သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္သစ္မွာ ရခိုင္စစ္ေျပၿငိမ္းေရး ဆႏၵျပဳေတာင္းဆို


ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။

(Zawgyi / Unicode)

ရခိုင္တပ္နဲ႔ အစိုးရတပ္တို႔ၾကား တုိက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနဆဲ ရခိုင္ျပည္နယ္ထဲ စစ္ဒဏ္သင့္ျပည္သူေတြ ေျမစာပင္မျဖစ္ေစဖို႔ အျပန္အလွန္ ဖမ္းဆီးထိန္းသိမ္း စစ္ေဆးေနမႈေတြ အျမန္ဆံုးရပ္တန္႔ေပးဖို႔ ရခိုင္အမတ္နဲ႔ ကူညီကယ္ဆယ္ေပးေနသူေတြက ေမတၱာရပ္ခံလိုက္ပါတယ္။ ၂၀၁၉ ႏွစ္ဆန္းကတည္းက စခဲ့တဲ့ စစ္ေရးပဋိပကၡေတြအတြင္း ေသဆံုးထိခိုက္ခဲ့ရသူေတြ ဖမ္းဆီးထိန္းသိမ္းခံရသူေတြနဲ႔ ေဘးလြတ္ရာ ေျပးေနရတဲ့ စစ္ေျပးဒုကၡသည္ေတြ ေသာင္းခ်ီျဖစ္လာေနတဲ့ ရခိုင္ျပည္ စစ္မီးၿငိမ္းေစဖို႔ ၂၀၂၀ ႏွစ္သစ္မွာ စစ္ေဘးသင့္ ရခုိင္ျပည္နယ္ ဖြံ႔ၿဖိဳးတိုးတက္ေရး ေဆာင္ရြက္ႏုိင္ပါေစေၾကာင္းလည္း ေတာင္းဆိုၾကပါတယ္။ အျပည့္အစုံကို မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ထဲမွာ လူမ်ိဳးေရး ဘာသာေရး အသြင္ေဆာင္ အၾကမ္းဖက္ ပဋိပကၡေတြ ျဖစ္ပြားၿပီးေနာက္မွာပဲ ထပ္မံၿပီးေတာ့ ရခိုင္တုိင္းရင္းသား လက္နက္ကိုင္တပ္နဲ႔ ျမန္မာအစိုးရ စစ္တပ္တို႔ၾကား တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားလာခဲ့တာ အခုဆိုရင္ လနဲ႔ခ်ီလာၿပီ ျဖစ္ပါတယ္။ စစ္ျဖစ္ေနတဲ့ ရခုိင္ျပည္နယ္တြင္း ၿမိဳ႕နယ္ေတြကေန ေဘးလြတ္ရာကို တိမ္းေရွာင္ ထြက္ေျပးေနရတဲ့ ရခိုင္လူထုကလည္း ေသာင္းခ်ီရွိလာၿပီျဖစ္သလို တခ်ိန္တည္းမွာပဲ ဒီလို ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရတဲ့ ရခုိင္ျပည္သူလူထုထဲကေန ရခိုင္လက္နက္ကိုင္တပ္နဲ႔ ဆက္ႏႊယ္တယ္ဆိုၿပီး စြပ္စြဲခ်က္နဲ႔ ျမန္မာစစ္တပ္ဘက္က ဖမ္းဆီးထိန္းသိမ္း စစ္ေဆး တရားစြဲဆိုမႈေတြ လုပ္ေနသလို ရခိုင္တုိင္းရင္းသား လက္နက္ကိုင္တပ္ဘက္ကလည္း အရပ္သားတခ်ိဳ႕၊ အစိုးရဝန္ထမ္း၊ ကုမၸဏီဝန္ထမ္းေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ အပါအဝင္ NLD လို ႏုိင္ငံေရးပါတီဝင္တခ်ိဳ႕ကိုပါ ဖမ္းဆီးထိန္းသိမ္းေနပါတယ္။

အခုလို စစ္ေဘးသင့္ခ်ိန္ ႏွစ္ဖက္တပ္ၾကား မသကၤာမႈစြဲခ်က္ သံသယနဲ႔ ဖမ္းဆီးမႈေတြအေပၚ ရပ္တန္႔ေပးဖို႔ အရပ္သားျပည္သူ ေျမစာပင္မျဖစ္ေစလိုဘူး၊ ဒါေၾကာင့္ စစ္ေရးကို ႏိုင္ငံေရးနည္းလမ္းနဲ႔ပဲ ၿငိမ္းခ်မ္းေရးအတြက္ အေျဖရွာၾကပါလို႔ ရခိုင္ျပည္နယ္ ေျမပံုလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက တိုက္တြန္းပါတယ္။

“ဒီတႏွစ္အတြင္းမွာ ႏွစ္ဖက္ ဖမ္းဆီးတာေတြ၊ တရားစြဲဆုိတာေတြ ဒီဘက္ကလည္း ရွိသလုိ ဟုိဘက္ကလည္း ဖမ္းဆီးထားတာေတြ ရွိတယ္။ ႏွစ္ဖက္စလုံး အျပန္အလွန္ အဲလိုျဖစ္ရတဲ့ အေၾကာင္းကေတာ့ တုိက္ပြဲမွာ တဖက္ဖက္က ကူညီတယ္၊ ေထာက္ပံ့တယ္ဆုိတဲ့ ပုံစံမ်ဳိးေပါ့၊ ႏွစ္ဖက္စလုံးက အဲလုိစြဲခ်က္ သံသယနဲ႔ ဖမ္းတာ မ်ားပါတယ္။ ကိုယ့္ဘက္သူ႔ဘက္ ထိခုိက္မႈေတြ မ်ားလာတဲ့ အခါမွာလည္း အမုန္းတရားေတြ အာဃာတ တရားေတြနဲ႔ ဖမ္းဆီးမယ္၊ ႏွိပ္စက္မယ္၊ ညႇဥ္းပန္းမယ္ ဆုိတာမ်ဳိးေတြ ျဖစ္လာတယ္။ ဒီဟာက ေကာင္းတဲ့အစဥ္အလာေတာ့ မဟုတ္ဘူးေပါ့။ ဒါေပမယ့္ တုိက္ပြဲျဖစ္တယ္ ဆုိေတာ့လည္း ဒါေတြက မလႊဲမေရွာင္သာ ေတြ႔ႀကဳံရတာပဲေလ။ စစ္ရဲ႕ အနိ႒ာ႐ုံပဲ ဆုိပါေတာ့။

“ဒီတႏွစ္အတြင္းမွာ ေတာ္ေတာ့ကို မ်ားသြားၿပီ။ ေသတာလည္း ရာနဲ႔ခ်ီရွိၿပီ။ ဒဏ္ရာရတာလည္း တရာေက်ာ္ၿပီ။ ဒုကၡသည္လည္း သိန္းခ်ီရွိေနၿပီ ဆုိေတာ့ စစ္ပြဲေတြ ပိုမိုျပင္းထန္လာတာနဲ႔အမွ် ဒီအေရအတြက္ဟာ တဆ၊ ႏွစ္ဆ၊ သုံးဆ ခုန္တက္သြားလိမ့္မယ္လို႔ က်ေနာ္ထင္တယ္။ အေျခအေန ၾကည့္ရတာလည္း တုိက္ပြဲေတြက ျပင္းျပင္းထန္ထန္ ျဖစ္လာမယ့္ပုံ ေပၚေနတယ္။ ဒါေၾကာင့္ ဘယ္လိုလုပ္ရင္ ေကာင္းမလဲလို႔ က်ေနာ္တုိ႔ အၿမဲတမ္းစဥ္းစားတယ္။ ဒါေပမယ့္ က်ေနာ္ လႊတ္ေတာ္ကုိယ္စားလွယ္တေယာက္ အေနနဲ႔ေရာ ပါတီဝင္ တေယာက္အေနနဲ႔ေရာ ႏုိင္ငံေရးအရ အေျဖရွာေစခ်င္တာေပါ့ဗ်ာ။ ေဆြးေႏြးပါ၊ ေတြ႔ဆုံပါ၊ စကားေျပာပါ၊ ျပည္သူေတြ ခံစားေနရတဲ့ ဒီဒုကၡေတြကုိ ေအးေအးေဆးေဆး ျဖစ္သြားေအာင္၊ ၿငိမ္းခ်မ္းသြားေအာင္ ၿငိမ္းခ်မ္းေရး လမ္းေပၚမွာ ေတြ႔ဆုံ စကားေျပာၾကပါလို႔ပဲ က်ေနာ္တို႔က အၿမဲတမ္း တုိက္တြန္းေနတာေပါ့ဗ်ာ။”

အခုလို ရခိုင္ျပည္နယ္တြင္း ခရီးသြားလာမႈေတြၾကား ဖမ္းဆီးမႈေတြရွိေနလို႔ စစ္ဒဏ္ေၾကာင့္ တိမ္းေရွာင္ေနသူ ေသာင္းခ်ီလာတဲ့ စစ္ေျပးဒုကၡသည္ေတြ အရပ္သားျပည္သူေတြအတြက္ လိုအပ္တဲ့ က်န္းမာေရး ေသာက္သံုးေရ စားနပ္ရိကၡာနဲ႔ လုိအပ္ခ်က္ေတြကို ကူညီကယ္ဆယ္ ေဆာင္ရြက္ေပးေနတဲ့ ရခိုင္လူမႈကူညီကယ္ဆယ္ေရးေတြ ရခိုင္လူငယ္ေတြရဲ႕ ေဘးအႏၱရာယ္ လုံၿခံဳေရးအတြက္ကေတာ့ စိုးရိမ္စရာ ျဖစ္ေနတုန္းပဲလို႔ ရခုိင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ံုး (REC) ရဲ႕ အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“ျမန္မာတပ္မေတာ္က ရခုိင္လူငယ္ထုေတြ အေပၚမွာ အရမ္းသံသယထားတယ္။ ရခုိင္လူထုေတြ လူငယ္အဖြဲ႔အစည္းေတြ လက္နက္ကုိင္ လႈပ္ရွားမႈေတြကို တနည္းနည္းနဲ႔ ေထာက္ပံ့ကူညီေနသလား ဆုိတဲ့ သံသယ စုိးရိမ္စိတ္ေတြ အရမ္းမ်ားတယ္။ ဒါေၾကာင့္ သူတို႔က ရခုိင္ျပည္သူေတြကို ႐ုိက္နွက္လုိက္၊ ဖမ္းဆီးလုိက္၊ ျပန္လႊတ္လုိက္နဲ႔ ၾကားေနရတာပဲေလ။ ဒါ တပ္မေတာ္ဘက္က အေျခအေနပါ။

“AA ဘက္ကက်ေတာ့ ဘယ္လိုရွိလဲဆုိေတာ့ တဖက္က အဲဒီလို ဖမ္းဆီးမႈေတြ လုပ္တဲ့အျပင္ AA မိသားစုေတြကို ဖမ္းဆီးၿပီးတဲ့ေနာက္ပုိင္း ပုိၿပီးေတာ့ တန္ျပန္ဖမ္းဆီးတဲ့ပုံစံ ျဖစ္လာတယ္။ လူငယ္ထု အမ်ဳိးသားေတြေရာ အမ်ဳိးသမီးေတြေရာ ေတာ္ေတာ္ေလးကို ေၾကာက္ရြံ႕ေနရတယ္။ တဖက္က လႈပ္ရွားမႈတခုခု ၾကားၿပီဆုိတာနဲ႔ တျခားေနရာကို ေရႊ႕လိုက္ရတာမ်ဳိးေပါ့။ အဲဒီအခါက်ေတာ့ က်ေနာ္တုိ႔မွာ ေတာ္ေတာ္မ်ားမ်ားကို အခက္အခဲေတြ႔ပါတယ္။”

စစ္ေဘးသင့္ခဲ့ရတဲ့ အစစအရာရာ ဖြ႔ံၿဖိဳးတိုးတက္မႈ ေနာက္က်ေနရတဲ့ ရခိုင္ျပည္နယ္အတြက္ လာမယ့္ ၂၀၂၀ ႏွစ္သစ္အတြက္ ၿငိမ္းခ်မ္းေရး အလားအလာေကာင္းေတြ ျဖစ္ဖို႔ ျပည္နယ္ဖြ႔ံၿဖိဳးတိုးတက္ေရး ေဆာင္ရြက္ႏုိင္ၾကဖုိ႔ အျပဳသေဘာေဆာင္တဲ့ လုပ္ရပ္ေတြ လုပ္ၾကဖို႔ကိုလည္း ရခိုင္အမတ္ ဦးေဖသန္းက ေမွ်ာ္လင့္ပါတယ္။

“ရခုိင္ျပည္နယ္အတြက္ေတာ့ ေရွ႕လာမယ့္ ၂၀၂၀ ဟာလည္း သတင္းေကာင္းေတြ ၾကားရဖုိ႔ အေျခအေန မရွိဘူးလို႔ က်ေနာ္တို႔ ခန္႔မွန္းတယ္။ ဒါေပမယ့္ ဘာပဲျဖစ္ျဖစ္ ႏွစ္ဖက္စလုံးက ဒါကို ဆင္ဆင္ျခင္ျခင္နဲ႔ အထူးသျဖင့္ မဆီမဆုိင္တဲ့ ေဒသခံေတြ၊ ျပည္သူေတြ ေျမစာပင္ မျဖစ္ရေအာင္ ႏွစ္ဖက္စလုံးက ထိန္းသိမ္းဖုိ႔လိုအပ္တယ္။ ျပည္သူကုိ ျပည္သူလို႔ပဲ ျမင္ၿပီးေတာ့ တရားခံလို႔ မျမင္ဖို႔ေပါ့ေနာ္။ ႏွစ္ဖက္စလုံးကို ဆင္ဆင္ျခင္ျခင္နဲ႔ လုပ္ေစခ်င္တယ္။ ၿပီးေတာ့ စစ္ေဘာင္ကို က်ဥ္းလာေအာင္ ႏုိင္ငံေရးေဘာင္ကုိလည္း ဖြင့္ၿပီးေတာ့ ေဆြးေႏြးၾကပါ။ အေျဖေကာင္းတခု ရပါေစလုိ႔ပဲ က်ေနာ္တုိ႔က ဆႏၵျပဳပါတယ္။”

ရခိုင္လူငယ္တဦးျဖစ္တဲ့ ကိုေဇာ္ေဇာ္ထြန္းကလည္း ၂၀၂၀ ႏွစ္သစ္မွာ ရခုိင္ျပည္ႀကီး အျမန္ဆံုး ေအးခ်မ္းပါေစေၾကာင္း ဆုေတာင္းေနပါတယ္လို႔ ဆိုပါတယ္။

“က်ေနာ္တုိ႔က တႏုိင္ငံတည္းမွာ အတူယွဥ္တြဲၿပီး အၾကာႀကီး ေနလာခဲ့တဲ့ တုိင္းရင္းသား အခ်င္းခ်င္းေတြပဲေလ။ ဆုိေတာ့ အရမ္းကို အမုန္းတရားႀကီးကိုပဲ ဦးတည္ၿပီး တဖက္ကုိတဖက္ အစြမ္းကုန္ မီးကုန္ယမ္းကုန္ တုိက္ခုိက္သတ္ျဖတ္တဲ့ ပုံစံမ်ဳိးေတြကုိ ႏွစ္ဖက္စလုံးက စာနာေထာက္ထားမႈေတြနဲ႔ ျပဳမူႏုိင္ပါေစေပါ့။ အစုိးရဘက္ကလည္း ကုိယ့္ရဲ႕ ျပည္သူလူထု ႏုိင္ငံသားေတြ အေပၚမွာ ကာကြယ္ ေစာင့္ေရွာက္ေပးႏုိင္ပါေစလို႔ပဲ ဆုေတာင္းေပးခ်င္ပါတယ္။”

အခုအခ်ိန္အထိကေတာ့ ရခိုင္ျပည္နယ္တြင္း တိုက္ပြဲေတြ ျဖစ္ပြားေနဆဲျဖစ္ၿပီး လက္ရွိ စစ္ျဖစ္ေနတဲ့ ေနရာေတြက ေဒသတြင္းနဲ႔ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒ စိုးမုိးေရးနဲ႔ အမ်ားျပည္သူအက်ိဳးကို ထိခိုက္ေစတဲ့အတြက္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ျဖတ္ေတာက္လိုက္တာဟာ သတင္းအေမွာင္ခ်ထားဆဲမို႔ အင္တာနက္ ဆက္သြယ္ေရး လမ္းေၾကာင္းေတြ အျမန္ဆံုး ဖြင့္ေပးဖို႔ကိုလည္း ရခုိင္ႏုိင္ငံေရးပါတီေတြ အပါအဝင္ လူထုက ေတာင္းဆိုေနၾကပါတယ္။

----------------------------------

(Unicode)

နှစ်သစ်မှာ ရခိုင်စစ်ပြေငြိမ်းရေး ဆန္ဒပြုတောင်းဆို

ရခိုင်တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်ထဲ စစ်ဒဏ်သင့်ပြည်သူတွေ မြေစာပင်မဖြစ်စေဖို့ အပြန်အလှန် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေမှုတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ ရခိုင်အမတ်နဲ့ ကူညီကယ်ဆယ်ပေးနေသူတွေက မေတ္တာရပ်ခံလိုက်ပါတယ်။ ၂၀၁၉ နှစ်ဆန်းကတည်းက စခဲ့တဲ့ စစ်ရေးပဋိပက္ခတွေအတွင်း သေဆုံးထိခိုက်ခဲ့ရသူတွေ ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ ဘေးလွတ်ရာ ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ သောင်းချီဖြစ်လာနေတဲ့ ရခိုင်ပြည် စစ်မီးငြိမ်းစေဖို့ ၂၀၂၀ နှစ်သစ်မှာ စစ်ဘေးသင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ပါစေကြောင်းလည်း တောင်းဆိုကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက်မှာပဲ ထပ်မံပြီးတော့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာခဲ့တာ အခုဆိုရင် လနဲ့ချီလာပြီ ဖြစ်ပါတယ်။ စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း မြို့နယ်တွေကနေ ဘေးလွတ်ရာကို တိမ်းရှောင် ထွက်ပြေးနေရတဲ့ ရခိုင်လူထုကလည်း သောင်းချီရှိလာပြီဖြစ်သလို တချိန်တည်းမှာပဲ ဒီလို ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ရခိုင်ပြည်သူလူထုထဲကနေ ရခိုင်လက်နက်ကိုင်တပ်နဲ့ ဆက်နွှယ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ မြန်မာစစ်တပ်ဘက်က ဖမ်းဆီးထိန်းသိမ်း စစ်ဆေး တရားစွဲဆိုမှုတွေ လုပ်နေသလို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဘက်ကလည်း အရပ်သားတချို့၊ အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ် အပါအဝင် NLD လို နိုင်ငံရေးပါတီဝင်တချို့ကိုပါ ဖမ်းဆီးထိန်းသိမ်းနေပါတယ်။

အခုလို စစ်ဘေးသင့်ချိန် နှစ်ဖက်တပ်ကြား မသင်္ကာမှုစွဲချက် သံသယနဲ့ ဖမ်းဆီးမှုတွေအပေါ် ရပ်တန့်ပေးဖို့ အရပ်သားပြည်သူ မြေစာပင်မဖြစ်စေလိုဘူး၊ ဒါကြောင့် စစ်ရေးကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ငြိမ်းချမ်းရေးအတွက် အဖြေရှာကြပါလို့ ရခိုင်ပြည်နယ် မြေပုံလွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက တိုက်တွန်းပါတယ်။

“ဒီတနှစ်အတွင်းမှာ နှစ်ဖက် ဖမ်းဆီးတာတွေ၊ တရားစွဲဆိုတာတွေ ဒီဘက်ကလည်း ရှိသလို ဟိုဘက်ကလည်း ဖမ်းဆီးထားတာတွေ ရှိတယ်။ နှစ်ဖက်စလုံး အပြန်အလှန် အဲလိုဖြစ်ရတဲ့ အကြောင်းကတော့ တိုက်ပွဲမှာ တဖက်ဖက်က ကူညီတယ်၊ ထောက်ပံ့တယ်ဆိုတဲ့ ပုံစံမျိုးပေါ့၊ နှစ်ဖက်စလုံးက အဲလိုစွဲချက် သံသယနဲ့ ဖမ်းတာ များပါတယ်။ ကိုယ့်ဘက်သူ့ဘက် ထိခိုက်မှုတွေ များလာတဲ့ အခါမှာလည်း အမုန်းတရားတွေ အာဃာတ တရားတွေနဲ့ ဖမ်းဆီးမယ်၊ နှိပ်စက်မယ်၊ ညှဉ်းပန်းမယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ဒီဟာက ကောင်းတဲ့အစဉ်အလာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် တိုက်ပွဲဖြစ်တယ် ဆိုတော့လည်း ဒါတွေက မလွှဲမရှောင်သာ တွေ့ကြုံရတာပဲလေ။ စစ်ရဲ့ အနိဋ္ဌာရုံပဲ ဆိုပါတော့။

“ဒီတနှစ်အတွင်းမှာ တော်တော့ကို များသွားပြီ။ သေတာလည်း ရာနဲ့ချီရှိပြီ။ ဒဏ်ရာရတာလည်း တရာကျော်ပြီ။ ဒုက္ခသည်လည်း သိန်းချီရှိနေပြီ ဆိုတော့ စစ်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ ဒီအရေအတွက်ဟာ တဆ၊ နှစ်ဆ၊ သုံးဆ ခုန်တက်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ အခြေအနေ ကြည့်ရတာလည်း တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဖြစ်လာမယ့်ပုံ ပေါ်နေတယ်။ ဒါကြောင့် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ ကျနော်တို့ အမြဲတမ်းစဉ်းစားတယ်။ ဒါပေမယ့် ကျနော် လွှတ်တော်ကိုယ်စားလှယ်တယောက် အနေနဲ့ရော ပါတီဝင် တယောက်အနေနဲ့ရော နိုင်ငံရေးအရ အဖြေရှာစေချင်တာပေါ့ဗျာ။ ဆွေးနွေးပါ၊ တွေ့ဆုံပါ၊ စကားပြောပါ၊ ပြည်သူတွေ ခံစားနေရတဲ့ ဒီဒုက္ခတွေကို အေးအေးဆေးဆေး ဖြစ်သွားအောင်၊ ငြိမ်းချမ်းသွားအောင် ငြိမ်းချမ်းရေး လမ်းပေါ်မှာ တွေ့ဆုံ စကားပြောကြပါလို့ပဲ ကျနော်တို့က အမြဲတမ်း တိုက်တွန်းနေတာပေါ့ဗျာ။”

အခုလို ရခိုင်ပြည်နယ်တွင်း ခရီးသွားလာမှုတွေကြား ဖမ်းဆီးမှုတွေရှိနေလို့ စစ်ဒဏ်ကြောင့် တိမ်းရှောင်နေသူ သောင်းချီလာတဲ့ စစ်ပြေးဒုက္ခသည်တွေ အရပ်သားပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး သောက်သုံးရေ စားနပ်ရိက္ခာနဲ့ လိုအပ်ချက်တွေကို ကူညီကယ်ဆယ် ဆောင်ရွက်ပေးနေတဲ့ ရခိုင်လူမှုကူညီကယ်ဆယ်ရေးတွေ ရခိုင်လူငယ်တွေရဲ့ ဘေးအန္တရာယ် လုံခြုံရေးအတွက်ကတော့ စိုးရိမ်စရာ ဖြစ်နေတုန်းပဲလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“မြန်မာတပ်မတော်က ရခိုင်လူငယ်ထုတွေ အပေါ်မှာ အရမ်းသံသယထားတယ်။ ရခိုင်လူထုတွေ လူငယ်အဖွဲ့အစည်းတွေ လက်နက်ကိုင် လှုပ်ရှားမှုတွေကို တနည်းနည်းနဲ့ ထောက်ပံ့ကူညီနေသလား ဆိုတဲ့ သံသယ စိုးရိမ်စိတ်တွေ အရမ်းများတယ်။ ဒါကြောင့် သူတို့က ရခိုင်ပြည်သူတွေကို ရိုက်နှက်လိုက်၊ ဖမ်းဆီးလိုက်၊ ပြန်လွှတ်လိုက်နဲ့ ကြားနေရတာပဲလေ။ ဒါ တပ်မတော်ဘက်က အခြေအနေပါ။

“AA ဘက်ကကျတော့ ဘယ်လိုရှိလဲဆိုတော့ တဖက်က အဲဒီလို ဖမ်းဆီးမှုတွေ လုပ်တဲ့အပြင် AA မိသားစုတွေကို ဖမ်းဆီးပြီးတဲ့နောက်ပိုင်း ပိုပြီးတော့ တန်ပြန်ဖမ်းဆီးတဲ့ပုံစံ ဖြစ်လာတယ်။ လူငယ်ထု အမျိုးသားတွေရော အမျိုးသမီးတွေရော တော်တော်လေးကို ကြောက်ရွံ့နေရတယ်။ တဖက်က လှုပ်ရှားမှုတခုခု ကြားပြီဆိုတာနဲ့ တခြားနေရာကို ရွှေ့လိုက်ရတာမျိုးပေါ့။ အဲဒီအခါကျတော့ ကျနော်တို့မှာ တော်တော်များများကို အခက်အခဲတွေ့ပါတယ်။”

စစ်ဘေးသင့်ခဲ့ရတဲ့ အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေရတဲ့ ရခိုင်ပြည်နယ်အတွက် လာမယ့် ၂၀၂၀ နှစ်သစ်အတွက် ငြိမ်းချမ်းရေး အလားအလာကောင်းတွေ ဖြစ်ဖို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ကြဖို့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်ကြဖို့ကိုလည်း ရခိုင်အမတ် ဦးဖေသန်းက မျှော်လင့်ပါတယ်။

“ရခိုင်ပြည်နယ်အတွက်တော့ ရှေ့လာမယ့် ၂၀၂၀ ဟာလည်း သတင်းကောင်းတွေ ကြားရဖို့ အခြေအနေ မရှိဘူးလို့ ကျနော်တို့ ခန့်မှန်းတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက ဒါကို ဆင်ဆင်ခြင်ခြင်နဲ့ အထူးသဖြင့် မဆီမဆိုင်တဲ့ ဒေသခံတွေ၊ ပြည်သူတွေ မြေစာပင် မဖြစ်ရအောင် နှစ်ဖက်စလုံးက ထိန်းသိမ်းဖို့လိုအပ်တယ်။ ပြည်သူကို ပြည်သူလို့ပဲ မြင်ပြီးတော့ တရားခံလို့ မမြင်ဖို့ပေါ့နော်။ နှစ်ဖက်စလုံးကို ဆင်ဆင်ခြင်ခြင်နဲ့ လုပ်စေချင်တယ်။ ပြီးတော့ စစ်ဘောင်ကို ကျဉ်းလာအောင် နိုင်ငံရေးဘောင်ကိုလည်း ဖွင့်ပြီးတော့ ဆွေးနွေးကြပါ။ အဖြေကောင်းတခု ရပါစေလို့ပဲ ကျနော်တို့က ဆန္ဒပြုပါတယ်။”

ရခိုင်လူငယ်တဦးဖြစ်တဲ့ ကိုဇော်ဇော်ထွန်းကလည်း ၂၀၂၀ နှစ်သစ်မှာ ရခိုင်ပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေကြောင်း ဆုတောင်းနေပါတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က တနိုင်ငံတည်းမှာ အတူယှဉ်တွဲပြီး အကြာကြီး နေလာခဲ့တဲ့ တိုင်းရင်းသား အချင်းချင်းတွေပဲလေ။ ဆိုတော့ အရမ်းကို အမုန်းတရားကြီးကိုပဲ ဦးတည်ပြီး တဖက်ကိုတဖက် အစွမ်းကုန် မီးကုန်ယမ်းကုန် တိုက်ခိုက်သတ်ဖြတ်တဲ့ ပုံစံမျိုးတွေကို နှစ်ဖက်စလုံးက စာနာထောက်ထားမှုတွေနဲ့ ပြုမူနိုင်ပါစေပေါ့။ အစိုးရဘက်ကလည်း ကိုယ့်ရဲ့ ပြည်သူလူထု နိုင်ငံသားတွေ အပေါ်မှာ ကာကွယ် စောင့်ရှောက်ပေးနိုင်ပါစေလို့ပဲ ဆုတောင်းပေးချင်ပါတယ်။”

အခုအချိန်အထိကတော့ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး လက်ရှိ စစ်ဖြစ်နေတဲ့ နေရာတွေက ဒေသတွင်းနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အများပြည်သူအကျိုးကို ထိခိုက်စေတဲ့အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြတ်တောက်လိုက်တာဟာ သတင်းအမှောင်ချထားဆဲမို့ အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်းတွေ အမြန်ဆုံး ဖွင့်ပေးဖို့ကိုလည်း ရခိုင်နိုင်ငံရေးပါတီတွေ အပါအဝင် လူထုက တောင်းဆိုနေကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG