(Zawgyi / Unicode)
ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္ဘက္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲျပင္းထန္ေနပါတယ္။ ရခိုင္ေျမာက္ပိုင္းေဒသမွာ ဒီရက္ပိုင္းအတြင္း ျမန္မာစစ္တပ္က AA လက္နက္ကိုင္အဖြဲ႔ကို ထိုးစစ္ဆင္လာတာျဖစ္ၿပီး တိုက္ပြဲေတြေၾကာင့္ အရပ္သား ေသဆုံးမႈေတြပါ ရွိေနတာပါ။ ရခုိင္ေျမာက္ပိုင္း တိုက္ပြဲအေျခအေနကို ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ ကိုသက္ႏိုင္ သတင္းေပးပို႔ထားပါတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္ေက်းရြာအနီးမွာ အစိုးရတပ္နဲ႔ AA အဖြဲ႔တို႔ တိုက္ပြဲေတြ မေန႔ကတည္းက ျပင္းထန္ေနၿပီး ဒီကေန႔ မနက္ပိုင္းမွာလည္း ဆက္လက္ျပင္းထန္ေနေသးတယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။
“က်ေနာ္တို႔ တိုက္ပြဲ ျပင္းျပင္းထန္ထန္ျဖစ္တာ မေန႔ကတုန္းက ပန္းေျမာင္းရဲ႕ ေျမာက္ဘက္မွာ ေက်ာင္းေတာင္ဆိုတာရွိတယ္။ ဒီေန႔မနက္ပိုင္း ပစ္တယ္ဆိုတာက မေန႔ကပစ္တဲ့ ေနရာကိုပဲ ပစ္တာ။ ေက်ာင္းေတာင္ရဲ႕ ေျမာက္ဘက္မွာ တိုက္ပြဲျဖစ္တာရွိတယ္။”
မေန႔ကလည္း အဲဒီေက်းရြာအနီးမွာ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားခဲ့တာေၾကာင့္ ေက်ာင္းေတာင္ ေက်းရြာသားတဦး ဒဏ္ရာရရွိခဲ့ၿပီး ဒီကေန႔မနက္ပိုင္းက ေျမာက္ဦးေဆး႐ုံမွာ ေသဆံုးသြားခဲ့တယ္လို႔ ေသဆံုးသူရဲ႕ မိသားစုဝင္တဦးက ေျပာပါတယ္။
“ဒဏ္ရာရတဲ့သူကေတာ့ မနက္ပိုင္း ၃ နာရီေလာက္မွာ ေသသြားတယ္။ ဒဏ္ရာေၾကာင့္ ေသြးထြက္မ်ားၿပီးေတာ့ ေသသြားတာပါ။ ဒဏ္ရာရတဲ့အခ်ိန္မွာ သူ႔ကို Operation ေတြ လုပ္ေသးတယ္၊ ဒဏ္ရာေၾကာင့္ ေသြးထြက္မ်ားသြားတာ။ အခု သူ႔ကို ေျမာက္ဦးမွာ သၿဂႋဳဟ္မွာျဖစ္တယ္။”
ဒီရက္ပိုင္းအတြင္းမွာပဲ တပ္မေတာ္ဘက္က နယ္ေျမရွင္းလင္းေရးေတြ ပိုမိုလုပ္ေဆာင္လာတာေၾကာင့္ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြ ျပင္းထန္ေနရတာလို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။
“ႏိုဝင္ဘာလ ၂၇ ရက္ေန႔မွာ တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ခဲ့တာရွိတယ္။ ႏိုဝင္ဘာလ ၂၇ မနက္ ၄ နာရီကစၿပီးေတာ့ အရင္ ၂၆ ရက္ေန႔ တိုက္ပြဲျဖစ္ခဲ့တဲ့ ေျမာက္ဦးၿမိဳ႕နယ္ ေက်ာင္းေတာင္ရြာရဲ႕ ေျမာက္ဘက္ ၁ ကီလိုမီတာေလာက္အကြာမွာရွိတဲ့ ပြိဳင့္ ၁၂၂ ေတာင္ကုန္းကုိ ဗမာစစ္တပ္ဘက္က ထပ္ၿပီးေတာ့ ထိုးစစ္ဆင္လာတာ။ ၂၆ ရက္ေန႔ ျဖစ္တဲ့ စစ္ပြဲမွာ ဗမာစစ္တပ္ဘက္က ၅ ဦးက်ဆံုးၿပီးေတာ့ ဒဏ္ရာရတာ အမ်ားအျပားရွိတယ္။ ၿပီးေတာ့ ႏုိဝင္ဘာ ၂၇ ရက္ေန႔ ထပ္ၿပီးေတာ့ ထိုးစစ္ဆင္တယ္။ အဲဒီမွာ လက္နက္ႀကီး ပစ္ကူေတြကေတာ့ ေျမာက္ဦးၿမိဳ႕က လွမ္းပစ္တာရွိတယ္။ ၿပီးေတာ့ ပန္းေျမာင္း ေအာင္မဂၤလာေတာင္ကေနၿပီးေတာ့ လက္နက္ႀကီးစခန္းက လွမ္းပစ္တာရွိတယ္။ ၿပီးေတာ့ ေတာင္ျဖဴေတာင္ကလည္း လက္နက္ႀကီးေတြ လွမ္းၿပီးေတာ့ ပစ္ကူေပးေနတာရွိတယ္။”
တပ္မေတာ္ဘက္ကလည္း ပြင့္လင္းရာသီ ေရာက္လာတာေၾကာင့္ နယ္ေျမရွင္းလင္းေရးေတြ ပိုမိုလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ေျပာဆိုထားတာရွိသလို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကလည္း တပ္မေတာ္ စစ္ေၾကာင္းေတြကို လက္ဦးမႈယူၿပီး တိုက္ခိုက္ေနတယ္လို႔ ခိုင္သုခက ဆက္ေျပာပါတယ္။
“တိုက္ပြဲျပင္းထန္တာကေတာ့ ႏိုဝင္ဘာလ ၁၁ ရက္ကေန ၁၆၊ ၂၅၊ ၂၆၊ ၂၇ ရက္ေန႔အထိ အဲဒီမွာ တိုက္ပြဲအျပင္းအထန္ ျဖစ္တာရွိတယ္။ ဗမာစစ္တပ္ဘက္ကေတာ့ ကန္ေစာက္အေျခစိုက္ အဲဒီမွာ အေျမာက္တပ္ေတြကေနၿပီးေတာ့ လက္နက္ႀကီး ပစ္ကူေပးတာ ရွိတယ္။ ၿပီးေတာ့ ေရဇိုးဗ်ဴဟာကေန လက္နက္ႀကီး ပစ္ကူေပးေနတာ ရွိတယ္။ ၿပီးေတာ့ ရေသ့ေတာင္အေျခစိုက္ တပ္ရင္းေတြကေနၿပီးေတာ့ လက္နက္ႀကီး ပစ္ကူေပးေနတာ ရွိတယ္။ အဲဒီမွာ သူတို႔ ဆက္ၿပီးေတာ့ ထိုးစစ္ဆင္ေနတဲ့ အတြက္ေၾကာင့္မို႔လို႔ ၾကည္းတပ္ေရာ ေလတပ္ေရာ ေျမျပင္ေရာ ေဝဟင္ပါ ထိုးစစ္ဆင္ေနတာရွိတယ္။”
ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျပင္းထန္လာေနသလို တိုက္ပြဲအတြင္း ဒဏ္ရာရသူေတြနဲ႔ အသက္ေပးလိုက္ရတဲ့ ေဒသခံေတြလည္း တေန႔ထက္တေန႔ မ်ားျပားလာေနတာပါ။
ဒါ့အျပင္ တိုက္ပြဲကာလအတြင္း တပ္မေတာ္ဘက္က တရားစြဲဆိုခံထားရတဲ့ အရပ္သား ၅၀၀ ေက်ာ္အထိ ရွိေနတယ္လို႔လည္း သဇင္ ဥပေဒအေထာက္အကူျပဳအဖြဲ႔က ဒီကေန႔မွာ ထုတ္ျပန္ထားၿပီး ရခိုင္လက္နက္ကို္င္ AA အဖြဲ႔ကလည္း စစ္ဘက္ဆိုင္ရာ တာဝန္ရွိသူေတြ ဌာနဆိုင္ရာ ဝန္ထမ္းတခ်ဳိ႕နဲ႔ လႊတ္ေတာ္အမတ္တဦးကိုလည္း ဖမ္းဆီးထားပါတယ္။
-------------------------------
(Unicode)
ရခိုင် မြောက်ဦး တိုက်ပွဲပြင်းထန်
မြောက်ဦးမြို့နယ် ကျောင်းတောင်ဘက်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။ ရခိုင်မြောက်ပိုင်းဒေသမှာ ဒီရက်ပိုင်းအတွင်း မြန်မာစစ်တပ်က AA လက်နက်ကိုင်အဖွဲ့ကို ထိုးစစ်ဆင်လာတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုတွေပါ ရှိနေတာပါ။ ရခိုင်မြောက်ပိုင်း တိုက်ပွဲအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီးမှာ အစိုးရတပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ မနေ့ကတည်းက ပြင်းထန်နေပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း ဆက်လက်ပြင်းထန်နေသေးတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
“ကျနော်တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်တာ မနေ့ကတုန်းက ပန်းမြောင်းရဲ့ မြောက်ဘက်မှာ ကျောင်းတောင်ဆိုတာရှိတယ်။ ဒီနေ့မနက်ပိုင်း ပစ်တယ်ဆိုတာက မနေ့ကပစ်တဲ့ နေရာကိုပဲ ပစ်တာ။ ကျောင်းတောင်ရဲ့ မြောက်ဘက်မှာ တိုက်ပွဲဖြစ်တာရှိတယ်။”
မနေ့ကလည်း အဲဒီကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် ကျောင်းတောင် ကျေးရွာသားတဦး ဒဏ်ရာရရှိခဲ့ပြီး ဒီကနေ့မနက်ပိုင်းက မြောက်ဦးဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
“ဒဏ်ရာရတဲ့သူကတော့ မနက်ပိုင်း ၃ နာရီလောက်မှာ သေသွားတယ်။ ဒဏ်ရာကြောင့် သွေးထွက်များပြီးတော့ သေသွားတာပါ။ ဒဏ်ရာရတဲ့အချိန်မှာ သူ့ကို Operation တွေ လုပ်သေးတယ်၊ ဒဏ်ရာကြောင့်သွေးထွက်များသွားတာ။ အခု သူ့ကို မြောက်ဦးမှာ သင်္ဂြိုဟ်မှာဖြစ်တယ်။”
ဒီရက်ပိုင်းအတွင်းမှာပဲ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ တိုက်ပွဲတွေ ပြင်းထန်နေရတာလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
“နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တာရှိတယ်။ နိုဝင်ဘာလ ၂၇ မနက် ၄ နာရီကစပြီးတော့ အရင် ၂၆ ရက်နေ့ တိုက်ပွဲဖြစ်ခဲ့တဲ့ မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာရဲ့ မြောက်ဘက် ၁ ကီလိုမီတာလောက်အကွာမှာရှိတဲ့ ပွိုင့် ၁၂၂ တောင်ကုန်းကို ဗမာစစ်တပ်ဘက်က ထပ်ပြီးတော့ ထိုးစစ်ဆင်လာတာ။ ၂၆ ရက်နေ့ ဖြစ်တဲ့ စစ်ပွဲမှာ ဗမာစစ်တပ်ဘက်က ၅ ဦးကျဆုံးပြီးတော့ ဒဏ်ရာရတာ အများအပြားရှိတယ်။ ပြီးတော့ နိုဝင်ဘာ ၂၇ ရက်နေ့ ထပ်ပြီးတော့ ထိုးစစ်ဆင်တယ်။ အဲဒီမှာ လက်နက်ကြီး ပစ်ကူတွေကတော့ မြောက်ဦးမြို့က လှမ်းပစ်တာရှိတယ်။ ပြီးတော့ ပန်းမြောင်း အောင်မင်္ဂလာတောင်ကနေပြီးတော့ လက်နက်ကြီးစခန်းက လှမ်းပစ်တာရှိတယ်။ ပြီးတော့ တောင်ဖြူတောင်ကလည်း လက်နက်ကြီးတွေ လှမ်းပြီးတော့ ပစ်ကူပေးနေတာရှိတယ်။”
တပ်မတော်ဘက်ကလည်း ပွင့်လင်းရာသီ ရောက်လာတာကြောင့် နယ်မြေရှင်းလင်းရေးတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောဆိုထားတာရှိသလို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကလည်း တပ်မတော် စစ်ကြောင်းတွေကို လက်ဦးမှုယူပြီး တိုက်ခိုက်နေတယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။
“တိုက်ပွဲပြင်းထန်တာကတော့ နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၆၊ ၂၅၊ ၂၆၊ ၂၇ ရက်နေ့အထိ အဲဒီမှာ တိုက်ပွဲအပြင်းအထန် ဖြစ်တာရှိတယ်။ ဗမာစစ်တပ်ဘက်ကတော့ ကန်စောက်အခြေစိုက် အဲဒီမှာ အမြောက်တပ်တွေကနေပြီးတော့ လက်နက်ကြီး ပစ်ကူပေးတာ ရှိတယ်။ ပြီးတော့ ရေဇိုးဗျူဟာကနေ လက်နက်ကြီး ပစ်ကူပေးနေတာ ရှိတယ်။ ပြီးတော့ ရသေ့တောင်အခြေစိုက် တပ်ရင်းတွေကနေပြီးတော့ လက်နက်ကြီး ပစ်ကူပေးနေတာ ရှိတယ်။ အဲဒီမှာ သူတို့ ဆက်ပြီးတော့ ထိုးစစ်ဆင်နေတဲ့ အတွက်ကြောင့်မို့လို့ ကြည်းတပ်ရော လေတပ်ရော မြေပြင်ရော ဝေဟင်ပါ ထိုးစစ်ဆင်နေတာရှိတယ်။”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေသလို တိုက်ပွဲအတွင်း ဒဏ်ရာရသူတွေနဲ့ အသက်ပေးလိုက်ရတဲ့ ဒေသခံတွေလည်း တနေ့ထက်တနေ့ များပြားလာနေတာပါ။
ဒါ့အပြင် တိုက်ပွဲကာလအတွင်း တပ်မတော်ဘက်က တရားစွဲဆိုခံထားရတဲ့ အရပ်သား ၅၀၀ ကျော်အထိ ရှိနေတယ်လို့လည်း သဇင် ဥပဒေအထောက်အကူပြုအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့ကလည်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ လွှတ်တော်အမတ်တဦးကိုလည်း ဖမ်းဆီးထားပါတယ်။