သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေရးတင္းမာမႈေတြေၾကာင့္ ရခုိင္ေျမာက္ပုိင္း ေဒသခံေတြ စားနပ္ရိကၡာ အခက္ႀကံဳ


(Zawgyi/Unicode)

ေျမပံုနဲ႔ ရေသ့ေတာင္ေဒသအတြင္းက ေက်းတစ္ခ်ိဳ႔႕မွာ စစ္တပ္က ရြာအနီးအနားတစ္ဝိုက္မွာ စစ္တပ္က တပ္စြဲၿပီး အသြားအလာေတြ ကန္႔သတ္ထားတဲ့ အတြက္ ေဒသခံေတြ အခက္အခဲအမ်ိဳးမ်ိဳး နဲ႔ႀကံဳေတြ႔ေနရ တဲ့အျပင္ စိုးရိမ္ေၾကာက္လန္႔ေနရပါတယ္။ ပိတ္မိေနတဲ့ သူေတြဆီကို သက္ဆိုင္ရာ အာဏာပိုင္ ေတြနဲ႔ ကူညီကယ္ဆယ္ ေရးအဖြဲ႔ေတြဟာ သြားေရာက္ဖို႔ အတြက္လည္း လမ္းပန္းဆက္သြယ္၊ လံုၿခံေရးပိုင္းေတြ ခက္ခဲေန တာလည္း ျဖစ္ပါတယ္။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က ေပးပို႔ထားတာပါ။

ရခိုင္ေျမာက္ပိုင္းမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ တိုက္္ပြဲေတြ ျဖစ္ပြားလာတာဟာ တႏွစ္နီးပါး ၾကာျမင့္ၿပီ ျဖစ္သလို တိုက္ပြဲေတြေၾကာင့္ အရပ္သားေတြ ထြက္ေျပးတိမ္းေရွာင္ေနရသူေတြနဲ႔ ေက်းရြာအတြင္းမွာ ပိတ္မိေန သူေတြလည္း ရွိပါတယ္။

ေျမပံုၿမိဳ႕နယ္ ရြာသာယာ ေက်းရြာရဲ႕ အဓိက ထြက္ေပါက္တစ္ခုျဖစ္တဲ့ ေယာေခ်ာင္းတံတားမွာ တပ္မေတာ္က ပိတ္ဆို႔ထားတာေၾကာင့္ ရြာအတြင္းမွာရွိတဲ့ သူေတြဟာ စားနပ္ရိကၡာ ျပတ္လတ္မႈေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္ လို႔ ရြာသာယာေဒသခံတစ္ဦးက ေျပာပါတယ္။

“အခုဆိုရင္ တပ္မေတာ္က ေယာေခ်ာင္းတံတားမွာပဲ စခန္းခ်လို႔ေနတယ္။ အစ္ကိုတို႔ရြာကလည္း ဘယ္ကိုပဲ သြားသြား ကုန္းေၾကာင္းျဖစ္ေစ ေရေၾကာင္းျဖစ္ေစ အဲဒီေယာေခ်ာင္းတံတားကိုပဲ ျဖတ္ၿပီးေတာ့မွ သြားရ တာျဖစ္တယ္။ ေယာေခ်ာင္းတံတားကို ျဖတ္မယ္ဆိုလို႔ရွိရင္ အဲမွာ တပ္မေတာ္စစ္ေၾကာင္းက သူတို႔က ပိတ္ထားတယ္။ အဲေတာ့ အစ္ကိုတို႔မွာ ႏိုဝင္ဘာလ ၂၅ရက္ကေန သြားလာတာေတြကို ကန္႔သတ္ခ်ဳပ္ခ်ယ္ ထားတဲ့ အတြက္ ေဒသခံေတြ အေနနဲ႔ စားေရးေသာက္ေရး က်န္းမာေရးက စသျဖင့္ အခက္အခဲအမ်ားႀကီးေပါ့။

ရြာမွာ စားေသာက္ေနတယ္ဆိုတာက နဂိုက်န္တဲ့ စားနပ္ရိကၡာေတြနဲ႔ ျဖစ္သလိုပဲ စားေသာက္ေနရတာေပါ့။ အခုေတာ့ က်န္ရွိေနတဲ့ စားနပ္ရိကၡာေတြလည္း ကုန္ၿပီ ေနာက္အျပင္ကိုလည္း အလုပ္ထြက္မလုပ္ရဘူး ျပင္ပကလည္း ရိကၡာမသယ္ ရဘူးဆိုေတာ့ ကိုယ္တို႔ေဒသခံေတြအတြက္ စားေရးေသာက္ေရး အခက္အခဲေတြ ငတ္ျပတ္တဲ့ အထိျဖစ္မွာေပါ့။”

ေျမပံုၿမိဳ႕နယ္အတြင္းမွာ မေန႔ကအထိ ရခိုင္္လက္နက္ကိုင္ AAအဖြဲ႔နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲေတြျပင္း ထန္ေနတယ္ လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီလိုပဲ ရေသ့ေတာင္ၿမိဳ႕နယ္ ေသာင္းျဒားေက်းရြာ အနီးမွာလည္း တပ္မေတာ္က တပ္စြဲထားတာေၾကာင့္ ေဒသခံေတြဟာ ေက်းရြာအတြင္းသို႔ ဝင္ေရာက္ေနထိုင္ဖို႔ ခက္ခဲေနၾကရတယ္လို႔ ေသာင္းျဒားေဒသခံတစ္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔က ပထမတစ္ေခါက္ ထြက္ေျပးသြားတယ္။ ၿပီးေတာ့ သူတို႔ျပန္သြားၿပီးဆိုေတာ့ က်ေနာ္တို႔လည္း ရြာကို ထပ္ဝင္ၿပီးေတာ့ ေနၾကတယ္။ မနက္ ၄နာရီေလာက္ေရာက္ေတာ့ တပ္က ေသနတ္ပစ္ၿပီးေတာ့ ဝင္လာၾက တယ္။ က်ေနာ္တို႔ ထြက္ေျပးေနရတာ အခုအခ်ိန္ထိပဲ။ ရြာကို အခုအခ်ိန္ထိဝင္လို႔မရေသးဘူး။ သူတို႔အခုလည္း တပ္စြဲထား တာရွိေသးတယ္ အစ္ကို ေျပာတာေတာ့မရွိဘူး က်ေနာ္တို႔ ဘယ္လိုမွဝင္လို႔မရဘူး။ က်ေနာ္တို႔ ဝင္လို႔ရမလား ရြာအနီးအနားကို သြားၾကည့္ရင္လည္း သူတို႔က ရြာထဲက လွမ္းပစ္တယ္။ လက္နက္ႀကီးေတြနဲ႔ ပစ္တယ္ အဲလို။”

လက္ရွိရခိုင္ျပည္နယ္မွာရွိတဲ့ စစ္ေဘးေရွာင္ေတြနဲ႔ ပတ္သတ္ၿပီး ကူညီေပးေနတာေတြရွိသလို တစ္ခ်ိဳ႕ ေက်းရြာေတြကိုေတာ့ ဌာနဆိုင္ရာေတြအေနနဲ႔ေတာင္ သြားလာရခက္ခဲေနတာျဖစ္တယ္လို႔ ေဘးအႏၱရာယ္ ဆိုင္ရာ စီမံခန္႔ခြဲေရး ဦးစီးဌာန ဦးစီးအရာရွိ ရဲမင္းဦးက ေျပာပါတယ္။

“ဆိုလိုတာကေတာ့ က်ေနာ္တို႔ ကိုယ္၌္က သြားဖို႔လာဖို႔ ခက္ခဲေနတာ။ သြားဖို႔အခက္အခဲ ျဖစ္ေနတဲ့ အခါက်ေတာ့ တကယ့္နယ္ေျမမွာ ဆုိလိုရွိရင္ နယ္ေျမရံုးေတြဆိုလို႔ ရွိရင္ ဥပမာ ရေသ့ေတာင္ ဆိုရင္ ရသေ့ေတာင္ ၿမိဳ႕႔နယ္ ရံုးရွိတယ္။ ေျမာက္ဦးမွာ ဆိုလို႔ရွိရင္လည္း ခရိုင္ရံုးရွိတယ္။ ေမာင္ေတာမွာလည္း ခရိုင္ရံုးရရွိတယ္။ ဘူးသီးေတာင္ ၿမိဳ႕နယ္ရံုးေတြလည္းရွိတယ္။ အဲဒီရံုးေတြကလည္း သြားဖို႔ အင္မတန္ ခက္ပါတယ္။ ပိတ္မိေနတယ္ ဆိုတာကေတာ့ ဘယ္လိုေျပာရမလဲ တိုက္ရိုက္ပတ္သတ္ေနတာေတာ့မဟုတ္ဘူး။ က်ေနာ္တို႔က ေတာ့ ဒုကၡေရာက္လာတဲ့ စစ္ေဘးေရွာင္ေတြကို ကူညီေပးရမယ္။ ေထာက္ပံ့ေပးရမယ္။ တတ္ႏိုင္တဲ့ ဘက္က ျဖည့္ဆည္းေပးရမယ္။ အဲဒီအပိုင္းပဲ က်ေနာ္တို႔နဲ႔ သက္ဆိုင္တာ။”

တိုက္ပြဲေတြေၾကာင့္ ရခိုင္ေျမာက္ပိုင္းမွာ ဒုကၡေရာက္ေနၾကတဲ့ စစ္ေဘးေရွာင္ဦးေရ ၉ေသာင္းေက်ာ္ အထိရွိလာတယ္လို႔ စစ္ေဘး ေရွာင္ေတြကို စစ္တမ္းေကာက္ယူေနတဲ့ ရခိုင္မ်ိဳးႏြယ္စုမ်ား အစည္းအရံုး REC ကထုတ္ျပန္ထားပါတယ္။

ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရး ဦးစီးဌာန စာရင္းအရ လက္ရွိအခ်ိန္ထိ ရခိုင္ေျမာက္ပိုင္းမွာဖြင့္လွစ္ထားတဲ့ စစ္ေရွာင္စခန္းေတြမွာ ဒီဇင္ဘာလ ၁၈ရက္ေန႔အထိ စစ္ေဘးေရွာင္ဦးေရ ၄၅၀၀၀ေက်ာ္ရွိတယ္လို႔ သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

စစ်ရေးတင်းမာမှုတွေကြောင့် ရခိုင်မြောက်ပိုင်း ဒေသခံတွေ စားနပ်ရိက္ခာ အခက်ကြုံ

(Unicode)

မြေပုံနဲ့ ရသေ့တောင်ဒေသအတွင်းက ကျေးတစ်ချို့မှာ စစ်တပ်က ရွာအနီးအနားတစ်ဝိုက်မှာ စစ်တပ်က တပ်စွဲပြီး အသွားအလာတွေ ကန့်သတ်ထားတဲ့ အတွက် ဒေသခံတွေ အခက်အခဲအမျိုးမျိုး နဲ့ကြုံတွေ့နေရ တဲ့အပြင် စိုးရိမ်ကြောက်လန့်နေရပါတယ်။ ပိတ်မိနေတဲ့ သူတွေဆီကို သက်ဆိုင်ရာ အာဏာပိုင် တွေနဲ့ ကူညီကယ်ဆယ် ရေးအဖွဲ့တွေဟာ သွားရောက်ဖို့ အတွက်လည်း လမ်းပန်းဆက်သွယ်၊ လုံခြံရေးပိုင်းတွေ ခက်ခဲနေ တာလည်း ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က ပေးပို့ထားတာပါ။

ရခိုင်မြောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ တနှစ်နီးပါး ကြာမြင့်ပြီ ဖြစ်သလို တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့ ကျေးရွာအတွင်းမှာ ပိတ်မိနေ သူတွေလည်း ရှိပါတယ်။

မြေပုံမြို့နယ် ရွာသာယာ ကျေးရွာရဲ့ အဓိက ထွက်ပေါက်တစ်ခုဖြစ်တဲ့ ယောချောင်းတံတားမှာ တပ်မတော်က ပိတ်ဆို့ထားတာကြောင့် ရွာအတွင်းမှာရှိတဲ့ သူတွေဟာ စားနပ်ရိက္ခာ ပြတ်လတ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ် လို့ ရွာသာယာဒေသခံတစ်ဦးက ပြောပါတယ်။

“အခုဆိုရင် တပ်မတော်က ယောချောင်းတံတားမှာပဲ စခန်းချလို့နေတယ်။ အစ်ကိုတို့ရွာကလည်း ဘယ်ကိုပဲ သွားသွား ကုန်းကြောင်းဖြစ်စေ ရေကြောင်းဖြစ်စေ အဲဒီယောချောင်းတံတားကိုပဲ ဖြတ်ပြီးတော့မှ သွားရ တာဖြစ်တယ်။ ယောချောင်းတံတားကို ဖြတ်မယ်ဆိုလို့ရှိရင် အဲမှာ တပ်မတော်စစ်ကြောင်းက သူတို့က ပိတ်ထားတယ်။ အဲတော့ အစ်ကိုတို့မှာ နိုဝင်ဘာလ ၂၅ရက်ကနေ သွားလာတာတွေကို ကန့်သတ်ချုပ်ချယ် ထားတဲ့ အတွက် ဒေသခံတွေ အနေနဲ့ စားရေးသောက်ရေး ကျန်းမာရေးက စသဖြင့် အခက်အခဲအများကြီးပေါ့။

ရွာမှာ စားသောက်နေတယ်ဆိုတာက နဂိုကျန်တဲ့ စားနပ်ရိက္ခာတွေနဲ့ ဖြစ်သလိုပဲ စားသောက်နေရတာပေါ့။ အခုတော့ ကျန်ရှိနေတဲ့ စားနပ်ရိက္ခာတွေလည်း ကုန်ပြီ နောက်အပြင်ကိုလည်း အလုပ်ထွက်မလုပ်ရဘူး ပြင်ပကလည်း ရိက္ခာမသယ် ရဘူးဆိုတော့ ကိုယ်တို့ဒေသခံတွေအတွက် စားရေးသောက်ရေး အခက်အခဲတွေ ငတ်ပြတ်တဲ့ အထိဖြစ်မှာပေါ့။”

မြေပုံမြို့နယ်အတွင်းမှာ မနေ့ကအထိ ရခိုင်လက်နက်ကိုင် AAအဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေပြင်း ထန်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုပဲ ရသေ့တောင်မြို့နယ် သောင်းဒြားကျေးရွာ အနီးမှာလည်း တပ်မတော်က တပ်စွဲထားတာကြောင့် ဒေသခံတွေဟာ ကျေးရွာအတွင်းသို့ ဝင်ရောက်နေထိုင်ဖို့ ခက်ခဲနေကြရတယ်လို့ သောင်းဒြားဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့က ပထမတစ်ခေါက် ထွက်ပြေးသွားတယ်။ ပြီးတော့ သူတို့ပြန်သွားပြီးဆိုတော့ ကျနော်တို့လည်း ရွာကို ထပ်ဝင်ပြီးတော့ နေကြတယ်။ မနက် ၄နာရီလောက်ရောက်တော့ တပ်က သေနတ်ပစ်ပြီးတော့ ဝင်လာကြ တယ်။ ကျနော်တို့ ထွက်ပြေးနေရတာ အခုအချိန်ထိပဲ။ ရွာကို အခုအချိန်ထိဝင်လို့မရသေးဘူး။ သူတို့အခုလည်း တပ်စွဲထား တာရှိသေးတယ် အစ်ကို ပြောတာတော့မရှိဘူး ကျနော်တို့ ဘယ်လိုမှဝင်လို့မရဘူး။ ကျနော်တို့ ဝင်လို့ရမလား ရွာအနီးအနားကို သွားကြည့်ရင်လည်း သူတို့က ရွာထဲက လှမ်းပစ်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ် အဲလို။”

လက်ရှိရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ပတ်သတ်ပြီး ကူညီပေးနေတာတွေရှိသလို တစ်ချို့ ကျေးရွာတွေကိုတော့ ဌာနဆိုင်ရာတွေအနေနဲ့တောင် သွားလာရခက်ခဲနေတာဖြစ်တယ်လို့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ရဲမင်းဦးက ပြောပါတယ်။

“ဆိုလိုတာကတော့ ကျနော်တို့ ကိုယ်၌်က သွားဖို့လာဖို့ ခက်ခဲနေတာ။ သွားဖို့အခက်အခဲ ဖြစ်နေတဲ့ အခါကျတော့ တကယ့်နယ်မြေမှာ ဆိုလိုရှိရင် နယ်မြေရုံးတွေဆိုလို့ ရှိရင် ဥပမာ ရသေ့တောင် ဆိုရင် ရသေ့တောင် မြို့နယ် ရုံးရှိတယ်။ မြောက်ဦးမှာ ဆိုလို့ရှိရင်လည်း ခရိုင်ရုံးရှိတယ်။ မောင်တောမှာလည်း ခရိုင်ရုံးရရှိတယ်။ ဘူးသီးတောင် မြို့နယ်ရုံးတွေလည်းရှိတယ်။ အဲဒီရုံးတွေကလည်း သွားဖို့ အင်မတန် ခက်ပါတယ်။ ပိတ်မိနေတယ် ဆိုတာကတော့ ဘယ်လိုပြောရမလဲ တိုက်ရိုက်ပတ်သတ်နေတာတော့မဟုတ်ဘူး။ ကျနော်တို့က တော့ ဒုက္ခရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးရမယ်။ ထောက်ပံ့ပေးရမယ်။ တတ်နိုင်တဲ့ ဘက်က ဖြည့်ဆည်းပေးရမယ်။ အဲဒီအပိုင်းပဲ ကျနော်တို့နဲ့ သက်ဆိုင်တာ။”

တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းမှာ ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ဦးရေ ၉သောင်းကျော် အထိရှိလာတယ်လို့ စစ်ဘေး ရှောင်တွေကို စစ်တမ်းကောက်ယူနေတဲ့ ရခိုင်မျိုးနွယ်စုများ အစည်းအရုံး REC ကထုတ်ပြန်ထားပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန စာရင်းအရ လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းမှာဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေမှာ ဒီဇင်ဘာလ ၁၈ရက်နေ့အထိ စစ်ဘေးရှောင်ဦးရေ ၄၅၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG