သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ မင္းျပားစစ္ေရးပဋိပကၡ အုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္ ၃ ဦးေသဆံုး


ရခုိင္ျပည္နယ္အတြင္း လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ေနသည့္ ျမန္မာ့တပ္မေတာ္သားအခ်ဳိ႕။ (ေအာက္တိုဘာ ၂၁၊ ၂၀၁၆)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက မင္းျပားၿမိဳ႕နယ္ စိတၱရေက်းရြာမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖဲြ႔အၾကား စစ္ေရးပဋိပကၡေတြေၾကာင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္ လူသုံးဦး ေသဆံုးခဲ့တယ္လို႔ သိရပါတယ္။ တပ္မေတာ္ဘက္က ထုတ္ျပန္ခ်က္မွာေတာ့ ႏွစ္ဦးေသဆံုးတယ္လို႔ပဲ ပါရွိၿပီး AA နဲ႔ ပတ္သက္တယ္လို႔ သံသယရွိသူ ၇ ဦးကို ဖမ္းဆီးခဲ့တယ္လို႔ ဆိုပါတယ္။ အျပည့္အစုံကို ဗြီအုိေအ ျမန္မာပုိင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ရခုိင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ စိတၱရေက်းရြာ ပစ္ခတ္တိုက္ခိုက္မႈအတြင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္ သုံးဦး ေသဆုံးသြားတယ္လို႔ စိတၱရေက်းရြာသားတဦးက အခုလိုေျပာပါတယ္။

“အဲဒီရြာထဲမွာ တိုက္ပြဲမျဖစ္ဘူး။ ရြာနားမွာလည္း မျဖစ္ဘူး။ အဲဒီေန႔ညက ညေန ၁၁ နာရီနီးေလာက္မွာ စိတၱရအုပ္ခ်ဳပ္ေရးမွဴးအိမ္မွာ လူစုလူေ၀းေတြ႔လို႔ေလ စစ္တပ္က တခါတည္း၀င္ၿပီး ရဲေဘာ္သုံးေယာက္က ေသနတ္ပစ္ေဖာက္ၿပီး တခါတည္း ၀င္ဖမ္းတာ။ အဲဒီမွာ ေၾကာက္လန္႔တၾကားနဲ႔ ထြက္ေျပးသူက ထြက္ေျပးဆိုေတာ့ အဲဒီမွာ ေသနတ္နဲ႔ ေနာက္ထပ္ လုိက္ပစ္တယ္ေလ။ ပစ္တဲ့အခ်ိန္မွာ အုပ္ခ်ဳပ္ေရးမွဴးအိမ္အနီးက အမ်ိဳးသမီးတေယာက္ကို က်ည္ဆန္ထိမွန္တယ္။

“ေနာက္ၿပီး စိတၱရ အုပ္ခ်ဳပ္ေရးမွဴးကိုလည္း အဲဒီနား သူက အိမ္အေနာက္ဘက္မွာ ဖုန္းေျပာေနတဲ့ အခါက်ေတာ့ အဲဒီမွာ သူ႔ကိုလည္း ေသနတ္ေဘာင္နဲ႔ ႐ုိက္သတ္ပစ္တယ္လို႔ သိရတယ္။ က်ေနာ္တုိ႔ သြားၾကည့္တဲ့အခါ ေတြ႔ရတာ အဲဒီသတ္ပစ္တဲ့ပုံကို။ ေက်ာက္ေမာ္ရြာက ေက်းရြာတာ၀န္ခံ တေယာက္လည္း ပါေသးတယ္ အဲဒီမွာ။ ေက်းရြာတာ၀န္ခံကိုလည္း ေသနတ္နဲ႔ လိုက္ပစ္တဲ့အခါက်ေတာ့ ဘယ္ဘက္ႏုိ႔သီးနားကေန က်ည္ဆန္၀င္သြားတာ။ သူ႔ကို ေသနတ္ဒဏ္ရာနဲ႔ အဲဒီေန႔မွာပဲ ဖမ္းသြားတယ္။ မေန႔က ၃ နာရီ ၄ နာရီ ပတ္၀န္းက်င္ေလာက္မွာ မိသားစုေတြက သြားၾကည့္တဲ့အခါက်ေတာ့ မင္းပုန္းေတာင္ရဲ႕ ေတာင္ေျခေအာက္မွာရွိတဲ့ သလူေခ်ာင္းေက်းရြာ ရြာအနီးစပ္မွာ အဲဒီေက်ာက္ေမာ္ေက်းရြာရဲ႕ တာ၀န္ခံအေလာင္းကို ေတြ႔ရတယ္။ အဲဒီအေလာင္းက ဒါးနဲ႔ လည္ပင္းကို ျဖတ္ထားတာ ေတြ႔ရတယ္။”

ဒီဇင္ဘာ ၁၁ ရက္ေန႔က ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္စဥ္အတြင္း စိတၱရေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးဉာဏ္သိန္း၊ ေက်ာက္ေမာ္ေက်းရြာ တာ၀န္ခံ ဦးေက်ာ္ေအးေမာင္နဲ႔ ရြာသူ ေဒၚျဖဴျဖဴ၀င္းတုိ႔ ေသဆုံးသြားတယ္လို႔ သူကဆိုပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၁ ရက္ေန႔က မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး ၀န္းက်င္တဝုိက္မွာ နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနတဲ့ တပ္မေတာ္စစ္ေၾကာင္း စိတၱရေက်းရြာအေရာက္မွာ ပစ္ခတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“အဲဒီမွာ က်ေနာ္တို႔ လုံၿခံဳေရးစစ္ေၾကာင္းကို အဲဒီထဲက အိမ္တအိမ္ေပၚက ပစ္ခတ္ခဲ့တာ ရွိတယ္။ အဲဒီမွာ ျပန္လည္ပစ္ခတ္တယ္။ အဲဒီမွာ ထိေတြ႔မႈျဖစ္တယ္။ ထိေတြ႔မႈျဖစ္ၿပီး စစ္ေဆးတဲ့အခါမွာေတာ့ အဲဒီအေပၚမွာေတာ့ မသကၤာဖြယ္ရာ အမ်ိဳးသားႏွစ္ဦး ေသဆုံးေနတာ ေတြ႔ရတယ္။ ၿပီးရင္ အဲဒီအနီးနားတ၀ိုက္မွာ ၇ ေယာက္ ေတြ႔ရွိရတဲ့အတြက္ သူတို႔ကို စစ္ေဆးေမးျမန္းေတာ့ ပဏာမ စစ္ေဆးခ်က္အရ AA အဖြဲ႔၀င္ေတြရဲ႕ အမာခံျဖစ္တယ္လို႔ ယူဆရတဲ့အတြက္ အဲဒါ က်ေနာ္တုိ႔ တရားဥပေဒအတိုင္းပဲ အမႈဖြင့္ စစ္ေဆးႏုိင္ေရးအတြက္ ရဲစခန္းကို က်ေနာ္တုိ႔ လႊဲေျပာင္းေပးထားၿပီး ျဖစ္ပါတယ္။”

ေက်းရြာအတြင္း ေနအိမ္တလုံးေပၚကေန AA အဖြဲ႔က လက္နက္ငယ္နဲ႔ ပစ္ခတ္ခဲ့လို႔ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ၿပီး ျမန္မာစစ္တပ္ဘက္က အရာရွိတဦး ဒဏ္ရာရရွိခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကေန သတင္းထုတ္ျပန္ထားပါတယ္။

ေဒသခံေတြကေတာ့ ဒီပစ္ခတ္မႈ ျဖစ္စဥ္အတြင္း သုံးဦးေသဆုံးတယ္လို႔ ေျပာေနေပမယ့္ တပ္မေတာ္ဘက္ကေတာ့ ႏွစ္ဦးေသဆုံးခဲ့ေၾကာင္း ေျပာပါတယ္။

စိတၱရရြာ ပစ္ခတ္မႈအတြင္း ေသဆံုးခဲ့သူ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးဉာဏ္သိန္းနဲ႔ ေဒၚျဖဴျဖဴ၀င္းတို႔အတြက္ သတ္ျဖတ္မႈ က်ဴးလြန္သူေတြကို အေရးယူေပးဖို႔ မိသားစု၀င္ေတြကေန မင္းျပားၿမိဳ႕မရဲစခန္းနဲ႔ ျမန္မာႏုိင္ငံ အမ်ဳိးသား လူ႔အခြင့္အေရး ေကာ္မရွင္တုိ႔ထံ စာေပးပုိ႔ တိုင္ၾကားထားပါတယ္။

ဒီဇင္ဘာ ၁၁ ရက္ေန႔က မင္းျပားၿမိဳ႕နယ္ စိတၱရေက်းရြာအတြင္း ပစ္ခတ္မႈအၿပီး ရြာသားေထာင္ေက်ာ္ဟာ မင္းျပားၿမိဳ႕နဲ႔ ေသကန္ရြာဘက္ကို တိမ္းေရွာင္ ထြက္ေျပးေနရသလို အနီးနားရြာျဖစ္တဲ့ သလူေခ်ာင္း၊ မင္းဓမၼ၊ လက္ခုတ္၊ ေတာင္ပုတ္ေက၊ ဖုန္သာ စတဲ့ ရြာသား ၃၀၀၀ ေက်ာ္ဟာလည္း ရြာကေန ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

၂၀၁၈ ခုႏွစ္ေႏွာင္းပိုင္းနဲ႔ ၂၀၁၉ ဒီဇင္ဘာလအထိ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ျဖစ္ပြားေနတဲ့ စစ္ေရးပဋိပကၡ ျဖစ္စဥ္အတြင္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသမွာ စစ္ေရွာင္တသိန္းနီးပါး တိုးပြားလာေနတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံးကေန မေန႔က ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ တုိက္ပြဲျဖစ္စဥ္အတြင္း အရပ္သား ၈၀ ေက်ာ္ ေသဆုံးၿပီး ၁၂၀ ေက်ာ္ ဒဏ္ရာရရွိခဲ့သလို ၂၀၀ နီးပါး သံသယနဲ႔ ဖမ္းဆီးထိန္းသိမ္းခံေနရတယ္လို႔ ရခိုင္လူမႈအဖြဲ႔အစည္းေတြက စစ္တမ္းေကာက္ယူထားပါတယ္။

-----------------------------------

(Unicode)

ရခိုင် မင်းပြားစစ်ရေးပဋိပက္ခ အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အကြား စစ်ရေးပဋိပက္ခတွေကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူသုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တပ်မတော်ဘက်က ထုတ်ပြန်ချက်မှာတော့ နှစ်ဦးသေဆုံးတယ်လို့ပဲ ပါရှိပြီး AA နဲ့ ပတ်သက်တယ်လို့ သံသယရှိသူ ၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စိတ္တရကျေးရွာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦး သေဆုံးသွားတယ်လို့ စိတ္တရကျေးရွာသားတဦးက အခုလိုပြောပါတယ်။

“အဲဒီရွာထဲမှာ တိုက်ပွဲမဖြစ်ဘူး။ ရွာနားမှာလည်း မဖြစ်ဘူး။ အဲဒီနေ့ညက ညနေ ၁၁ နာရီနီးလောက်မှာ စိတ္တရအုပ်ချုပ်ရေးမှူးအိမ်မှာ လူစုလူဝေးတွေ့လို့လေ စစ်တပ်က တခါတည်းဝင်ပြီး ရဲဘော်သုံးယောက်က သေနတ်ပစ်ဖောက်ပြီး တခါတည်း ဝင်ဖမ်းတာ။ အဲဒီမှာ ကြောက်လန့်တကြားနဲ့ ထွက်ပြေးသူက ထွက်ပြေးဆိုတော့ အဲဒီမှာ သေနတ်နဲ့ နောက်ထပ် လိုက်ပစ်တယ်လေ။ ပစ်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးအိမ်အနီးက အမျိုးသမီးတယောက်ကို ကျည်ဆန်ထိမှန်တယ်။

“နောက်ပြီး စိတ္တရ အုပ်ချုပ်ရေးမှူးကိုလည်း အဲဒီနား သူက အိမ်အနောက်ဘက်မှာ ဖုန်းပြောနေတဲ့ အခါကျတော့ အဲဒီမှာ သူ့ကိုလည်း သေနတ်ဘောင်နဲ့ ရိုက်သတ်ပစ်တယ်လို့ သိရတယ်။ ကျနော်တို့ သွားကြည့်တဲ့အခါ တွေ့ရတာ အဲဒီသတ်ပစ်တဲ့ပုံကို။ ကျောက်မော်ရွာက ကျေးရွာတာဝန်ခံ တယောက်လည်း ပါသေးတယ် အဲဒီမှာ။ ကျေးရွာတာဝန်ခံကိုလည်း သေနတ်နဲ့ လိုက်ပစ်တဲ့အခါကျတော့ ဘယ်ဘက်နို့သီးနားကနေ ကျည်ဆန်ဝင်သွားတာ။ သူ့ကို သေနတ်ဒဏ်ရာနဲ့ အဲဒီနေ့မှာပဲ ဖမ်းသွားတယ်။ မနေ့က ၃ နာရီ ၄ နာရီ ပတ်ဝန်းကျင်လောက်မှာ မိသားစုတွေက သွားကြည့်တဲ့အခါကျတော့ မင်းပုန်းတောင်ရဲ့ တောင်ခြေအောက်မှာရှိတဲ့ သလူချောင်းကျေးရွာ ရွာအနီးစပ်မှာ အဲဒီကျောက်မော်ကျေးရွာရဲ့ တာဝန်ခံအလောင်းကို တွေ့ရတယ်။ အဲဒီအလောင်းက ဒါးနဲ့ လည်ပင်းကို ဖြတ်ထားတာ တွေ့ရတယ်။”

ဒီဇင်ဘာ ၁၁ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း စိတ္တရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း၊ ကျောက်မော်ကျေးရွာ တာဝန်ခံ ဦးကျော်အေးမောင်နဲ့ ရွာသူ ဒေါ်ဖြူဖြူဝင်းတို့ သေဆုံးသွားတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က မင်းပြားမြို့နယ် ရာမောင်တံတားအနီး ဝန်းကျင်တဝိုက်မှာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်း စိတ္တရကျေးရွာအရောက်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“အဲဒီမှာ ကျနော်တို့ လုံခြုံရေးစစ်ကြောင်းကို အဲဒီထဲက အိမ်တအိမ်ပေါ်က ပစ်ခတ်ခဲ့တာ ရှိတယ်။ အဲဒီမှာ ပြန်လည်ပစ်ခတ်တယ်။ အဲဒီမှာ ထိတွေ့မှုဖြစ်တယ်။ ထိတွေ့မှုဖြစ်ပြီး စစ်ဆေးတဲ့အခါမှာတော့ အဲဒီအပေါ်မှာတော့ မသင်္ကာဖွယ်ရာ အမျိုးသားနှစ်ဦး သေဆုံးနေတာ တွေ့ရတယ်။ ပြီးရင် အဲဒီအနီးနားတဝိုက်မှာ ၇ ယောက် တွေ့ရှိရတဲ့အတွက် သူတို့ကို စစ်ဆေးမေးမြန်းတော့ ပဏာမ စစ်ဆေးချက်အရ AA အဖွဲ့ဝင်တွေရဲ့ အမာခံဖြစ်တယ်လို့ ယူဆရတဲ့အတွက် အဲဒါ ကျနော်တို့ တရားဥပဒေအတိုင်းပဲ အမှုဖွင့် စစ်ဆေးနိုင်ရေးအတွက် ရဲစခန်းကို ကျနော်တို့ လွှဲပြောင်းပေးထားပြီး ဖြစ်ပါတယ်။”

ကျေးရွာအတွင်း နေအိမ်တလုံးပေါ်ကနေ AA အဖွဲ့က လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့လို့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က အရာရှိတဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဒေသခံတွေကတော့ ဒီပစ်ခတ်မှု ဖြစ်စဉ်အတွင်း သုံးဦးသေဆုံးတယ်လို့ ပြောနေပေမယ့် တပ်မတော်ဘက်ကတော့ နှစ်ဦးသေဆုံးခဲ့ကြောင်း ပြောပါတယ်။

စိတ္တရရွာ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနဲ့ ဒေါ်ဖြူဖြူဝင်းတို့အတွက် သတ်ဖြတ်မှု ကျူးလွန်သူတွေကို အရေးယူပေးဖို့ မိသားစုဝင်တွေကနေ မင်းပြားမြို့မရဲစခန်းနဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့ထံ စာပေးပို့ တိုင်ကြားထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က မင်းပြားမြို့နယ် စိတ္တရကျေးရွာအတွင်း ပစ်ခတ်မှုအပြီး ရွာသားထောင်ကျော်ဟာ မင်းပြားမြို့နဲ့ သေကန်ရွာဘက်ကို တိမ်းရှောင် ထွက်ပြေးနေရသလို အနီးနားရွာဖြစ်တဲ့ သလူချောင်း၊ မင်းဓမ္မ၊ လက်ခုတ်၊ တောင်ပုတ်ကေ၊ ဖုန်သာ စတဲ့ ရွာသား ၃၀၀၀ ကျော်ဟာလည်း ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

၂၀၁၈ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၁၉ ဒီဇင်ဘာလအထိ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခ ဖြစ်စဉ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ စစ်ရှောင်တသိန်းနီးပါး တိုးပွားလာနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ မနေ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သား ၈၀ ကျော် သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သလို ၂၀၀ နီးပါး သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက စစ်တမ်းကောက်ယူထားပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG