သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ မွာ အမႈရင္ဆုိင္ေနခ်ိန္ ရခုိင္နဲ႔ ခ်င္းျပည္နယ္မွာ တုိက္ပဲြေတြျဖစ္


ပလက္၀ၿမိဳ႕(သတင္းဓာတ္ပံု- khonumthung.news )

(Zawgyi/Unicode)

ICJ ႏိုင္ငံတကာ တရား႐ံုးမွာ ျမန္မာႏိုင္ငံတရား ရင္ဆိုင္ေနရတာကို အခြင့္ေကာင္းယူၿပီးေတာ့ ရခို္င္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြမွာ AA တိုင္းရင္းသား လက္နက္ကိုင္တပ္ဖဲြ႔က တိုက္ခိုက္မႈေတြ ရွိခဲ့ေၾကာင္း တပ္မေတာ္တာ၀န္ရွိသူေတြက ေျပာလိုက္ပါတယ္။ ခ်င္းျပည္နယ္ပလက္၀နဲ႔ ရခိုင္ျပည္နယ္ထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ ျပင္းထန္တဲ့ တိုက္ပဲြေတြ အပါအ၀င္ လက္နက္ကိုင္ ပဋိပကၡေတြ ဒီရက္ပိုင္းအတြင္း ျဖစ္ပြားေနတဲ့အေပၚမွာ တဘက္က ဒီလို တံု႔ျပန္ေျပာဆိုခဲ့တာပါ။ အေၾကာင္းစံုကိုေတာ့ ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္အပါ၀င္ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ အမ္းၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘ က္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကေန လမ္းတံတား၊ တပ္မေတာ္စခန္း၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ လုံၿခဳံေရးစခန္းေတြကို တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ၀င္ေရာက္တုိက္ခုိက္ခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးကေန သတင္းထုတ္ျပန္ထားပါတယ္။

AA ရခိုင္လက္နက္ကိုင္အဖြဲ႔အေနနဲ႔ ရခိုင္ျပည္နယ္အတြင္း စီးပြားေရး လုပ္ငန္းေတြအေပၚ အခြန္ေကာက္ခံဖို႔ ထုတ္ျပန္ အၿပီး ၄င္းတုိ႔ရဲ႕ ၂၀၂၀ ရခိုင္အိမ္မက္ေတြကို အေကာင္အထည္ ေဖာ္ဖို႔နဲ႔ ICJ မွာ တရားရင္ဆိုင္ေနရမႈအေပၚ ႏိုင္ငံတကာ ဖိအားပိုမိုရရွိေစဖို႔ ရည္ရြယ္ျပီး ရခိုင္ျပည္နယ္အႏွ႔ံအျပား တုိက္ပြဲေတြ ေဖာ္ထုတ္ တိုက္ခိုက္တာလို႔လည္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးကေန သတင္းထုတ္ျပန္ထားပါတယ္။

ဒီဇင္ဘာလ ၁၅ ရက္ေန႔မွာ က်ေရာက္မယ့္ ရခုိင္ျပည္နယ္ေန႔ မတိုင္ခင္မွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကေန လမ္းတံတားနဲ႔ တပ္မေတာ္ ရဲတပ္ဖြဲ႔စခန္းေတြကို လာေရာက္တိုက္ခိုက္ခဲ့ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဗီြအိုေအကို အခုလိုေျပာပါတယ္။

“အဓိကေတာ့ သူတို႔ဘက္ကေတာ့ ဒီဇင္ဘာလ ၁၅ ရက္မွာ က်ေနာ္တို႔လည္း သတင္းရရွိထားတာ ရွိတယ္။ အဲဒီေန႔ ပတ္၀န္းက်င္မွာေတာ့ ၿမိဳ႕ရြာေတြ လမ္းတံတားေတြ စီစဥ္ထားမႈေတြလုပ္ေနတဲ့ ပုံပဲဗ်။ အဲတာသတင္းရထားတာ ရွိတဲ့အတြက္ က်ေနာ္တို႔တပ္လုံျခံဳေရး ၿမိဳ႕ရြာလုံျခံဳေရးေတြ ႀကိဳတင္စီမံခဲ့တာရွိတယ္။ ၿပီးရင္ေတာ့ က်ေနာ္တို႔ဒီ ICJ မွာလည္း တရား ရင္ဆိုင္ေနတဲ့အခ်ိန္မွာ အခက္ခဲ အၾကပ္တည္းေတြ႕ေစဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းရရွိတာလည္းရွိေတာ့ ၉ ရက္ေန႔ မွာေတာ့ ပလက္၀မွာရွိတဲ့ နံုးဘူးစခန္းေပါ့။ မင္းျပားမွာရွိတဲ့ မင္းဖူးေတာင္စခန္းကို တိုက္ခိုက္ခဲ့တာရွိပါတယ္။ ျပီးရင္ ပလက္၀ စခန္းေပါ့။ ပလက္၀ တံတားစီမံကိန္း ဒါၿပီးရင္ က်ေနာ္တို႔ ရာေမာင္တံတားလုံုျခံဳေရး ယိုးတရုတ္ရဲကင္းစခန္း၊ ျပီးရင္အမ္းၿမိဳ႕ နယ္အမ္းေခ်ာင္း၊ ေယာေခ်ာင္း တံတားလုံုျခံဳေရးစစ္ေၾကာင္းေတြ ေႏွာက္ယွက္ ပစ္ခတ္မႈေတြေခ်ာင္းေျမာင္း ပစ္ခတ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။”

ဒီဇင္ဘာလ ၉ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ ပလက္၀ၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္၊ အမ္းၿမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔ တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒီရက္ပိုင္းရခိုင္ျပည္နယ္အတြင္းတိုက္ပြဲျဖစ္ပြါးေနတဲ့အေျခအေနကိုေတာ့ AAေျပာခြင့္ရ ခိုင္သုခ ကအခုလိုေျပာပါတယ္။

“ဒီဇင္ဘာလ(၁၁) ရက္ေန႕မွာေတာ့မင္းျပားၿမိဳ႕နယ္သလူေခ်ာင္းရြာရဲ႕အေရွ႕ေျမာက္ဖက္ မင္းဖူးေတာင္တန္းမွာရွိတဲ့ ရန္သူ႕အထိုင္စခန္းတခုကိုလဲဘဲ ကြ်န္ေတာ္တို႕ဘက္ကထိုးစစ္ဆင္တိုက္ခိုက္ခဲ့တာရွိတယ္။ အဲဒီမွာရန္သူဘက္က ေတာ့ ရဟတ္ယာဥ္ႏွစ္စီး ဂ်က္တိုက္ေလယာဥ္တစီးနဲ႕ေနၿပီးေတာ့မနက္(၈)နာရီခြဲကစျပီးေတာ့မွ ည(၈)နာရီခြဲအထိမရပ္မနား တစင္းစီလာျပီးေတာ့မွ ပစ္ခတ္တိုက္ခိုက္ခဲ့တာရွိတယ္။ အဲဒီမွာရန္သူရဲ႕ရဟတ္ယာဥ္ေတြ ဂ်က္တိုက္ေလယာဥ္ေတြ မရပ္မနားပစ္ေနတဲ့ၾကားကဘဲ မင္းဖူးေတာင္တန္းမွာရွိတဲ့ ရန္သူ႕အထိုင္စခန္းေရာ ပင္မဌာနခ်ဳပ္ကို ကြ်န္ေတာ္တို႕ ရခိုင့္တပ္ေတာ္ကေနသိမ္းပိုက္နိုင္ခဲ့တာေပါ့ေနာ္။ အဲဒီမွာရန္သူ႕ဆီကေနၿပီးေတာ့ ကြ်န္ေတာ္တို႕လက္နက္ပစၥည္းေတြ သိမ္းဆီးရမိတဲ့ဥစၥာကေတာ့ (၁၂၀ မမ) တစ္လက္၊ေပါ့ေနာ္။(၆၀)မမတလက္ရယ္။ ျပီးလို႕ရွိရင္ MG-42တလက္ေပါ့။ ေနာက္လက္နက္ငယ္(၆)လက္အပါအ၀င္ေပါ့။ ရန္သူ႕အေလာင္းတခ်ိဳ႕ကိုလဲသိမ္းဆီးရမိတာရွိတယ္။”

ဒီဇင္ဘာလ ၁၀ရက္ေန႔၊ ေျမပံုၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ ေနာက္ဆက္တြဲတိုက္ပြဲေတြမွာ အမ္းအေျခစိုက္ ခမရ ၃၇၃ တပ္ရင္းထံက စစ္အသံုးအေဆာင္ ပစၥည္းပါဝင္တဲ့ ျခင္းေတာင္း ၄၀ေက်ာ္ကို ထပ္မံသိမ္းဆည္းရမိခဲ့ျပီး ေျမာက္ဦးၿမိဳ႕နယ္၊ ေပါက္ေတာျပင္ရြာအနီး၊ သင္းက်ိဳက္ေတာ္ေတာင္ထက္မွာနဲ႔ စစ္တပ္ေနရာခ်ထားတဲ့ ပုဏၰားကြ်န္းၿမိဳ႕နယ္ ယိုးတရုတ္ ေက်းရြာရဲစခန္းကိုလည္း တိုက္ခိုက္ခဲ့တယ္လို႔ ခိုင္သုခက ေျပာပါတယ္။

“ဒီဇင္ဘာလ ၁၁ ရက္ ညေန ၆ နာရီေလာက္မွာ ဒီ ယိုးတ႐ုတ္ရဲစခန္းထဲမွာ အေျခခ်ေနရာ ယူထားတဲ့ ခမရ ၂၀၄ တပ္ရင္းကို က်ေနာ္တို႔ဘက္ကေနၿပီးေတာ့ ၀င္ေရာက္ပစ္ခတ္ခဲ့တာရွိိတယ္။ အဲ့ဒီမွာ ရန္သူ႔ပစ္မွတ္ေတြကို က်ေနာ္တို႔ ထိထိေရာက္ေရာက္နဲ႔ အထိနာေအာင္ေတာ့ ပစ္ခတ္ႏိုင္ခဲ့တာေပါ့။”

ႏွစ္ဘက္အဖြဲ႔ တာ၀န္ရွိသူေတြကေတာ့ သူတို႔အဖြဲ႔ထိခိုက္မႈေတြကိုေတာ့ ေျပာဆိုတာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။

ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာ မင္းျပား၊ ေျမပံု၊ ေျမာက္ဦးၿမိဳ႕နယ္တို႔မွာ တိုက္ပြဲေတြ တေလွ်ာက္ျဖစ္ပြားခဲ့ပါတယ္။ ဒီရက္ပိုင္းအတြင္းျဖစ္ပြါးတဲ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ဘက္က ပစ္ခတ္တိုက္ခိုက္မႈေတြမွာ အရပ္သား၅ ဦးေသဆုံးၿပီး ၁၅ ဦးေက်ာ္ ဒဏ္ရာရရွိမႈေတြလည္း ရွိေနပါတယ္။

ျမန္မာစစ္တပ္နဲ႔ရခိုင္လက္နက္ကိုင္အဖြဲ႔ေတြအၾကား ျဖစ္ပြားေနတဲ့တိုက္ပြဲစဥ္အတြင္း အရပ္သား ၈၀ ဦးေသဆုံးခဲ့သလို ၁၂၀ ေက်ာ္ထိခိုက္ဒဏ္ရာရရွိခဲ့ျပီး ရြာသား ၂၀၀ နီးပါး သံသယနဲ႔ ဖမ္းဆီးခံေနရတယ္လို႔ ရခိုင္အဖြဲ႔အစည္းေတြက စာရင္းျပဳစုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode Version

ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံတရား ရင်ဆိုင်နေရတာကို အခွင့်ကောင်းယူပြီးတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ AA တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း တပ်မတော်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ချင်းပြည်နယ်ပလက်ဝနဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေ ဒီရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့အပေါ်မှာ တဘက်က ဒီလို တုံ့ပြန်ပြောဆိုခဲ့တာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အပါဝင် ပုဏ္ဏားကျွန်းမြို့နယ်၊ အမ်းမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘ က်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ လမ်းတံတား၊ တပ်မတော်စခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးစခန်းတွေကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်း စီးပွားရေး လုပ်ငန်းတွေအပေါ် အခွန်ကောက်ခံဖို့ ထုတ်ပြန် အပြီး ၎င်းတို့ရဲ့ ၂၀၂၀ ရခိုင်အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့နဲ့ ICJ မှာ တရားရင်ဆိုင်နေရမှုအပေါ် နိုင်ငံတကာ ဖိအားပိုမိုရရှိစေဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ်အနှံ့အပြား တိုက်ပွဲတွေ ဖော်ထုတ် တိုက်ခိုက်တာလို့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ရခိုင်ပြည်နယ်နေ့ မတိုင်ခင်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ လမ်းတံတားနဲ့ တပ်မတော် ရဲတပ်ဖွဲ့စခန်းတွေကို လာရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အဓိကတော့ သူတို့ဘက်ကတော့ ဒီဇင်ဘာလ ၁၅ ရက်မှာ ကျနော်တို့လည်း သတင်းရရှိထားတာ ရှိတယ်။ အဲဒီနေ့ ပတ်ဝန်းကျင်မှာတော့ မြို့ရွာတွေ လမ်းတံတားတွေ စီစဉ်ထားမှုတွေလုပ်နေတဲ့ ပုံပဲဗျ။ အဲတာသတင်းရထားတာ ရှိတဲ့အတွက် ကျနော်တို့တပ်လုံခြုံရေး မြို့ရွာလုံခြုံရေးတွေ ကြိုတင်စီမံခဲ့တာရှိတယ်။ ပြီးရင်တော့ ကျနော်တို့ဒီ ICJ မှာလည်း တရား ရင်ဆိုင်နေတဲ့အချိန်မှာ အခက်ခဲ အကြပ်တည်းတွေ့စေဖို့ လုပ်ဆောင်နေတယ်လို့ သတင်းရရှိတာလည်းရှိတော့ ၉ ရက်နေ့ မှာတော့ ပလက်ဝမှာရှိတဲ့ နုံးဘူးစခန်းပေါ့။ မင်းပြားမှာရှိတဲ့ မင်းဖူးတောင်စခန်းကို တိုက်ခိုက်ခဲ့တာရှိပါတယ်။ ပြီးရင် ပလက်၀ စခန်းပေါ့။ ပလက်၀ တံတားစီမံကိန်း ဒါပြီးရင် ကျနော်တို့ ရာမောင်တံတားလုံခြုံရေး ယိုးတရုတ်ရဲကင်းစခန်း၊ ပြီးရင်အမ်းမြို့ နယ်အမ်းချောင်း၊ ယောချောင်း တံတားလုံခြုံရေးစစ်ကြောင်းတွေ နှောက်ယှက် ပစ်ခတ်မှုတွေချောင်းမြောင်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။”

ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပလက်ဝမြို့နယ်နဲ့ မင်းပြားမြို့နယ်၊ အမ်းမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီရက်ပိုင်းရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေကိုတော့ AAပြောခွင့်ရ ခိုင်သုခ ကအခုလိုပြောပါတယ်။

“ဒီဇင်ဘာလ(၁၁) ရက်နေ့မှာတော့မင်းပြားမြို့နယ်သလူချောင်းရွာရဲ့အရှေ့မြောက်ဖက် မင်းဖူးတောင်တန်းမှာရှိတဲ့ ရန်သူ့အထိုင်စခန်းတခုကိုလဲဘဲ ကျွန်တော်တို့ဘက်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာရန်သူဘက်က တော့ ရဟတ်ယာဉ်နှစ်စီး ဂျက်တိုက်လေယာဉ်တစီးနဲ့နေပြီးတော့မနက်(၈)နာရီခွဲကစပြီးတော့မှ ည(၈)နာရီခွဲအထိမရပ်မနား တစင်းစီလာပြီးတော့မှ ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာရန်သူရဲ့ရဟတ်ယာဉ်တွေ ဂျက်တိုက်လေယာဉ်တွေ မရပ်မနားပစ်နေတဲ့ကြားကဘဲ မင်းဖူးတောင်တန်းမှာရှိတဲ့ ရန်သူ့အထိုင်စခန်းရော ပင်မဌာနချုပ်ကို ကျွန်တော်တို့ ရခိုင့်တပ်တော်ကနေသိမ်းပိုက်နိုင်ခဲ့တာပေါ့နော်။ အဲဒီမှာရန်သူ့ဆီကနေပြီးတော့ ကျွန်တော်တို့လက်နက်ပစ္စည်းတွေ သိမ်းဆီးရမိတဲ့ဥစ္စာကတော့ (၁၂၀ မမ) တစ်လက်၊ပေါ့နော်။(၆၀)မမတလက်ရယ်။ ပြီးလို့ရှိရင် MG-42တလက်ပေါ့။ နောက်လက်နက်ငယ်(၆)လက်အပါအဝင်ပေါ့။ ရန်သူ့အလောင်းတချို့ကိုလဲသိမ်းဆီးရမိတာရှိတယ်။”

ဒီဇင်ဘာလ ၁၀ရက်နေ့၊ မြေပုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ နောက်ဆက်တွဲတိုက်ပွဲတွေမှာ အမ်းအခြေစိုက် ခမရ ၃၇၃ တပ်ရင်းထံက စစ်အသုံးအဆောင် ပစ္စည်းပါဝင်တဲ့ ခြင်းတောင်း ၄၀ကျော်ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ရွာအနီး၊ သင်းကျိုက်တော်တောင်ထက်မှာနဲ့ စစ်တပ်နေရာချထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာရဲစခန်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ခိုင်သုခက ပြောပါတယ်။

“ဒီဇင်ဘာလ ၁၁ ရက် ညနေ ၆ နာရီလောက်မှာ ဒီ ယိုးတရုတ်ရဲစခန်းထဲမှာ အခြေချနေရာ ယူထားတဲ့ ခမရ ၂၀၄ တပ်ရင်းကို ကျနော်တို့ဘက်ကနေပြီးတော့ ဝင်ရောက်ပစ်ခတ်ခဲ့တာရှိတယ်။ အဲ့ဒီမှာ ရန်သူ့ပစ်မှတ်တွေကို ကျနော်တို့ ထိထိရောက်ရောက်နဲ့ အထိနာအောင်တော့ ပစ်ခတ်နိုင်ခဲ့တာပေါ့။”

နှစ်ဘက်အဖွဲ့ တာဝန်ရှိသူတွေကတော့ သူတို့အဖွဲ့ထိခိုက်မှုတွေကိုတော့ ပြောဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့မှာ တိုက်ပွဲတွေ တလျှောက်ဖြစ်ပွားခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းဖြစ်ပွါးတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေမှာ အရပ်သား၅ ဦးသေဆုံးပြီး ၁၅ ဦးကျော် ဒဏ်ရာရရှိမှုတွေလည်း ရှိနေပါတယ်။

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲစဉ်အတွင်း အရပ်သား ၈၀ ဦးသေဆုံးခဲ့သလို ၁၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွာသား ၂၀၀ နီးပါး သံသယနဲ့ ဖမ်းဆီးခံနေရတယ်လို့ ရခိုင်အဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။

XS
SM
MD
LG