သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ပထမအေက်ာ့ ၾကားနာမႈ ျမန္မာအဆံုးသတ္ ေလွ်ာက္လဲ


(Zawgyi/Unicode)

ICJ ႏိုင္ငံတကာတရားရံုးရဲ႕ အခု ေနာက္ဆံုးေန႔ အျပန္အလွန္ၾကားနာပဲြ ျမန္မာရဲ႕ ေနာက္ဆံုးပိတ္ ေလွ်ာက္လဲခ်က္ကို ျမန္မာ ႏိုင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္က ၆ မိနစ္ေက်ာ္ၾကာ ေျပာဆိုၿပီး တဘက္က စြပ္စဲြခ်က္ေတြအေပၚမွာ ထူးထူးျခားျခား ထပ္ျငင္းဆိုခဲ့တာမရွိပါဘူး။ စံုစမ္းမႈေတြနဲ႔ တရားစီရင္ေရးကိစၥမွာ လက္ရွိ ျမန္မာႏိုင္ငံရဲ႕ ဖဲြ႕စည္းပံုအေျခခံဥပေဒကို မ်က္ကြယ္ျပဳထားလို႔ မရႏိုင္ဘူးဆိုတာကိုပဲ ျငင္းဆိုသြားပါတယ္။

ျမန္မာႏိုင္ငံတြင္း စစ္တပ္ရဲ႕တရားစီရင္မႈဟာ ခိုင္ခိုင္မာမာရွိေနၿပီးေတာ့ အရပ္ဘက္တရားစီရင္ေရးနဲ႔ သီးျခားျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။ ရခိုင္ေျမာက္ပိုင္းက စြပ္စဲြခ်က္ေတြနဲ႔ ပတ္သက္လို႔ ဂူတာျပင္ေက်းရြာ သတ္ျဖတ္မႈကိစၥကို စစ္တရားရံုးက လက္ရွိ စစ္ေဆးေနၿပီး ေနာက္ထပ္သီတင္းပတ္ေတြထဲမွာ ထပ္အေရးယူမႈေတြ ေပၚလာမယ္လို႔လည္း ေျပာပါတယ္။ ကိုသားညႊန္႔ဦးက အျပည့္အစံုတင္ျပမွာပါ ။

လက္ရွိ ICJ တရားရံုးမွာ လက္ခံၾကားနာမယ္ဆိုတဲ့ စာရင္းကေန ျမန္မာကို ပယ္ဖ်က္ေပးဖို႔နဲ႔၊ Gambia ေတာင္းဆိုထားတဲ့ ၾကားျဖတ္အေရးယူေဆာင္ရြက္ခ်က္ကို ပယ္ဖ်က္ေပးဖို႔ကိုပဲ ျမန္မာကိုယ္စားလွယ္ အဖဲြ႕ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က တရားရံုးကို ေတာင္းဆိုခဲ့ပါတယ္။

ျမန္မာ ဥပေဒအက်ိဳးေဆာင္ ေရွ႕ေန Christopher Staker ရဲ႕ ေလွ်ာက္လဲခ်က္မွာေတာ့ ဂမ္ဘီယာအေနနဲ႔ ျမန္မာႏိုင္ငံကို ICJ မွာ စဲြဆိုခြင့္မရွိဘူးဆိုတာနဲ႔ ICJ မွာ ဒီကိစၥကို လက္ခံ စီရင္ပိုင္ခြင့္မရွိဘူးဆိုတာေတြကို ထပ္မံ အားျဖည့္ေလွ်ာက္လဲပါတယ္။

အထူးသျဖင့္ေတာ့ Gambia ဟာ လူမ်ိဳးတုန္းသတ္ျဖတ္မႈ ပဋိညာဥ္ စာခ်ဳပ္အဖြဲ႕ဝင္အျဖစ္ သူ႔သေဘာအတိုင္း စြဲဆိုတာမဟုတ္ဘဲ OIC အပါအဝင္ တျခားလူပုဂၢိဳလ္ အဖြဲ႕အစည္းေတြ၊ အမည္မေဖာ္တဲ့ တျခားအဖြဲ႕ေတြရဲ႕ ေထာက္ပံ့မႈနဲ႔ လုပ္ေဆာင္တာလို႔ ထပ္ေျပာပါတယ္။

အလားတူပဲ လူမ်ိဳးတုံးသတ္ျဖတ္မႈ ပဋိညာဥ္စာခ်ဳပ္မွာ ျမန္မာႏိုင္ငံက လက္မွတ္ထိုးဖို႔ ခ်န္လွပ္ထားတဲ့ အပိုဒ္ခြဲ နံပတ္ ၈ အေၾကာင္း ထပ္ရွင္းၿပီးေတာ့ အဲဒီစာပိုဒ္ကို လက္မွတ္မထိုးထားတဲ့အတြက္ ျမန္မာႏိုင္ငံကို အျခားႏိုင္ငံတခုက တရားစဲြလို႔မရဘူးလို႔ ထပ္ျငင္းပါတယ္။ တျခား နယ္ေျမဆိုင္ရာ အျငင္းပြားမႈကိစၥ သာဓကေတြနဲ႔ ICJ အခုကိစၥ ေရာေထြးဖို႔ မလိုေၾကာင္းလည္း ေလွ်ာက္လဲပါတယ္။

ထို႔အတူပဲ Gambia ရဲ႕ ဒီၾကားျဖတ္အေရးယူေဆာင္႐ြက္မႈမ်ား ခ်မွတ္ေပးဖို႔ ေတာင္းဆိုခ်က္ဟာ ICJ တရား႐ုံးေတာ္ကို တကယ္တမ္း အေလးထားရမယ့္ ကိစၥေတြမွာ စဥ္းစားခြင့္မေပးဘဲ အေလာတႀကီး ဆုံးျဖတ္ခ်က္ခ်ေပးဖို႔ တြန္းအားေပးေနတဲ့ သေဘာျဖစ္ေနတယ္လို႔ ေျပာပါတယ္။

ျမန္မာဘက္က ဒုတိယေရွ႕ေနတဦးျဖစ္တဲ့ William Schabas ကေတာ့ Gambia စြဲဆိုခ်က္ေတြမွာ အဓိက ကိုးကားခ်က္ျဖစ္တဲ့ ကုလ အခ်က္အလက္ရွာေဖြေရး မစ္ရွင္ ၂၀၁၉ ခုႏွစ္ အစီရင္ခံစာရဲ႕ အားနည္းခ်က္ေတြကို ေထာက္ျပၿပီးေတာ့ ျမန္မာမွာ အခုႏွစ္ပိုင္းတြင္းမွာ မ်ိဳးတုံးသတ္ျဖတ္မႈ ရည္မွန္းခ်က္ေတြ ပိုမ်ားလာတယ္ဆိုတဲ့ စြပ္စဲြခ်က္ကို ပယ္ခ်ပါတယ္။

ကုလသမဂၢရဲ႕ လူမ်ိဳးတုံးသတ္ျဖတ္မႈ ကာကြယ္တားဆီးေရး အထူးအႀကံေပးပုဂၢိဳလ္ရဲ႕ လုပ္ငန္းရပ္ေတြမွာလဲ ျမန္မာႏိုင္ငံရဲ႕ ပတ္သက္လို႔ တစုံတရာ ေျပာၾကားမႈ ၁၅ လ တိုင္တိုင္ မရွိေၾကာင္း ေထာက္ျပခဲ့ပါတယ္။ အမုန္းတရား ပ်ံ႕ပြားမႈဆိုတာ ျမန္မာတခုတည္းမဟုတ္ဘဲ ႏိုင္ငံအႏွံ႔မွာ ျဖစ္ေနတာ၊ လြတ္လပ္စြာ ေျပာဆိုခြင့္ဆိုတဲ့ အခ်က္နဲ႔လည္း ယွဥ္တြဲၿပီးေတာ့ ရႈပ္ေထြးစြာ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ အမုန္းစကားေတြ ျဖန႔္ေနတာ အစိုးရမဟုတ္ပဲ လူတဦးခ်င္း လုပ္ရပ္ျဖစ္တယ္လို႔လည္း ေခ်ပပါတယ္။

ဒါ့အျပင္ ၁၉၉၃ တုန္းက Bosnia ကိစၥမွာ ၾကားျဖတ္အေရးယူေဆာင္႐ြက္မႈလုပ္ဖို႔ ICJ ရဲ႕ ဆုံးျဖတ္ေပးခဲ့တာကို သာဓကအေနနဲ႔ မယူသင့္ေၾကာင္း၊ ၂၆ ႏွစ္ ၾကာၿပီးတဲ့အခ်ိန္မွာ ICJ အေနနဲ႔ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြဟာ ခ်သင့္ေၾကာင္း ေျပာခဲ့ပါတယ္။

ျမန္မာဘက္က အခုလို ျပန္လည္ေခ်ပေျပာဆိုမႈၿပီးတဲ့ေနာက္ ျမန္မာ-ဂမ္ဘီယာ ရဲ႕ လူမ်ိဳးတုံး သတ္ျဖတ္မႈတားဆီးေရးစာခ်ဳပ္ ခ်ိဳးေဖာက္မႈစဲြခ်က္ ပထမအေၾကာ့ၾကားနာမႈ ၿပီးဆံုးပါတယ္။

Gambia က ေတာင္းဆိုထားတဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ား ႀကိဳတင္ကာကြယ္မႈအတြက္ လိုအပ္တဲ့ ၾကားျဖတ္ေတာင္းဆိုမႈေတြကိုေတာ့ တရား႐ုံးအေနနဲ႔ သတ္မွတ္ထားတဲ့ အခ်ိန္ အတြင္းမွာ ခ်မွတ္ေပးမယ္လို႔ တရားသူႀကီးက ေျပာသြားပါတယ္။ ဘယ္ေန႔ ဘယ္ရက္ဆို တာကိုေတာ့ သက္ဆိုင္ရာ ႏိုင္ငံေတြကို အေၾကာင္းၾကားမယ္လို႔ ဆိုပါတယ္။

..................

ICJ ပထမအကျော့ ကြားနာမှု မြန်မာအဆုံးသတ်လျှောက်လဲ

(Unicode)

ICJ နိုင်ငံတကာတရားရုံးရဲ့ အခု နောက်ဆုံးနေ့ အပြန်အလှန်ကြားနာပွဲ မြန်မာရဲ့ နောက်ဆုံးပိတ် လျှောက်လဲချက်ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ၆ မိနစ်ကျော်ကြာ ပြောဆိုပြီး တဘက်က စွပ်စွဲချက်တွေအပေါ်မှာ ထူးထူးခြားခြား ထပ်ငြင်းဆိုခဲ့တာမရှိပါဘူး။ စုံစမ်းမှုတွေနဲ့ တရားစီရင်ရေးကိစ္စမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုထားလို့ မရနိုင်ဘူးဆိုတာကိုပဲ ငြင်းဆိုသွားပါတယ်။ မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့တရားစီရင်မှုဟာ ခိုင်ခိုင်မာမာရှိနေပြီးတော့ အရပ်ဘက်တရားစီရင်ရေးနဲ့ သီးခြားဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ရခိုင်မြောက်ပိုင်းက စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဂူတာပြင်ကျေးရွာ သတ်ဖြတ်မှုကိစ္စကို စစ်တရားရုံးက လက်ရှိ စစ်ဆေးနေပြီး နောက်ထပ်သီတင်းပတ်တွေထဲမှာ ထပ်အရေးယူမှုတွေ ပေါ်လာမယ်လို့လည်း ပြောပါတယ်။

လက်ရှိ ICJ တရားရုံးမှာ လက်ခံကြားနာမယ်ဆိုတဲ့ စာရင်းကနေ မြန်မာကို ပယ်ဖျက်ပေးဖို့နဲ့၊ Gambia တောင်းဆိုထားတဲ့ ကြားဖြတ်အရေးယူဆောင်ရွက်ချက်ကို ပယ်ဖျက်ပေးဖို့ကိုပဲ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

မြန်မာ ဥပဒေအကျိုးဆောင် ရှေ့နေ Christopher Staker ရဲ့ လျှောက်လဲချက်မှာတော့ ဂမ်ဘီယာအနေနဲ့ မြန်မာနိုင်ငံကို ICJ မှာ စွဲဆိုခွင့်မရှိဘူးဆိုတာနဲ့ ICJ မှာ ဒီကိစ္စကို လက်ခံ စီရင်ပိုင်ခွင့်မရှိဘူးဆိုတာတွေကို ထပ်မံ အားဖြည့်လျှောက်လဲပါတယ်။

အထူးသဖြင့်တော့ Gambia ဟာ လူမျိုးတုန်းသတ်ဖြတ်မှု ပဋိညာဉ် စာချုပ်အဖွဲ့ဝင်အဖြစ် သူ့သဘောအတိုင်း စွဲဆိုတာမဟုတ်ဘဲ OIC အပါအဝင် တခြားလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ၊ အမည်မဖော်တဲ့ တခြားအဖွဲ့တွေရဲ့ ထောက်ပံ့မှုနဲ့ လုပ်ဆောင်တာလို့ ထပ်ပြောပါတယ်။

အလားတူပဲ လူမျိုးတုံးသတ်ဖြတ်မှု ပဋိညာဉ်စာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ်ထိုးဖို့ ချန်လှပ်ထားတဲ့ အပိုဒ်ခွဲ နံပတ် ၈ အကြောင်း ထပ်ရှင်းပြီးတော့ အဲဒီစာပိုဒ်ကို လက်မှတ်မထိုးထားတဲ့အတွက် မြန်မာနိုင်ငံကို အခြားနိုင်ငံတခုက တရားစွဲလို့မရဘူးလို့ ထပ်ငြင်းပါတယ်။ တခြား နယ်မြေဆိုင်ရာ အငြင်းပွားမှုကိစ္စ သာဓကတွေနဲ့ ICJ အခုကိစ္စ ရောထွေးဖို့ မလိုကြောင်းလည်း လျှောက်လဲပါတယ်။

ထို့အတူပဲ Gambia ရဲ့ ဒီကြားဖြတ်အရေးယူဆောင်ရွက်မှုများ ချမှတ်ပေးဖို့ တောင်းဆိုချက်ဟာ ICJ တရားရုံးတော်ကို တကယ်တမ်း အလေးထားရမယ့် ကိစ္စတွေမှာ စဉ်းစားခွင့်မပေးဘဲ အလောတကြီး ဆုံးဖြတ်ချက်ချပေးဖို့ တွန်းအားပေးနေတဲ့ သဘောဖြစ်နေတယ်လို့ ပြောပါတယ်။

မြန်မာဘက်က ဒုတိယရှေ့နေတဦးဖြစ်တဲ့ William Schabas ကတော့ Gambia စွဲဆိုချက်တွေမှာ အဓိက ကိုးကားချက်ဖြစ်တဲ့ ကုလ အချက်အလက်ရှာဖွေရေး မစ်ရှင် ၂၀၁၉ ခုနှစ် အစီရင်ခံစာရဲ့ အားနည်းချက်တွေကို ထောက်ပြပြီးတော့ မြန်မာမှာ အခုနှစ်ပိုင်းတွင်းမှာ မျိုးတုံးသတ်ဖြတ်မှု ရည်မှန်းချက်တွေ ပိုများလာတယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချပါတယ်။

ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်တားဆီးရေး အထူးအကြံပေးပုဂ္ဂိုလ်ရဲ့ လုပ်ငန်းရပ်တွေမှာလဲ မြန်မာနိုင်ငံရဲ့ ပတ်သက်လို့ တစုံတရာ ပြောကြားမှု ၁၅ လ တိုင်တိုင် မရှိကြောင်း ထောက်ပြခဲ့ပါတယ်။ အမုန်းတရား ပျံ့ပွားမှုဆိုတာ မြန်မာတခုတည်းမဟုတ်ဘဲ နိုင်ငံအနှံ့မှာ ဖြစ်နေတာ၊ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ အချက်နဲ့လည်း ယှဉ်တွဲပြီးတော့ ရှုပ်ထွေးစွာ ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အမုန်းစကားတွေ ဖြန့်နေတာ အစိုးရမဟုတ်ပဲ လူတဦးချင်း လုပ်ရပ်ဖြစ်တယ်လို့လည်း ချေပပါတယ်။

ဒါ့အပြင် ၁၉၉၃ တုန်းက Bosnia ကိစ္စမှာ ကြားဖြတ်အရေးယူဆောင်ရွက်မှုလုပ်ဖို့ ICJ ရဲ့ ဆုံးဖြတ်ပေးခဲ့တာကို သာဓကအနေနဲ့ မယူသင့်ကြောင်း၊ ၂၆ နှစ် ကြာပြီးတဲ့အချိန်မှာ ICJ အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဟာ ချသင့်ကြောင်း ပြောခဲ့ပါတယ်။

မြန်မာဘက်က အခုလို ပြန်လည်ချေပပြောဆိုမှုပြီးတဲ့နောက် မြန်မာ-ဂမ်ဘီယာ ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးစာချုပ် ချိုးဖောက်မှုစွဲချက် ပထမအကြော့ကြားနာမှု ပြီးဆုံးပါတယ်။

Gambia က တောင်းဆိုထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများ ကြိုတင်ကာကွယ်မှုအတွက် လိုအပ်တဲ့ ကြားဖြတ်တောင်းဆိုမှုတွေကိုတော့ တရားရုံးအနေနဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ချမှတ်ပေးမယ်လို့ တရားသူကြီးက ပြောသွားပါတယ်။ ဘယ်နေ့ ဘယ်ရက်ဆိုတာကိုတော့ သက်ဆိုင်ရာ နိုင်ငံတွေကို အကြောင်းကြားမယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG