သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ ကြားနာပွဲ မြန်မာလျှောက်လဲချက်နဲ့ နိုင်ငံတကာအမြင်


ICJ ကြားနာပွဲ မြန်မာလျှောက်လဲချက်နဲ့ နိုင်ငံတကာအမြင်
please wait

No media source currently available

0:00 0:03:18 0:00

ICJ နိုင်ငံတကာတရားရုံး ကြားနာပွဲတွေမှာ မြန်မာစစ်တပ်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်စက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်တဲ့ အခြေအနေမျိုးအထိ ဆိုးရွားခဲ့ကြောင်း ဂမ်ဘီယာဘက်က လျှောက်ထားခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးကို လက်မခံသလို လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်တယ်ဆိုတဲ့ စွတ်စွဲချက်တွေကိုလည်း ငြင်းဆိုပါတယ်။ မြန်မာကိုစားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တရားရုံးက ချမှတ်မယ့် ဆုံးဖြတ်ချက်ဟာ ကွဲပြားမှုတွေကြားကနေ ညီညွတ်မှုတည်ဆောက်နိုင်ရေး အထောက်အကူဖြစ်စေဖို့ ဆုတောင်းပါကြောင်းပြောဆိုသွားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာတော့ ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်တွေအပေါ် ဖိနှိပ်မှုတွေ ဆက်ရှိနေတာ၊ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ရေပ်စွန့်ခွာပြေးခဲ့ရတာတွေမှာ ဒေါ်အောင်ဆန်းစုကြည်လည်း တစိတ်တပိုင်း တာဝန်ရှိတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ Henry Ridgwell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။

XS
SM
MD
LG