သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ အင္တာနက္ျပန္ဖြင့္ဖို႔ လက္မွတ္ထိုး ေတာင္းဆို


ရခုိင္ျပည္နယ္တြင္ အင္တာနက္ ျဖတ္ေတာက္မႈကုိ ဆန္႔က်င္ကန္႔ကြက္ေနသူမ်ား။ (ဒီဇင္ဘာ ၂၄၊ ၂၀၁၉)

(Zawgyi / Unicode)

ရခိုင္လက္နက္ကိုင္တပ္ AA နဲ႔ အစိုးရစစ္တပ္တို႔ၾကား စစ္ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ထဲ ျပည္သူေတြ သတင္းအခ်က္အလက္ အျမန္ဆံုးသိရွိႏုိင္ဖို႔နဲ႔ သူတို႔ႀကံဳေနရတဲ့ အခက္အခဲ ေဘးဒုကၡေတြကို အျမန္ဆံုး သတင္းေပးပို႔ႏုိင္ေရး ရခုိင္ျပည္နယ္ထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ ပိတ္ထားတဲ့ အင္တာနက္ ဆက္သြယ္ေရး လမ္းေၾကာင္းေတြ အျမန္ဆံုး ျပန္ဖြင့္ေပးဖို႔ ျပည္သူေတြက လက္မွတ္ေရးထိုး ေတာင္းဆိုေနၾကပါတယ္။ ဒီမိုကေရစီအေျခခံ လူ႔အခြင့္အေရးျဖစ္တဲ့ သတင္းအခ်က္အလက္ ရယူႏိုင္ဖို႔ အစိုးရကို ရခိုင္လႊတ္ေတာ္ အပါအဝင္ ရခိုင္ႏုိင္ငံေရးပါတီေတြနဲ႔ ျပည္သူအမ်ားက ေတာင္းဆိုေနေပမယ့္လည္း အခုခ်ိန္အထိ အေရးတယူ ေျဖရွင္းေပးျခင္း မရွိေသးဘူးလို႔လည္း ရခိုင္အမ်ိဳးသားပါတီ ANP ဘက္က ေျပာပါတယ္။ အျပည့္အစုံကုိ မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

စစ္ျဖစ္လာတာ ႏွစ္ခ်ီလာၿပီျဖစ္တဲ့ ရခုိင္ျပည္နယ္တြင္း ရခိုင္တုိင္းရင္းသား လက္နက္ကုိင္တပ္ AA နဲ႔ အစိုးရစစ္တပ္တို႔ၾကား စစ္ေရးပဋိပကၡေတြ ဆက္ျပင္းထန္ေနဆဲ အခ်ိန္မွာပဲ အင္တာနက္ ဆက္သြယ္မႈေတြကို ဆက္လက္ျဖတ္ေတာက္ေနဆဲ အေနအထား ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇြန္လ ၂၁ ရက္ေန႔ကစလို႔ စစ္ျဖစ္ေနတဲ့ ခ်င္းျပည္နယ္က ၿမိဳ႕နယ္တၿမိဳ႕နယ္ အပါအဝင္ ရခုိင္ျပည္နယ္တြင္းက ၿမိဳ႕နယ္တခ်ိဳ႕ကို ျပည္ေထာင္စုအစိုးရ ဆက္သြယ္ေရးဝန္ႀကီးဌာနကေန လံုၿခံဳေရးအေၾကာင္းျပ ျဖတ္ေတာက္ခဲ့တာပါ။

အခုခ်ိန္အထိလည္း ရခိုင္ျပည္နယ္ မင္းျပား၊ ေက်ာက္ေတာ္၊ ပုဏၰားကၽြန္းနဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြမွာ အင္တာနက္ ဆက္လက္ျဖတ္ေတာက္ထားဆဲ အေျခအေန ျဖစ္ေနတာေၾကာင့္ ရခိုင္ျပည္နယ္တြင္းက ေဒသခံျပည္သူေတြ အပါအဝင္ ရခိုင္လႊတ္ေတာ္ ႏုိင္ငံေရးပါတီေတြနဲ႔ ဒီမိုကေရစီ အင္အားစုေတြ လူ႔အခြင့္အေရး လႈပ္ရွားသူေတြဘက္က အျမန္ဆံုး အင္တာနက္ေတြ ျပန္လည္ဖြင့္လွစ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ရခုိင္ျပည္နယ္တြင္း အင္တာနက္ေတြ အျမန္ဆံုးျပန္ဖြင့္ေပးဖို႔ ျပည္ေထာင္စုအစိုးရကို ေတာင္းဆိုတဲ့ ျပည္သူအမ်ားက လက္မွတ္ေရးထိုး ေတာင္းဆိုတဲ့ လႈပ္ရွားမႈတရပ္ကိုလည္း လြတ္လပ္စြာ ထုတ္ေဖာ္ေျပာခြင့္ လႈပ္ရွားမႈ အသံအဖြဲ႔က ဦးေဆာင္ ေဆာင္ရြက္ေနပါတယ္။

လာမယ့္ ဇန္နဝါရီလ ၂၁ ရက္ေန႔ ေနာက္ဆံုးထား ေကာက္ခံမွာျဖစ္ၿပီး ျပည္ေထာင္စုအစိုးရ ျပည္ေထာင္စုအဆင့္ လႊတ္ေတာ္ေတြဆီကို ေပးပို႔သြားမွာ ျဖစ္တယ္လို႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာခြင့္ လႈပ္ရွားမႈ အသံအဖြဲ႔က သုေတသနမန္ေနဂ်ာ ကိုရဲေဝၿဖိဳးေအာင္က ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“အဓိက ပထမတခ်က္က ရခုိင္ျပည္နယ္မွာ ျပည္သူေတြကုိ အသိေပး အေၾကာင္းၾကားျခင္းမရွိဘဲ ႐ုတ္တရက္ အင္တာနက္ ျဖတ္ေတာက္မႈေတြ လုပ္တယ္။ တခ်ဳိ႕ၿမိဳ႕နယ္ေတြမွာဆုိ အင္တာနက္ကို လုံးဝျဖတ္တာ မဟုတ္ဘဲ အင္တာနက္လုိင္း ေႏွးတာမ်ဳိးေတြ လုပ္တယ္။ ရခုိင္မွာရွိတဲ့ ျပည္သူေတြ ကုိယ္တုိင္ ဒါကို စုိးရိမ္ေၾကာင့္ၾကမႈ ျဖစ္႐ုံ မဟုတ္ဘဲနဲ႔ တႏုိင္ငံလုံးမွာရွိတဲ့ ျပည္သူေတြ ကိုယ္တုိင္ ေၾကာင့္ၾကစုိးရိမ္မႈျဖစ္ဖို႔ လုိအပ္တယ္။ အဲဒီကမွ အစုိးရနဲ႔ တပ္မေတာ္ရဲ႕ တရားလက္လြတ္ လုပ္ေနတဲ့ဟာေတြ ျပန္လည္ထိန္းေက်ာင္းႏုိင္မယ္လို႔ ထင္တယ္။ အဲဒါေၾကာင့္ ပထမ ျပည္သူတရပ္လုံးကုိ သတင္းစကား ပါတာေပါ့။ ရခုိင္မွာေတာ့ ဒီလုိေတြ ျဖစ္ေနတယ္။ ဒါေတြက အခ်ိန္မေရြး တျခားေနရာေတြ ပါလာႏုိင္တယ္။ ဒါေၾကာင့္မုိ႔ က်ေနာ္တုိ႔က အခ်ိန္မီ ဒါေတြကို ကန္႔ကြက္႐ႈတ္ခ်ဖို႔ လုိအပ္တယ္။ ရခုိင္လည္းပါမယ္၊ ခ်င္းလည္းပါမယ္၊ တျခားတုိင္းရင္းသားလည္း ပါမယ္။ သူတို႔ေတြ ကုိယ္တုိင္ မဟုတ္ဘဲနဲ႔ တႏုိင္ငံလုံးမွာရွိတဲ့ ျပည္သူေတြကပါ ဒါကို ေတာင္းဆုိတယ္၊ ၿပီးေတာ့ အင္တာနက္ ျဖတ္ေတာက္မႈေတြကုိ ဆန္႔က်င္ကန္႔ကြက္တယ္ဆုိတဲ့ သေဘာနဲ႔ လက္မွတ္ေရးထုိးဖုိ႔ လုပ္တာပါ။”

အခုလို စစ္ေရးပဋိပကၡေတြ ျပင္းထန္ေနတဲ့ စစ္ျဖစ္ေနတဲ့ ေနရာေတြမွာ အင္တာနက္ ျဖတ္ေတာက္ထားတာဟာ ေသာင္းခ်ီ စစ္ေျပးေနရတဲ့ ျပည္သူေတြရဲ႕ သတင္းအခ်က္အလက္မွန္ ရယူႏိုင္မႈ စစ္ေျပးဒုကၡသည္ေတြ လတ္တေလာ ႀကံဳေနရတဲ့ အခက္အခဲ ဒုကၡေတြကို သက္ဆုိင္သူေတြသိေအာင္ အျမန္ဆံုး ေျပာျပႏုိင္ဖို႔ အခက္ေတြ႔ေစတာမို႔ အင္တာနက္ျဖတ္တာဟာ အင္မတန္ အႏၱရာယ္ႀကီးတဲ့လုပ္ရပ္ ျဖစ္တယ္လို႔လည္း အသံအဖြဲ႔က ကိုရဲေဝၿဖိဳးေအာင္က ေျပာပါတယ္။

“ဒီ ရခုိင္ ပဋိပကၡျဖစ္ေနတဲ့ ေဒသမွာရွိတဲ့ ျပည္သူေတြ အတြက္ေရာ အဲဒီေဒသမွာ ဘာေတြျဖစ္ေနလဲ ဆုိၿပီးေတာ့ အဲဒီေဒသမွာမရွိတဲ့ ျပည္သူေတြ သိဖုိ႔အတြက္ေရာ အင္တာနက္က အေရးပါလာတယ္။ ဆုိလုိခ်င္တာ ဘယ္ေနရာ ဘယ္ေနရာမွာ တုိက္ပြဲေတြျဖစ္ေနၿပီ ဆုိၿပီးေတာ့ အဲဒီေဒသမွာရွိတဲ့သူေတြ သိတဲ့အခါက်မွ ဘယ္ဘက္ကုိေတာ့ တိမ္းေရွာင္ရမယ္၊ ဘယ္ဘက္ကိုေျပးရမယ္ ဆုိတဲ့ဟာမ်ဳိးေတြ သိႏုိင္မွာေပါ့။ ၿပီးတဲ့အခါ ထုတ္ျပန္မႈေတြေပါ့။ ဥပမာ ရခုိင္ကိစၥမွာပဲ ၾကည့္မယ္ဆုိရင္ AA ရခုိင့္တပ္မေတာ္ဘက္က ဘယ္ေနရာေတြမွာ တိုက္ပြဲေတြ ဆင္ႏႊဲမယ္ ျဖစ္မယ္ဆုိၿပီးေတာ့ ပုံမွန္ထုတ္ျပန္ေလ့ရွိတယ္။ အဲဒီထုတ္ျပန္တဲ့ဟာေတြကုိ ျပည္သူေတြက ဖတ္ၿပီးေတာ့မွ သူတို႔ေတြ ဘယ္ကိုေျပးရမယ္၊ ဘယ္လိုတိမ္းေရွာင္ရမလဲ ဆုိတဲ့ဟာေတြ သိမွာ။ အခုက တဖက္က ျဖတ္ေတာက္လိုက္တဲ့ အခါက်ေတာ့ ဘာမွမသိႏုိင္ေတာ့ဘူး။ ဒီ ထုတ္ျပန္တဲ့ ကိစၥေတြ၊ ရခုိင္ေဒသမွာ တကယ္ျဖစ္ေနတဲ့ ကိစၥေတြ မသိေတာ့ဘဲနဲ႔ တမင္တကာ မ်က္ျခည္ျပတ္ေအာင္ လုပ္ေနတယ္လုိ႔ေတာင္မွ ထင္ေယာင္ထင္မွား ျဖစ္လာေစတယ္။”

အခုလို ရခိုင္ျပည္နယ္တြင္း အင္တာနက္ ျဖတ္ေတာက္မႈေတြ ျပန္ဖြင့္ေပးဖို႔ ရခိုင္ျပည္နယ္အစိုးရ ျပည္ေထာင္စုအစိုးရေတြဆီ အေရးတႀကီး ေတာင္းဆိုေပမယ့္လို႔ အေလးအနက္ထား ေျဖရွင္းေပးတာ မရွိဘူးလို႔လည္း ရခုိင္အမ်ိဳးသားပါတီ ANP အတြင္းေရးမွဴးအဖြဲ႔ဝင္ ဦးေအာင္ျမတ္ေက်ာ္ကလည္း ေျပာပါတယ္။ ဒါကေတာ့ ႏိုင္ငံသားတို႔ အေျခခံလူ႔အခြင့္အေရးကို ခ်ိဳးေဖာက္မႈျဖစ္ၿပီး ဒီမိုကေရစီအစိုးရတရပ္ မလုပ္အပ္တဲ့လုပ္ရပ္ အျဖစ္လည္း သူက ေျပာပါတယ္။

“က်ေနာ္တုိ႔ပါတီ လႊတ္ေတာ္ကုိယ္စားလွယ္ေတြ အေနနဲ႔လည္း လႊတ္ေတာ္မွာ တင္ျပ ေတာင္းဆုိတာေတြလည္း ရွိထားၿပီးၿပီ။ ဒါေပမယ့္ အစုိးရပိုင္းက အခုခ်ိန္ထိ ဘာမွ တုံ႔ျပန္ ေဆာင္ရြက္တာမ်ဳိး မရွိေသးဘူး။ လုပ္ခ်င္သလုိ လုပ္ေနတယ္။ ဒီမုိကေရစီ အစိုးရလုိ႔ ေျပာေနေပမယ့္ ဒီမုိကေရစီ စံႏႈန္းနဲ႔ ဘာမွ မကိုက္ညီတဲ့ ဒီလုိမ်ဳိး လုပ္တာေတြကိုေတာ့ က်ေနာ္တို႔ ပါတီအေနနဲ႔ အၿမဲတမ္း ႐ႈတ္ခ်ၿပီး လုိအပ္တဲ့ ေတာင္းဆုိမႈေတြ အၿမဲတမ္း လုပ္ျဖစ္ေနပါတယ္။”

အခုအခ်ိန္အထိ ေျခာက္လေက်ာ္ ၾကာျမင့္လာၿပီျဖစ္တဲ့ ရခုိင္ျပည္နယ္တြင္း အင္တာနက္ ျဖတ္ေတာက္မႈကို အျမန္ဆံုး ျပန္ဖြင့္ေပးဖို႔ ျပည္သူအမ်ား လက္မွတ္ေရးထိုး ေတာင္းဆိုၾကဖို႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာခြင့္ လႈပ္ရွားမႈ အသံအဖြဲ႔က ႏႈိးေဆာ္တုိက္တြန္းေနၿပီး လာမယ့္ ဇန္နဝါရီလ ၂၁ ရက္ေန႔မွာေတာ့ ရလာတဲ့ လက္မွတ္ေတြကို စုစည္းၿပီး သက္ဆုိင္ရာ အစိုးရနဲ႔ လႊတ္ေတာ္တာဝန္ရွိသူေတြကို ေတာင္းဆိုၾကမွာျဖစ္ၿပီး ဒီမုိကေရစီစနစ္ ေဖာ္ေဆာင္မယ့္ အစိုးရတရပ္အေနနဲ႔ ျပည္သူအမ်ားရဲ႕ သေဘာထားဆႏၵကို အေလးထားမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ဦးေဆာင္လႈပ္ရွားသူေတြက ေျပာပါတယ္။

----------------------------------

(Unicode)

ရခိုင်မှာ အင်တာနက်ပြန်ဖွင့်ဖို့ လက်မှတ်ထိုး တောင်းဆို

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲ ပြည်သူတွေ သတင်းအချက်အလက် အမြန်ဆုံးသိရှိနိုင်ဖို့နဲ့ သူတို့ကြုံနေရတဲ့ အခက်အခဲ ဘေးဒုက္ခတွေကို အမြန်ဆုံး သတင်းပေးပို့နိုင်ရေး ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ ပိတ်ထားတဲ့ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်းတွေ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ပြည်သူတွေက လက်မှတ်ရေးထိုး တောင်းဆိုနေကြပါတယ်။ ဒီမိုကရေစီအခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ သတင်းအချက်အလက် ရယူနိုင်ဖို့ အစိုးရကို ရခိုင်လွှတ်တော် အပါအဝင် ရခိုင်နိုင်ငံရေးပါတီတွေနဲ့ ပြည်သူအများက တောင်းဆိုနေပေမယ့်လည်း အခုချိန်အထိ အရေးတယူ ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့လည်း ရခိုင်အမျိုးသားပါတီ ANP ဘက်က ပြောပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

စစ်ဖြစ်လာတာ နှစ်ချီလာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေ ဆက်ပြင်းထန်နေဆဲ အချိန်မှာပဲ အင်တာနက် ဆက်သွယ်မှုတွေကို ဆက်လက်ဖြတ်တောက်နေဆဲ အနေအထား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကစလို့ စစ်ဖြစ်နေတဲ့ ချင်းပြည်နယ်က မြို့နယ်တမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်တွင်းက မြို့နယ်တချို့ကို ပြည်ထောင်စုအစိုးရ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ လုံခြုံရေးအကြောင်းပြ ဖြတ်တောက်ခဲ့တာပါ။

အခုချိန်အထိလည်း ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တွေမှာ အင်တာနက် ဆက်လက်ဖြတ်တောက်ထားဆဲ အခြေအနေ ဖြစ်နေတာကြောင့် ရခိုင်ပြည်နယ်တွင်းက ဒေသခံပြည်သူတွေ အပါအဝင် ရခိုင်လွှတ်တော် နိုင်ငံရေးပါတီတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်က အမြန်ဆုံး အင်တာနက်တွေ ပြန်လည်ဖွင့်လှစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်တွင်း အင်တာနက်တွေ အမြန်ဆုံးပြန်ဖွင့်ပေးဖို့ ပြည်ထောင်စုအစိုးရကို တောင်းဆိုတဲ့ ပြည်သူအများက လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုတရပ်ကိုလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှု အသံအဖွဲ့က ဦးဆောင် ဆောင်ရွက်နေပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့ နောက်ဆုံးထား ကောက်ခံမှာဖြစ်ပြီး ပြည်ထောင်စုအစိုးရ ပြည်ထောင်စုအဆင့် လွှတ်တော်တွေဆီကို ပေးပို့သွားမှာ ဖြစ်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှု အသံအဖွဲ့က သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အဓိက ပထမတချက်က ရခိုင်ပြည်နယ်မှာ ပြည်သူတွေကို အသိပေး အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အင်တာနက် ဖြတ်တောက်မှုတွေ လုပ်တယ်။ တချို့မြို့နယ်တွေမှာဆို အင်တာနက်ကို လုံးဝဖြတ်တာ မဟုတ်ဘဲ အင်တာနက်လိုင်း နှေးတာမျိုးတွေ လုပ်တယ်။ ရခိုင်မှာရှိတဲ့ ပြည်သူတွေ ကိုယ်တိုင် ဒါကို စိုးရိမ်ကြောင့်ကြမှု ဖြစ်ရုံ မဟုတ်ဘဲနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ ကိုယ်တိုင် ကြောင့်ကြစိုးရိမ်မှုဖြစ်ဖို့ လိုအပ်တယ်။ အဲဒီကမှ အစိုးရနဲ့ တပ်မတော်ရဲ့ တရားလက်လွတ် လုပ်နေတဲ့ဟာတွေ ပြန်လည်ထိန်းကျောင်းနိုင်မယ်လို့ ထင်တယ်။ အဲဒါကြောင့် ပထမ ပြည်သူတရပ်လုံးကို သတင်းစကား ပါတာပေါ့။ ရခိုင်မှာတော့ ဒီလိုတွေ ဖြစ်နေတယ်။ ဒါတွေက အချိန်မရွေး တခြားနေရာတွေ ပါလာနိုင်တယ်။ ဒါကြောင့်မို့ ကျနော်တို့က အချိန်မီ ဒါတွေကို ကန့်ကွက်ရှုတ်ချဖို့ လိုအပ်တယ်။ ရခိုင်လည်းပါမယ်၊ ချင်းလည်းပါမယ်၊ တခြားတိုင်းရင်းသားလည်း ပါမယ်။ သူတို့တွေ ကိုယ်တိုင် မဟုတ်ဘဲနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကပါ ဒါကို တောင်းဆိုတယ်၊ ပြီးတော့ အင်တာနက် ဖြတ်တောက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်ဆိုတဲ့ သဘောနဲ့ လက်မှတ်ရေးထိုးဖို့ လုပ်တာပါ။”

အခုလို စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ စစ်ဖြစ်နေတဲ့ နေရာတွေမှာ အင်တာနက် ဖြတ်တောက်ထားတာဟာ သောင်းချီ စစ်ပြေးနေရတဲ့ ပြည်သူတွေရဲ့ သတင်းအချက်အလက်မှန် ရယူနိုင်မှု စစ်ပြေးဒုက္ခသည်တွေ လတ်တလော ကြုံနေရတဲ့ အခက်အခဲ ဒုက္ခတွေကို သက်ဆိုင်သူတွေသိအောင် အမြန်ဆုံး ပြောပြနိုင်ဖို့ အခက်တွေ့စေတာမို့ အင်တာနက်ဖြတ်တာဟာ အင်မတန် အန္တရာယ်ကြီးတဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း အသံအဖွဲ့က ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။

“ဒီ ရခိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေ အတွက်ရော အဲဒီဒေသမှာ ဘာတွေဖြစ်နေလဲ ဆိုပြီးတော့ အဲဒီဒေသမှာမရှိတဲ့ ပြည်သူတွေ သိဖို့အတွက်ရော အင်တာနက်က အရေးပါလာတယ်။ ဆိုလိုချင်တာ ဘယ်နေရာ ဘယ်နေရာမှာ တိုက်ပွဲတွေဖြစ်နေပြီ ဆိုပြီးတော့ အဲဒီဒေသမှာရှိတဲ့သူတွေ သိတဲ့အခါကျမှ ဘယ်ဘက်ကိုတော့ တိမ်းရှောင်ရမယ်၊ ဘယ်ဘက်ကိုပြေးရမယ် ဆိုတဲ့ဟာမျိုးတွေ သိနိုင်မှာပေါ့။ ပြီးတဲ့အခါ ထုတ်ပြန်မှုတွေပေါ့။ ဥပမာ ရခိုင်ကိစ္စမှာပဲ ကြည့်မယ်ဆိုရင် AA ရခိုင့်တပ်မတော်ဘက်က ဘယ်နေရာတွေမှာ တိုက်ပွဲတွေ ဆင်နွှဲမယ် ဖြစ်မယ်ဆိုပြီးတော့ ပုံမှန်ထုတ်ပြန်လေ့ရှိတယ်။ အဲဒီထုတ်ပြန်တဲ့ဟာတွေကို ပြည်သူတွေက ဖတ်ပြီးတော့မှ သူတို့တွေ ဘယ်ကိုပြေးရမယ်၊ ဘယ်လိုတိမ်းရှောင်ရမလဲ ဆိုတဲ့ဟာတွေ သိမှာ။ အခုက တဖက်က ဖြတ်တောက်လိုက်တဲ့ အခါကျတော့ ဘာမှမသိနိုင်တော့ဘူး။ ဒီ ထုတ်ပြန်တဲ့ ကိစ္စတွေ၊ ရခိုင်ဒေသမှာ တကယ်ဖြစ်နေတဲ့ ကိစ္စတွေ မသိတော့ဘဲနဲ့ တမင်တကာ မျက်ခြည်ပြတ်အောင် လုပ်နေတယ်လို့တောင်မှ ထင်ယောင်ထင်မှား ဖြစ်လာစေတယ်။”

အခုလို ရခိုင်ပြည်နယ်တွင်း အင်တာနက် ဖြတ်တောက်မှုတွေ ပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးရတွေဆီ အရေးတကြီး တောင်းဆိုပေမယ့်လို့ အလေးအနက်ထား ဖြေရှင်းပေးတာ မရှိဘူးလို့လည်း ရခိုင်အမျိုးသားပါတီ ANP အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်ကျော်ကလည်း ပြောပါတယ်။ ဒါကတော့ နိုင်ငံသားတို့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်မှုဖြစ်ပြီး ဒီမိုကရေစီအစိုးရတရပ် မလုပ်အပ်တဲ့လုပ်ရပ် အဖြစ်လည်း သူက ပြောပါတယ်။

“ကျနော်တို့ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း လွှတ်တော်မှာ တင်ပြ တောင်းဆိုတာတွေလည်း ရှိထားပြီးပြီ။ ဒါပေမယ့် အစိုးရပိုင်းက အခုချိန်ထိ ဘာမှ တုံ့ပြန် ဆောင်ရွက်တာမျိုး မရှိသေးဘူး။ လုပ်ချင်သလို လုပ်နေတယ်။ ဒီမိုကရေစီ အစိုးရလို့ ပြောနေပေမယ့် ဒီမိုကရေစီ စံနှုန်းနဲ့ ဘာမှ မကိုက်ညီတဲ့ ဒီလိုမျိုး လုပ်တာတွေကိုတော့ ကျနော်တို့ ပါတီအနေနဲ့အမြဲတမ်း ရှုတ်ချပြီး လိုအပ်တဲ့ တောင်းဆိုမှုတွေ အမြဲတမ်း လုပ်ဖြစ်နေပါတယ်။”

အခုအချိန်အထိ ခြောက်လကျော် ကြာမြင့်လာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း အင်တာနက် ဖြတ်တောက်မှုကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ပြည်သူအများ လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် လှုပ်ရှားမှု အသံအဖွဲ့က နှိုးဆော်တိုက်တွန်းနေပြီး လာမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ ရလာတဲ့ လက်မှတ်တွေကို စုစည်းပြီး သက်ဆိုင်ရာ အစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေကို တောင်းဆိုကြမှာဖြစ်ပြီး ဒီမိုကရေစီစနစ် ဖော်ဆောင်မယ့် အစိုးရတရပ်အနေနဲ့ ပြည်သူအများရဲ့ သဘောထားဆန္ဒကို အလေးထားမယ်လို့ မျှော်လင့်ကြောင်းလည်း ဦးဆောင်လှုပ်ရှားသူတွေက ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG