သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေရွာင္ေတြရဲ႕ ႏွစ္သစ္ေမွ်ာ္လင့္ခ်က္


ေက်ာက္ေတာ္ၿမိဳ႕နယ္အစပ္ရွိ ဝါးေတာင္ စစ္ေရွာင္ဒုကၡသည္စခန္း

(Zawgyi/Unicode)

၂၀၁၉ ႏွစ္ကုန္လို႔ ၂၀၂၀ ႏွစ္သစ္ထဲ ေရာက္ေတာ့မွာမို႔ ရခိုင္ျပည္ထဲက ျပည္တြင္းစစ္ဒဏ္ခံေနရတဲ့ ေဒသခံေတြအေနနဲ႔ ႏွစ္သစ္ကူးကာလမွာ သူတုိ႔ရဲ႕ေနအိမ္ကို အႏၱရာယ္ကင္းကင္း ျပန္ခ်င္တဲ့ ဆႏၵေတ ြရွိေနပါတယ္။ ဒါေပမဲ့ ရခုိင္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ AA ၾကား ျဖစ္ပြားေနတဲ့ စစ္ပြဲက တႏွစ္ေက်ာ္ေပမယ့္ မၿပီးေသးသလို ေနရပ္စြန္႔ခြာထြက္ေျပးရသူေတြ တုိက္ပြဲတြင္း ပိတ္မိေနသူေတြလည္း တစစ တိုးလာေနပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအုိေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

တပ္မေတာ္နဲ႔ AA ၾကား ရခိုင္ျပည္ေျမာက္ပိုင္းမွာ ၂၀၁၈ ႏိုဝင္ဘာလကုန္ပိုင္းကစၿပီး ျဖစ္ပြားခဲ့တဲ့ တုိက္ပြဲေတြၾကားမွာ ေနရပ္စြန္႔ခြာသူဦးေရဟာ တသိန္းနီးပါးထိ ရွိလာၿပီ ျဖစ္ပါတယ္။ ရခိုင္တုိင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္းအရံုး REC က ျပဳစုထားတဲ့ စာရင္းေတြအရ လူေပါင္း ၆၀,၀၀၀ ေက်ာ္ဟာ သူတုိ႔ရဲ႕ အုိးအိမ္ေတြကို စြန္႔ခြာၿပီး ဘုန္းႀကီးေက်ာင္းနဲ႔ စာသင္ေက်ာင္းေတြမွာ တိုက္ပြဲေရွာင္ေနရသလို ၄၀,၀၀၀နီးပါးကေတာ့ တိုက္ပြဲတြင္း ပိတ္မိေနၾကတာပါ။

ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ဖားၾကြယ္စခန္းမွာ မိသားစုလိုက္ တိုက္ပြဲေရွာင္ေနရတဲ့ ဦးသန္းျမင့္က ေနရပ္စြန္႔ခြာလာတာ တႏွစ္ေက်ာ္ ရွိေနပါၿပီ။ ရြာကိုျပန္ခ်င္ေပမယ့္ သူတုိ႔ေနရပ္မွာ လယ္ယာမရွိေတာ့သလို ေျမျမွဳပ္မုိင္း အႏၱရာယ္ကို ေၾကာက္လုိ႔ ေတာင္ေပၚကိုလည္း မသြားရဲတာေၾကာင့္ အိမ္ျပန္ဖုိ႔ မလြယ္ေသးဘူးလို႔ ေျပာပါတယ္။

“က်ေနာ္တို႔ဆႏၵကေတာ့ ဒီတိုက္ပြဲေတြ ရပ္တန္႔ၿပီးေတာ့ ဒီႏွစ္သစ္ကူး ၂၀၂၀ မွာ မိမိအုိးအိမ္ကုိ ျပန္ၿပီး ကုိယ္တိုင္လုပ္ကိုင္ စားေသာက္ခ်င္တဲ့ ဆႏၵရွိတာေပါ့ေနာ္။ ဒါေပမယ့္ က်ေနာ္တုိ႔ ေမွ်ာ္လင့္သလို ျဖစ္လာပါေစလို႔ က်ေနာ္တုိ႔ ဆုေတာင္းပါတယ္။”

လာမယ့္ ၂၀၂၀ မွာ ရခိုင္ျပည္တြင္း တုိုက္ပြဲေတြရပ္တန္႔ဖို႔ ရခိုင္လူထုအေနနဲ႔ ေတာင္းဆုိမႈျပဳလုပ္သြားဖုိ႔ရွိတယ္လုိ႔ ရခိုင္ေဒသတြင္း စစ္ေရွာင္ေတြကို ကူညီေထာက္ပံ့ေပးေနတဲ့ အဖြဲ႔အစည္း တခုျဖစ္တဲ့ ရခိုင္တုိင္းရင္းသား မ်ိဳးႏြယ္မ်ားအစည္းအရံုး REC ဥကၠ႒ ဦးေရႊေဘာ္စိန္က အခုလိုေျပာပါတယ္။

“ဘာပဲျဖစ္ျဖစ္ က်ေနာ္တုိ႔က ဒီ ၂၀၂၀ အႀကိဳမွာ ဆုိလုိ႔ရွိရင္ ညွိႏႈိင္းေစ့စပ္မႈ တခုက ဒီျပည္သူလူထုရဲ႕အေပၚမွာ အေလးအနက္ထားၿပီးေတာ့ စဥ္းစားသင့္တယ္ဆုိတာရယ္၊ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ရခိုင္ျပည္သူလူထုအေနနဲ႔လည္း တခုခုေတာ့ ေတာင္းဆုိမႈ တရပ္အေနနဲ႔ လုပ္ေကာင္းလုပ္ရလိမ့္မယ္။ ဒီတုိင္းပဲဆက္သြားေနမယ္ဆုိရင္ ဘယ္သူမွအက်ိဳးအျမတ္မရတဲ့အျပင္ ဒီတုိင္းျပည္ေရာ လူမ်ိဳးေရာ အကုန္လံုး နစ္နာမွာျဖစ္တဲ့ အတြက္ က်ေနာ္တို႔ရခိုင္လူထုအေနနဲ႔ စစ္ပြဲနဲ႔ပတ္သက္ၿပီးေတာ့ ဆက္လက္မျဖစ္ပြားဖို႔ ေတာင္းဆုိမႈ တခုေတာ့ လုပ္သင့္တယ္။ လုပ္ျဖစ္ေအာင္လည္း က်ေနာ္တုိ႔အရပ္ဘက္လူမႈ အဖြဲ႔အစည္းေတြအေနနဲ႔လည္း ႀကိဳးစားမယ္ဆုိတဲ့ ဆႏၵသေဘာထားကိုပဲ က်ေနာ္တုိ႔က ဦးတည္ထားခ်င္တယ္။”

ႏွစ္ဘက္ လက္နက္ကိုင္ၾကားက တုိက္ပြဲေတြေၾကာင့္ အရပ္သားျပည္သူေတြအတြက္ လံုျခံဳေရးကို ဥပေဒအရျဖစ္ေစ၊ နယ္ေျမအေနအထားအရျဖစ္ေစ အကာအကြယ္မရွိဘူးလို႔ သူကဆုိပါတယ္။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေရႊလႈိင္ရြာက ေဒသခံ ကိုထြန္းေရႊကေတာ့ လက္ရွိမွာ တုိက္ပြဲမရွိေပမယ့္ တပ္မေတာ္စစ္ေၾကာင္းရွိေနတာေၾကာင့္ စိုးရိမ္ထိတ္လန္႔ေနရတယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ ျပည္သူေတြအေနနဲ႔ကေတာ့ ေအးခ်မ္းခ်င္ပါတယ္ခင္ဗ်ာ။ ဒါေပမဲ့ အခုက ေက်ာက္ေတာ္မွာ စစ္ေၾကာင္းေတြအျပည့္ဆိုေတာ့ အလြန္႔အလြန္ကုိ စုိးရိမ္ထိတ္လန္႔ေနရပါတယ္ ခင္ဗ်။”

ရခိုင္ျပည္တြင္းမွာ ေနထုိင္ေနတဲ့ ေဒသခံေတြက သူတို႔ရဲ႕နယ္ေျမမွာ တႏွစ္ေက်ာ္ၾကာ ျပင္းထန္ေနတဲ့ တိုက္ပြဲေတြၾကား လံုေလာက္တဲ့ အစားအေသာက္ေထာက္ပံ့မႈ မရၾကပါဘူး။

ဒါ့အျပင္ ၿမိဳ႕နယ္ေဆးရံုေတြကို လံုျခံဳေရးအရ မသြားႏုိင္ပဲ ျဖစ္ေနခ်ိန္မွာ ဖ်ားနာသူေတြ အတြက္ ေဆးဝါးလံုလံုေလာက္ေလာက္ ရႏိုင္ၾကဖုိ႔ကိုလည္း ေမွ်ာ္လင့္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်စစ်ရှောင်တွေရဲ့ နှစ်သစ်မျှော်လင့်ချက်

၂၀၁၉ နှစ်ကုန်လို့ ၂၀၂၀ နှစ်သစ်ထဲ ရောက်တော့မှာမို့ ရခိုင်ပြည်ထဲက ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ ဒေသခံတွေအနေနဲ့ နှစ်သစ်ကူးကာလမှာ သူတို့ရဲ့နေအိမ်ကို အန္တရာယ်ကင်းကင်း ပြန်ချင်တဲ့ ဆန္ဒတေ ွရှိနေပါတယ်။ ဒါပေမဲ့ ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲက တနှစ်ကျော်ပေမယ့် မပြီးသေးသလို နေရပ်စွန့်ခွာထွက်ပြေးရသူတွေ တိုက်ပွဲတွင်း ပိတ်မိနေသူတွေလည်း တစစ တိုးလာနေပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

တပ်မတော်နဲ့ AA ကြား ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၈ နိုဝင်ဘာလကုန်ပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြားမှာ နေရပ်စွန့်ခွာသူဦးရေဟာ တသိန်းနီးပါးထိ ရှိလာပြီ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က ပြုစုထားတဲ့ စာရင်းတွေအရ လူပေါင်း ၆၀,၀၀၀ ကျော်ဟာ သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တိုက်ပွဲရှောင်နေရသလို ၄၀,ဝဝဝနီးပါးကတော့ တိုက်ပွဲတွင်း ပိတ်မိနေကြတာပါ။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဖားကြွယ်စခန်းမှာ မိသားစုလိုက် တိုက်ပွဲရှောင်နေရတဲ့ ဦးသန်းမြင့်က နေရပ်စွန့်ခွာလာတာ တနှစ်ကျော် ရှိနေပါပြီ။ ရွာကိုပြန်ချင်ပေမယ့် သူတို့နေရပ်မှာ လယ်ယာမရှိတော့သလို မြေမြှုပ်မိုင်း အန္တရာယ်ကို ကြောက်လို့ တောင်ပေါ်ကိုလည်း မသွားရဲတာကြောင့် အိမ်ပြန်ဖို့ မလွယ်သေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဆန္ဒကတော့ ဒီတိုက်ပွဲတွေ ရပ်တန့်ပြီးတော့ ဒီနှစ်သစ်ကူး ၂၀၂၀ မှာ မိမိအိုးအိမ်ကို ပြန်ပြီး ကိုယ်တိုင်လုပ်ကိုင် စားသောက်ချင်တဲ့ ဆန္ဒရှိတာပေါ့နော်။ ဒါပေမယ့် ကျနော်တို့ မျှော်လင့်သလို ဖြစ်လာပါစေလို့ ကျနော်တို့ ဆုတောင်းပါတယ်။”

လာမယ့် ၂၀၂၀ မှာ ရခိုင်ပြည်တွင်း တိုုက်ပွဲတွေရပ်တန့်ဖို့ ရခိုင်လူထုအနေနဲ့ တောင်းဆိုမှုပြုလုပ်သွားဖို့ရှိတယ်လို့ ရခိုင်ဒေသတွင်း စစ်ရှောင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က အခုလိုပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် ကျနော်တို့က ဒီ ၂၀၂၀ အကြိုမှာ ဆိုလို့ရှိရင် ညှိနှိုင်းစေ့စပ်မှု တခုက ဒီပြည်သူလူထုရဲ့အပေါ်မှာ အလေးအနက်ထားပြီးတော့ စဉ်းစားသင့်တယ်ဆိုတာရယ်၊ နောက်ပြီးတော့ ကျနော်တို့ ရခိုင်ပြည်သူလူထုအနေနဲ့လည်း တခုခုတော့ တောင်းဆိုမှု တရပ်အနေနဲ့ လုပ်ကောင်းလုပ်ရလိမ့်မယ်။ ဒီတိုင်းပဲဆက်သွားနေမယ်ဆိုရင် ဘယ်သူမှအကျိုးအမြတ်မရတဲ့အပြင် ဒီတိုင်းပြည်ရော လူမျိုးရော အကုန်လုံး နစ်နာမှာဖြစ်တဲ့ အတွက် ကျနော်တို့ရခိုင်လူထုအနေနဲ့ စစ်ပွဲနဲ့ပတ်သက်ပြီးတော့ ဆက်လက်မဖြစ်ပွားဖို့ တောင်းဆိုမှု တခုတော့ လုပ်သင့်တယ်။ လုပ်ဖြစ်အောင်လည်း ကျနော်တို့အရပ်ဘက်လူမှု အဖွဲ့အစည်းတွေအနေနဲ့လည်း ကြိုးစားမယ်ဆိုတဲ့ ဆန္ဒသဘောထားကိုပဲ ကျနော်တို့က ဦးတည်ထားချင်တယ်။”

နှစ်ဘက် လက်နက်ကိုင်ကြားက တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေအတွက် လုံခြုံရေးကို ဥပဒေအရဖြစ်စေ၊ နယ်မြေအနေအထားအရဖြစ်စေ အကာအကွယ်မရှိဘူးလို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရွှေလှိုင်ရွာက ဒေသခံ ကိုထွန်းရွှေကတော့ လက်ရှိမှာ တိုက်ပွဲမရှိပေမယ့် တပ်မတော်စစ်ကြောင်းရှိနေတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ပြည်သူတွေအနေနဲ့ကတော့ အေးချမ်းချင်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ အခုက ကျောက်တော်မှာ စစ်ကြောင်းတွေအပြည့်ဆိုတော့ အလွန့်အလွန်ကို စိုးရိမ်ထိတ်လန့်နေရပါတယ် ခင်ဗျ။”

ရခိုင်ပြည်တွင်းမှာ နေထိုင်နေတဲ့ ဒေသခံတွေက သူတို့ရဲ့နယ်မြေမှာ တနှစ်ကျော်ကြာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြား လုံလောက်တဲ့ အစားအသောက်ထောက်ပံ့မှု မရကြပါဘူး။

ဒါ့အပြင် မြို့နယ်ဆေးရုံတွေကို လုံခြုံရေးအရ မသွားနိုင်ပဲ ဖြစ်နေချိန်မှာ ဖျားနာသူတွေ အတွက် ဆေးဝါးလုံလုံလောက်လောက် ရနိုင်ကြဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG