သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္သကၠယ္ျပင္က မြတ္ဆလင္ ၂၂ ဦးကို တရားမဝင္သြားလာမႈနဲ႔ ဖမ္းဆီးအေရးယူ


သက္ကယ္ျပင္ဒုကၡသည္စခန္း (ႏို၀င္ဘာ ၂၀၁၈)

(Zawgyi/Unicode)

တရားမ၀င္ခိုး၀င္လာတယ္ဆိုတဲ့ မသကၤာဖြယ္ရာ လူ၂၂ေယာက္ကို ေတြ႔ရိွၿပီး တာ၀န္ရွိသူေတြက ထိန္းသိမ္းခဲ့ပါတယ္။ ေနာက္ပိုင္း စစ္ေဆးခ်က္အရ သူတို႔ေတြဟာ ရခုိင္ျပည္နယ္ စစ္ေတြ၊ သကၠယ္ျပင္ရြာကျဖစ္ၿပီး လူ၀င္မႈၾကီးၾကပ္ေရးဥပေဒနဲ႔ ၿငိစြန္းေနတာေၾကာင့္ စစ္ေဆးေနေၾကာင္း တုိင္းရဲတပ္ဖဲြ႔ တာ၀န္ရိွသူက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအိုေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ဒီလ ၂၀ရက္ေန႔က ေရႊေသာင္ယံရဲစခန္းအပိုင္ ပင္လယ္ကမ္းေျခမွာ စက္ေလွတစ္စီးနဲ႔အတူ ေဒသခံေတြက ေတြ႔ရိွၿပီး သက္ဆုိင္ရာကို အေၾကာင္းၾကားခဲ့တာေၾကာင့္ စစ္ေဆးထိန္းသိမ္းလိုက္တာျဖစ္ပါတယ္။

ဒီလို ထိန္းသိမ္းလုိက္တာနဲ႔ပတ္သက္ၿပီး ေရႊေသာင္ယံရဲစခန္းက တာ၀န္ရွိသူတစ္ဦးက အခုလုိ ေျပာပါတယ္။

“ စစ္ေတြ သကၠယ္ျပင္ေပါ့။ အဲဒီကေန ဒီကိုလာၾကတာ။ ဒီမွာ ကမ္းတင္သြားတာေပါ့။ ဒါေပမဲ့ က်ေနာ္တုိ႔ဆီမွာေတာ့ ဘဂၤလီ မရိွၾကဘူးေလ။ သူတို႔ ရုပ္ရည္ေလးၾကည့္လုိက္တာနဲ႔ နည္းနည္းထူးသြားတာေပါ့။ အဲဒါေၾကာင့္ လွမ္းၿပီး သတင္းေပးၾကတာေပါ့။ သတင္းေပးလုိ႔ က်ေနာ္တုိ႔ အုပ္ခ်ဳပ္မႈပိုင္းေတြက သြားၾကတာ။ အဖဲြ႔စံုနဲ႔သြားေရာက္ၿပီး သူတုိ႔ကို က်ေနာ္တုိ႔ ေစာင့္ေရွာက္ၿပီးေတာ့ ရပ္ကြက္၁မွာပဲ။ ရပ္ကြက္၁ဆိုတာ ေရႊေသာင္ယံၿမိဳ႔ ရပ္ကြက္၁ေပါ့။ ရပ္ကြက္၁မွာ ထမင္းေကြ်းၾကတယ္။ အ၀တ္အစားေတြ ပါမလာဘူး။ ပါမလာေတာ့ က်ေနာ္တုိ႔ ေ၀ေပးလုိက္တယ္။ က်ေနာ္တုိ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးေတြကစၿပီးကူညီေပးလိုက္ၿပီး ပုသိမ္ကို ပို႔လုိက္တာေပါ့။ အဲဒါပါ။ က်ေနာ္တုိ႔ အားလံုးေပါင္း Twenty Two ၂၂ေယာက္ေပါ့။ က်ား ၉၊ မ ၁၃ေလ။ ”

သြားေရာက္စစ္ေဆးရာမွာ နယ္ေျမခံ ရဲတပ္ဖဲြ႔၊ ေရတပ္၊ ေျခလ်င္တပ္၊ အုပ္ခ်ဳပ္ေရးအဖဲြ႔ စတာေတြ ပါ၀င္ေၾကာင္းနဲ႔ ရန္ကုန္ကို အသြား ေနရာမွာၿပီး ကမ္းကပ္လာတာျဖစ္ေၾကာင္း ေျပာပါတယ္။

သူတို႔ကို စစ္ေဆးရာမွာ သကၠယ္ျပင္ရြာကျဖစ္ၿပီး လူ၀င္မႈၾကီးၾကပ္ေရးဥပေဒနဲ႔ ၿငိစြန္းတာေၾကာင့္ စစ္ေဆးေနေၾကာင္း တိုင္းရဲတပ္ဖဲြ႔က ဒုရဲမႈးၾကီး ထြန္းေရြက ေျပာပါတယ္။

“ ေလာေလာဆည္ေတာ့ အမႈမဖြင့္ေသးဘူး။ လတ္တေလာကေတာ့ လ၀က အက္ဥပေဒနဲ႔ ၿငိစြန္းမႈေတာ့ ရိွတာေပါ့။ အခုေတာ့ စစ္ေဆးဆဲပဲခင္ဗ်။ အမႈဖြင့္ဖုိ႔က် လ၀က က ဆက္လုပ္လိမ့္မယ္ေလ။”

ရခိုင္ျပည္ေျမာက္ပိုင္းက အစၥလာမ္ဘာသာ၀င္ေတြဟာ သတ္မွတ္နယ္ေျမေက်ာ္လြန္ၿပီး ခရီးသြားလာခြင့္ မရပါဘူး။

သကၠယ္ျပင္ရြာက တာ၀န္ရိွသူတစ္ဦးကေတာ့ လက္ရိွ ေရႊေသာင္ယံမွာ ထိန္းသိမ္းခံရသူေတြနဲ႔ပတ္သက္ၿပီး အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ ဖမ္းတယ္ေတာ့ ေျပာတာပဲ။ ဘယ္သူေတြဆိုတာ က်ေနာ္တုိ႔ မသိေသးပါ။ ဘယ္က လူေတြလဲ ေသခ်ာမသိရေသးဘူး။ ဟို ဒုကၡသည္ေတြ အလုပ္အကိုင္မရိွလို႔ အဲလိုမ်ိဳးသြားၾကတာ အဲဒါလည္း မသိေသးဘူး။ က်ေနာ္ထင္ရသေလာက္ေတာ့ အဲဒီဘက္က လူေတြ မ်ားမယ္ ထင္ပါတယ္။ စခန္းက ရြာမွာ မဟုတ္ဘူး မဟုတ္လား။ က်ေနာ္တုိ႔ ရြာသားေနသလို ဘယ္ေနလုိ႔ ရဖို႔လဲ။ ဟုိမွာဆုိရင္သူတုိ႔က ေလာေလာဆည္ အလုပ္အကိုင္မရိွတဲ့သူေတြဆုိရင္ ဘယ္လုိ စဥ္းစားၾကမလဲမွ မသိတာ။”

သကၠယ္ျပင္စခန္းက ဒုကၡသည္တစ္ဦးကေတာ့ သူ႔အျမင္ကို အခုလို ေျပာပါတယ္။

“ ဒီမွာ က်ေနာ္တို႔က ဘာအလုပ္အကိုင္မွ မရိွဘူး။ ဘာစားေသာက္ခြင့္မွ မရိွဘူးဆုိေတာ့ ကိုယ္သားသမီးကို ေကြ်းမယ္ ေမြးမယ္ဆုိေတာ့ ေတာ္ေတာ္ေလး စိတ္ညစ္ရတာပဲ။ အဲလို မခံစားႏိုင္လုိ႔ သူတို႔ ဒီႏိုင္ငံကေန ဟိုႏိုင္ငံသြားရင္ သူတုိ႔ စိတ္ေအးခ်မ္းမယ္။ အလုပ္အကိုင္ရမယ္။ သားသမီးကို ေကြ်းရမယ္ အဲလို ထင္ထားတာေပါ့ေနာ္။ အဲလိုမ်ိဳးသြားခ်င္လည္း သူတုိ႔ သြားမွာပါ။အဓိက က်ေနာ္တုိ႔ ႏိုင္ငံသားအခြင့္အေရးရယ္။ လြတ္လပ္စြာသြားလာခြင့္ရမွာသာ က်ေနာ္တုိ႔ လူေတြက စိတ္ေအးခ်မ္းမွာလို႔ က်ေနာ္တုိ႔ ယူဆတယ္။”

အခုလုိ ပြင့္လင္းရာသီကို ေရာက္လာၿပီဆုိရင္ ရခုိင္ျပည္နယ္ေျမာက္ပိုင္းက အစၥလာမ္ဘာသာ၀င္ေတြနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားေတြဟာ မေလးရွားနဲ႔ အျခားႏိုင္ငံဘက္ေတြကို စက္ေလွေတြနဲ႔ သြားေရာက္တာေတြရိွတာေၾကာင့္ ျမန္မာနဲ႔ ထိုင္းစတဲ့ႏိုင္ငံကမ္းေျခေတြမွာ မၾကာခဏ ဖမ္းဆီးတာေတြလည္း ျဖစ္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............................

ရခိုင်သက္ကယ်ပြင်က မွတ်ဆလင် ၂၂ ဦးကို တရားမဝင်သွားလာမှုနဲ့ ဖမ်းဆီးအရေးယူ

(Unicode)

တရားမဝင်ခိုးဝင်လာတယ်ဆိုတဲ့ မသင်္ကာဖွယ်ရာ လူ၂၂ယောက်ကို တွေ့ရှိပြီး တာဝန်ရှိသူတွေက ထိန်းသိမ်းခဲ့ပါတယ်။ နောက်ပိုင်း စစ်ဆေးချက်အရ သူတို့တွေဟာ ရခိုင်ပြည်နယ် စစ်တွေ၊ သက္ကယ်ပြင်ရွာကဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ငြိစွန်းနေတာကြောင့် စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၂၀ရက်နေ့က ရွှေသောင်ယံရဲစခန်းအပိုင် ပင်လယ်ကမ်းခြေမှာ စက်လှေတစ်စီးနဲ့အတူ ဒေသခံတွေက တွေ့ရှိပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာကြောင့် စစ်ဆေးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။

ဒီလို ထိန်းသိမ်းလိုက်တာနဲ့ပတ်သက်ပြီး ရွှေသောင်ယံရဲစခန်းက တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ စစ်တွေ သက္ကယ်ပြင်ပေါ့။ အဲဒီကနေ ဒီကိုလာကြတာ။ ဒီမှာ ကမ်းတင်သွားတာပေါ့။ ဒါပေမဲ့ ကျနော်တို့ဆီမှာတော့ ဘင်္ဂလီ မရှိကြဘူးလေ။ သူတို့ ရုပ်ရည်လေးကြည့်လိုက်တာနဲ့ နည်းနည်းထူးသွားတာပေါ့။ အဲဒါကြောင့် လှမ်းပြီး သတင်းပေးကြတာပေါ့။ သတင်းပေးလို့ ကျနော်တို့ အုပ်ချုပ်မှုပိုင်းတွေက သွားကြတာ။ အဖွဲ့စုံနဲ့သွားရောက်ပြီး သူတို့ကို ကျနော်တို့ စောင့်ရှောက်ပြီးတော့ ရပ်ကွက်၁မှာပဲ။ ရပ်ကွက်၁ဆိုတာ ရွှေသောင်ယံမြို့ ရပ်ကွက်၁ပေါ့။ ရပ်ကွက်၁မှာ ထမင်းကျွေးကြတယ်။ အဝတ်အစားတွေ ပါမလာဘူး။ ပါမလာတော့ ကျနော်တို့ ဝေပေးလိုက်တယ်။ ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေးတွေကစပြီးကူညီပေးလိုက်ပြီး ပုသိမ်ကို ပို့လိုက်တာပေါ့။ အဲဒါပါ။ ကျနော်တို့ အားလုံးပေါင်း Twenty Two ၂၂ယောက်ပေါ့။ ကျား ၉၊ မ ၁၃လေ။ ”

သွားရောက်စစ်ဆေးရာမှာ နယ်မြေခံ ရဲတပ်ဖွဲ့၊ ရေတပ်၊ ခြေလျင်တပ်၊ အုပ်ချုပ်ရေးအဖွဲ့ စတာတွေ ပါဝင်ကြောင်းနဲ့ ရန်ကုန်ကို အသွား နေရာမှာပြီး ကမ်းကပ်လာတာဖြစ်ကြောင်း ပြောပါတယ်။

သူတို့ကို စစ်ဆေးရာမှာ သက္ကယ်ပြင်ရွာကဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ငြိစွန်းတာကြောင့် စစ်ဆေးနေကြောင်း တိုင်းရဲတပ်ဖွဲ့က ဒုရဲမှုးကြီး ထွန်းရွေက ပြောပါတယ်။

“ လောလောဆည်တော့ အမှုမဖွင့်သေးဘူး။ လတ်တလောကတော့ လဝက အက်ဥပဒေနဲ့ ငြိစွန်းမှုတော့ ရှိတာပေါ့။ အခုတော့ စစ်ဆေးဆဲပဲခင်ဗျ။ အမှုဖွင့်ဖို့ကျ လဝက က ဆက်လုပ်လိမ့်မယ်လေ။”

ရခိုင်ပြည်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေဟာ သတ်မှတ်နယ်မြေကျော်လွန်ပြီး ခရီးသွားလာခွင့် မရပါဘူး။

သက္ကယ်ပြင်ရွာက တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိ ရွှေသောင်ယံမှာ ထိန်းသိမ်းခံရသူတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့ ဖမ်းတယ်တော့ ပြောတာပဲ။ ဘယ်သူတွေဆိုတာ ကျနော်တို့ မသိသေးပါ။ ဘယ်က လူတွေလဲ သေချာမသိရသေးဘူး။ ဟို ဒုက္ခသည်တွေ အလုပ်အကိုင်မရှိလို့ အဲလိုမျိုးသွားကြတာ အဲဒါလည်း မသိသေးဘူး။ ကျနော်ထင်ရသလောက်တော့ အဲဒီဘက်က လူတွေ များမယ် ထင်ပါတယ်။ စခန်းက ရွာမှာ မဟုတ်ဘူး မဟုတ်လား။ ကျနော်တို့ ရွာသားနေသလို ဘယ်နေလို့ ရဖို့လဲ။ ဟိုမှာဆိုရင်သူတို့က လောလောဆည် အလုပ်အကိုင်မရှိတဲ့သူတွေဆိုရင် ဘယ်လို စဉ်းစားကြမလဲမှ မသိတာ။”

သက္ကယ်ပြင်စခန်းက ဒုက္ခသည်တစ်ဦးကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ ဒီမှာ ကျနော်တို့က ဘာအလုပ်အကိုင်မှ မရှိဘူး။ ဘာစားသောက်ခွင့်မှ မရှိဘူးဆိုတော့ ကိုယ်သားသမီးကို ကျွေးမယ် မွေးမယ်ဆိုတော့ တော်တော်လေး စိတ်ညစ်ရတာပဲ။ အဲလို မခံစားနိုင်လို့ သူတို့ ဒီနိုင်ငံကနေ ဟိုနိုင်ငံသွားရင် သူတို့ စိတ်အေးချမ်းမယ်။ အလုပ်အကိုင်ရမယ်။ သားသမီးကို ကျွေးရမယ် အဲလို ထင်ထားတာပေါ့နော်။ အဲလိုမျိုးသွားချင်လည်း သူတို့ သွားမှာပါ။အဓိက ကျနော်တို့ နိုင်ငံသားအခွင့်အရေးရယ်။ လွတ်လပ်စွာသွားလာခွင့်ရမှာသာ ကျနော်တို့ လူတွေက စိတ်အေးချမ်းမှာလို့ ကျနော်တို့ ယူဆတယ်။”

အခုလို ပွင့်လင်းရာသီကို ရောက်လာပြီဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ မလေးရှားနဲ့ အခြားနိုင်ငံဘက်တွေကို စက်လှေတွေနဲ့ သွားရောက်တာတွေရှိတာကြောင့် မြန်မာနဲ့ ထိုင်းစတဲ့နိုင်ငံကမ်းခြေတွေမှာ မကြာခဏ ဖမ်းဆီးတာတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။

XS
SM
MD
LG