သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္ေျမရွင္းလင္းေရးေၾကာင့္ ရခိုင္စစ္ပြဲ ပိုမိုျပင္းထန္လာဖြယ္ရွိ


(Zawgyi/Unicode)

ေျမာက္ဦးၿမိဳ ႔နယ္၊ ေက်ာင္းေတာင္ေက်း႐ြာအနီးမွာ အစိုးရစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ အရပ္သားထိခိုက္မႈရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာေပမယ့္၊ တပ္မေတာ္ ဘက္ကေတာ့ ျငင္းပါတယ္။

နယ္ေျမအတြင္း AA စခန္းေတြကို တပ္ဖက္က နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနတာေၾကာင့္ အခု ဒီဇင္ဘာလအတြင္း တိုက္ပြဲေတြ ျပင္းထန္လာဖို႔ရွိတယ္လို႔ တပ္မေတာ္ဘက္က သတိေပးပါတယ္။ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္ေျမာက္ပိုင္း၊ ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္ ေက်း႐ြာအနီးမွာ ဒီကေန႔မနက္ပိုင္းက အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့တာေၾကာင့္ ေဒသခံတစ္ဦး ဒဏ္ရာရရွိသြားၿပီး ေျမာက္ဦး ေဆး႐ုံ ကို ပို႔ေဆာင္ထားရတယ္လို႔ ေက်ာင္းေတာင္ ေက်း႐ြာသားတစ္ဦးကေျပာပါတယ္။

“သူက ႏြားေက်ာင္းဖို႔ သြားတဲ့အခါ ႐ြာဦးကေနၿပီးေတာ့ လိုက္ၿပီးပစ္တယ္။ ၉နာရီေက်ာ္ ၁၀ နာရီ ေလာက္ျဖစ္မယ္။ တစ္ဘက္က ပစ္တယ္လို႔ေျပာလို႔ရတယ္ သူတို႔က ႏြားေက်ာင္းေနတဲ့ ဟာကို လုပ္ၿပီးေတာ့ ပစ္တာ လူနာအေျခအေနကေတာ့ ေပါင္ကိုေဖာက္သြားတယ္။”

ေက်ာင္းေတာင္ ေက်းအနီးမွာ တိုက္ပြဲျဖစ္ပြားေနတာမွန္ေပမယ့္ ေက်ာင္းေတာင္ေက်း႐ြာသားေတြကို က်ည္ထိစရာအေၾကာင္းမရွိဘူးလို႔ အေနာက္ပိုင္းတိုင္း စစ္ဌာခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး ကေျပာပါတယ္။

“ပန္းေျမာင္းရဲ႕ အေရွ႕ေတာင္ေၾကာတို႔ ၿပီးရင္ AAက ယာယီအေျခခ်တဲ့ေနရာေတြ ဒီေနရာေတြကို က်ေနာ္တို႔က တိုက္လိုက္ ေနာက္တစ္ေနရာ ေျပာင္းလိုက္ နဲ႔ ယာယီစခန္းေတြ လုပ္ထားတယ္။ အခုလည္း ေက်ာင္းေတာင္ ဘက္မွာ ယာယီစခန္းရွိတယ္ဆိုတာကို သိလို႔ က်ေနာ္တို႔က ဝင္ရွင္းတာေပါ့။ ႐ြာသားေတြ ဒဏ္ရာရစရာ အေၾကာင္းေတာ့ မရွိဘူးဗ်ာ။ တိုက္ပြဲျဖစ္တဲ့ေနရာနဲ႔ ႐ြာနဲ႔ မီတာ ၁၅၀၀ ေလာက္ေဝးတယ္။”

ဒီလအတြင္းမွာ AA နဲ႔ အစိုးရတပ္အၾကား ႏွစ္ဘက္ တိုက္ပြဲေတြ ျပင္းထန္လာေနၿပီး ၊ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြေၾကာင့္ လာမယ့္ ဒီဇင္ဘာလမွာလည္း တိုက္ပြဲေတြ ပိုမိုျပင္းထန္လာဖို႔ရွိတယ္လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“ပိုၿပီးေတာ့ ရွင္းလင္းေရးလုပ္မွာနဲ႔ ပြင့္လင္းရာသီဆိုေတာ့ ဘယ္လိုပဲ ျဖစ္ျဖစ္ဗ်ာ သြားေရး လာေရးကလည္း ေခ်ာင္းေတြ ေျမာင္းေတြ ျဖတ္ရတာလည္း နည္းသြားၿပီး ဘယ္ေနရာျဖစ္ျဖစ္ သြားလို႔ရၿပီ။ ပြင့္လင့္ရာသီဆိုေတာ့ သူတို႔ကလည္း စခန္းအတည္တက် မေနေတာ့ဘူးေလ။ ဟိုနားေ႐ြ႕လိုက္ ဒီနားေ႐ြ႕လိုက္ ဆိုေတာ့ က်ေနာ္တို႔ကလည္း ဟိုနားရွင္းလိုက္ ဒီနားရွင္းလိုက္နဲ႔ ဆိုေတာ့ ဒီထက္ပိုၿပီးေတာ့ ေတြ႕ဖို႔အႀကိမ္ေရ မ်ားတာေပါ့။ ေတြ႕ေလ တိုက္ပြဲက ျဖစ္ေလ။ တိုက္ပြဲေတြ ဒီထက္ပိုမ်ားလိမ့္မယ္ ဒီဇင္ဘာမွာ ၾကည့္ေန။”

ၿပီးခဲ့တဲ့ ႏိုင္ဝင္ဘာလ ၄ရက္ေန႔ကလည္း ေက်ာင္းေတာင္ေက်း႐ြာ အတြင္းက အိမ္ၿခံဝင္းတစ္ခုအတြင္းကို လက္နက္ႀကီး က်ေရာက္ခဲ့တာေၾကာင့္ လူသုံးဦး ဒဏ္ရာရရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကလည္း မင္းျပားၿမိဳ႕နယ္၊ ပန္းေျမာင္းေက်း႐ြာမွာ လက္နက္ႀကီးက်ည္က်ၿပီး ေနအိမ္အတြင္း မီးေမြးေနတဲ့ အသက္ ၇၀ေက်ာ္ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရရွိခဲ့ၿပီ ေဆး႐ုံကို ပို႔ေဆာင္လိုက္ ရပါတယ္။

ဒီကေန႔မွာလည္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ၃ခုေလာက္မွာ အစိုးရတပ္နဲ႔ AAအဖြဲ႕တို႔ တိုက္ပြဲ ျဖစ္ပြားေနတာေတြ ရွိတယ္လို႔ တပ္မေတာ္ဖက္ကေျပာဆိုထားေပမယ့္ ရခိုင္လက္နက္ကိုင္ AAဖက္ကေတာ့ သီျခားအတည္ျပဳ မရေသးတာလည္း ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း AA ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ အစိုးရတပ္ဖြဲ႕ေတြအၾကားက တိုက္ပြဲေတြေၾကာင့္ အရပ္သားျပည္သူေတြ ထိခိုက္ဒဏ္ရာရ၊ ေသဆုံးတာေတြ ျဖစ္ေပၚေနပါတယ္။ လက္ရွိ ရခိုင္ျပည္ေျမာက္ပိုင္း အတြင္းမွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ အရပ္သားေသဆုံးသူ ၉၀ ဝန္းက်င္နဲ႔ ထိခိုက္ ဒဏ္ရာရသူ ၁၂၀ ေက်ာ္ေလာက္ ရွိခဲ့ၿပီး ဖမ္းဆီးခံရသူ ၂၀၀ နီးပါး ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


......................

နယ်မြေရှင်းလင်းရေးကြောင့် ရခိုင်စစ်ပွဲ ပိုမိုပြင်းထန်လာဖွယ်ရှိ

(Unicode)

မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအနီးမှာ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သားထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့်၊ တပ်မတော် ဘက်ကတော့ ငြင်းပါတယ်။

နယ်မြေအတွင်း AA စခန်းတွေကို တပ်ဖက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် အခု ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိတယ်လို့ တပ်မတော်ဘက်က သတိပေးပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ် ကျောင်းတောင် ကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားပြီး မြောက်ဦး ဆေးရုံ ကို ပို့ဆောင်ထားရတယ်လို့ ကျောင်းတောင် ကျေးရွာသားတစ်ဦးကပြောပါတယ်။

“သူက နွားကျောင်းဖို့ သွားတဲ့အခါ ရွာဦးကနေပြီးတော့ လိုက်ပြီးပစ်တယ်။ ၉နာရီကျော် ၁၀ နာရီ လောက်ဖြစ်မယ်။ တစ်ဘက်က ပစ်တယ်လို့ပြောလို့ရတယ် သူတို့က နွားကျောင်းနေတဲ့ ဟာကို လုပ်ပြီးတော့ ပစ်တာ လူနာအခြေအနေကတော့ ပေါင်ကိုဖောက်သွားတယ်။”

ကျောင်းတောင် ကျေးအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာမှန်ပေမယ့် ကျောင်းတောင်ကျေးရွာသားတွေကို ကျည်ထိစရာအကြောင်းမရှိဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကပြောပါတယ်။

“ပန်းမြောင်းရဲ့ အရှေ့တောင်ကြောတို့ ပြီးရင် AAက ယာယီအခြေချတဲ့နေရာတွေ ဒီနေရာတွေကို ကျနော်တို့က တိုက်လိုက် နောက်တစ်နေရာ ပြောင်းလိုက် နဲ့ ယာယီစခန်းတွေ လုပ်ထားတယ်။ အခုလည်း ကျောင်းတောင် ဘက်မှာ ယာယီစခန်းရှိတယ်ဆိုတာကို သိလို့ ကျနော်တို့က ဝင်ရှင်းတာပေါ့။ ရွာသားတွေ ဒဏ်ရာရစရာ အကြောင်းတော့ မရှိဘူးဗျာ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ရွာနဲ့ မီတာ ၁၅၀၀ လောက်ဝေးတယ်။”

ဒီလအတွင်းမှာ AA နဲ့ အစိုးရတပ်အကြား နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ၊ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် လာမယ့် ဒီဇင်ဘာလမှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာဖို့ရှိတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ပိုပြီးတော့ ရှင်းလင်းရေးလုပ်မှာနဲ့ ပွင့်လင်းရာသီဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ သွားရေး လာရေးကလည်း ချောင်းတွေ မြောင်းတွေ ဖြတ်ရတာလည်း နည်းသွားပြီး ဘယ်နေရာဖြစ်ဖြစ် သွားလို့ရပြီ။ ပွင့်လင့်ရာသီဆိုတော့ သူတို့ကလည်း စခန်းအတည်တကျ မနေတော့ဘူးလေ။ ဟိုနားရွေ့လိုက် ဒီနားရွေ့လိုက် ဆိုတော့ ကျနော်တို့ကလည်း ဟိုနားရှင်းလိုက် ဒီနားရှင်းလိုက်နဲ့ ဆိုတော့ ဒီထက်ပိုပြီးတော့ တွေ့ဖို့အကြိမ်ရေ များတာပေါ့။ တွေ့လေ တိုက်ပွဲက ဖြစ်လေ။ တိုက်ပွဲတွေ ဒီထက်ပိုများလိမ့်မယ် ဒီဇင်ဘာမှာ ကြည့်နေ။”

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၄ရက်နေ့ကလည်း ကျောင်းတောင်ကျေးရွာ အတွင်းက အိမ်ခြံဝင်းတစ်ခုအတွင်းကို လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီး နေအိမ်အတွင်း မီးမွေးနေတဲ့ အသက် ၇၀ကျော် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီ ဆေးရုံကို ပို့ဆောင်လိုက် ရပါတယ်။

ဒီကနေ့မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၃ခုလောက်မှာ အစိုးရတပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေတာတွေ ရှိတယ်လို့ တပ်မတော်ဖက်ကပြောဆိုထားပေမယ့် ရခိုင်လက်နက်ကိုင် AAဖက်ကတော့ သီခြားအတည်ပြု မရသေးတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေအကြားက တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးတာတွေ ဖြစ်ပေါ်နေပါတယ်။ လက်ရှိ ရခိုင်ပြည်မြောက်ပိုင်း အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးသူ ၉၀ ဝန်းကျင်နဲ့ ထိခိုက် ဒဏ်ရာရသူ ၁၂၀ ကျော်လောက် ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၂၀၀ နီးပါး ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG