သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းနဲ႔ ရခိုင္မွာ လံုျခံဳေရး တင္းက်ပ္


(Zawgyi/Unicode)

ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ျဖစ္ပြားေနတဲ့ စစ္ေရး တင္းမာမႈေၾကာင့္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္နဲ႔ ရခိုင္္ျပည္နယ္ၿမိဳ႕နယ္တခ်ိဳ႕မွာ လုံျခံဳေရး တင္းက်ပ္လာေနပါတယ္။ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္မွာ လုံျခံဳေရး ကို ပိုၿပီး တင္းတင္းက်ပ္က်ပ္ လုပ္ေဆာင္လာသလို ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕မွာေတာ့ လံုၿခံဳေရးအတြက္ ညမထြက္ရ အမိန္႔ထုတ္ျပန္ထားတာ ျဖစ္ၿပီး ေဒသခံ ခရစ္ယာန္ေတြအတြက္ေတာ့ ခရစ္စမတ္ပြဲ က်င္းပဖို႔ပါ အခက္အခဲေတြ ျဖစ္ေနတာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္နိုင္ကြန္းအိမ္ကေန သတင္းေပးပို႔ထားပါတယ္။

ယခင္က ခရစ္စမတ္ပြဲ က်င္းပေနတဲ့ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕အတြင္း ဒီႏွစ္မွာေတာ့ လုံံၿခံဳေရး အေျခအေနေၾကာင့္ ညဘက္က်င္းပခြင့္ မရေတာ့ဘူးလို႔ ပလက္၀ၿမိဳ႕က ခရစ္ယာန္ဘာသာေရး ဓမၼဆရာေမာဆက္က ေျပာပါတယ္။

“ခရစ္စမတ္ပြဲကိုေတာ့ ညေရာေန႔ေရာ တရက္တာက်င္းပမွ စည္စည္ကားကား က်င္းပေနၾကတာ ျဖစ္ပါတယ္။ ညဘက္မွာ လုပ္ခြင့္မရွိေတာ့ အဆင္မေျပေတာ့ဘူး။ အခုက ဒီလိုမ်ိဳး ကန္႔သတ္ထားလိုက္ေတာ့ သိပ္ၿပီးေတာ့ အဆင္မေျပေတာ့ဘူးေပါ့။ ပုံမွန္အားျဖင့္ေတာ့ Caro ထြက္တာေပါ့ေနာ္။ အိမ္တိုင္ယာေရာက္ သီခ်င္းေတြ လိုက္ဆိုေပးတယ္။ က်ေနာ္တို႔ ဒီႏွစ္ က်ေတာ့ ညမထြက္ရ အမိန္႔ထြက္ေတာ့ အသင္းေတာ္အသီးသီးက က်ေနာ္တို႔ မသြားနိုင္ဘူး။ ပလက္၀ၿမိဳ႕ေပၚမွာ ဆိုရင္ အသင္းေတာ္ ၂ ပါးပဲ သြားနိုင္တယ္။ အဲဒါေတာင္မွ ညမွာ မဟုတ္ဘူး။ ေန႔လယ္မွာပဲ သြားရတယ္။ လုံျခံဳေရးအေျခအေနအရေတာ့ က်ေနာ္တို႔ကေတာ့ မလုံျခံဳဘူးလို႔ ေျပာရမယ္။”

ပလက္၀ၿမိဳ႕နယ္ ေဒသခံခ်င္း လူမ်ိဳးအမ်ားစုဟာ ခရစ္ယာန္ဘာသာ၀င္ေတြ ျဖစ္ၾကျပီး အသင္းေတာ္ေပါင္း ၁၅ ခု ေက်ာ္ ရွိတဲ့အနက္က ၂ သင္းသာ ေန႔ခင္းပိုင္းမွာ သီခ်င္းလိုက္လံ ဆိုေနတာ ရွိတယ္လို႔ သူကဆိုပါတယ္။

ပလက္၀ၿမိဳ႕နယ္မွာ ည ၆ နာရီကေန မနက္ ၆ နာရီအထိ အျပင္မထြက္ရနဲ႔ လူ ၅ ဦးထက္ ပိုၿပီး စုမေနရဆိုတဲ့ ပုဒ္မ ၁၄၄ အမိန္႔ ထုတ္ျပန္ထားေၾကာင့္ ဒီႏွစ္ ခရစ္စမတ္ပြဲ က်င္းပဖို႔ အခက္ေတြ႔ေနတယ္လို႔ သူက ဆိုပါတယ္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕ လူမႈေရး၀န္ၾကီး ေပါင္လြန္မင္းထန္ကေတာ့ ေဒသအတြင္း လုံျခံဳေရးအေျခအေနေၾကာင့္ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားတာလို႔ ဆိုပါတယ္။

“ပလက္၀ကိစၥက် သူကလုံျခံဳေရး အေျခခံ ျဖစ္ေနေတာ့ေလ လက္ရွိအေျခအေနရဲ႕ လုံျခံဳေရးအေပၚမွာ သူတို႔ ေတာင္းဆိုခ်က္အရေပါ့။ ကာဖ်ဴ ေၾကညာလိုက္တာေပါ့ေနာ္။ ခုေတာ့ ဒီခရစ္စမတ္ရာသီမွာလည္းပဲ သူ႔နယ္ေျမရဲ႕အေျခအေနအရ သူက နည္းနည္းေလွ်ာ့ေပါ့တာတို႔ လုပ္လို႔ ရတယ္။ ဒါေပမဲ့ လက္ရွိအေျခအေနေတာ့ ဘယ္ေလာက္အထိ လုပ္တာဆိုတာေတာ့ က်ေနာ္အေနနဲ႔ မသိဘူး။”

အလားတူ ရခိုင္ျပည္နယ္အတြင္းမွာလည္း ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႕တို႔အၾကား တိုက္ပြဲေတြ ျပင္းထန္စြာ ျဖစ္ပြားေနသလို လုံျခံဳေရး တင္းက်ပ္လာေနတာပါ။

အထူးသျဖင့္ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တည္ရွိရာ အမ္းၿမိဳ႕နယ္အတြင္း လုံျခံဳေရး တင္းက်ပ္ထားတယ္လို႔ ၿမိဳ႕ခံ ကိုစိုးေအာင္က ေျပာပါတယ္။

“က်ေနာ္တို႔ ၆ နာရီေက်ာ္ရင္ အျပင္မထြက္ၾကေတာ့ဘူး။ သူတို႔ လုံျခံဳေရးအင္အား ခ်ထားတယ္။ က်ေနာ္တို႔ေတာ့ ခါတိုင္းအေနအထားနဲ႔ေတာ့ သြားရလာရတာေတာ့ အဆင္မေျပဘူးေပါ့။ တခ်ိဳ႕ေနရာမွာလည္း စစ္တာေဆးတာ ရွိတယ္ဆိုေတာ့ က်ေနာ္တို႔လည္း မသြားရဲ၊ မလာရဲၾကဘူးေပါ့။ ညမထြက္ရ အမိန္႔ထုတ္ျပန္ထားတာေတာ့ မရွိဘူး။”

ဒီဇင္ဘာ ၁၇ ရက္ေန႔ညေနက အမ္းၿမိဳ႕နယ္ ကံ့ေကာ္ၿမိဳင္ေက်းရြာအနီး လံုၿခံဳေရး ေဆာင္ရြက္ေနတဲ့ ျမန္မာစစ္တပ္ကေန မိုင္းေဖါက္ခြဲဖို႔လုပ္ေဆာင္ေနဆဲ AA အဖြဲ႕၀င္ ႏွစ္ဦးကို ရီမုမိုင္း ေလးလံုးႏွင့္အတူ အေသဖမ္းဆီး ရမိခဲ့တယ္လို႔ တပ္မေတာ္ဘက္က ထုတ္ျပန္ထားပါတယ္။

အမ္းနဲ႔ စစ္ေတြသြားတဲ့ ကားလမ္းေပၚ မသကၤာဖြယ္ လူႏွစ္ဦး ေတြ႕ရွိရလို႕ ေခၚယူစဥ္မွာ ထြက္ေျပးသြားလို႕ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားၿပီး ၄င္းဝန္းက်င္ တဝိုက္ကို စစ္ေဆးရွာေဖြရာ ခ်ဳံပုတ္အတြင္း ဝွက္ထားတဲ့ ဆိုင္ကယ္ တစီးကို ေတြ႕ရွိရာကေန စစ္ေဆးရာမွာ ကြန္ၾကဴပိုက္နဲ႔ ျပဳလုပ္ထားတဲ့ ရီမုမိုင္း ႏွစ္လံုးအျပင္ ကားလမ္း ဝဲ/ယာဘက္မွာ အသင့္ေထာင္ထားတဲ့ ရီမုမိုင္း ႏွစ္လံုးကို ထပ္မံေဖာ္ ထုတ္ေတြ႕ရွိခဲ့တယ္လို႕ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးကေန သတင္းထုတ္ျပန္ထားပါတယ္။

ျဖစ္စဥ္အေျခအေနကို အေသးစိတ္ သိရွိဖို႔ တပ္မေတာ ္ေျပာေရးဆိုခြင့္ရွိသူေတြကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ရခိုင္လက္နက္ကိုင္ AA ေျပာခြင့္ရခိုင္သုခကေတာ့ ေသဆုံးသူ ႏွစ္ဦးဟာ AA အဖြဲ႔၀င္ မဟုတ္ဘဲ အရပ္သားေတြ ျဖစ္နိုင္ေၾကာင္း ေျပာပါတယ္။

“ျဖစ္နိုင္ေခ်ရွိတာကေတာ့ ဗမာစစ္တပ္ဘက္က သူတို႔ဒီအရပ္သားေတြကို မတရားပစ္သတ္ၿပီးဆိုလို႕ရွိရင္ အဲဒီလို အေၾကာင္းျပခ်က္ေပးတဲ့ဟာေတြ အမ်ားႀကီး ရွိတယ္။ အခုပစ္သတ္ခံရတာလည္းပဲ အရပ္သားေတြ ျဖစ္နိုင္တယ္လို႔ က်ေနာ္ကေတာ့ အဲဒီလိုသုံးသပ္တယ္။”

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ ႏံုးဘူးေက်းရြာနဲ႔ရခိုင္ျပည္နယ္ မင္းျပား၊ ေျမာက္ဦး၊ ရေသ့ေတာင္ျမိဳ႕နယ္ဘက္မွာ ဒီဇင္ဘာ၉ ရက္ေန႔ကေန၁၄ ရက္ေန႔အထိ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားေနခဲ့ပါတယ္။

ဒီျဖစ္ပြားေနတဲ့ တိုက္ပြဲနဲ႔ ပစ္ခတ္မႈအတြင္း အရပ္သားေတြလည္း ထိခိုက္ေသဆုံးမႈေတြ ရွိေနပါတယ္။

[Unicode Version]

ချင်းနဲ့ ရခိုင်မှာ လုံခြုံရေး တင်းကျပ်

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေး တင်းမာမှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြို့နယ်တချို့မှာ လုံခြုံရေး တင်းကျပ်လာနေပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ လုံခြုံရေး ကို ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာသလို ချင်းပြည်နယ် ပလက်ဝမြို့မှာတော့ လုံခြုံရေးအတွက် ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပြီး ဒေသခံ ခရစ်ယာန်တွေအတွက်တော့ ခရစ်စမတ်ပွဲ ကျင်းပဖို့ပါ အခက်အခဲတွေ ဖြစ်နေတာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိမ်ကနေ သတင်းပေးပို့ထားပါတယ်။

ယခင်က ခရစ်စမတ်ပွဲ ကျင်းပနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့အတွင်း ဒီနှစ်မှာတော့ လုံံခြုံရေး အခြေအနေကြောင့် ညဘက်ကျင်းပခွင့် မရတော့ဘူးလို့ ပလက်ဝမြို့က ခရစ်ယာန်ဘာသာရေး ဓမ္မဆရာမောဆက်က ပြောပါတယ်။

“ခရစ်စမတ်ပွဲကိုတော့ ညရောနေ့ရော တရက်တာကျင်းပမှ စည်စည်ကားကား ကျင်းပနေကြတာ ဖြစ်ပါတယ်။ ညဘက်မှာ လုပ်ခွင့်မရှိတော့ အဆင်မပြေတော့ဘူး။ အခုက ဒီလိုမျိုးကန့်သတ်ထားလိုက်တော့ သိပ်ပြီးတော့ အဆင်မပြေတော့ဘူးပေါ့။ ပုံမှန်အားဖြင့်တော့ Caro ထွက်တာပေါ့နော်။ အိမ်တိုင်ယာရောက် သီချင်းတွေ လိုက်ဆိုပေးတယ်။ ကျနော်တို့ ဒီနှစ် ကျတော့ ညမထွက်ရ အမိန့်ထွက်တော့ အသင်းတော်အသီးသီးက ကျနော်တို့ မသွားနိုင်ဘူး။ ပလက်ဝမြို့ပေါ်မှာ ဆိုရင် အသင်းတော် ၂ ပါးပဲ သွားနိုင်တယ်။ အဲဒါတောင်မှ ညမှာ မဟုတ်ဘူး။ နေ့လယ်မှာပဲ သွားရတယ်။ လုံခြုံရေးအခြေအနေအရတော့ ကျနော်တို့ကတော့ မလုံခြုံဘူးလို့ ပြောရမယ်။”

ပလက်ဝမြို့နယ် ဒေသခံချင်း လူမျိုးအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပြီး အသင်းတော်ပေါင်း ၁၅ခု ကျော် ရှိတဲ့အနက်က ၂ သင်းသာ နေ့ခင်းပိုင်းမှာ သီချင်းလိုက်လံ ဆိုနေတာ ရှိတယ်လို့ သူကဆိုပါတယ်။

ပလက်ဝမြို့နယ်မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ရနဲ့ လူ ၅ဦးထက် ပိုပြီး စုမနေရဆိုတဲ့ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားကြောင့် ဒီနှစ် ခရစ်စမတ်ပွဲ ကျင်းပဖို့ အခက်တွေ့နေတယ်လို့ သူက ဆိုပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်ကတော့ ဒေသအတွင်း လုံခြုံရေးအခြေအနေကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားတာလို့ ဆိုပါတယ်။

“ပလက်ဝကိစ္စကျ သူကလုံခြုံရေး အခြေခံ ဖြစ်နေတော့လေ လက်ရှိအခြေအနေရဲ့ လုံခြုံရေးအပေါ်မှာ သူတို့ တောင်းဆိုချက်အရပေါ့။ ကာဖျူးကြေညာလိုက်တာပေါ့နော်။ ခုတော့ ဒီခရစ်စမတ်ရာသီမှာလည်းပဲ သူ့နယ်မြေရဲ့အခြေအနေအရ သူက နည်းနည်းလျှော့ပေါ့တာတို့ လုပ်လို့ ရတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတော့ ဘယ်လောက်အထိ လုပ်တာဆိုတာတော့ ကျနော်အနေနဲ့ မသိဘူး။”

အလားတူ ရခိုင်ပြည်နယ်အတွင်းမှာလည်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေသလို လုံခြုံရေး တင်းကျပ်လာနေတာပါ။

အထူးသဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အတွင်း လုံခြုံရေး တင်းကျပ်ထားတယ်လို့ မြို့ခံ ကိုစိုးအောင်က ပြောပါတယ်။

“ကျနော်တို့ ၆ နာရီကျော်ရင် အပြင်မထွက်ကြတော့ဘူး။ သူတို့ လုံခြုံရေးအင်အား ချထားတယ်။ ကျနော်တို့တော့ ခါတိုင်းအနေအထားနဲ့တော့ သွားရလာရတာတော့ အဆင်မပြေဘူးပေါ့။ တချို့နေရာမှာလည်း စစ်တာဆေးတာ ရှိတယ်ဆိုတော့ ကျနော်တို့လည်း မသွားရဲ၊ မလာရဲကြဘူးပေါ့။ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာတော့ မရှိဘူး။”

ဒီဇင်ဘာ ၁၇ ရက်နေ့ညနေက အမ်းမြို့နယ် ကံ့ကော်မြိုင်ကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေတဲ့ မြန်မာစစ်တပ်ကနေ မိုင်းဖေါက်ခွဲဖို့လုပ်ဆောင်နေဆဲ AA အဖွဲ့ဝင် နှစ်ဦးကို ရီမုမိုင်း လေးလုံးနှင့်အတူ အသေဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။

အမ်းနဲ့ စစ်တွေသွားတဲ့ ကားလမ်းပေါ် မသင်္ကာဖွယ် လူနှစ်ဦး တွေ့ရှိရလို့ ခေါ်ယူစဉ်မှာ ထွက်ပြေးသွားလို့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီး ၎င်းဝန်းကျင် တဝိုက်ကို စစ်ဆေးရှာဖွေရာ ချုံပုတ်အတွင်း ဝှက်ထားတဲ့ ဆိုင်ကယ်တစီးကို တွေ့ရှိရာကနေ စစ်ဆေးရာမှာ ကွန်ကြူပိုက်နဲ့ ပြုလုပ်ထားတဲ့ ရီမုမိုင်း နှစ်လုံးအပြင် ကားလမ်း ဝဲ/ယာဘက်မှာ အသင့်ထောင်ထားတဲ့ ရီမုမိုင်း နှစ်လုံးကို ထပ်မံဖော် ထုတ်တွေ့ရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်အခြေအနေကို အသေးစိတ် သိရှိဖို့ တပ်မတော ်ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရခိုင်သုခကတော့ သေဆုံးသူ နှစ်ဦးဟာ AA အဖွဲ့ဝင် မဟုတ်ဘဲ အရပ်သားတွေ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

“ဖြစ်နိုင်ချေရှိတာကတော့ ဗမာစစ်တပ်ဘက်က သူတို့ဒီအရပ်သားတွေကို မတရားပစ်သတ်ပြီးဆိုလို့ရှိရင် အဲဒီလို အကြောင်းပြချက်ပေးတဲ့ဟာတွေ အများကြီး ရှိတယ်။ အခုပစ်သတ်ခံရတာလည်းပဲ အရပ်သားတွေ ဖြစ်နိုင်တယ်လို့ ကျနော်ကတော့ အဲဒီလိုသုံးသပ်တယ်။”

ချင်းပြည်နယ် ပလက်ဝမြို့နယ် နုံးဘူးကျေးရွာနဲ့ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်ဘက်မှာ ဒီဇင်ဘာ၉ ရက်နေ့ကနေ၁၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခဲ့ပါတယ်။

ဒီဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုအတွင်း အရပ်သားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG