မိုင္းေပါက္ကြဲမွဳျဖစ္စဥ္ေတြ ဆက္တိုက္ ရွိလာတာပါ။

ဒီကေန႕မြန္းလႊဲပိုင္းမွာ မင္းျပားၿမိဳ႕နယ္ ဖားေပ်ာ္ေက်းရြာဘက္မွာ ျမန္မာစစ္တပ္ယာဥ္တန္းတခုကို AAရခိုင္လက္နက္ ကိုင္အဖြဲ႕ဘက္က ပစ္ခတ္တိုက္ခိုက္တယ္လို႕ ေဒသခံတဦးကေျပာပါတယ္။

“အခုတိုက္ပြဲျဖစ္တာ ႏွစ္ဖက္တိုက္ပြဲ။ မင္းျပားၿမိဳ႕နယ္ ခ်င္းဖါးေပ်ာ္ရြာ။ အဲတာတိုက္ပြဲ အခု ေသနတ္သံေတြ ရပ္သြားၿပီးေတာ့ ေလယာဥ္ႏွစ္စီးနဲ႕ပစ္ေနတာဗ် အကိုၾကားလား။ ေလယာဥ္ႏွစ္စီးနဲ႕လာပစ္တယ္။ ထိခိုက္မွဳကေတာ့ တပ္ဘက္က ကားႏွစ္စီးက်တယ္လို႕ေျပာတယ္။ ကားကိုမိုင္းခြဲတာ မိုင္းခြဲၿပီးေတာ့ ကားႏွစ္စီးက်တယ္လို႕။ ရြာသားေတြ ေတာ့ ေအာက္မွာ ထြက္ေျပးၾကတယ္။”

ဒီေန႕မင္းျပားျမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ပြားေၾကာင္းအတည္ျပဳေပမဲ့ ျဖစ္စဥ္အေသးစိတ္ကို မသိရွိ ေသးဘူးလို႕ AAေျပာခြင့္ရ ခိုင္သုခကဆိုပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့

“မင္းျပား၊ ရာေမာင္တံတားပတ္၀န္းက်င္မွာ ကြ်န္ေတာ္တို႕တပ္ကယာဥ္တန္းကို မိုင္းဆြဲတိုက္ခိုက္ခံရတာ ရွိပါတယ္ဗ်။ အဲဒီျဖစ္စဥ္ေတာ့ျဖစ္ပါတယ္။ အေသးစိတ္ကိုေတာ့ ကြ်န္ေတာ္တို႕ ေမးေနတုန္းပါဗ်။”

ဒါ့အျပင္ မေန႕က ရေသ့ေတာင္ျမိဳ႕နယ္ထဲမွာ AAအဖြဲ႕နဲ႕တပ္မေတာ္တို႕အၾကား တိုက္ပြဲျဖစ္ပြားမွဳရွိခဲ့ၿပီး ႏွစ္ဖက္ထိခိုက္မွဳ ေတြရိွခဲ့တယ္လို႕ AAေျပာခြင့္ရခိုင္သုခကေျပာပါတယ္။

“မေန႕က မနက္(၈)နာရီ(၁၀)မိနစ္ေလာက္မွာ ေအာင္ဆိပ္ရြာရဲ႕ေျမာက္ဖက္ေပါ့ေနာ္။ (၁) ကီလိုမီတာေလာက္အကြာမွာ အဲဒီမွာတႀကိမ္တိုက္ပြဲျဖစ္ခဲ့တာရွိတယ္။ ေနာက္ၿပီးေတာ့ေန႕လည္(၁၂)နာရီ(၂၄)မိနစ္မွာ ရေသ့ေတာင္ၿမိဳ႕နယ္ ခြ်တ္ျပင္ရြာရဲ႕အေနာက္ဖက္က ကားလမ္းမေပၚမွာ အဲဒီမွာတိုက္ပြဲျဖစ္ပြားခဲ့တာရွိတယ္။ မေန႕က ျဖစ္ခဲ့တဲ့တိုက္ပြဲ အတြင္းမွာေတာ့ ရန္သူဘက္က(၅)ဦးက်ဆုံးၿပီးေတာ့(၁၀)ဦးအထက္ဒဏ္ရာရတာရွိတယ္။ ကြ်န္ေတာ္တို႕ဘက္ကလဲဘဲ စစ္သည္ေတာ္တဦး က်ဆုံးတာရွိတယ္။”

မေန႕ကရေသ့ေတာင္ျမိဳ႕နယ္ေအာင္ဆိပ္ရြာဖက္မွာထိေတြ႕မွဳမရွိေပမဲ့ ခြ်တ္ျပင္ဖက္မွာ တိုက္ပြဲျဖစ္ပြားေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

“ခြ်တ္ျပင္ဖက္မွာေတာ့ ကြ်န္ေတာ္တို႕ နယ္ျခားေစာင့္ရဲနဲ႕ျဖစ္တဲ့ျဖစ္စဥ္ကရွိပါတယ္။ နယ္ျခားေစာင့္ရဲက သူ႕ရဲ႕စခန္း လုံျခံဳေရးေဆာင္ရြက္ေနတဲ့အဖြဲ႕ကို ရီမုမိုင္း(၃)လုံးနဲ႕ေဖာက္ခြဲတိုက္ခိုက္ခဲ့တာရွိပါတယ္ဗ်။ ဒဏ္ရာရရွိမွဳေတာ့ မရွိပါဘူး။”

ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္အဖြဲ႕တို႕တိုက္ပြဲျပင္းထန္ျဖစ္ပြားလာတာ တႏွစ္ေက်ာ္လာၿပီး ျဖစ္ပါတယ္။

တိုက္ပြဲစဥ္အတြင္းအရပ္သား(၁၂၀)ေက်ာ္ေသဆုံးခဲ့သလို (၂၃၀)ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး လူဦးေရတသိန္းေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႕ ရခိုင္လူမွဳ အဖြဲ႕အစည္းေတြက စာရင္းျပဳစုထားပါတယ္။

ဒီလအကုန္မွာ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႕ျမန္မာအစိုးရျငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႕တို႕ ျငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံသြားေဆြးေႏြးဖို႕စီစဥ္ေနဆဲသတင္းေတြေပၚထြက္ေနေပမဲ့ တဖက္နဲ႕တဖက္ ပစ္ခတ္တိုက္ခိုက္မွဳ ေတြျဖစ္ပြားေန ဆဲျဖစ္ပါတယ္။

ဘူးသီးေတာင္ ေပါက္ကဲြမႈ ကေလး ၄ ဦးေသဆုံး
please wait

No media source currently available

0:00 0:04:28 0:00
တိုက္႐ိုက္ လင့္ခ္


..................

ဘူးသီးတောင် ပေါက်ကွဲမှု ကလေး ၄ ဦးသေဆုံး

(Unicode)

မြန်မာအစိုးရနဲ့NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေး နွေးတော့မယ့် အချိန်မှာဘဲ NCA မထိုးနိုင်သေးတဲ့ ရခိုင်လက်နက်ကိုင် AA နဲ့မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေဆဲဖြစ်သလို ဒီနေ့မနက် ဘူးသီးတောင်မြို့နယ် အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းသား ကလေးငယ် (၄) ဦးသေဆုံးပြီး (၆) ဦးဒဏ် ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း နောက်ဆုံး အ ခြေ နေ တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရန်အုပ်စု ထိပ်ထူးပေါက်ကျေးရွာမှာ ဒီမနက်ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဆရာတဦးအပါဝင် ကျောင်းသား ကလေးငယ် အများပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ထိပ်တူးပေါက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦး ကပြောပါတယ်။

“ဗုံးကွဲတာက (၁၀)နာရီခွဲလောက်မှာ ကလေးတွေနဲ့ကျောင်းဆရာတယောက်နဲ့ သူတို့တောင်ပေါ်ကို သွားတာ မိုင်း ပေါက်တာ မိုင်းကွဲတာနဲ့သူတို့(၁၀ )ယောက်သွားရတယ်။ (၁၀)ယောက်မှာ (၆)ယောက် ဒဏ်ရာရတယ်။ (၄)ယောက် သေဆုံးသွားတယ်။”

အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာဖြစ်သူ အာလီကူဟာရ်က ကလေးတွေနဲ့အတူ တောင်ပေါ်ကို ထင်းရှာစဉ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ လည်း ပြောပါတယ်။ ဒီမနက်ဗုံး ပေါက်ကွဲမှု ကြောင့် ကလေးငယ်(၄) ဦးသေဆုံးပြီး ကျောင်းဆရာတဦး အပါဝင်(၆) ဦး ကတော့ ဘူးသီးတောင်ဆေးရုံမှာ ဆေးဝါး ကုသ နေရတယ် လို့ ဘူးသီးတောင်မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ကပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီမိုင်းဟာ AA ရခိုင် လက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့မိုင်းလို့ပြောပါတယ်။

“အဲဒီတောင်ကြောပေါ် ကတက်ရင်းနဲ့ မိုင်းထိကြတယ်။ မိုင်းထိတဲ့နေရာလဲ ကျွန်တော်တို့ သွားရောက်စစ်ဆေးကြည့်တယ်။ အဲဒီမိုင်းက (၁၀)ယောက်လောက် (၄)ယောက်လောက် သေပြီးတော့ (၆)ယောက်လောက် ဒဏ်ရာရသွားတယ်။ တော်တော် ပြင်းထန်တဲ့မိုင်းဖြစ်တယ်။ AA အနေနဲ့က သူကတော့ လုံခြုံရေးစခန်းတွေ လုံခြုံရေးကင်းတွေကို သူတို့ပစ်တယ်။ ပစ်ပြီးတော့ သူတို့ပြန်ပြေးတဲ့အခါမှာ သူုတို့ဆုတ်သွားတဲ့ လမ်းမှာတော့ အဲဒီလို မိုင်းထောင်သွားတယ်။ အခုကိစ္စမှာလဲမိုင်းကို သူတို့ထောင်ထားတဲ့မိုင်းကို နင်းမိတာတို့ တိုက်မိတာတို့ ဘဲ ကျွန်တော်တို့တွေ့ရတယ်ဗျ။”

AA ရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရ ခိုင်သုခကတော့ မိုင်းကွဲတဲ့နေရာဟာ မြန်မာစစ်တပ်ဘက်က စခန်းချထားတဲ့နေရာ ဖြစ်ပြီး စစ်တပ်ကထောင်ထားတဲ့ မိုင်းလို့ပြောပါတယ်။

“ရွာသားတွေဆီက သိရတာကတော့ အဲဒီနေရာမှာ ဗမာစစ်တပ်ဘက်က စခန်းချခဲ့တယ်လို့သိရတယ်။ ဆိုတော့ အဲဒီဗမာ စစ်တပ်ထောင်ထားခဲ့တဲ့ မိုင်းပေါက်တယ်လို့ပြောတယ်။”

ရခိုင်ပြည်နယ်အတွင်း ဒီရက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှု မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေ ဆက်တိုက် ရှိလာတာပါ။

ဒီကနေ့မွန်းလွှဲပိုင်းမှာ မင်းပြားမြို့နယ် ဖားပျော်ကျေးရွာဘက်မှာ မြန်မာစစ်တပ်ယာဉ်တန်းတခုကို AAရခိုင်လက်နက် ကိုင်အဖွဲ့ဘက်က ပစ်ခတ်တိုက်ခိုက်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“အခုတိုက်ပွဲဖြစ်တာ နှစ်ဖက်တိုက်ပွဲ။ မင်းပြားမြို့နယ် ချင်းဖါးပျော်ရွာ။ အဲတာတိုက်ပွဲ အခု သေနတ်သံတွေ ရပ်သွားပြီးတော့ လေယာဉ်နှစ်စီးနဲ့ပစ်နေတာဗျ အကိုကြားလား။ လေယာဉ်နှစ်စီးနဲ့လာပစ်တယ်။ ထိခိုက်မှုကတော့ တပ်ဘက်က ကားနှစ်စီးကျတယ်လို့ပြောတယ်။ ကားကိုမိုင်းခွဲတာ မိုင်းခွဲပြီးတော့ ကားနှစ်စီးကျတယ်လို့။ ရွာသားတွေ တော့ အောက်မှာ ထွက်ပြေးကြတယ်။”

ဒီနေ့မင်းပြားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားကြောင်းအတည်ပြုပေမဲ့ ဖြစ်စဉ်အသေးစိတ်ကို မသိရှိ သေးဘူးလို့ AAပြောခွင့်ရ ခိုင်သုခကဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့

“မင်းပြား၊ ရာမောင်တံတားပတ်ဝန်းကျင်မှာ ကျွန်တော်တို့တပ်ကယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရတာ ရှိပါတယ်ဗျ။ အဲဒီဖြစ်စဉ်တော့ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်တို့ မေးနေတုန်းပါဗျ။”

ဒါ့အပြင် မနေ့က ရသေ့တောင်မြို့နယ်ထဲမှာ AAအဖွဲ့နဲ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်မှု တွေရှိခဲ့တယ်လို့ AAပြောခွင့်ရခိုင်သုခကပြောပါတယ်။

“မနေ့က မနက်(၈)နာရီ(၁၀)မိနစ်လောက်မှာ အောင်ဆိပ်ရွာရဲ့မြောက်ဖက်ပေါ့နော်။ (၁) ကီလိုမီတာလောက်အကွာမှာ အဲဒီမှာတကြိမ်တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ နောက်ပြီးတော့နေ့လည်(၁၂)နာရီ(၂၄)မိနစ်မှာ ရသေ့တောင်မြို့နယ် ချွတ်ပြင်ရွာရဲ့အနောက်ဖက်က ကားလမ်းမပေါ်မှာ အဲဒီမှာတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ မနေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲ အတွင်းမှာတော့ ရန်သူဘက်က(၅)ဦးကျဆုံးပြီးတော့(၁၀)ဦးအထက်ဒဏ်ရာရတာရှိတယ်။ ကျွန်တော်တို့ဘက်ကလဲဘဲ စစ်သည်တော်တဦး ကျဆုံးတာရှိတယ်။”

မနေ့ကရသေ့တောင်မြို့နယ်အောင်ဆိပ်ရွာဖက်မှာထိတွေ့မှုမရှိပေမဲ့ ချွတ်ပြင်ဖက်မှာ တိုက်ပွဲဖြစ်ပွားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“ချွတ်ပြင်ဖက်မှာတော့ ကျွန်တော်တို့ နယ်ခြားစောင့်ရဲနဲ့ဖြစ်တဲ့ဖြစ်စဉ်ကရှိပါတယ်။ နယ်ခြားစောင့်ရဲက သူ့ရဲ့စခန်း လုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့ကို ရီမုမိုင်း(၃)လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာရှိပါတယ်ဗျ။ ဒဏ်ရာရရှိမှုတော့ မရှိပါဘူး။”

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားလာတာ တနှစ်ကျော်လာပြီး ဖြစ်ပါတယ်။

တိုက်ပွဲစဉ်အတွင်းအရပ်သား(၁၂၀)ကျော်သေဆုံးခဲ့သလို (၂၃၀)ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူဦးရေတသိန်းကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်လူမှု အဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

ဒီလအကုန်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံသွားဆွေးနွေးဖို့စီစဉ်နေဆဲသတင်းတွေပေါ်ထွက်နေပေမဲ့ တဖက်နဲ့တဖက် ပစ်ခတ်တိုက်ခိုက်မှု တွေဖြစ်ပွားနေ ဆဲဖြစ်ပါတယ်။

XS
SM
MD
LG