သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ဒုကၡသည္ေတြအတြက္ အိမ္ ၄၂ လံုးေနရာခ်ေပး


ရခိုင္ဒုကၡသည္မ်ား

(Zawgyi/Unicode)

ရခိုင္ျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ လူမ်ိဳး ဘာသာေရးအသြင္ေဆာင္တဲ့ ပဋိပကၡျဖစ္စဥ္အတြင္း ေနအိမ္ေတြ မီးေလာင္ဆံုးရႈံးခဲ့ၾကရၿပီး ေနရပ္စြန္႔ခြာ ထြက္ေျပးၾကရတဲ့ ေမာင္ေတာၿမိဳ႕ နယ္ နံ႕သာေတာင္ေက်းရြာေဒသခံေတြ အတြက္ ေနအိမ္ေတြကို မဲစနစ္နဲ႕ေနရာခ် ထားေပးခဲ့ပါတယ္။ အခုလို ေနစရာ အဆင္ေျပလာေပမယ့္ စားေရးေသာက္ေရးက အခက္အခဲေတြ ရွိေနတယ္လို႔ ဒုကၡသည္ေတြ က ေျပာပါတယ္။ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာ လြန္ခဲ့တဲ့ ၂ ႏွစ္က ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္ျဖစ္ရပ္ေတြ အတြင္း မီးေလာင္ဆံုးရံႈးခဲ့တဲ့ နံ႔သာေတာင္ေက်းရြာက ေနအိမ္ေတြကို အိႏၵိယအစိုးရ အကူအညီ အပါအဝင္ လွဴဒါန္းေငြေတြနဲ႔ အစိုးရက ႀကီးၾကပ္ၿပီး အသစ္ျပန္လည္ တည္ေဆာက္ခဲ့တာ ျဖစ္ၿပီး ေဆာက္လုပ္ၿပီးစီးတဲ့ အိမ္ယာေတြကို မဲစနစ္နဲ႕ ေနရာခ်ထား ေပးေနတယ္လို႕ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းကေျပာပါတယ္။

“ေနရာခ်ထားခဲ့တယ္။ မေန႕က အဲဒီေနရာေပါ့ေနာ္။ က်ေနာ္တို႕ ဒီ ၃၂ ေဆာင္ေပါ့ေနာ္ ေပးတယ္။ က်န္တဲ့ဥစၥာက က်န္တဲ့သူေတြ မေရာက္တဲ့သူေတြေပါ့ သူတို႕ကိုျပန္ေပးဖို႕ မဲႏွိဳက္ၿပီးေတာ့ေပးဖို႕လုပ္ထားတယ္။ ေနရာျပန္ခ်လို႕ ရွိရင္ က်ေနာ္တို႕လုံျခံဳေရးကအစ က်န္းမာေရးကအစ အဲဒီစာသင္ဖို႕ စာသင္ေက်ာင္းကအစ လိုအပ္လာၿပီးေလ။ ေလာေလာ ဆယ္က အဲဒီမွာလုံျခံဳေရးက ရွိတယ္ဗ်။ ကင္းစခန္းေတာ့ ရွိတယ္ဗ် ေတာင္ၿပိဳမွာေလ။ ဒီေလာေလာဆယ္စားဖို႕ေသာက္ဖို႕ အတြက္ကေတာ့ က်ေနာ္တို႕ကဒီ NGOေတြက ဟိုဘက္ အကူညီေတာင္းၿပီးေတာ့ လုပ္မယ္လို႔ စိတ္ကူးထားၾကတယ္။”

ေနာက္ထပ္ အိမ္ယာ ဆယ္လံုးအပါအဝင္ စုစုေပါင္း အိမ္ယာ ၄၂ လုံးကို မဲစနစ္နဲ႕ ေ၀ငွေပးတာ ျဖစ္ေၾကာင္းနဲ႔ အခုလို ေနစရာအိမ္ အဆင္ေျပ သြားၿပီျဖစ္တဲ့ ေဒသခံေတြအတြက္ လုပ္ကိုင္စားေသာက္ေရးမွာေတာ့ ခက္ခဲေနတယ္လို႔ နံ႕သာေတာင္ ရြာသား ဦးေမာင္ျဖဴ ကေျပာပါတယ္။

“၄၂ လုံးကို မဲေဖာက္တာ အဆင္ေျပပါတယ္။ ရြာသားေတြေခၚယူလာျပီးမွ မဲႏိႈက္လိုက္တာပါ။ အခုေလာေလာဆယ္ေတာ့ လာၾကတဲ့ တခ်ိဳ႕လူေတြက ဆန္မပါ ဆီမပါ ဟိုမပါ ဒီမပါ စားဖို႕ ေသာက္ဖို႕ဟာက အလြန္တရာမွ အခက္ခဲျဖစ္ေနတယ္။ ဒီမွာက လမ္းလဲမရွိေနေတာ့ေလ။”

ဘဂၤလားေဒ့ရွ္နယ္စပ္နားက နံ႕သာေတာင္ေက်းရြာဟာ ေမာင္ေတာၿမိဳ႕နဲ႕ မိုင္ ၅၀ က်ာ္ေဝးၿပီး လမ္းပမ္းဆက္သြယ္ေရး အေျခေနက ဆိုးပါတယ္။ န႔ံသာေတာင္ရြာ ဒုကၡသည္ ေတြအတြက္ အစိုးရက ျပန္လည္ ေဆာက္လုပ္ေပးခဲ့တဲ့ အလ်ား ၂၄ ေပ၊ အနံ ၁၈ ေပ၊ အျမင္႔ ၁၁ေပ၊ သြပ္မိုးကြန္ကရစ္ခင္း၊ တစ္ထပ္အိမ္ ၄၂ လံုးအတြက္ ကုန္က်စားရိတ္က တလံုးကို က်ပ္ ၁၈၀ သိန္း ျဖစ္ၿပီး အိႏိၵယႏိုင္ငံအစိုးရနဲ႔ ျပည္တြင္းအလွဴရွင္ေတြရဲ့ ေထာက္ပံ့ကူညီမႈနဲ႕ တည္ေဆာက္ေပးခဲ့တာ ျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ့ ေျပာခြင့္ရ စည္ပင္၀န္ႀကီးဦး၀င္းျမင့္က ေျပာပါတယ္။

“အဲဒီအိမ္ယာေတြကေတာ့ က်ေနာ္တို႔႕ေနၿပီးေတာ့ ေဆာက္ထားပါတယ္ဗ်။ ဘယ္က ေဆာက္တာလဲ အဲတာက ျပည္သူ ေတြလွဴဒါန္းတဲ့ဟာလည္း ရွိတယ္။ အိႏၵိယက လွဴတာလည္း ရွိတယ္။ ေနာက္ျပီးေတာ့ NLD အစိုးရ လွဴဒါန္းတာလည္း ရွိတယ္။”

ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လက ရခိုင္ျပည္နယ္အတြင္း လူမ်ိဳးဘာသာေရး အသြင္ေဆာင္တဲ့ အၾကမ္းဖက္မႈ ျဖစ္စဥ္ အတြင္း ရခိုင္လူမ်ိဳးေတြ ေနထိုင္တဲ့ နံ႕သာေတာင္ေက်းရြာက အိမ္ေျခေတြ မီးရိႈ႕ခံရတယ္လို႔လည္း ဦးေမာင္ျဖဴက ေျပာပါတယ္။

“ကုလားအေရးအခင္း ကုလားမီးရိႈ႕လို႕ တေဆာင္မွမက်န္မီးေလာင္သြားခဲ့တာပါ။ ရြာသားေတြက ပထမေရွာင္တာက ေမာင္ေတာ ဗိဗၼာန္ ေမာင္ေတာၿမိဳ႕ ဗိဗၼာန္မွာ ေနခဲ့တယ္။ ေနာက္ျပီးမွ ဗိဗၼာန္မွာလည္း ဘုရားအေဆာင္ဆိုေတာ့ နီးစပ္ရာ အမ်ိဳးအေဆြရွိတဲ့ေနရာ အဲဒီလို မိသားစုေတြရွိတဲ့ေနရာကို ကိုယ့္ဟာနဲ႕ကိုယ့္အစီစဥ္နဲ႔ ကိုယ္ေခၚယူသြားတာေပါ့။”

ဒီ အၾကမ္းဖက္မႈ ျဖစ္စဥ္အတြင္း ရခိုင္လူမ်ိဳးအပါ၀င္ ၿမိဳ ဒိုင္းနက္နဲ႕ ဟိႏၵဴ ဘာသာ၀င္ေတြလဲ အၾကမ္းဖက္ တိုက္ခိုက္ခံရသလို ေနအိမ္မီးရိႈ႕မႈေတြ အသတ္ျဖတ္ ခံရမႈေတြ ရွိခဲ့တာပါ။

ရခိုင္ဒုကၡသည္ေတြအတြက္ အိမ္ ၄၂ လံုးေနရာခ်ေပး
please wait

No media source currently available

0:00 0:03:20 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ဒုက္ခသည်တွေအတွက် အိမ် ၄၂ လုံးနေရာချပေး

ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ကြရပြီး နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ မောင်တောမြို့ နယ် နံ့သာတောင်ကျေးရွာဒေသခံတွေ အတွက် နေအိမ်တွေကို မဲစနစ်နဲ့နေရာချ ထားပေးခဲ့ပါတယ်။ အခုလို နေစရာ အဆင်ပြေလာပေမယ့် စားရေးသောက်ရေးက အခက်အခဲတွေ ရှိနေတယ်လို့ ဒုက္ခသည်တွေ က ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေ အတွင်း မီးလောင်ဆုံးရှုံးခဲ့တဲ့ နံ့သာတောင်ကျေးရွာက နေအိမ်တွေကို အိန္ဒိယအစိုးရ အကူအညီ အပါအဝင် လှူဒါန်းငွေတွေနဲ့ အစိုးရက ကြီးကြပ်ပြီး အသစ်ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဆောက်လုပ်ပြီးစီးတဲ့ အိမ်ယာတွေကို မဲစနစ်နဲ့ နေရာချထား ပေးနေတယ်လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကပြောပါတယ်။

“နေရာချထားခဲ့တယ်။ မနေ့က အဲဒီနေရာပေါ့နော်။ ကျနော်တို့ ဒီ ၃၂ ဆောင်ပေါ့နော် ပေးတယ်။ ကျန်တဲ့ဥစ္စာက ကျန်တဲ့သူတွေ မရောက်တဲ့သူတွေပေါ့ သူတို့ကိုပြန်ပေးဖို့ မဲနှိုက်ပြီးတော့ပေးဖို့လုပ်ထားတယ်။ နေရာပြန်ချလို့ ရှိရင် ကျနော်တို့လုံခြုံရေးကအစ ကျန်းမာရေးကအစ အဲဒီစာသင်ဖို့ စာသင်ကျောင်းကအစ လိုအပ်လာပြီးလေ။ လောလော ဆယ်က အဲဒီမှာလုံခြုံရေးက ရှိတယ်ဗျ။ ကင်းစခန်းတော့ ရှိတယ်ဗျ တောင်ပြိုမှာလေ။ ဒီလောလောဆယ်စားဖို့သောက်ဖို့ အတွက်ကတော့ ကျနော်တို့ကဒီ NGOတွေက ဟိုဘက် အကူညီတောင်းပြီးတော့ လုပ်မယ်လို့ စိတ်ကူးထားကြတယ်။”

နောက်ထပ် အိမ်ယာ ဆယ်လုံးအပါအဝင် စုစုပေါင်း အိမ်ယာ ၄၂ လုံးကို မဲစနစ်နဲ့ ဝေငှပေးတာ ဖြစ်ကြောင်းနဲ့ အခုလို နေစရာအိမ် အဆင်ပြေ သွားပြီဖြစ်တဲ့ ဒေသခံတွေအတွက် လုပ်ကိုင်စားသောက်ရေးမှာတော့ ခက်ခဲနေတယ်လို့ နံ့သာတောင် ရွာသား ဦးမောင်ဖြူ ကပြောပါတယ်။

“၄၂ လုံးကို မဲဖောက်တာ အဆင်ပြေပါတယ်။ ရွာသားတွေခေါ်ယူလာပြီးမှ မဲနှိုက်လိုက်တာပါ။ အခုလောလောဆယ်တော့ လာကြတဲ့ တချို့လူတွေက ဆန်မပါ ဆီမပါ ဟိုမပါ ဒီမပါ စားဖို့ သောက်ဖို့ဟာက အလွန်တရာမှ အခက်ခဲဖြစ်နေတယ်။ ဒီမှာက လမ်းလဲမရှိနေတော့လေ။”

ဘင်္ဂလားဒေ့ရှ်နယ်စပ်နားက နံ့သာတောင်ကျေးရွာဟာ မောင်တောမြို့နဲ့ မိုင် ၅၀ ကျာ်ဝေးပြီး လမ်းပမ်းဆက်သွယ်ရေး အခြေနေက ဆိုးပါတယ်။ နံ့သာတောင်ရွာ ဒုက္ခသည် တွေအတွက် အစိုးရက ပြန်လည် ဆောက်လုပ်ပေးခဲ့တဲ့ အလျား ၂၄ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၁ပေ၊ သွပ်မိုးကွန်ကရစ်ခင်း၊ တစ်ထပ်အိမ် ၄၂ လုံးအတွက် ကုန်ကျစားရိတ်က တလုံးကို ကျပ် ၁၈၀ သိန်း ဖြစ်ပြီး အိန္ဒိယနိုင်ငံအစိုးရနဲ့ ပြည်တွင်းအလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ တည်ဆောက်ပေးခဲ့တာ ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။

“အဲဒီအိမ်ယာတွေကတော့ ကျနော်တို့နေပြီးတော့ ဆောက်ထားပါတယ်ဗျ။ ဘယ်က ဆောက်တာလဲ အဲတာက ပြည်သူ တွေလှူဒါန်းတဲ့ဟာလည်း ရှိတယ်။ အိန္ဒိယက လှူတာလည်း ရှိတယ်။ နောက်ပြီးတော့ NLD အစိုးရ လှူဒါန်းတာလည်း ရှိတယ်။”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်အတွင်း လူမျိုးဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှု ဖြစ်စဉ် အတွင်း ရခိုင်လူမျိုးတွေ နေထိုင်တဲ့ နံ့သာတောင်ကျေးရွာက အိမ်ခြေတွေ မီးရှို့ခံရတယ်လို့လည်း ဦးမောင်ဖြူက ပြောပါတယ်။

“ကုလားအရေးအခင်း ကုလားမီးရှို့လို့ တဆောင်မှမကျန်မီးလောင်သွားခဲ့တာပါ။ ရွာသားတွေက ပထမရှောင်တာက မောင်တော ဗိဗ္မာန် မောင်တောမြို့ ဗိဗ္မာန်မှာ နေခဲ့တယ်။ နောက်ပြီးမှ ဗိဗ္မာန်မှာလည်း ဘုရားအဆောင်ဆိုတော့ နီးစပ်ရာ အမျိုးအဆွေရှိတဲ့နေရာ အဲဒီလို မိသားစုတွေရှိတဲ့နေရာကို ကိုယ့်ဟာနဲ့ကိုယ့်အစီစဉ်နဲ့ ကိုယ်ခေါ်ယူသွားတာပေါ့။”

ဒီ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ရခိုင်လူမျိုးအပါဝင် မြို ဒိုင်းနက်နဲ့ ဟိန္ဒူ ဘာသာဝင်တွေလဲ အကြမ်းဖက် တိုက်ခိုက်ခံရသလို နေအိမ်မီးရှို့မှုတွေ အသတ်ဖြတ် ခံရမှုတွေ ရှိခဲ့တာပါ။

XS
SM
MD
LG