သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြ အသတ္ခံမႈ ေဖာ္ထုတ္ေပးဖုိ႔ မင္းျပားမွာ ေတာင္းဆုိ


(Zawgyi/Unicode)

စစ္ေရးပဋိပကၡ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မင္းျပားၿမိဳ႕နယ္က မၾကာေသးခင္ ရက္ပိုင္း ပစ္ခတ္မႈအတြင္း ေသဆုံးသြားတဲ့ ရြာအုပ္ခ်ဳပ္ေရးမွဴးေတြ အသတ္ခံရတဲ့ကိစၥ ေဖၚထုတ္ အေရးယူေပးဖို႕ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ၆၀ ေက်ာ္ကေန ေတာင္းဆိုခဲ့ပါတယ္။ အစိုးရအေနနဲ႔ အေရးယူမႈ မရွိဘူးဆိုရင္ တာ၀န္ကေန ႏုတ္ထြက္သြားမယ္လို႔လည္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးေတြက ေျပာပါတယ္။ ရခိုင္ျပည္နယ္အတြင္း ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးနဲ႔ ရြာသားေတြအတြက္ လုံၿခံဳမႈ အားနည္းေနတဲ့ အေျခအေနကိုေတာ့ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ႏိုင္ကြန္းအိန္ကေန ေျပာျပေပးမွာပါ။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ စိတၱရေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေက်ာက္ေမွာ္ေက်းရြာ တာ၀န္ခံတုိ႔ အသတ္ခံရမႈကို မွန္မွန္ကန္ကန္ စံုစမ္းေဖာ္ထုတ္ အေရးယူေပးဖို႕ မင္းျပားၿမိဳ႕နယ္ရပ္ေက်း အုပ္ခ်ဳပ္ေရးမွဴး ၆၀ ေက်ာ္ကေန မေန႔က အစည္းအေ၀း က်င္းပခဲ့ၿပီး ေတာင္းဆိုခဲ့တာပါ။

မွန္မွန္ကန္ကန္ စံုစမ္းေဖာ္ထုတ္ အေရးယူ မေပးရင္ မင္းျပားၿမိဳ႕နယ္အတြင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ၆၀ ေက်ာ္ကေန ႏုတ္ထြက္ဖို႔ ဆံုးျဖတ္ထားၾကတယ္လို႔ ျပင္ေယာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

“မေန႔က က်ေနာ္္တို႔ အုပ္ခ်ဳပ္ေရးမွဴး အားလုံး ၆၆ ေယာက္က မေန႔က က်ေနာ္တို႔ စိတၱရအုပ္ခ်ဳပ္ေရးမွဴးရယ္၊ ရာအိမ္မွဴးရယ္ သတ္တဲ့ အမႈၾကီးကို အေရးယူ ေဆာင္ရြက္ေပးပါလို႔ အဲဒီလိုက်ေနာ္တို႔ ေတာင္းဆိုထားတယ္။ ရခိုင္ျပည္နယ္အစိုးရကို ေတာင္းဆိုထားတာ။ အေရးမယူဘူးဆိုရင္လည္း က်ေနာ္္တို႔ ဒီအတိုင္းေနလို႔ မရဘူး။ က်ေနာ္္တို႔ အသီးသီးကလည္း အသက္အႏၱရာယ္ကို ထိခိုက္သြားေတာ့လည္း က်ေနာ္္တို႔ကလည္း အဲဒီလိုမရဆိုရင္ေတာ့ အကုန္လုံး ႏုတ္ထြက္မွာလို႔။ အဲဒီလို အစီစဥ္ခ်တယ္။”

ရခိုင္ျပည္နယ္ အစိုးရထံတင္ျပအျပီး ေနာက္ထပ္တပတ္၊ ႏွစ္ပတ္ အေျဖမသိရရင္ သူတို႔တာ၀န္ကေန ႏုတ္ထြက္ဖို႔ စီစဥ္ထားပါတယ္။

ဒီဇင္ဘာ ၁၁ ရက္ေန႔က စိတၱရေက်းရြာအတြင္း ပစ္ခတ္ တိုက္ခိုက္မႈေၾကာင့္ စိတၱရေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးဥာဏ္သိန္း ေက်ာက္ေမာ္ေက်းရြာတာ၀န္ခံ ဦးေက်ာ္ေအးေမာင္နဲ႔ ရြာသူ ေဒၚျဖဴျဖဴ၀င္းတို႔ သံုး ဦး ေသဆုံးသြားခဲ့ပါတယ္။

တပ္မေတာ္ဘက္ကေတာ့ လုံၿခံဳေရးလွည့္ေနတဲ့ တပ္မေတာ္စစ္ေၾကာင္း စိတၱရေက်းရြာအတြင္း အိမ္ တအိမ္ကေန ပစ္ခတ္လို႔ ျပန္လည္ပစ္ခတ္ရာမွာ ႏွစ္ဦး ေသဆုံးေၾကာင္း တပ္မေတာ္ တာ၀န္ရွိသူေတြက ေျပာပါတယ္။

ေဒသခံရြာသားေတြကေတာ့ တိုက္ပြဲျဖစ္တာ မဟုတ္ဘဲ ျမန္မာစစ္တပ္ဘက္က တဘက္သတ္ ပစ္ခတ္လို႔ စိတၱရေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး အပါ၀င္ သံုး ဦး ေသဆုံးေၾကာင္း ေျပာပါတယ္။

စစ္ေရးပဋိပကၡ ျပင္းထန္ေနဆဲ ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္အတြင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးနဲ႔ ရြာသားေတြရဲ႕ စိုးရိမ္ေနရတဲ့ အေျခအေနကို ျပင္ေယာင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးက ဆက္ေျပာပါတယ္။

“အျပစ္မဲ့ျပည္သူႀကီးကို သူတို႔က အဲဒီလို သတ္ျဖတ္ၿပီးဆိုလွ်င္ က်ေနာ္တို႔လည္း စိတ္မေကာင္းဘူး။ က်ေနာ္္တို႔လည္း အသက္အိုးအိမ္ကို ေၾကာက္လန္႕ေနရတယ္။ ကိုယ့္ဘက္က ကာကြယ္ေပးသူမရွိဆိုလို႔ က်ေနာ္တို႔ဆီက အားလုံးေမွ်ာ္လင့္ခ်က္ကို ကိုယ့္အျမင္၊ သူ႔အျမင္တင္ျပကာ အကုန္လုံးႏုတ္ထြက္ဖို႔ အဲဒီလိုျဖစ္ၾကတယ္ေလ။”

ဒီလို ပစ္ခတ္မႈျဖစ္စဥ္ေတြေၾကာင့္ ေဒသခံေတြ ေၾကာက္လန္႔ေနၾကတယ္လို႔ ပန္းေျမာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေအာင္ေက်ာ္က ေျပာပါတယ္။

“က်ေနာ္တို႔ရဲ႕ အုပ္ခ်ဳပ္ေရးမွဴး တေယာက္ ေသဆုံးတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး အကုန္လုံးလည္း အထိတ္တလန႔္နဲ႔ ေၾကာက္လန္႔ေနရခ်ိန္ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ အုပ္ခ်ဳပ္ေရးမွဴးေတြ က်ေနာ္တို႔က လုပ္ရတာ ခက္တယ္။”

မင္းျပားၿမိဳ႕နယ္ ေက်းရာအုပ္ခ်ဳပ္ေရးမွဴးေတြ ေတာင္းဆိုတင္ျပခ်က္နဲ႔ ပတ္သက္လို႔ ဘယ္လိုေျဖရွင္းေပးမလဲ သိရွိဖို႔ ရခိုင္ ျပည္နယ္အစိုးရ အဖြဲ႔ေျပာေရးဆိုခြင့္နဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို ဆက္သြယ္ေမးျမန္းခဲ့ေပမဲ့ အဆက္သြယ္ မရရွိခဲ့ပါဘူး။

မင္းျပားမဲဆႏၵနယ္က ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစစ္ႏိုင္ကေတာ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြ ႏုတ္ထြက္ရင္ အစိုးရအုပ္ခ်ဳပ္ေရးအပိုင္း ထိခိုက္မႈ ရွိလာနိုင္တယ္လို႔ ဆိုပါတယ္။

“ဆိုေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအပိုင္းကေန အဆင့္ဆင့္ တင္ျပသြားၿပီးေတာ့ အမွန္ကန္ စီစစ္ၿပီး ေဖၚထုတ္ အေရးယူေပးပါ့မယ္ဆိုၿပီး တပတ္ေလာက္ ဆိုင္းပါဦး ေျပာထားတယ္ေပါ့ေနာ္။ ဆိုေတာ့အဲဒီအေပၚမွာ ႏုတ္ထြက္ျဖစ္သြားျပီးဆိုရင္ေတာ့ ရပ္ေက်းဆိုတာ ၿမိဳ႕နယ္ တခုမွာ အေျခခံအက်ဆုံး အဖြဲ႔အစည္းပဲေလ။ အဲဒီအဖြဲ႔အစည္းေတြက အလုပ္မလုပ္ေတာ့ဘူး ၿမိဳ႕နယ္နဲ႔ အဆက္အသြယ္ မရွိေတာ့ဘူးဆိုေတာ့ အခုလက္ရွိအစိုးရရဲ႕ အုပ္ခ်ဳပ္ေရး ယႏၱရားကေတာ့ ပ်က္ျပားသြားမွာ ျဖစ္ပါတယ္။”

ဒီႏွစ္အတြင္း ရခိုင္ျပည္နယ္မင္းျပား၊ ေျမပုံ၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြမွာ ျမန္မာစစ္တပ္အပါ၀င္ အမည္မသိ အဖြဲ႔ လက္ခ်က္နဲ႔ သတ္ျဖတ္ခံရတဲ့ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေက်းရြာတာဝန္ခံ ေလးဦးအထိ ရွိလာေနၿပီး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လဆန္းမွာလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္က ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ၅၅ ဦး ႏုတ္ထြက္ခဲ့ၿပီး ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ကလည္း ေျမာက္ဦးၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴး႐ံုးမွာ လပတ္ အစည္းအေဝး ျပဳလုပ္ေနစဥ္အတြင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ေလးဦးကို ရဲတပ္ဖြဲ႔ကေန ဝင္ေရာက္ ဖမ္းဆီးသြားတဲ့အတြက္ ေျမာက္ဦးၿမိဳ႕နယ္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ၁ဝဝ ေက်ာ္ ႏုတ္ထြက္စာ တင္ခဲ့ပါတယ္။

လက္ရွိ ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ အဖြဲ႔တို႔အၾကား တိုက္ပြဲေတြ ျပင္းထန္စြာ ျဖစ္ပြားေနသလို တိုက္ပြဲစဥ္အတြင္း အရပ္သားေတြ ထိခိုက္ေသဆုံးမႈ အဖမ္းဆီးခံရမႈေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံမှု ဖော်ထုတ်ပေးဖို့ မင်းပြားမှာ တောင်းဆို

စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မင်းပြားမြို့နယ်က မကြာသေးခင် ရက်ပိုင်း ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ ရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတဲ့ကိစ္စ ဖေါ်ထုတ် အရေးယူပေးဖို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ကျော်ကနေ တောင်းဆိုခဲ့ပါတယ်။ အစိုးရအနေနဲ့ အရေးယူမှု မရှိဘူးဆိုရင် တာဝန်ကနေ နုတ်ထွက်သွားမယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေအတွက် လုံခြုံမှု အားနည်းနေတဲ့ အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စိတ္တရကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ကျောက်မှော်ကျေးရွာ တာဝန်ခံတို့ အသတ်ခံရမှုကို မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ မင်းပြားမြို့နယ်ရပ်ကျေး အုပ်ချုပ်ရေးမှူး ၆၀ ကျော်ကနေ မနေ့က အစည်းအဝေး ကျင်းပခဲ့ပြီး တောင်းဆိုခဲ့တာပါ။

မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ် အရေးယူ မပေးရင် မင်းပြားမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၆၀ ကျော်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ထားကြတယ်လို့ ပြင်ယောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“မနေ့က ကျနော်တို့ အုပ်ချုပ်ရေးမှူး အားလုံး ၆၆ ယောက်က မနေ့က ကျနော်တို့ စိတ္တရအုပ်ချုပ်ရေးမှူးရယ်၊ ရာအိမ်မှူးရယ် သတ်တဲ့ အမှုကြီးကို အရေးယူ ဆောင်ရွက်ပေးပါလို့ အဲဒီလိုကျနော်တို့ တောင်းဆိုထားတယ်။ ရခိုင်ပြည်နယ်အစိုးရကို တောင်းဆိုထားတာ။ အရေးမယူဘူးဆိုရင်လည်း ကျနော်တို့ ဒီအတိုင်းနေလို့ မရဘူး။ ကျနော်တို့ အသီးသီးကလည်း အသက်အန္တရာယ်ကို ထိခိုက်သွားတော့လည်း ကျနော်တို့ကလည်း အဲဒီလိုမရဆိုရင်တော့ အကုန်လုံး နုတ်ထွက်မှာလို့။ အဲဒီလို အစီစဉ်ချတယ်။”

ရခိုင်ပြည်နယ် အစိုးရထံတင်ပြအပြီး နောက်ထပ်တပတ်၊ နှစ်ပတ် အဖြေမသိရရင် သူတို့တာဝန်ကနေ နုတ်ထွက်ဖို့ စီစဉ်ထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က စိတ္တရကျေးရွာအတွင်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် စိတ္တရကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း ကျောက်မော်ကျေးရွာတာဝန်ခံ ဦးကျော်အေးမောင်နဲ့ ရွာသူ ဒေါ်ဖြူဖြူဝင်းတို့ သုံး ဦး သေဆုံးသွားခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ လုံခြုံရေးလှည့်နေတဲ့ တပ်မတော်စစ်ကြောင်း စိတ္တရကျေးရွာအတွင်း အိမ် တအိမ်ကနေ ပစ်ခတ်လို့ ပြန်လည်ပစ်ခတ်ရာမှာ နှစ်ဦး သေဆုံးကြောင်း တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေသခံရွာသားတွေကတော့ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ မြန်မာစစ်တပ်ဘက်က တဘက်သတ် ပစ်ခတ်လို့ စိတ္တရကျေးရွာ အုပ်ချုပ်ရေးမှူး အပါဝင် သုံး ဦး သေဆုံးကြောင်း ပြောပါတယ်။

စစ်ရေးပဋိပက္ခ ပြင်းထန်နေဆဲ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေရဲ့ စိုးရိမ်နေရတဲ့ အခြေအနေကို ပြင်ယောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။

“အပြစ်မဲ့ပြည်သူကြီးကို သူတို့က အဲဒီလို သတ်ဖြတ်ပြီးဆိုလျှင် ကျနော်တို့လည်း စိတ်မကောင်းဘူး။ ကျနော်တို့လည်း အသက်အိုးအိမ်ကို ကြောက်လန့်နေရတယ်။ ကိုယ့်ဘက်က ကာကွယ်ပေးသူမရှိဆိုလို့ ကျနော်တို့ဆီက အားလုံးမျှော်လင့်ချက်ကို ကိုယ့်အမြင်၊ သူ့အမြင်တင်ပြကာ အကုန်လုံးနုတ်ထွက်ဖို့ အဲဒီလိုဖြစ်ကြတယ်လေ။”

ဒီလို ပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ ပန်းမြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ပြောပါတယ်။

“ကျနော်တို့ရဲ့ အုပ်ချုပ်ရေးမှူး တယောက် သေဆုံးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အကုန်လုံးလည်း အထိတ်တလန့်နဲ့ ကြောက်လန့်နေရချိန် ဖြစ်တဲ့အတွက် ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေ ကျနော်တို့က လုပ်ရတာ ခက်တယ်။”

မင်းပြားမြို့နယ် ကျေးရာအုပ်ချုပ်ရေးမှူးတွေ တောင်းဆိုတင်ပြချက်နဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းပေးမလဲ သိရှိဖို့ ရခိုင် ပြည်နယ်အစိုးရ အဖွဲ့ပြောရေးဆိုခွင့်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်သွယ် မရရှိခဲ့ပါဘူး။

မင်းပြားမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်ကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ရင် အစိုးရအုပ်ချုပ်ရေးအပိုင်း ထိခိုက်မှု ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

“ဆိုတော့ မြို့နယ်အုပ်ချုပ်ရေးအပိုင်းကနေ အဆင့်ဆင့် တင်ပြသွားပြီးတော့ အမှန်ကန် စီစစ်ပြီး ဖေါ်ထုတ် အရေးယူပေးပါ့မယ်ဆိုပြီး တပတ်လောက်ဆိုင်းပါဦး ပြောထားတယ်ပေါ့နော်။ ဆိုတော့အဲဒီအပေါ်မှာ နုတ်ထွက်ဖြစ်သွားပြီးဆိုရင်တော့ ရပ်ကျေးဆိုတာ မြို့နယ် တခုမှာ အခြေခံအကျဆုံး အဖွဲ့အစည်းပဲလေ။ အဲဒီအဖွဲ့အစည်းတွေက အလုပ်မလုပ်တော့ဘူး မြို့နယ်နဲ့ အဆက်အသွယ် မရှိတော့ဘူးဆိုတော့ အခုလက်ရှိအစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကတော့ ပျက်ပြားသွားမှာ ဖြစ်ပါတယ်။”

ဒီနှစ်အတွင်း ရခိုင်ပြည်နယ်မင်းပြား၊ မြေပုံ၊ ကျောက်တော်မြို့နယ်တွေမှာ မြန်မာစစ်တပ်အပါဝင် အမည်မသိ အဖွဲ့ လက်ချက်နဲ့ သတ်ဖြတ်ခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာတာဝန်ခံ လေးဦးအထိ ရှိလာနေပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းမှာလည်း ကျောက်တော်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅၅ ဦး နုတ်ထွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ လပတ် အစည်းအဝေး ပြုလုပ်နေစဉ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦးကို ရဲတပ်ဖွဲ့ကနေ ဝင်ရောက် ဖမ်းဆီးသွားတဲ့အတွက် မြောက်ဦးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ဝဝ ကျော် နုတ်ထွက်စာ တင်ခဲ့ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေသလို တိုက်ပွဲစဉ်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု အဖမ်းဆီးခံရမှုတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG