(Zawgyi/Unicode)
AA ရခိုင္ လက္နက္ကိုင္အဖြဲ႔က တလနီးပါးဖမ္းဆီးထားတဲ့ ျပင္ဦးလြင္ၿမိဳ႕နယ္ ဇီးပင္ႀကီး ဗဟုိဝန္ထမ္းတကၠသုိလ္ သင္တန္းဆင္း မီးသတ္တပ္ဖြဲ႔၀င္ ၁၈ ဦးကို မေန႔က ျပန္လႊတ္ေပးလိုက္တာမွာ ဒီကေန႔စစ္ေတြျမိဳ႕ကို ေရာက္ရွိေနျပီးလို႔ ေဒသခံေတြက ေျပာပါတယ္။ ဖမ္းဆီးထားတဲ့အထဲက မီးသတ္ေခါင္းေဆာင္ တဦး လမ္းခရီးမွာ ဆုံးပါးသြားတယ္လို႔လည္း AA တာ၀န္ရွိသူေတြက ေျပာပါတယ္။ ဒီအေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ ကေန သတင္းေပးပို႕ထားပါတယ္။
AA ဘက္က တလနီးပါးဖမ္းဆီးထားတဲ့ မီးသတ္တပ္ဖြဲ႔ဝင္ ၁၈ ေယာက္ကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က ျပန္လႊတ္ေပး ရာမွာ ဒီကေန႔ညေနပိုင္းမွာ စစ္ေတြျမိဳ႕ကို ျပန္ေရာက္ျပီးလို႔ စစ္ေတြျမိဳ႕ေန ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္စုမ်ား အစည္း အရံုးအတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။
“စစ္ေတြဘက္ကေတာ့ ေရာက္ေတာ့ ေရာက္တယ္။ ဒါေပမဲ့ သူတို႔က ေလာေလာဆယ္တျခား အျပင္ကို ေပးမသြားေသးတဲ့ ပုံစံမ်ိဳးေတာ့ ရွိတယ္ အဆက္သြယ္ သိပ္မရၾကဘူး။ သူတို႔ဌာန… ဌာနမွာပဲထားတယ္ အခုေလ။ အကုန္လုံးပဲ အကုန္လုံး ပဲ။ လူထုနဲ႔ေတြ႔ဆုံမႈေတြ မီဒီယာနဲ႔ေတြ႔ဆုံမႈေတြ မေပးေသးဘူးလို႔ၾကားတယ္။”
စစ္ေတြျမိဳ႕ခံ NLD ပါတီက ဦးေမာင္ထြန္းလိႈင္က မီးသတ္အဖြဲ႔၀င္ေတြ ျပန္လြတ္လာေၾကာင္း အတည္ျပဳေျပာဆိုသလို အစိုးရရိပ္သာမွာ ထားရွိထားေၾကာင္း ေျပာဆိုပါတယ္။
ဖမ္းဆီးထားတဲ့ မီးသတ္အဖြဲ႔ေတြကို မေန႔ကျပန္လႊတ္ေပးလိုက္ျပီးလို႔ AA ျပန္ၾကားေရး အရာရွိ ခိုင္သုခက ေျပာပါတယ္။
“မီးသတ္တပ္ဖြဲ႔၀င္ ၁၈ ေယာက္ကိုေတာ့ က်ေနာ္တို႔ နို၀င္ဘာလ ၆ ရက္ ေန႔လယ္ ၂ နာရီခန္႔မွာ ေျမာက္ဦးျမိဳ႕နယ္ လကၠာရြာနားမွာ ေနျပီးေတာ့ က်ေနာ္တို႔က လႊတ္ေပးလိုက္ျပီး။ လုံလုံျခံဳျခံဳနဲ႔သာ က်ေနာ္တို႔ လႊတ္ေပးလိုက္တာ ျဖစ္တယ္။ က်ေနာ္တို႔လက္ထဲမွာေတာ့ အရပ္သားဆိုလို႔ ဦးေ၀ွ႔တင္း တေယာက္က လြဲျပီးေတာ့ ဘယ္သူမွ မက်န္ေတာ့ဘူး။”
ဒါေပမဲ့ ဒီမီးသတ္တပ္ဖြဲ႔ရဲ႕ ဒုတိယေခါင္းေဆာင္ တဦးျဖစ္သူ ဦးျမင့္ေဇာ္ကေတာ့ ဖမ္းဆီးခံရတဲ့ေန႔မွာပဲ လမ္းခရီးမွာ အေမာလြန္ ဆုံးပါးသြားတယ္လို႔ ခိုင္သုခက ဆက္ေျပာပါတယ္။
“သူတို႔ရဲ႕ ဒုမီးသတ္ဦးစီးမွဴး တေယာက္ပါတယ္။ သူကေတာ့ က်ေနာ္တို႔ ေရႊျပည္သစ္ ကားေပၚကေနျပီးေတာ့ ေခၚလာတဲ့ ေန႔က အဲဒီမွာ ေတာင္တက္ရင္းနဲ႔ေနျပီးေတာ့ အေမာေဖါက္ျပီးေတာ့ လမ္းမွာ ေသဆုံးသြားတာ ရွိတယ္။ အဲဒီမွာ ေတာင္တက္ရင္းနဲ႔ သူက ေရေသာက္လိုက္တာလို႔ ေျပာတယ္။ အဲဒီလို အေမာဆြဲျပီးေတာ့ဆ ုံးသြားတယ္ဗ်။ က်ေနာ္တို႔ ကေတာ့ ေတာ္တာ္ေလး စိတ္မေကာင္း ျဖစ္ၾကပါတယ္။”
ယခုလြတ္ေျမာက္လာသူေတြဟာ ၿပီးခဲ့တဲ့ေအာက္တုိဘာလ ၁၁ ရက္ေန႔က ျပင္ဦးလြင္ၿမိဳ႕နယ္ ဇီးပင္ႀကီး ဗဟုိဝန္ထမ္း တကၠသုိလ္သင္တန္းဆင္းအျပီး ေရႊျပည္သစ္ ခရီးသည္တင္ကားနဲ႔ ျပန္လာစဥ္ ေျမာက္ဦးၿမိဳ႕နယ္အေရာက္မွာ AA ရခိုင္ လက္နက္ကိုင္အဖြဲ႔ကေန ဖမ္းဆီးေခၚေဆာင္ျခင္းခံရသူေတြ ျဖစ္ပါတယ္။
ရခိုင္ျပည္နယ္ ဘူးသီးေတာင္ျမိဳ႕နယ္နဲ႔ ရေသ့ေတာင္ျမိဳ႕နယ္အတြင္း ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကားတိုက္ပြဲျဖစ္ေနဆဲလို႔ AA ေျပာခြင့္ရခိုင္သုခက ေျပာပါတယ္။
“နို၀င္ဘာလ ၆ ရက္ ဘူးသီးေတာင္ျမိဳ႕နယ္ သရက္ျပင္ရြာအနီးမွာ၂ နာရီေလာက္ေတာင္ တိုက္ပြဲျဖစ္တာ ရွိတယ္။ အဲဒီ တိုက္ပြဲမွာေတာ့ ရန္သူဘက္ကေနျပီးေတာ့၄ ဦး က်ဆုံးျပီးေတာ့ ၁၀ ဦး အထက္ဒဏ္ရာရတာ ရွိတယ္။ က်ေနာ္တို႔ ရခိုင္တပ္ေတာ္ဘက္ကလည္းပဲ၃ ဦးဒဏ္ရာ ရတယ္။ ရေသ့ေတာင္ျမိဳ႕နယ္ပဲ သဒူရြာရဲ႕ အေရွ႕ဘက္၂ ကီလိုမီတာ အကြာ ေလာက္မွာလည္းပဲ တိုက္ပြဲအျပင္းထန္ျဖစ္တာ ရွိတယ္။
ဒီတိုက္ပြဲေတြမွာ တပ္မေတာ္ဘက္က ထိခိုက္မႈ မ်ားတယ္လို႔ AA ဘက္ကေျပာဆိုေနေပမဲ့ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးၾကီး၀င္းေဇာ္ဦးကေတာ့ ထိခိုက္မႈ မရွိဘူးလို႔ဆိုပါတယ္။
“ဟုတ္တယ္။ ၾကာညိဳျပင္ တိုက္ပြဲျဖစ္တာ မွန္ပါတယ္။ ပဲသဒူဘက္မွာလည္း တိုက္ပြဲျဖစ္တာ မွန္ပါတယ္။ က်ေနာ္တို႔ဘက္က ထိခိုက္မႈေတာ့ မရွိပါဘူး.”
ျပီးခဲ့တဲ့ရက္ေတြကလည္း ပလက္၀ျမိဳ႕နယ္နဲ႔ ေက်ာက္ေတာ္ျမိဳ႕နယ္ မီး၀ေက်းရြာေတြမွာ ႏွစ္ဘက္ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့ပါတယ္။
ရခိုင္လက္နက္ကိုင္ AA ဘက္က ဖမ္းဆီးထိန္းသိမ္းထားတဲ့ NLD အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ဦးေ၀ွ႕တင္းကို က်ပ္ေငြသိန္း ၃,၀၀၀ နဲ႔ ျပန္လာေရြးယူဖို႕ ထုတ္ျပန္ထားတဲ့ ေၾကညာခ်က္တေစာင္ အြန္လိုင္းေပၚမွာ ျပန္ႏွံ႔ေနပါတယ္။
ဒါကို AA ဘက္က ထုတ္ျပန္တာမဟုတ္ေၾကာင္း AA ေျပာခြင့္ရခိုင္သုခက ေျပာပါတယ္။
ျပီးခဲ့တဲ့ နို၀င္ဘာလ ၃ ရက္ေန႔က ဦးေ၀ွ႔တင္းအပါ၀င္ ကုလားတန္ စီမံကိန္း၀န္ထမ္း ငါး ဦး စကားျပန္ ႏွစ္ ဦးနဲ႔ စက္ေလွသမား၂ ဦးကို AA ဘက္က ဖမ္းဆီးခဲ့ရာမွာ နို၀င္ဘာ ၄ ရက္ေန႔မွာ အားလုံးကို ျပန္လႊတ္ေပးခဲ့ေပမဲ့ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ဦးေ၀ွ႕တင္းကိုေတာ့ ဆက္လက္ဖမ္းဆီးထားဆဲ ျဖစ္ပါတယ္။
[Unicode Version]
AA ဖမ်းထားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးလွတ်မြောက်
AA ရခိုင် လက်နက်ကိုင်အဖွဲ့က တလနီးပါးဖမ်းဆီးထားတဲ့ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းဆင်း မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်တာမှာ ဒီကနေ့စစ်တွေမြို့ကို ရောက်ရှိနေပြီးလို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးထားတဲ့အထဲက မီးသတ်ခေါင်းဆောင် တဦး လမ်းခရီးမှာ ဆုံးပါးသွားတယ်လို့လည်း AA တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။
AA ဘက်က တလနီးပါးဖမ်းဆီးထားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၈ ယောက်ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပြန်လွှတ်ပေး ရာမှာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ကို ပြန်ရောက်ပြီးလို့ စစ်တွေမြို့နေ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်း အရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
“စစ်တွေဘက်ကတော့ ရောက်တော့ ရောက်တယ်။ ဒါပေမဲ့ သူတို့က လောလောဆယ်တခြား အပြင်ကို ပေးမသွားသေးတဲ့ ပုံစံမျိုးတော့ ရှိတယ် အဆက်သွယ် သိပ်မရကြဘူး။ သူတို့ဌာန… ဌာနမှာပဲထားတယ် အခုလေ။ အကုန်လုံးပဲ အကုန်လုံး ပဲ။ လူထုနဲ့တွေ့ဆုံမှုတွေ မီဒီယာနဲ့တွေ့ဆုံမှုတွေ မပေးသေးဘူးလို့ကြားတယ်။”
စစ်တွေမြို့ခံ NLD ပါတီက ဦးမောင်ထွန်းလှိုင်က မီးသတ်အဖွဲ့ဝင်တွေ ပြန်လွတ်လာကြောင်း အတည်ပြုပြောဆိုသလို အစိုးရရိပ်သာမှာ ထားရှိထားကြောင်း ပြောဆိုပါတယ်။
ဖမ်းဆီးထားတဲ့ မီးသတ်အဖွဲ့တွေကို မနေ့ကပြန်လွှတ်ပေးလိုက်ပြီးလို့ AA ပြန်ကြားရေး အရာရှိ ခိုင်သုခက ပြောပါတယ်။
“မီးသတ်တပ်ဖွဲ့ဝင် ၁၈ ယောက်ကိုတော့ ကျနော်တို့ နိုဝင်ဘာလ ၆ ရက် နေ့လယ် ၂ နာရီခန့်မှာ မြောက်ဦးမြို့နယ် လက္ကာရွာနားမှာ နေပြီးတော့ ကျနော်တို့က လွှတ်ပေးလိုက်ပြီး။ လုံလုံခြုံခြုံနဲ့သာ ကျနော်တို့ လွှတ်ပေးလိုက်တာ ဖြစ်တယ်။ ကျနော်တို့လက်ထဲမှာတော့ အရပ်သားဆိုလို့ ဦးဝှေ့တင်း တယောက်က လွဲပြီးတော့ ဘယ်သူမှ မကျန်တော့ဘူး။”
ဒါပေမဲ့ ဒီမီးသတ်တပ်ဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် တဦးဖြစ်သူ ဦးမြင့်ဇော်ကတော့ ဖမ်းဆီးခံရတဲ့နေ့မှာပဲ လမ်းခရီးမှာ အမောလွန် ဆုံးပါးသွားတယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။
“သူတို့ရဲ့ ဒုမီးသတ်ဦးစီးမှူး တယောက်ပါတယ်။ သူကတော့ ကျနော်တို့ ရွှေပြည်သစ် ကားပေါ်ကနေပြီးတော့ ခေါ်လာတဲ့ နေ့က အဲဒီမှာ တောင်တက်ရင်းနဲ့နေပြီးတော့ အမောဖေါက်ပြီးတော့ လမ်းမှာ သေဆုံးသွားတာ ရှိတယ်။ အဲဒီမှာ တောင်တက်ရင်းနဲ့ သူက ရေသောက်လိုက်တာလို့ ပြောတယ်။ အဲဒီလို အမောဆွဲပြီးတော့ဆ ုံးသွားတယ်ဗျ။ ကျနော်တို့ ကတော့ တော်တာ်လေး စိတ်မကောင်း ဖြစ်ကြပါတယ်။”
ယခုလွတ်မြောက်လာသူတွေဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၁ ရက်နေ့က ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်သင်တန်းဆင်းအပြီး ရွှေပြည်သစ် ခရီးသည်တင်ကားနဲ့ ပြန်လာစဉ် မြောက်ဦးမြို့နယ်အရောက်မှာ AA ရခိုင် လက်နက်ကိုင်အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူတွေ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြားတိုက်ပွဲဖြစ်နေဆဲလို့ AA ပြောခွင့်ရခိုင်သုခက ပြောပါတယ်။
“နိုဝင်ဘာလ ၆ ရက် ဘူးသီးတောင်မြို့နယ် သရက်ပြင်ရွာအနီးမှာ၂ နာရီလောက်တောင် တိုက်ပွဲဖြစ်တာ ရှိတယ်။ အဲဒီ တိုက်ပွဲမှာတော့ ရန်သူဘက်ကနေပြီးတော့၄ ဦး ကျဆုံးပြီးတော့ ၁၀ ဦး အထက်ဒဏ်ရာရတာ ရှိတယ်။ ကျနော်တို့ ရခိုင်တပ်တော်ဘက်ကလည်းပဲ၃ ဦးဒဏ်ရာ ရတယ်။ ရသေ့တောင်မြို့နယ်ပဲ သဒူရွာရဲ့ အရှေ့ဘက်၂ ကီလိုမီတာ အကွာ လောက်မှာလည်းပဲ တိုက်ပွဲအပြင်းထန်ဖြစ်တာ ရှိတယ်။
ဒီတိုက်ပွဲတွေမှာ တပ်မတော်ဘက်က ထိခိုက်မှု များတယ်လို့ AA ဘက်ကပြောဆိုနေပေမဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ထိခိုက်မှု မရှိဘူးလို့ဆိုပါတယ်။
“ဟုတ်တယ်။ ကြာညိုပြင် တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ ပဲသဒူဘက်မှာလည်း တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ ကျနော်တို့ဘက်က ထိခိုက်မှုတော့ မရှိပါဘူး.”
ပြီးခဲ့တဲ့ရက်တွေကလည်း ပလက်ဝမြို့နယ်နဲ့ ကျောက်တော်မြို့နယ် မီးဝကျေးရွာတွေမှာ နှစ်ဘက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။
ရခိုင်လက်နက်ကိုင် AA ဘက်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ NLD အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းကို ကျပ်ငွေသိန်း ၃,၀၀၀ နဲ့ ပြန်လာရွေးယူဖို့ ထုတ်ပြန်ထားတဲ့ ကြေညာချက်တစောင် အွန်လိုင်းပေါ်မှာ ပြန်နှံ့နေပါတယ်။
ဒါကို AA ဘက်က ထုတ်ပြန်တာမဟုတ်ကြောင်း AA ပြောခွင့်ရခိုင်သုခက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ဦးဝှေ့တင်းအပါဝင် ကုလားတန် စီမံကိန်းဝန်ထမ်း ငါး ဦး စကားပြန် နှစ် ဦးနဲ့ စက်လှေသမား၂ ဦးကို AA ဘက်က ဖမ်းဆီးခဲ့ရာမှာ နိုဝင်ဘာ ၄ ရက်နေ့မှာ အားလုံးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်းကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။