သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ မွာ ျမန္မာေလွ်ာက္လဲခ်က္ လူ႔အခြင့္အေရးလႈပ္ရွားသူေတြ စိတ္ပ်က္


ICJ မွာ ျမန္မာဘက္က ႏုိင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္လဲ

(Zawgyi/Unicode)

ျမန္မာစစ္တပ္အေနနဲ႔ ရခိုင္ျပည္နယ္တြင္း ႐ိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ လူမ်ိဳးတံုးသတ္ျဖတ္တဲ့ အေျခအေနမ်ိဳးအထိ ရက္ရက္စက္စက္ ျပဳမူခဲ့တာမရွိဘူးလို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ဦးေဆာင္ျပီး ICJ ႏုိင္ငံတကာတရား႐ံုးမွာ ေခ်ပခဲ့တဲ့အေပၚ လူ႔အခြင့္အေရးလႈပ္ရွားသူေတြက စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကပါတယ္။

ICJ မွာျမန္မာကိုတရားစြဲထားတဲ့ ဂမ္ဘီယာႏုိင္ငံဘက္က ေရွ႕ေနေတြကေတာ့ ျမန္မာစစ္တပ္ရဲ႕လုပ္ရပ္ဟာ လူမ်ိဳးတံုးသတ္ျဖတ္တဲ့အေနအထားအထိ ဆိုးရြားခဲ့ေၾကာင္း ေလွ်ာက္လဲခဲ့ၾကသလုိ၊ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ဒုကၡသည္ေတြအလံုးအရင္း ထြက္ေျပးရတဲ့အထိျဖစ္ခဲ့တဲ့ ရခိုင္ျပည္နယ္တြင္း မြတ္ဆလင္ေတြအေပၚ ဖိႏွိပ္မႈေတြ ဆက္ရွိေနတဲ့အေပၚ ေဒၚေအာင္ဆန္းစုၾကည္လည္း တစိတ္တပိုင္း တာ၀န္ရွိတယ္ဆိုျပီး ေ၀ဖန္သူအမ်ားအျပားလည္း ရွိေနပါတယ္။ Henry Ridgwell ေပးပို႔တဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပေပးပါမယ္။

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတံုးသတ္ျဖတ္ရာေရာက္တဲ့အထိ အေျခအေနေတြရွိခဲ့တယ္လို႔ စြပ္စြဲျပီး ဂမ္ဘီယာနုိင္ငံက စြပ္စြဲထားတဲ့အမႈကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္ျပီး နယ္သာလန္ႏိုင္ငံ The Hague ျမိဳ႕က ICJ ႏုိင္ငံတကာတရား႐ံုးမွာ ဒီသီတင္းပတ္ထဲ ေခ်ပခဲ့တာပါ။ စစ္တပ္ရဲ႕နယ္ေျမရွင္းလင္းမႈေတြဟာ ရခိုင္ျပည္နယ္တြင္း အၾကမ္းဖက္လႈပ္ရွားမႈေတြကို တံု႔ျပန္ေဆာင္ရြက္ခဲ့တာသာ ျဖစ္ျပီး ဂမ္ဘီယာဘက္က စြပ္စြဲတာေတြ မမွန္ကန္တာေၾကာင့္ ဒီအမႈကို တ႐ား႐ံုးေတာ္က ပယ္ဖ်က္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုခဲ့ ပါတယ္။

"ဒီအမႈကို ႐ံုးေတာ္ကၾကားနာမယ့္ အမႈစာရင္းထဲကေန ပယ္ဖ်က္ေပးဖို႔ ျမန္မာႏုိင္ငံအေနနဲ႔ ေတာင္းဆိုပါတယ္။ အေျခမခိုင္ေသးတဲ့ ယံုၾကည္မႈ ျပန္လည္တည္ေဆာက္ႏုိင္ဖို႔ စတင္ေဆာင္ရြက္ေနခ်ိန္မွာ လူမႈအသိုင္းအ၀ိုင္းေတြၾကား သံသယေတြ၊ မယံုၾကည္မႈေတြ၊ မလိုလားမႈေတြ ျဖစ္ေပၚေစမယ့္ လုပ္ရပ္ေတြဟာ ျပန္လည္သင့္ျမတ္ေရးကို ထိခိုက္ေစႏုိင္ပါတယ္။”

ICJ တရား႐ံုးမွာ ေဒၚေအာင္ဆန္းစုၾကည္ ခုခံ ေခ်ပခဲ့တဲ့အခ်က္ေတြကို အေနာက္ႏုိင္ငံေတြမွာရွိတဲ့ ႐ိုဟင္ဂ်ာအေရးနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကေတာ့ စိတ္ပ်က္လက္ပ်က္ျဖစ္ေနၾကပါတယ္။

"လူမ်ိဳးတံုးသတ္ျဖတ္မႈ မရွိဘူးလို႔ သူနဲ႔ သူ႔အဖြဲ႔က ေခ်ပသြားတာပါ။ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ ခံရမႈေတြ၊ မတရားျပဳက်င့္ခံရတာေတြ၊ အုပ္စုလုိက္ မတရားက်င့္တဲ့ အေျခအေနေတြကို ထည့္ေျပာမသြားပါဘူး။ စိတ္အေႏွာက္အယွက္ျဖစ္စရာ ေကာင္းပါတယ္။”

႐ိုဟင္ဂ်ာအခြင့္အေရးလႈပ္ရွားသူ Yasmin Ullah ေျပာသြားတာပါ။

ျမန္မာႏုိင္ငံမွာ စစ္အာဏာရွင္စနစ္ကို တြန္းလွန္ရင္း ၂၀၁၀ ခုႏွစ္အထိ ေနအိမ္အက်ယ္ခ်ဳပ္မွာ ဆယ္စုႏွစ္ ၂ စုေလာက္ ေနခဲ့ရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ တခ်ိန္က လူ႔အခြင့္အေရးနဲ႔ ပတ္သက္လာရင္ ကမၻာ့ျပယုဂ္တခုအျဖစ္ အျမင္ခံခဲ့ရေပမဲ့၊ ၂၀၁၆ ခုႏွစ္ အရပ္သားအစုိးရ ေခါင္းေဆာင္ ျဖစ္လာျပီးေနာက္ပိုင္းမွာေတာ့ ေ၀ဖန္မႈေတြ ၾကံဳလာရပါတယ္။

တခ်ိန္က သူ႔ကိုေထာက္ခံအားေပးခဲ့သူေတြကိုယ္တိုင္ အခုခ်ိန္မွာ သူ႔ကို ျပင္းျပင္းထန္ထန္ ေ၀ဖန္ေနၾကတာပါ။ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႐ိုဟင္ဂ်ာအေပၚ အၾကမ္းဖက္မႈေတြ ရပ္တန္႔ေအာင္ မလုပ္ႏုိင္ခဲ့ေၾကာင္း ျဗိတိန္ႏုိင္ငံအေျခစိုက္ ျမန္မာ့အေရးလႈပ္ရွားမႈအဖြဲ႔ Burma Campaign UK က Mark Farmaner က ေျပာပါတယ္။

“သူဟာ ျပည္သူေတြကို စုစည္းထားႏုိင္တဲ့ ပုဂၢိဳလ္ပါ။ နုိ္င္ငံတြင္းက လူမ်ိဳး ဘာသာ မတူသူ အားလံုးရဲ႕ အေလးထား အားထားခံထားရသူပါ။ ဒီလိုအေလးထားသူေတြကို စုစည္းမယ့္အစား အခု သူက ဆန္႔က်င္ဘက္ေတြ လုပ္ေနပါတယ္။ ဆုိေတာ့ ဗုဒၶဘာသာအေျခခံတဲ့ အမ်ိဳးသားေရး ခံစားခ်က္ေတြ၊ ႐ိုဟင္ဂ်ာေတြကို မလိုလားတဲ့အျမင္ေတြ ရွိေနတဲ့သေဘာ ျဖစ္ေနပါတယ္။ ဒီလူေတြအေပၚ ခြဲျခားဆက္ဆံတဲ့မူ၀ါဒေတြကို သူကိုယ္တိုင္ က်င့္သံုးေနတာပါ။”

ဗုဒၶဘာသာ၀င္ အမ်ားစုျဖစ္တဲ့ သန္းနဲ႔ခ်ီလူထုေတြရဲ႕ ေထာက္ခံမႈရထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္တပ္ရဲ႕ လႊမ္းမိုးခ်ဳပ္ကိုင္မႈေတြ ရွိေနဆဲျဖစ္တဲ့၊ တုိင္းရင္းသားလူမ်ိဳးေပါင္းစံု ေနထိုင္ရာတုိင္းျပည္မွာ အေကာင္းဆံုးအုပ္ခ်ဳပ္ႏိုင္ေအာင္ ၾကိဳးစားေနတာျဖစ္တယ္လို႔ သူ႔ကို ေထာက္ခံသူေတြက ေျပာဆိုၾကပါတယ္။

တုိင္းရင္းသားေဒသေတြမွာ စစ္တပ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ိဳးစံုကို ႏွစ္ေပါင္းမ်ားစြာ ၾကဳံေနရတဲ့ တိုင္းရင္းသားေတြ အတြက္ကေတာ့ အခု ICJ ႏုိင္ငံတကာတရား႐ံုးမွာ ေဒၚေအာင္ဆန္းစုၾကည္က စစ္တပ္ကို ကာကြယ္ေျပာဆိုသြားတာေၾကာင့္ သူ႔အေပၚ တုိင္းရင္းသားေတြရဲ႕ ယံုၾကည္မႈ က်ဆင္းသြားေစတယ္လို႔ Mark Farmaner ကေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ႐ိုဟင္ဂ်ာေတြအေပၚ ဖိႏွိပ္မႈေတြဟာလည္း ဆက္ျပီး ျဖစ္ေနတဲ့အေၾကာင္း လူ႔အခြင့္အေရးအဖြဲ႔ေတြက ေျပာဆိုၾကပါတယ္။ ဒီလိုေျပာႏုိ္င္တဲ့ သက္ေသအေထာက္အထားေတြ ရွိတဲ့အေၾကာင္း လူ႔အခြင့္အေရးအဖြဲ႔တခုျဖစ္တဲ့ Fortify Rights က John Quinley III ေျပာပါတယ္။

“႐ိုဟင္ဂ်ာေတြကို လြတ္လပ္စြာ လႈပ္ရွားသြားလာခြင့္ မေပးထားပါဘူး။ ႏိုင္ငံသားျဖစ္ခြင့္ ကန္႔သတ္တာနဲ႔ ႐ိုဟင္ဂ်ာေတြကို အတင္းအဓမၼ လုပ္အားခိုင္းေစတာေတြ ဆက္ရွိေနတဲ့ အေထာက္အထားေတြကို သိပ္မၾကာခင္ကပဲ က်ေနာ္တုိ႔ စုေဆာင္းရရွိထားပါတယ္။ ဒါေၾကာင့္ ရခိုင္ျပည္နယ္တြင္ ႐ိုဟင္ဂ်ာေတြအေပၚ အၾကမ္းဖက္မႈေတြနဲ႔ ဖမ္းဆီးႏွိပ္စက္မႈေတြ ဆက္ျဖစ္ေနတာကို အဆံုးသတ္ဖို႔အတြက္ ICJ ႏုိင္ငံတကာ တရား႐ံုးအေနနဲ႔ ၾကားျဖတ္ အေရးယူေဆာင္ရြက္ခ်က္ ခ်မွတ္သင့္တယ္လုိ႔ ယံုၾကည္ပါတယ္။”

လူ႔အခြင့္အေရးလႈပ္ရွားသူ အေတာ္မ်ားမ်ားကေတာ့ ႐ိုဟင္ဂ်ာအေရးနဲ႔ပတ္သက္ျပီး ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ထိထိေရာက္ေရာက္ ဟန္႔တား ေဆာင္ရြက္ႏုိင္ခဲ့ျခင္း မရွိဘူးဆုိျပီး ေ၀ဖန္ေနၾကတာပါ။ ႐ိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ႏုိင္ငံတကာက စြပ္စြဲေျပာဆိုေနသေလာက္ လူမ်ိဳးတံုးသတ္ျဖတ္ရာ ေရာက္တယ္ဆုိတဲ့အထိ ခ်ိဳးေဖာက္ လုပ္ေဆာင္မႈေတြ မရွိတဲ့အေၾကာင္း၊ အခုေနာက္ဆံုး ICJ တရား႐ံုးမွာလည္း အလားတူ ေခ်ပခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........................

ICJ မှာ မြန်မာလျှောက်လဲချက် လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိတ်ပျက်

(Unicode)

မြန်မာစစ်တပ်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ အခြေအနေမျိုးအထိ ရက်ရက်စက်စက် ပြုမူခဲ့တာမရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး ICJ နိုင်ငံတကာတရားရုံးမှာ ချေပခဲ့တဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။

ICJ မှာမြန်မာကိုတရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတွေကတော့ မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်တဲ့အနေအထားအထိ ဆိုးရွားခဲ့ကြောင်း လျှောက်လဲခဲ့ကြသလို၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဒုက္ခသည်တွေအလုံးအရင်း ထွက်ပြေးရတဲ့အထိဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း မွတ်ဆလင်တွေအပေါ် ဖိနှိပ်မှုတွေ ဆက်ရှိနေတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်လည်း တစိတ်တပိုင်း တာဝန်ရှိတယ်ဆိုပြီး ဝေဖန်သူအများအပြားလည်း ရှိနေပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရာရောက်တဲ့အထိ အခြေအနေတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့အမှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ The Hague မြို့က ICJ နိုင်ငံတကာတရားရုံးမှာ ဒီသီတင်းပတ်ထဲ ချေပခဲ့တာပါ။ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေဟာ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်လှုပ်ရှားမှုတွေကို တုံ့ပြန်ဆောင်ရွက်ခဲ့တာသာ ဖြစ်ပြီး ဂမ်ဘီယာဘက်က စွပ်စွဲတာတွေ မမှန်ကန်တာကြောင့် ဒီအမှုကို တရားရုံးတော်က ပယ်ဖျက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ ပါတယ်။

"ဒီအမှုကို ရုံးတော်ကကြားနာမယ့် အမှုစာရင်းထဲကနေ ပယ်ဖျက်ပေးဖို့ မြန်မာနိုင်ငံအနေနဲ့ တောင်းဆိုပါတယ်။ အခြေမခိုင်သေးတဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ဖို့ စတင်ဆောင်ရွက်နေချိန်မှာ လူမှုအသိုင်းအဝိုင်းတွေကြား သံသယတွေ၊ မယုံကြည်မှုတွေ၊ မလိုလားမှုတွေ ဖြစ်ပေါ်စေမယ့် လုပ်ရပ်တွေဟာ ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်ပါတယ်။”

ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခုခံ ချေပခဲ့တဲ့အချက်တွေကို အနောက်နိုင်ငံတွေမှာရှိတဲ့ ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။

"လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ သူနဲ့ သူ့အဖွဲ့က ချေပသွားတာပါ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုတွေ၊ မတရားပြုကျင့်ခံရတာတွေ၊ အုပ်စုလိုက် မတရားကျင့်တဲ့ အခြေအနေတွေကို ထည့်ပြောမသွားပါဘူး။ စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းပါတယ်။”

ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားသူ Yasmin Ullah ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ၂၀၁၀ ခုနှစ်အထိ နေအိမ်အကျယ်ချုပ်မှာ ဆယ်စုနှစ် ၂ စုလောက် နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တချိန်က လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ကမ္ဘာ့ပြယုဂ်တခုအဖြစ် အမြင်ခံခဲ့ရပေမဲ့၊ ၂၀၁၆ ခုနှစ် အရပ်သားအစိုးရ ခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ဝေဖန်မှုတွေ ကြုံလာရပါတယ်။

တချိန်က သူ့ကိုထောက်ခံအားပေးခဲ့သူတွေကိုယ်တိုင် အခုချိန်မှာ သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်အောင် မလုပ်နိုင်ခဲ့ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က Mark Farmaner က ပြောပါတယ်။

“သူဟာ ပြည်သူတွေကို စုစည်းထားနိုင်တဲ့ ပုဂ္ဂိုလ်ပါ။ နိုင်ငံတွင်းက လူမျိုး ဘာသာ မတူသူ အားလုံးရဲ့ အလေးထား အားထားခံထားရသူပါ။ ဒီလိုအလေးထားသူတွေကို စုစည်းမယ့်အစား အခု သူက ဆန့်ကျင်ဘက်တွေ လုပ်နေပါတယ်။ ဆိုတော့ ဗုဒ္ဓဘာသာအခြေခံတဲ့ အမျိုးသားရေး ခံစားချက်တွေ၊ ရိုဟင်ဂျာတွေကို မလိုလားတဲ့အမြင်တွေ ရှိနေတဲ့သဘော ဖြစ်နေပါတယ်။ ဒီလူတွေအပေါ် ခွဲခြားဆက်ဆံတဲ့မူဝါဒတွေကို သူကိုယ်တိုင် ကျင့်သုံးနေတာပါ။”

ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ သန်းနဲ့ချီလူထုတွေရဲ့ ထောက်ခံမှုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုတွေ ရှိနေဆဲဖြစ်တဲ့၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာတိုင်းပြည်မှာ အကောင်းဆုံးအုပ်ချုပ်နိုင်အောင် ကြိုးစားနေတာဖြစ်တယ်လို့ သူ့ကို ထောက်ခံသူတွေက ပြောဆိုကြပါတယ်။

တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို နှစ်ပေါင်းများစွာ ကြုံနေရတဲ့ တိုင်းရင်းသားတွေ အတွက်ကတော့ အခု ICJ နိုင်ငံတကာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို ကာကွယ်ပြောဆိုသွားတာကြောင့် သူ့အပေါ် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ကျဆင်းသွားစေတယ်လို့ Mark Farmaner ကပြောပါတယ်။

တချိန်တည်းမှာပဲ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေဟာလည်း ဆက်ပြီး ဖြစ်နေတဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။ ဒီလိုပြောနိုင်တဲ့ သက်သေအထောက်အထားတွေ ရှိတဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights က John Quinley III ပြောပါတယ်။

“ရိုဟင်ဂျာတွေကို လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် မပေးထားပါဘူး။ နိုင်ငံသားဖြစ်ခွင့် ကန့်သတ်တာနဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ လုပ်အားခိုင်းစေတာတွေ ဆက်ရှိနေတဲ့ အထောက်အထားတွေကို သိပ်မကြာခင်ကပဲ ကျနော်တို့ စုဆောင်းရရှိထားပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေ ဆက်ဖြစ်နေတာကို အဆုံးသတ်ဖို့အတွက် ICJ နိုင်ငံတကာ တရားရုံးအနေနဲ့ ကြားဖြတ် အရေးယူဆောင်ရွက်ချက် ချမှတ်သင့်တယ်လို့ ယုံကြည်ပါတယ်။”

လူ့အခွင့်အရေးလှုပ်ရှားသူ အတော်များများကတော့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိထိရောက်ရောက် ဟန့်တား ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘူးဆိုပြီး ဝေဖန်နေကြတာပါ။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲပြောဆိုနေသလောက် လူမျိုးတုံးသတ်ဖြတ်ရာ ရောက်တယ်ဆိုတဲ့အထိ ချိုးဖောက် လုပ်ဆောင်မှုတွေ မရှိတဲ့အကြောင်း၊ အခုနောက်ဆုံး ICJ တရားရုံးမှာလည်း အလားတူ ချေပခဲ့တာဖြစ်ပါတယ်။

ICJ ၾကားနာပြဲ ျမန္မာေလွ်ာက္လဲခ်က္နဲ႔ ႏုိင္ငံတကာအျမင္
please wait

No media source currently available

0:00 0:03:18 0:00

XS
SM
MD
LG