(Zawgyi/Unicode)
ဒီဇင္ဘာလ ၁၅ရက္က ေကာ့ေသာင္း အေနာက္ဘက္ ပင္လယ္ျပင္ မိုင္ ၁၅၅ အကြာမွာ ဖမ္းမိတဲ့ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက ဒုကၡသည္ အေယာက္ ၂၀၀ ဝန္းက်င္ေလာက္ကို ဒီေန႔စတင္ စစ္ေဆးေနၿပီျဖစ္ပါတယ္။
စစ္ေဆးတာေတြၿပီးသြားရင္ေတာ့ သူတို႔ကို တပ္မေတာ္ေရတပ္ စစ္သေဘၤာနဲ႔ ရခိုင္ျပည္နယ္ ေတာင္ၿပိဳလက္ဝဲ ဒုကၡသည္ ႀကိဳဆိုလက္ခံေရးစခန္းကို ပို႔ေဆာင္သြားမယ္လို႔ ေကာ့ေသာင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူကေျပာပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး အေၾကာင္းစုံကိုေမးျမန္းထားတဲ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။
ေကာ့ေသာင္းအေနာက္ဘက္ ပင္လယ္ျပင္ထဲက ဖမ္းဆီးရမိတဲ့ ေလွစီးဒုကၡသည္ေတြကို အခုလက္ရွိမွာ တပ္မေတာ္ေရတပ္စခန္းရွိတဲ့ ဇာဒက္ႀကီးကြၽန္းမွာ ထိန္းသိမ္းထားၿပီး ဒီေန႔က စတင္စစ္ေဆးေနေၾကာင္း ေကာ့ေသာင္းၿမိဳ႕နယ္ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဌာနက လက္ေထာက္ ၫႊန္ၾကားေရးမႉး ဦးျမတ္သူက ဗြီအိုေအကိုေျပာပါတယ္။
“ တပ္မေတာ္ေရက လႊဲတဲ့အခ်ိန္မွာ ၁၇၃ဦး၊ အဲဒါေတြကို တို႔စိစစ္ေနတယ္။ ဒါေပမဲ့ ၁၇၂ လည္း ျဖစ္ခ်င္ျဖစ္မယ္။ ဒါေတာ့ ကိုယ္တို႔လည္း စစ္ေဆးၿပီးမွပဲ သိမယ္။ ဇာဒက္ႀကီးကြၽန္းမွာ (သူတို႔ရဲ႕) ေလွကို ထားၿပီးေတာ့မွ ကိုယ္တို႔ဆီက တာဝန္ရွိသူေတြ၊ လဝကတို႔ ဘာတို႔ေပါ့။ ရခိုင္ဘက္က ဒုကၡသည္ စခန္းေတြကလည္း တခ်ိဳ႕ ပါေကာင္းပါႏိုင္တယ္။ စစ္ေဆးၿပီးရင္ေတာ့ တို႔က အတည္ျပဳ ျပန္ၾကားေပးမွာပဲ။”
သူတို႔ကို စစ္ေဆးၿပီးရင္ေတာ့ ျမန္မာ- ဘဂၤလားေဒ့ရွ္နယ္စပ္ ရခိုင္ျပည္နယ္ ေတာင္ၿပိဳလက္ဝဲ ဒုကၡသည္ႀကိဳဆို၊ လက္ခံေရး စခန္းကို ေကာ့ေသာင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြ ေစာင့္ၾကပ္ၿပီး တပ္မေတာ္ေရတပ္သေဘၤာနဲ႔ ပို႔ေဆာင္သြားမယ္လို႔ သူကေျပာပါတယ္။
“ ကိုယ္တို႔ကေတာ့ ထုံးစံအတိုင္းပဲ ရခိုင္မွာရွိတဲ့ ကိုယ္တို႔ဆီကဖြင့္ထားတဲ့ ကယ္ဆယ္ေရးစခန္းေတြ ရွိတယ္ေလ။ အဲဒီကိုပဲ ပို႔မွာပဲ ႏိုင္ငံတကာ ဥပေဒအရေရာေလ။ ေလာေလာဆယ္ ေထာက္ပံ့ေပးႏိုင္တဲ့အေနအထားလည္း ေထာက္ပံ့ေပးထားၿပီးၿပီ ဆန္တို႔ င႐ုပ္သီးေျခာက္တို႔ ၊ မားမားေခါက္ဆြဲတို႔ ၊ ၾကက္ဥဆို အလုံး ၁၂၀၀၊ ဆန္ဆို ၁၅ အိတ္ေပါ့ ကနဦးေထာက္ပံ့မႈေပါ့။ ေနာက္ပိုင္း သေဘၤာ ဟိုဘက္ (ရခိုင္)ကို ထြက္ခြာသြားရင္ သူတို႔ၾကာျမင့္ခ်ိန္နဲ႔ ပတ္သက္ၿပီးေတာ့ေပါ့ လိုအပ္တဲ့ အုပ္ခ်ဳပ္မႈကိစၥကို တာဝန္ရွိသူေတြက ဝိုင္းလုပ္ဖို႔ အခုအကုန္စီမံေပးၿပီးသား။”
ကနဦးစစ္ေဆးခ်က္ေတြအရဆိုရင္ သူတို႔ဟာ လူေမွာင္ခိုစက္ေလွနဲ႔ လိုက္ပါလာၾကတာျဖစ္ၿပီး အမ်ားစုက ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းက ဒုကၡသည္ေတြ ျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ အလားတူျဖစ္ရပ္မ်ိဳးလည္း လြန္ခဲ့တဲ့ ၂၀၁၅- ၂၀၁၆ မွာျဖစ္ခဲ့ေၾကာင္းသူကအခုလိုေျပာပါတယ္။
“ အရင္ ၂၀၁၅-၁၆ တုန္းက Boat People ဆိုၿပီးက်ေနာ္တို႔ issue ေတာ္ေတာ္ႀကီးႀကီးမားမားကို ေျဖရွင္းလိုက္ရတယ္။ လုံၿခဳံေရးမေကာင္းလို႔ ျမန္မာႏိုင္ငံထဲမွာ အေျခအေနမေကာင္းလို႔ ထြက္တဲ့သူေတြဆိုၿပီး ႏိုင္ငံတကာကလည္း boat people နဲ႔ ပတ္သက္ၿပီးေတာ့ issue တင္တာေပါ့။ ေနာက္ဆုံး က်ေနာ္တို႔က စက္ေလွတစီးမိၿပီး အားလုံးစစ္လိုက္တဲ့အခ်ိန္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကထြက္လာတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားေတြ ျဖစ္ေနတယ္ ဆိုတာ သိရမွ အဲဒီ issue က ၿငိမ္သြားတယ္။ ၿငိမ္သြားၿပီး က်ေနာ္တို႔က ေတာင္ၿပိဳလက္ဝဲစခန္းကတဆင့္ ဟိုဘက္ကို ျပန္ပို႔လိုက္ရတယ္။”
ရခိုင္ကမ္းလြန္ပင္လယ္မွာ ၂၀၁၅ ေမလ ၂၂ရက္က ေလွစီးေျပးဒုကၡသည္ ၂၀၀ ေက်ာ္ဖမ္းဆီး ရမိၿပီး အဲဒီေနာက္ပိုင္း အေယာက္ ၇၀၀ ေက်ာ္ကို ဧရာဝတီတိုင္း ဟိုင္းႀကီးကြၽန္းနားမွာ ထပ္ေတြ႕ခဲ့တာပါ။ ၂၀၁၉ ႏိုဝင္ဘာ ၂၉ ရက္ကလည္း ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္၊ ေခ်ာင္းသာေက်း႐ြာမွာ ေလွစီးေျပး ဒုကၡသည္ ၁၀၀ ေလာက္ဖမ္းဆီးမိ ခဲ့တာ ျဖစ္ၿပီး တခ်ိဳ႕ကေတာ့ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။
....................
လှေစီးဒုက္ခသည် ၁၇၀ ကျော်ကို စတင်စစ်ဆေး
(Unicode)
ဒီဇင်ဘာလ ၁၅ရက်က ကော့သောင်း အနောက်ဘက် ပင်လယ်ပြင် မိုင် ၁၅၅ အကွာမှာ ဖမ်းမိတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ဒုက္ခသည် အယောက် ၂၀၀ ဝန်းကျင်လောက်ကို ဒီနေ့စတင် စစ်ဆေးနေပြီဖြစ်ပါတယ်။ စစ်ဆေးတာတွေပြီးသွားရင်တော့ သူတို့ကို တပ်မတော်ရေတပ် စစ်သင်္ဘောနဲ့ ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲ ဒုက္ခသည် ကြိုဆိုလက်ခံရေးစခန်းကို ပို့ဆောင်သွားမယ်လို့ ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူကပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အကြောင်းစုံကိုမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။
ကော့သောင်းအနောက်ဘက် ပင်လယ်ပြင်ထဲက ဖမ်းဆီးရမိတဲ့ လှေစီးဒုက္ခသည်တွေကို အခုလက်ရှိမှာ တပ်မတော်ရေတပ်စခန်းရှိတဲ့ ဇာဒက်ကြီးကျွန်းမှာ ထိန်းသိမ်းထားပြီး ဒီနေ့က စတင်စစ်ဆေးနေကြောင်း ကော့သောင်းမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်သူက ဗွီအိုအေကိုပြောပါတယ်။
“ တပ်မတော်ရေက လွှဲတဲ့အချိန်မှာ ၁၇၃ဦး၊ အဲဒါတွေကို တို့စိစစ်နေတယ်။ ဒါပေမဲ့ ၁၇၂ လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါတော့ ကိုယ်တို့လည်း စစ်ဆေးပြီးမှပဲ သိမယ်။ ဇာဒက်ကြီးကျွန်းမှာ (သူတို့ရဲ့) လှေကို ထားပြီးတော့မှ ကိုယ်တို့ဆီက တာဝန်ရှိသူတွေ၊ လဝကတို့ ဘာတို့ပေါ့။ ရခိုင်ဘက်က ဒုက္ခသည် စခန်းတွေကလည်း တချို့ ပါကောင်းပါနိုင်တယ်။ စစ်ဆေးပြီးရင်တော့ တို့က အတည်ပြု ပြန်ကြားပေးမှာပဲ။”
သူတို့ကို စစ်ဆေးပြီးရင်တော့ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲ ဒုက္ခသည်ကြိုဆို၊ လက်ခံရေး စခန်းကို ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ စောင့်ကြပ်ပြီး တပ်မတော်ရေတပ်သင်္ဘောနဲ့ ပို့ဆောင်သွားမယ်လို့ သူကပြောပါတယ်။
“ ကိုယ်တို့ကတော့ ထုံးစံအတိုင်းပဲ ရခိုင်မှာရှိတဲ့ ကိုယ်တို့ဆီကဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေ ရှိတယ်လေ။ အဲဒီကိုပဲ ပို့မှာပဲ နိုင်ငံတကာ ဥပဒေအရရောလေ။ လောလောဆယ် ထောက်ပံ့ပေးနိုင်တဲ့အနေအထားလည်း ထောက်ပံ့ပေးထားပြီးပြီ ဆန်တို့ ငရုပ်သီးခြောက်တို့ ၊ မားမားခေါက်ဆွဲတို့ ၊ ကြက်ဥဆို အလုံး ၁၂၀၀၊ ဆန်ဆို ၁၅ အိတ်ပေါ့ ကနဦးထောက်ပံ့မှုပေါ့။ နောက်ပိုင်း သင်္ဘော ဟိုဘက် (ရခိုင်)ကို ထွက်ခွာသွားရင် သူတို့ကြာမြင့်ချိန်နဲ့ ပတ်သက်ပြီးတော့ပေါ့ လိုအပ်တဲ့ အုပ်ချုပ်မှုကိစ္စကို တာဝန်ရှိသူတွေက ဝိုင်းလုပ်ဖို့ အခုအကုန်စီမံပေးပြီးသား။”
ကနဦးစစ်ဆေးချက်တွေအရဆိုရင် သူတို့ဟာ လူမှောင်ခိုစက်လှေနဲ့ လိုက်ပါလာကြတာဖြစ်ပြီး အများစုက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေ ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ အလားတူဖြစ်ရပ်မျိုးလည်း လွန်ခဲ့တဲ့ ၂၀၁၅- ၂၀၁၆ မှာဖြစ်ခဲ့ကြောင်းသူကအခုလိုပြောပါတယ်။
“ အရင် ၂၀၁၅-၁၆ တုန်းက Boat People ဆိုပြီးကျနော်တို့ issue တော်တော်ကြီးကြီးမားမားကို ဖြေရှင်းလိုက်ရတယ်။ လုံခြုံရေးမကောင်းလို့ မြန်မာနိုင်ငံထဲမှာ အခြေအနေမကောင်းလို့ ထွက်တဲ့သူတွေဆိုပြီး နိုင်ငံတကာကလည်း boat people နဲ့ ပတ်သက်ပြီးတော့ issue တင်တာပေါ့။ နောက်ဆုံး ကျနော်တို့က စက်လှေတစီးမိပြီး အားလုံးစစ်လိုက်တဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကထွက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်နေတယ် ဆိုတာ သိရမှ အဲဒီ issue က ငြိမ်သွားတယ်။ ငြိမ်သွားပြီး ကျနော်တို့က တောင်ပြိုလက်ဝဲစခန်းကတဆင့် ဟိုဘက်ကို ပြန်ပို့လိုက်ရတယ်။”
ရခိုင်ကမ်းလွန်ပင်လယ်မှာ ၂၀၁၅ မေလ ၂၂ရက်က လှေစီးပြေးဒုက္ခသည် ၂၀၀ ကျော်ဖမ်းဆီး ရမိပြီး အဲဒီနောက်ပိုင်း အယောက် ၇၀၀ ကျော်ကို ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းနားမှာ ထပ်တွေ့ခဲ့တာပါ။ ၂၀၁၉ နိုဝင်ဘာ ၂၉ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာမှာ လှေစီးပြေး ဒုက္ခသည် ၁၀၀ လောက်ဖမ်းဆီးမိ ခဲ့တာ ဖြစ်ပြီး တချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။