(Zawgyi / Unicode)
ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဘူးသီးေတာင္ၿမိဳ႔နယ္ ဂူတာျပင္ေက်းရြာ အနီးမွာ အစုလိုက္အၿပံဳလိုက္ ျမႇဳပ္ထားတဲ့ ရုပ္အေလာင္းေတြေတြ႔ရိွတာနဲ႔ပတ္သက္ၿပီး ကနဦးရရိွတဲ့ အေထာက္အထားေတြအရ မနက္ျဖန္မွာ အက်ဥ္းစစ္တရားရံုးခ်ဳပ္က ရံုးထိုင္စစ္ေဆးသြားမယ္လုိ႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ေျပာပါတယ္။
ဒီတရားရံုးခ်ဳပ္ရဲ့ လုပ္ပိုင္ခြင့္အရ ျပစ္မႈက်ဳးလြန္တယ္လို႔ စစ္ေဆးေတြ႔ရွိရင္ ေသဒဏ္အထိ ခ်မွတ္ႏိုင္ေၾကာင္း ေျပာပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး ဗီြအုိေအျမန္မာပိုင္းရ့ဲသတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။
ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဂူတာျပင္ေက်းရြာ၀န္းက်င္မွာ ရာနဲ႔ခ်ီတဲ့ ႐ုပ္အေလာင္းေတြ ျမႇဳပ္ထားတယ္လို႔ AP သတင္းဌာနက ၂၀၁၈ ေဖေဖာ္၀ါရီ ၁ ရက္ေန႔မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္ မတ္လမွာေတာ့စံုစမ္းစစ္ေဆးေရးခံု႐ုံး (Court of Inquiry) အဖဲြ႔ကို တပ္မေတာ္နည္းဥပေဒနဲ႔အညီ ဖဲြ႔စည္းစစ္ေဆးခဲ့ၿပီးတဲ့ေနာက္ ဒီအမႈကို စစ္ဘက္ဆုိင္ရာ တရား႐ံုးက စစ္ေဆးသြားမွာျဖစ္ေၾကာင္း ႔ ၾသဂုတ္လ ၃၁ ရက္ေန႔က တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ခဲ့တာပါ။
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ အတြင္းေရးမႈး ဗုိလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းက ကနဦးစစ္ေဆးေတြ႔ရိွထားတဲ့ အခ်က္အလက္ေတြအရစစ္ဘက္ဆိုင္ရာ တရားရံုးစစ္ေဆးမႈကို မနက္ျဖန္ အဂၤါေန႔မွာ စတင္သြားမွာျဖစ္ေၾကာင္း အခုလုိ ေျပာပါတယ္။
“ က်ေနာ္တုိ႔ ထုတ္ျပန္ထားတဲ့ အတုိင္းပါပဲ။ ဒီမွာ ျပစ္မႈက်ဴးလြန္တယ္လို႔ က်ေနာ္တို႔ ကနဦးအေနနဲ႔ ျပစ္မႈက်ဴးလြန္တယ္လို႔ ဒီ စစ္ေဆးခ်က္ေတြအရ ကနဦးေတြ႔ရိွခဲ့တယ္ေပါ့။ ျပစ္မႈက်ဳးလြန္တယ္လို႔ ကနဦးေတြ႔ရိွခဲ့တဲ့အတြက္ေၾကာင့္ က်ေနာ္တုိ႔ အက်ဥ္းစစ္တရားရံုးခ်ဳပ္နဲ႔ ရံုးထိုင္ စစ္ေဆးသြားမွာျဖစ္ပါတယ္။ မနက္ဖန္စစ္ေဆးမွာျဖစ္ပါတယ္။”
ဒီအမႈကို ဘူးသီးေတာင္ၿမိဳ႕နယ္ နယ္ေျမခံတပ္မွာ စစ္ေဆးသြားမွာျဖစ္ပါတယ္။
အက်ဥ္းစစ္တရားရုံးခ်ဳပ္က ျပစ္မႈက်ဴးလြန္ေၾကာင္း စစ္ေဆးေတြ႔ရိွတယ္ဆုိရင္ ေသဒဏ္အထိ အျမင့္ဆံုးအျပစ္ဒဏ္ ခ်မွတ္ႏိုင္ေၾကာင္းလည္း ဗုိလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။
“ က်ေနာ္တို႔မွာက စစ္တရားရံုး ၄မ်ိဳးရိွပါတယ္။ စစ္တရားရံုးခ်ဳပ္၊ အခုဖဲြ႔စည္းတဲ့ အက်ဥ္းစစ္တရားရံုးခ်ဳပ္။ ၿပီးရင္ေတာ့ တုိင္းစစ္တရားရံုး၊ ၿပီးရင္ တပ္တြင္းစစ္တရားရံုး။ ဒီအက်ဥ္းစစ္တရားရံုး Summary General Court Martial ကေတာ့ ဥကၠဌအပါအ၀င္ ၃ဦးနဲ႔ ရံုးထိုင္စစ္ေဆးမွာျဖစ္တယ္။ သူကလည္း နယ္ဘက္ တရားရံုးေတြနဲ႔ ပံုစံအတူတူပါပဲ။ သူ႔မွာ စြပ္စဲြခံရသူဘက္ကေနၿပီးေတာ့မွ ကာကြယ္ေပးမယ့္ ေရွ႕ေနလုိပံုစံမ်ိဳး အရာရိွေတြပါမယ္။ ဟိုဘက္က စြပ္စဲြတဲ့သူဘက္ကလည္း ေရွ႔ေနလုိ ပံုစံမ်ိဳး အရာရိွ ေတြပါမယ္။ ဒီလုိ စစ္ေဆးတာျဖစ္ပါတယ္။ သူ႔ရဲ႕ အခြင့္အာဏာကေတာ့ က်ေနာ္တုိ႔က အျမင့္ဆုံး ခ်မွတ္ႏိုင္တဲ့ အျပစ္ဒဏ္ကေတာ့ ေသဒဏ္အထိ ခ်မွတ္ႏိုင္တဲ့ စစ္တရားရံုးျဖစ္ပါတယ္။”
ရံုးတင္စစ္ေဆးမယ့္ သူေတြထဲမွာ အရာရိွ အဆင့္နဲ႔ အျခားအဆင့္ေတြ ပါ၀င္ေၾကာင္း ေျပာဆုိတာရိွေပမဲ့ အေရအတြက္ ဘယ္ေလာက္ရိွတယ္ဆုိတာကိုေတာ့ သတင္းမီဒီယာေတြကို ထုတ္ေဖာ္ေျပာဆုိထားတာမရိွေသးပါဘူး။
ဒီလို စစ္တရားရံုးက စစ္ေဆးမယ့္ အေပၚမွာေတာ့ ကိုဖီအာနန္ဦးေဆာင္ခဲ့တဲ့ ရခုိင္ျပည္နယ္ အၾကံေပးအဖဲြ႔ရဲ့ အဖဲြ႔၀င္ ဦးေအးလြင္က အခုလို သံုးသပ္ပါတယ္။
“ ဒီလို ေျမျပင္မွာက ပဋိပကၡျဖစ္တယ္ဆုိရင္ ေဘးထြက္ ဆုိးက်ိဳးေတြ ဆိုတာ ရိွတတ္တယ္ဗ်။ အဲဒါေတြကို လက္ခံ အသိအမွတ္ျပဳၿပီးေတာ့ ဘယ္ေလာက္ အတုိင္းအတာထိျဖစ္တယ္။ က်ဴးလြန္တာက ဘယ္လုိလဲ။ ျပစ္မႈက်ဳးလြန္မႈကို အကာအကြယ္မေပးဘဲနဲ႔ က်ဴးလြန္တဲ့သူမ်ားကို ေဖာ္ထုတ္ အေရးယူမယ္ဆုိရင္ ျမန္မာ့ ပံုရိပ္က အရမ္းေကာင္းလာပါလိမ့္မယ္။ အဲေတာ့ ဒီလုိ လုပ္ငန္းေတြကို ပိုၿပီးေတာ့ တစိုက္မတ္မတ္လုပ္ျပဖို႔ လိုအပ္တယ္လုိ႔ က်ေနာ္ထင္ပါတယ္။”
ဂူတာျပင္ အမႈဟာ တပ္မေတာ္က ဒုတိယအၾကိမ္ ကိုင္တြယ္လာတဲ့ အမႈျဖစ္ပါတယ္။ ၂၀၁၈ခုႏွစ္ ဧၿပီလအတြင္းကေတာ့ ေမာင္ေတာၿမိဳ႔နယ္ အင္းဒင္ေက်းရြာမွာ အစၥလာမ္ဘာသာ၀င္ ၁၀ကို သတ္ျဖတ္ခဲ့တဲ့အမႈကို တပ္မေတာ္စံုစမ္းစစ္ေဆးေရးအဖဲြ႔က စစ္ေဆးခဲ့တဲ့ေနာက္ အရာရိွနဲ႔ အျခားအဆင့္ စစ္သည္ ၇ဦးကို တပ္မေတာ္က ထုတ္ပယ္ၿပီး အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၁၀ႏွစ္ ခ်မွတ္ခဲ့ဖူးပါတယ္။
ဒီလုိခ်မွတ္ၿပီးတဲ့ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ့ အမိန္႔အရ ေထာင္ဒဏ္ တစ္ႏွစ္မျပည့္မီ ျပန္လည္လႊြတ္ေပးလုိက္တဲ့အေပၚ ႏိုင္ငံတကာက ေ၀ဖန္တာေတြ ရိွခဲ့ပါတယ္။
.....................
ရခိုင် ဂူတာပြင်အမှု စစ်ခုံရုံးတင် စတင်စစ်ဆေးမည်
(Unicode)
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ အနီးမှာ အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ ရုပ်အလောင်းတွေတွေ့ရှိတာနဲ့ပတ်သက်ပြီး ကနဦးရရှိတဲ့ အထောက်အထားတွေအရ မနက်ဖြန်မှာ အကျဉ်းစစ်တရားရုံးချုပ်က ရုံးထိုင်စစ်ဆေးသွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ဒီတရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်အရ ပြစ်မှုကျုးလွန်တယ်လို့ စစ်ဆေးတွေ့ရှိရင် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဝန်းကျင်မှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေ မြှုပ်ထားတယ်လို့ AP သတင်းဌာနက ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် မတ်လမှာတော့စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) အဖွဲ့ကို တပ်မတော်နည်းဥပဒေနဲ့အညီ ဖွဲ့စည်းစစ်ဆေးခဲ့ပြီးတဲ့နောက် ဒီအမှုကို စစ်ဘက်ဆိုင်ရာ တရားရုံးက စစ်ဆေးသွားမှာဖြစ်ကြောင်း့ သြဂုတ်လ ၃၁ ရက်နေ့က တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ကနဦးစစ်ဆေးတွေ့ရှိထားတဲ့ အချက်အလက်တွေအရစစ်ဘက်ဆိုင်ရာ တရားရုံးစစ်ဆေးမှုကို မနက်ဖန် အင်္ဂါနေ့မှာ စတင်သွားမှာဖြစ်ကြောင်း အခုလို ပြောပါတယ်။
“ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ ဒီမှာ ပြစ်မှုကျူးလွန်တယ်လို့ ကျနော်တို့ ကနဦးအနေနဲ့ ပြစ်မှုကျူးလွန်တယ်လို့ ဒီ စစ်ဆေးချက်တွေအရ ကနဦးတွေ့ရှိခဲ့တယ်ပေါ့။ ပြစ်မှုကျုးလွန်တယ်လို့ ကနဦးတွေ့ရှိခဲ့တဲ့အတွက်ကြောင့် ကျနော်တို့ အကျဉ်းစစ်တရားရုံးချုပ်နဲ့ ရုံးထိုင် စစ်ဆေးသွားမှာဖြစ်ပါတယ်။ မနက်ဖန်စစ်ဆေးမှာဖြစ်ပါတယ်။”
ဒီအမှုကို ဘူးသီးတောင်မြို့နယ် နယ်မြေခံတပ်မှာ စစ်ဆေးသွားမှာဖြစ်ပါတယ်။
အကျဉ်းစစ်တရားရုံးချုပ်က ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိတယ်ဆိုရင် သေဒဏ်အထိ အမြင့်ဆုံးအပြစ်ဒဏ် ချမှတ်နိုင်ကြောင်းလည်း ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ ကျနော်တို့မှာက စစ်တရားရုံး ၄မျိုးရှိပါတယ်။ စစ်တရားရုံးချုပ်၊ အခုဖွဲ့စည်းတဲ့ အကျဉ်းစစ်တရားရုံးချုပ်။ ပြီးရင်တော့ တိုင်းစစ်တရားရုံး၊ ပြီးရင် တပ်တွင်းစစ်တရားရုံး။ ဒီအကျဉ်းစစ်တရားရုံး Summary General Court Martial ကတော့ ဥက္ကဌအပါအဝင် ၃ဦးနဲ့ ရုံးထိုင်စစ်ဆေးမှာဖြစ်တယ်။ သူကလည်း နယ်ဘက် တရားရုံးတွေနဲ့ ပုံစံအတူတူပါပဲ။ သူ့မှာ စွပ်စွဲခံရသူဘက်ကနေပြီးတော့မှ ကာကွယ်ပေးမယ့် ရှေ့နေလိုပုံစံမျိုး အရာရှိတွေပါမယ်။ ဟိုဘက်က စွပ်စွဲတဲ့သူဘက်ကလည်း ရှေ့နေလို ပုံစံမျိုး အရာရှိ တွေပါမယ်။ ဒီလို စစ်ဆေးတာဖြစ်ပါတယ်။ သူ့ရဲ့ အခွင့်အာဏာကတော့ ကျနော်တို့က အမြင့်ဆုံး ချမှတ်နိုင်တဲ့ အပြစ်ဒဏ်ကတော့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ စစ်တရားရုံးဖြစ်ပါတယ်။”
ရုံးတင်စစ်ဆေးမယ့် သူတွေထဲမှာ အရာရှိ အဆင့်နဲ့ အခြားအဆင့်တွေ ပါဝင်ကြောင်း ပြောဆိုတာရှိပေမဲ့ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားတာမရှိသေးပါဘူး။
ဒီလို စစ်တရားရုံးက စစ်ဆေးမယ့် အပေါ်မှာတော့ ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ် အကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင် ဦးအေးလွင်က အခုလို သုံးသပ်ပါတယ်။
“ ဒီလို မြေပြင်မှာက ပဋိပက္ခဖြစ်တယ်ဆိုရင် ဘေးထွက် ဆိုးကျိုးတွေ ဆိုတာ ရှိတတ်တယ်ဗျ။ အဲဒါတွေကို လက်ခံ အသိအမှတ်ပြုပြီးတော့ ဘယ်လောက် အတိုင်းအတာထိဖြစ်တယ်။ ကျူးလွန်တာက ဘယ်လိုလဲ။ ပြစ်မှုကျုးလွန်မှုကို အကာအကွယ်မပေးဘဲနဲ့ ကျူးလွန်တဲ့သူများကို ဖော်ထုတ် အရေးယူမယ်ဆိုရင် မြန်မာ့ ပုံရိပ်က အရမ်းကောင်းလာပါလိမ့်မယ်။ အဲတော့ ဒီလို လုပ်ငန်းတွေကို ပိုပြီးတော့ တစိုက်မတ်မတ်လုပ်ပြဖို့ လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်။”
ဂူတာပြင် အမှုဟာ တပ်မတော်က ဒုတိယအကြိမ် ကိုင်တွယ်လာတဲ့ အမှုဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် ဧပြီလအတွင်းကတော့ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ အစ္စလာမ်ဘာသာဝင် ၁၀ကို သတ်ဖြတ်ခဲ့တဲ့အမှုကို တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့တဲ့နောက် အရာရှိနဲ့ အခြားအဆင့် စစ်သည် ၇ဦးကို တပ်မတော်က ထုတ်ပယ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့ဖူးပါတယ်။
ဒီလိုချမှတ်ပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်အရ ထောင်ဒဏ် တစ်နှစ်မပြည့်မီ ပြန်လည်လွှွတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာက ဝေဖန်တာတွေ ရှိခဲ့ပါတယ်။