သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ အမ်ဳိးသမီးဒုကၡသည္မ်ား က်န္းမာေရး လံုျခံဳေရး စိုးရိမ္ေနရ


ရခိုင္ အမ်ဳိးသမီးဒုကၡသည္မ်ား (၂၀၁၉ ဇန္န၀ါရီလ)

(Zawgyi/Unicode)

ရခုိင္ေဒသမွာ စစ္ေျပးဒုကၡသည္အေရအတြက္ တေန႔ထက္တေန႔ ပိုမ်ားလာေနၿပီး စားဝတ္ေနေရးအတြက္ အေရးေပၚအကူအညီေတြ လိုအပ္ေနတဲ့ၾကားမွာပဲ အထူးသျဖင့္ အမ်ဳိးသမီးေတြရဲ႕ တကုိယ္ေရက်န္းမာေရးနဲ႔ လံုျခံဳေရးကိစၥေတြက စိုးရိမ္စရာျဖစ္လာေနတယ္လို႔ အကူအညီေပးေနသူေတြက ေျပာပါတယ္။ ရခိုင္ေဒသက စစ္ေျပးဒုကၡသည္ေတြကို ကူညီမယ့္ အလွဴရွင္ေတြလည္း လိုအပ္ေနတဲ့အေၾကာင္း ဗီြအိုေအသတင္းေထာက္ စုစုက ဆက္သြယ္ေမးျမန္းၿပီး သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တို႔ၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္သူဦးေရ ၉၆,၀၀၀ ေက်ာ္အထိ ရွိလာၿပီလို႔ ရခိုင္တုိင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္းအရံုးက ထုတ္ျပန္ထားပါတယ္။ စစ္ေရွာင္ေနရသူေတြအတြက္ အဓိကစားေသာက္ေနထုိင္ေရးအတြက္ ႏုိင္ငံတကာ ၾကက္ေျခနီအဖြဲ႕ ICRC နဲ႔ ကမာၻ႕စားနပ္ရိကၡာအစီအစဥ္ WFP တုိ႔က ကူညီေပးေနေပမယ့္ လံုေလာက္မႈေတာ့ မရွိေသးပါဘူး။

စစ္ေရွာင္သူဦးေရ ပိုမ်ားလာတဲ့အေျခအေနမွာ နယ္ေျမလံုျခံဳေရးေၾကာင့္လည္း ကူညီမယ့္အဖြဲ႕အစည္းေတြ အေနနဲ႔ စစ္ေရွာင္စခန္းတိုင္းကုိ မေရာက္ႏုိင္တဲ့ အေနအထား ျဖစ္ေနတာပါ။

ရခိုင္ေဒသမွာ စစ္ေရွာင္သူဦးေရတုိးလာေနၿပီး၊ စစ္ေရးပဋိပကၡ အခ်ိန္ၾကာျမင့္လာတာနဲ႔ အမွ် ဒုကၡသည္စခန္းမွာေနထုိင္တဲ့ အမ်ိဳးသမီးေတြရဲ႕ လံုျခံဳေရးဟာလည္း စုိးရိမ္စရာျဖစ္လာတယ္လုိ႔ ရခိုင္ျပည္တြင္းက စစ္ေရွာင္သူေတြကို ကူညီေပးေနတဲ့ ရခိုင္တုိင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္းအရံုး အတြင္းေရးမွဴး ကုိေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“အခုက ဒီစစ္ေဘးေရွာင္စခန္း အသစ္ေတြလည္း ေဆာက္ေနၾကတယ္ေပါ့ေနာ္။ အထူးသျဖင့္ ေျမပံုၿမိဳ႕နယ္ထဲမွာဆိုရင္ အသစ္ေဆာက္ေနတာရွိတယ္။ သူတို႔ဆီမွာဆုိလို႔ရွိရင္ေတာ့ ေဆာက္လက္စပဲရွိေသးတယ္။ အမိုးအကာေတြ မၿပီးႏုိင္ေသးဘူး။ အရမ္းေအးတဲ့အခ်ိန္မွာ ဒါေတြကအေရးေပၚ လုိတာေပါ့ေနာ္။ ေနာက္ထပ္လုိအပ္ခ်က္ တခုကက်ေတာ့ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ပါတယ္။ အခုေနာက္ပိုင္းမွာဆုိရင္ အရပ္ဘက္အဖြဲ႕အစည္းေတြ သိပ္ၿပီးေတာ့မေရာက္ၾကေတာ့ အမ်ိဳးသမီးေတြအတြက္ အသံုးအေဆာင္ပစၥည္းေတြက ပံုမွန္ေထာက္ပံ့ေနတာမ်ိဳး သိပ္မရွိတဲ့ေနရာေတြ ေတာ္ေတာ္မ်ားလာတယ္။ အမ်ိဳးသမီးေတြရဲ႕ လံုျခံဳမႈနဲ႔ဆုိင္တဲ့ ကိစၥေတြနဲ႔ပတ္သက္ၿပီးေတာ့မွ ဘယ္အဖြဲ႕အစည္းကမွ ၾကပ္မတ္ေပးတာ ရွိမေနေသးဘူး။ ပထမတုန္းကေတာ့ အခ်ိန္ကာလ အနည္းငယ္ဆုိရင္ ျပႆနာမရွိေပမယ့္ အခုလိုမ်ိဳး ကာလရွည္ၾကာတဲ့အခါမွာ အထူးသျဖင့္ အမ်ိဳးသမီးငယ္ေလးေတြအတြက္ လံုျခံဳမႈဆုိင္ရာစုိးရိမ္ခ်က္က ပိုၿပီးေတာ့မွ ျမင့္တက္လာတာေပါ့ေနာ္။”

ေျမာက္ဦးေဒသက စစ္ေရွာင္စခန္းတခုမွာလည္း အိမ္ေထာင္စု ၁၀၀ ေက်ာ္ေရာက္ရွိေနၿပီး၊ သူတို႔ရဲ႕စားေသာက္ေနထုိင္ေရးနဲ႔ ေဆာင္းတြင္းကာလမွာ လိုအပ္တဲ့အခင္းအကာေတြအတြက္ အလွဴရွင္ေတြ လုိအပ္လို႔ေနပါတယ္။

“ဒီမွာေနရတာ ေတာ္ေတာ္အဆင္မေျပဘူး။ အမိုးေတြလည္းမရွိ၊ ေအာက္ကအခင္းေတြလည္းမရွိ၊ အကာလည္းမရွိျဖစ္ေနတယ္။ ဒီမွာ မိန္းမေတြက စားတာေသာက္တာလည္း သူတို႔ မလံုေလာက္ျဖစ္ေနတယ္။ ကေလးေတြဆုိရင္လည္း ေက်ာင္းလည္းမတက္ရ။ က်န္းမာေရးကလည္း မေကာင္း။ ေအာက္ကအခန္းကမရွိ၊ အထက္က အမိုးအရံမရွိ၊ ကာထားတာလည္း တခါတေလ မလံုတလံုျဖစ္ေနလို႔။ စားရေသာက္ရတာလည္း အဆင္မေျပ။ ICRC က ဆန္ေပးတယ္၊ ပဲရယ္၊ ဆီရယ္။ အဲေလာက္နဲ႔လည္း မလံုမေလာက္။ အစုိးရအေနနဲ႕ေတာ့ ဘာမွေထာက္ပံ့တာေတာ့ မရွိေသးဘူး။”

အရင္က လုပ္ကိုင္ခဲ့တဲ့ ေတာင္ယာအလုပ္ကို ျပန္လုပ္ခ်င္ၾကေပမယ့္ နယ္ေျမလံုျခံဳေရး အေျခအေနေၾကာင့္ မိသားစုလိုက္ထြက္ေျပးလာၾကတဲ့ စစ္ေရွာင္သူေတြထဲက တဦးျဖစ္တဲ့ ေဒၚေက်ာ့ရည္က

“ကိုယ့္အိမ္ကိုျပန္ခ်င္လို႔လည္း သူတို႔မျပန္ရဲ။ ဒီမွာေနရတာလည္း အဆင္မေျပ။ စိတ္ဓာတ္ေတြက်လို႔ လူ႔ေလာကမွာ လူေတာင္မျဖစ္ခ်င္ေတာ့ဘူး။ အဲလိုျဖစ္ေနတယ္။”

စစ္ေရးပဋိပကၡေတြၾကား အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြရဲ႕ ဘဝေတြက ပုိၿပီး ထိခိုက္တယ္ဆုိတာကို အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ (ျမန္မာႏုိင္ငံ) WLB ရဲ႕ အေထြေထြအတြင္းေရးမွဴး ေနာ္ဆဲဆဲက အခုလိုေျပာပါတယ္။

“အမ်ိဳးသမီးေတြက သူတုိ႔ရဲ႕လိုအပ္ခ်က္က အမ်ိဳးသားေတြနဲ႔လည္း မတူသလို၊ အထူးသျဖင့္ မိခင္ေတြပဲျဖစ္ျဖစ္၊ ၿပီးလုိ႔ရွိရင္လည္း ငယ္ရြယ္ႏုပ်ိဳေနတဲ့ အမ်ိဳးသမီးေတြပဲ ျဖစ္ျဖစ္ေပါ့ေနာ္။ သူတုိ႔ႏွစ္အလိုက္မွာ လိုအပ္မႈေတြက မတူဘူးေပါ့ေနာ္။ ဆိုေတာ့ က်န္းမာေရးအရေရာ၊ ပညာေရးအရေရာ၊ ဘဝလံုျခံဳမႈအရေရာ၊ ၿပီးလုိ႔ရွိရင္လည္း အၾကမ္းဖက္မႈကို ကာကြယ္ေပးရမယ့္ ယႏၱရားအရေရာေပါ့ေနာ္။ အဲဒီဟာေတြက အမ်ားႀကီးရွိတယ္ေပါ့ေနာ္။ က်မတို႔သာမန္လူထုေပါ့ေနာ္။ ဒီၿမိဳ႕တြင္းမွာေနတဲ့ လူထုေတြေတာင္မွ မခံသာဘူးဆုိေတာ့ ပိုဆိုးတာက တုိင္းရင္းသားေဒသမွာ စစ္ေဘးေရွာင္ေတြ၊ စစ္ေျပးေနတဲ့သူေတြအတြက္ဆုိ ပိုၿပီးေတာ့မွ ခံစားရတာေပါ့ေနာ္။”

ရခိုင္ေဒသမွာ တပ္မေတာ္နဲ႔ AA တို႔ၾကား ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြေၾကာင့္ စစ္ေရွာင္သူဦးေရ မ်ားျပားလာၿပီး၊ ထိခိုက္ဒဏ္ရာရ ေသဆံုးသူေတြလည္း ျမင့္လို႔ေနပါတယ္။ စစ္ေရွာင္ဒုကၡသည္ေတြကုိ လူမႈအရပ္ဘက္ ကူညီေရးအဖြဲ႕ေတြက ေထာက္ပံ့ေနေပမယ့္ လံုေလာက္မႈမရွိေသးတာေၾကာင့္ ရခိုင္ေဒသမွာ အလွဴရွင္ေတြ လိုအပ္လုိ႔ေနတယ္လို႔ သူတုိ႔ကဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........................

ရခိုင် အမျိုးသမီးဒုက္ခသည်များ ကျန်းမာရေး လုံခြုံရေး စိုးရိမ်နေရ

(Unicode)

ရခိုင်ဒေသမှာ စစ်ပြေးဒုက္ခသည်အရေအတွက် တနေ့ထက်တနေ့ ပိုများလာနေပြီး စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ကြားမှာပဲ အထူးသဖြင့် အမျိုးသမီးတွေရဲ့ တကိုယ်ရေကျန်းမာရေးနဲ့ လုံခြုံရေးကိစ္စတွေက စိုးရိမ်စရာဖြစ်လာနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ရခိုင်ဒေသက စစ်ပြေးဒုက္ခသည်တွေကို ကူညီမယ့် အလှူရှင်တွေလည်း လိုအပ်နေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် စုစုက ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်သူဦးရေ ၉၆,၀၀၀ ကျော်အထိ ရှိလာပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးက ထုတ်ပြန်ထားပါတယ်။ စစ်ရှောင်နေရသူတွေအတွက် အဓိကစားသောက်နေထိုင်ရေးအတွက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP တို့က ကူညီပေးနေပေမယ့် လုံလောက်မှုတော့ မရှိသေးပါဘူး။

စစ်ရှောင်သူဦးရေ ပိုများလာတဲ့အခြေအနေမှာ နယ်မြေလုံခြုံရေးကြောင့်လည်း ကူညီမယ့်အဖွဲ့အစည်းတွေ အနေနဲ့ စစ်ရှောင်စခန်းတိုင်းကို မရောက်နိုင်တဲ့ အနေအထား ဖြစ်နေတာပါ။

ရခိုင်ဒေသမှာ စစ်ရှောင်သူဦးရေတိုးလာနေပြီး၊ စစ်ရေးပဋိပက္ခ အချိန်ကြာမြင့်လာတာနဲ့ အမျှ ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးဟာလည်း စိုးရိမ်စရာဖြစ်လာတယ်လို့ ရခိုင်ပြည်တွင်းက စစ်ရှောင်သူတွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“အခုက ဒီစစ်ဘေးရှောင်စခန်း အသစ်တွေလည်း ဆောက်နေကြတယ်ပေါ့နော်။ အထူးသဖြင့် မြေပုံမြို့နယ်ထဲမှာဆိုရင် အသစ်ဆောက်နေတာရှိတယ်။ သူတို့ဆီမှာဆိုလို့ရှိရင်တော့ ဆောက်လက်စပဲရှိသေးတယ်။ အမိုးအကာတွေ မပြီးနိုင်သေးဘူး။ အရမ်းအေးတဲ့အချိန်မှာ ဒါတွေကအရေးပေါ် လိုတာပေါ့နော်။ နောက်ထပ်လိုအပ်ချက် တခုကကျတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေ သိပ်ပြီးတော့မရောက်ကြတော့ အမျိုးသမီးတွေအတွက် အသုံးအဆောင်ပစ္စည်းတွေက ပုံမှန်ထောက်ပံ့နေတာမျိုး သိပ်မရှိတဲ့နေရာတွေ တော်တော်များလာတယ်။ အမျိုးသမီးတွေရဲ့ လုံခြုံမှုနဲ့ဆိုင်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှ ဘယ်အဖွဲ့အစည်းကမှ ကြပ်မတ်ပေးတာ ရှိမနေသေးဘူး။ ပထမတုန်းကတော့ အချိန်ကာလ အနည်းငယ်ဆိုရင် ပြဿနာမရှိပေမယ့် အခုလိုမျိုး ကာလရှည်ကြာတဲ့အခါမှာ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေအတွက် လုံခြုံမှုဆိုင်ရာစိုးရိမ်ချက်က ပိုပြီးတော့မှ မြင့်တက်လာတာပေါ့နော်။”

မြောက်ဦးဒေသက စစ်ရှောင်စခန်းတခုမှာလည်း အိမ်ထောင်စု ၁၀၀ ကျော်ရောက်ရှိနေပြီး၊ သူတို့ရဲ့စားသောက်နေထိုင်ရေးနဲ့ ဆောင်းတွင်းကာလမှာ လိုအပ်တဲ့အခင်းအကာတွေအတွက် အလှူရှင်တွေ လိုအပ်လို့နေပါတယ်။

“ဒီမှာနေရတာ တော်တော်အဆင်မပြေဘူး။ အမိုးတွေလည်းမရှိ၊ အောက်ကအခင်းတွေလည်းမရှိ၊ အကာလည်းမရှိဖြစ်နေတယ်။ ဒီမှာ မိန်းမတွေက စားတာသောက်တာလည်း သူတို့ မလုံလောက်ဖြစ်နေတယ်။ ကလေးတွေဆိုရင်လည်း ကျောင်းလည်းမတက်ရ။ ကျန်းမာရေးကလည်း မကောင်း။ အောက်ကအခန်းကမရှိ၊ အထက်က အမိုးအရံမရှိ၊ ကာထားတာလည်း တခါတလေ မလုံတလုံဖြစ်နေလို့။ စားရသောက်ရတာလည်း အဆင်မပြေ။ ICRC က ဆန်ပေးတယ်၊ ပဲရယ်၊ ဆီရယ်။ အဲလောက်နဲ့လည်း မလုံမလောက်။ အစိုးရအနေနဲ့တော့ ဘာမှထောက်ပံ့တာတော့ မရှိသေးဘူး။”

အရင်က လုပ်ကိုင်ခဲ့တဲ့ တောင်ယာအလုပ်ကို ပြန်လုပ်ချင်ကြပေမယ့် နယ်မြေလုံခြုံရေး အခြေအနေကြောင့် မိသားစုလိုက်ထွက်ပြေးလာကြတဲ့ စစ်ရှောင်သူတွေထဲက တဦးဖြစ်တဲ့ ဒေါ်ကျော့ရည်က

“ကိုယ့်အိမ်ကိုပြန်ချင်လို့လည်း သူတို့မပြန်ရဲ။ ဒီမှာနေရတာလည်း အဆင်မပြေ။ စိတ်ဓာတ်တွေကျလို့ လူ့လောကမှာ လူတောင်မဖြစ်ချင်တော့ဘူး။ အဲလိုဖြစ်နေတယ်။”

စစ်ရေးပဋိပက္ခတွေကြား အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ဘဝတွေက ပိုပြီး ထိခိုက်တယ်ဆိုတာကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ရဲ့ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက အခုလိုပြောပါတယ်။

“အမျိုးသမီးတွေက သူတို့ရဲ့လိုအပ်ချက်က အမျိုးသားတွေနဲ့လည်း မတူသလို၊ အထူးသဖြင့် မိခင်တွေပဲဖြစ်ဖြစ်၊ ပြီးလို့ရှိရင်လည်း ငယ်ရွယ်နုပျိုနေတဲ့ အမျိုးသမီးတွေပဲ ဖြစ်ဖြစ်ပေါ့နော်။ သူတို့နှစ်အလိုက်မှာ လိုအပ်မှုတွေက မတူဘူးပေါ့နော်။ ဆိုတော့ ကျန်းမာရေးအရရော၊ ပညာရေးအရရော၊ ဘဝလုံခြုံမှုအရရော၊ ပြီးလို့ရှိရင်လည်း အကြမ်းဖက်မှုကို ကာကွယ်ပေးရမယ့် ယန္တရားအရရောပေါ့နော်။ အဲဒီဟာတွေက အများကြီးရှိတယ်ပေါ့နော်။ ကျမတို့သာမန်လူထုပေါ့နော်။ ဒီမြို့တွင်းမှာနေတဲ့ လူထုတွေတောင်မှ မခံသာဘူးဆိုတော့ ပိုဆိုးတာက တိုင်းရင်းသားဒေသမှာ စစ်ဘေးရှောင်တွေ၊ စစ်ပြေးနေတဲ့သူတွေအတွက်ဆို ပိုပြီးတော့မှ ခံစားရတာပေါ့နော်။”

ရခိုင်ဒေသမှာ တပ်မတော်နဲ့ AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်သူဦးရေ များပြားလာပြီး၊ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေလည်း မြင့်လို့နေပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေကို လူမှုအရပ်ဘက် ကူညီရေးအဖွဲ့တွေက ထောက်ပံ့နေပေမယ့် လုံလောက်မှုမရှိသေးတာကြောင့် ရခိုင်ဒေသမှာ အလှူရှင်တွေ လိုအပ်လို့နေတယ်လို့ သူတို့ကဆိုပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG