သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ရခုိင္ျပည္နယ္မွာ ဘာဆက္ျဖစ္မလဲ


ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာမွာ လံုၿခံဳေရးကင္းလွည့္ေနတဲ့ ျမန္မာတပ္ဖဲြ႔၀င္မ်ား (စက္တင္ဘာလ ၂၇၊ ၂၀၁၇)

Zawgyi/ Unicode

၂၀၂၀ ရခုိင္ျပည္နယ္မွာ ဘာဆက္ျဖစ္မလဲ
please wait

No media source currently available

0:00 0:07:12 0:00
တိုက္႐ိုက္ လင့္ခ္


ျပီးခဲ့တဲ့ ဒီဇင္ဘာ ၂၄ ရက္ေန႔က ရခုိင္ျပည္နယ္ ေျမပံုျမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ AA ရခိုင္တပ္ဖြဲ႕ တုိက္ပြဲေတြ ျဖစ္လို႔ ရြာသား ႏွစ္ေထာင္ေက်ာ္ေလာက္ ထြက္ေျပးျပီး ဒုကၡသည္ စခန္းေတြမွာ သြားခုိလွံဳၾကရပါတယ္။ ဒါဟာ ၂၀၁၉ ကုန္ခ်ိန္အထိ ရခုိင္ျပည္နယ္မွာ တိုက္ပြဲေတြ ဆက္ျဖစ္ပြား ေနတာကို ျပသလိုက္တာ ျဖစ္ျပီး ဒုကၡသည္ အရည္အတြက္ကလည္း တစ္သိန္းနီးပါး ေရာက္လာျပီလို႔ ကူညီေနတဲ့ အဖြဲ႕ေတြက ဆုိပါတယ္။ ၂၀၁၆-၁၇ ခုႏွစ္ ကတည္းက ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ ထြက္ေျပးသြားတဲ့ သန္းတစ္၀က္ေက်ာ္ ရွိမယ့္ မူလဆင္ ဒုကၡသည္ေတြလည္း ျမန္မာႏိုင္ငံထဲ ျပန္၀င္မလာၾကေသးပါဘူး။ အဲဒီအစား စစ္ေတြ ဒုကၡသည္ စခန္းမွာ ပိတ္မိေနတဲ့ မူဆလင္ ဒုကၡသည္ေတြ ရခုိင္ျပည္နယ္ ျပင္ပ ျမန္မာႏိုင္ငံ အတြင္းပိုင္းကို ခိုး၀င္ခ်ိန္ ဖမ္းဆီးခံရမွဳေတြကလည္း ဆက္တုိက္ဆိုသလို ျဖစ္ေနပါတယ္။ ရခုိင္ျပည္နယ္မွာ နဂို ရွိေနျပီးသား ျပသနာေတြ ေျပျငိမ္းမသြားတဲ့ အျပင္ ျပသနာေတြ ပဋိပကၡေတြ တစ္ခုျပီး တစ္ခု တုိးလာေနတာပဲ ေတြ႕ၾကရပါတယ္။ လာမယ့္ ၂၀၂၀ ခုႏွစ္ ရခုိင္ျပည္နယ္မွာ ဘာေတြ ဆက္ျဖစ္လာမလဲ ဆုိတာ ရခိုင္ျပည္နယ္ အတြက္ေရာ၊ ျမန္မာႏိုင္ငံ အတြက္ပါ စိုးရိမ္ပူပန္ဖို႔ ေကာင္းတဲ့ အေနအထားမ်ိဳးပါ။ အဲဒီအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

လာမယ့္ ၂၀၂၀ ထဲမွာလည္း ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ AA တပ္ဖြဲ႕ တုိက္ပြဲ ျဖစ္ပြားမွဳ ေလ်ာ့က်မယ့္ အရိပ္လကၡဏာ သိပ္ မေတြ႕ရပါဘူး။ အေၾကာင္းကေတာ့ လက္ရွိ တပ္မေတာ္ ေခါင္းေဆာင္ေတြနဲ႔ AA ထိပ္ပိုင္းေခါင္းေဆာင္ေတြရဲ႕ ေျပာဆုိခ်က္ေတြမွာ သူတုိ႔အေနနဲ႔ ရခုိင္ျပည္နယ္က စစ္ေရး ပဋိပကၡကေန ေနာက္ဆုတ္သြားမယ့္ အေနအထားမ်ိဳး ပါ၀င္တာ မေတြ႕ရလို႔ပါပဲ။ AA ဟာ အင္အား တစ္စံုတစ္ရာ ရွိျပီး လူထု ေထာက္ခံမွဳလည္း ရေနတာမို႔ တပ္မေတာ္ဘက္က လြယ္လြယ္ ႏွိမ္နင္းႏုိင္မွာ မဟုတ္ပါဘူး။ အျခားတစ္ဖက္မွာလည္း တပ္မေတာ္ဟာ တရား၀င္ တပ္မေတာ္တစ္ရပ္ ျဖစ္ေနတာ၊ ၾကည္း၊ေရ၊ ေလ တပ္ဖြဲ႕စံု ဖြဲ႕စည္းထားႏုိင္တာ၊ က်ယ္ျပန္႔တဲ့ အင္အား အရင္းအျမစ္ ရွိေနတာမို႔ တပ္မေတာ္ကို ရခုိင္ျပည္နယ္ ေျမာက္ပိုင္းက ထြက္ခြာသြားေအာင္ AA တပ္ဖြဲ႕က စြမ္းေဆာင္ႏုိင္မွာ မဟုတ္ပါဘူး။ အခုလို အေျခအေနမ်ိဳး လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက ကရင္ျပည္နယ္နဲ႔ ကခ်င္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ စစ္ပြဲေတြက သက္ေသ ျပခဲ့ျပီး ျဖစ္ပါတယ္။ အဲဒီမွာ ျဖစ္ပြားခဲ့တဲ့ စစ္ေရးပဋိပကၡေၾကာင့္ နစ္နာရသူေတြကေတာ့ ေဒသခံ တိုင္းရင္းသားေတြ ျဖစ္ျပီး အသက္ေသဆံုး ဒါဏ္ရာရၾကတာ၊ ဒုကၡသည္ စခန္းေတြေရာက္ျပီး ဘ၀ ေမွ်ာ္လင့္ခ်က္ မဲ့သြားတာမ်ိဳးလည္း ၾကံဳၾကရပါတယ္။ အဆိုးဆံုးကေတာ့ စစ္ပြဲ ရွည္ၾကာရင္ ရွည္ၾကာသေလာက္ ေဒသတြင္းက လူမ်ိဳးစု တစ္ခုလံုးရဲ႕ စီးပြားေရး၊ ပညာေရး၊ လူမွဳေရး အဖက္ဖက္က နိမ့္က်သြားခဲ့တာမ်ိဳးပါပဲ။

လက္ရွိ အခ်ိန္ထိ ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ ေရာက္သြားတဲ့ မူဆလင္ ဒုကၡသည္ေတြ တရား၀င္ ေနရပ္ ျပန္လာတာမ်ိဳး မရွိေသးတာေၾကာင့္ ျမန္မာအစိုးရ အေနနဲ႔ ႏိုင္ငံတကာ ဖိအားဒဏ္ေတြ ရင္ဆုိင္ေနရဆဲပါ။ ဒုကၡသည္ စခန္းကို ေရာက္သြားတဲ့ မူဆလင္ ဒုကၡသည္ေတြရဲ႕ အေနအထားဟာ ဘယ္လို အခြင့္အေရး၊ ဘယ္လို အေနအထားရမွ ျပန္လာမယ္ ေတာင္းဆုိျပီး ျမန္မာအစိုးရကို ႏုိင္ငံေရး တုိက္ပြဲ ဆင္တဲ့ ပံုသ႑ာန္မ်ိဳး ျဖစ္ေနတာေၾကာင့္ လြယ္လြယ္ ျပန္လာၾကလိမ့္မယ္လို႔ မေမွ်ာ္မွန္းႏိုင္ပါဘူး။ တကယ္လို႔မ်ား ကုလသမဂၢရဲ႕ ICJ အျပည္ျပည္ဆုိင္ရာ တရားရံုးကေန ဂ်ီႏိုဆိုက္ အမွဳမွာ ျမန္မာႏုိင္ငံအေပၚ ၾကားျဖတ္ အမိန္႔ တစ္ခုခု ခ်မွတ္ေပးလိုက္တယ္ ဆိုရင္ အဲဒီ ဒုကၡသည္ေတြ ျပန္လာေရး ျပသနာ ပိုၾကာ၊ ပိုဆုိးသြားႏိုင္စရာ အေၾကာင္း ရွိေနပါတယ္။

အဲဒီ သန္းတစ္၀က္ေက်ာ္ေလာက္ ရွိတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္လာေရး ျပသနာ မရွင္းႏုိင္ေသးခင္ လူတစ္သိန္းေလာက္ရွိမယ့္ စစ္ေတြ ဒုကၡသည္ စခန္းက မူဆလင္ တစ္ခ်ိဳ႕ လူေမွာင္ခိုကူးသူေတြ အကူအညီနဲ႔ ဧရာ၀တီတိုင္း၊ ပဲခူးတုိင္းကေန တဆင့္ ရန္ကုန္ဘက္ ထြက္ခြာတာ၊ ဥပေဒအရ အဲဒီလူေတြဟာ ခြင့္ျပဳခ်က္ မရွိပဲ ရခိုင္ျပည္နယ္ အျပင္ဘက္ သြားခြင့္မရွိဘူး ဆုိျပီး အာဏာပိုင္ေတြက ဖမ္းဆီး၊ တစ္ခ်ိဳ႕ကို ေထာင္ခ်၊ တစ္ခ်ိဳ႕ကို ေနရပ္ျပန္ပို႔ လုပ္ေနတာ စတာေတြ ေန႔စဥ္ရက္ဆက္ ျမင္ေတြ႕ေနၾကရပါတယ္။ ဒီျပသနာ၊ တစ္နည္းအားျဖင့္ စစ္ေတြဘက္က ဒုကၡသည္ စခန္း ဖ်က္သိမ္းေရး ျပသနာ ေျပလည္ေအာင္ မေျဖရွင္းႏုိင္ရင္ ႏိုင္ငံတကာကေန ေနာက္ထပ္ ေရာက္လာႏုိင္တဲ့ ျပသနာၾကီးတစ္ခု ျဖစ္သြားႏုိင္ပါတယ္။

ရခုိင္ျပည္နယ္မွာ တရုတ္နဲ႔ အိႏၵိယ ႏုိင္ငံေတြရဲ႕ စီမံကိန္းၾကီးေတြ ရွိေနပါတယ္။ AA တပ္ဖြဲ႕ဌာနခ်ဳပ္ဟာ တရုတ္နယ္စပ္မွာ အေျခစိုက္တာေၾကာင့္ တရုတ္ အစိုးရနဲ႔လည္း အဆက္အဆံ ရွိျပီး တရုတ္စီမံကိန္းေတြကို အေႏွာင့္အယွက္ေပးမွာ မဟုတ္တဲ့အတြက္ ရခုိင္ျပည္နယ္ထဲက တရုတ္ ရင္းႏွီးျမွဳပ္ႏွံမွဳေတြ ျပသနာ ၾကီးၾကီးမားမား ၾကံဳရမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အိႏိၵယႏုိင္ငံရဲ႕ ကုလားတန္ျမစ္ ဘက္စံု စီမံကိန္းၾကီးကေတာ့ AA နဲ႔ တပ္မေတာ္ တုိက္ပြဲေတြေၾကာင့္ လက္ရွိမွာကိုပဲ ျပသနာမ်ိဳးစံု ၾကံဳေနရျပီး ေနာက္ပိုင္း စီမံကိန္း အေကာင္အထည္ ေပၚလာေရးမွာလည္း အေႏွာင့္အယွက္ေတြ အမ်ားၾကီး ၾကံဳရႏုိင္ပါေသးတယ္။ အဲဒီလို ျပသနာေၾကာင့္ ရခုိင္ျပည္နယ္တြင္းမွာ ႏုိင္ငံတကာက တုိက္ရိုက္ရင္းႏွီးျမွဳပ္ႏွံမွဳေတြ ၀င္ေရာက္လာေရး ဆိုတာ ကိုလည္း ေလာေလာဆယ္ မေမွ်ာ္မွန္းႏုိင္ပါဘူး။

အေရးၾကီးတာက ျပည္သူေတြရဲ႕ စား၀တ္ေနေရး နဲ႔ ဖြံ႕ျဖိဳးေရး ဆုိင္ရာ ျပသနာပါ။ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသြားၾကတဲ့ ေမာင္ေတာခရိုင္ ေျမာက္ပိုင္းက မူဆလင္ေတြရဲ႕ ေဒသမွာေတာ့ ARSA အဖြဲ႕ရဲ႕ အၾကမ္းဖက္မွဳ၊ တပ္မေတာ္ရဲ႕ တန္ျပန္ႏွိမ္နင္းမွဳ၊ တဆက္တည္း အဘက္ဘက္ကေန လံုျခံဳေရး တင္းၾကပ္မွဳေတြေၾကာင့္ ၂၀၁၆ ေအာက္တိုဘာ ေနာက္ပိုင္းကတည္းက ေရလုပ္ငန္း အပါအ၀င္ သက္္ေမြး၀မ္းေက်ာင္း စီးပြားေရး လုပ္ငန္း အေတာ္မ်ားမ်ား ပ်က္စီးခဲ့ျပီးသား ျဖစ္ပါတယ္။ ခုတစ္ခါ AA နဲ႔ တပ္မေတာ္ တုိက္ပြဲေတြေၾကာင့္ အဲဒီ ဧရိယာထဲက ရခိုင္တိုင္းရင္းသား အေတာ္မ်ားမ်ား ဒုကၡသည္ စခန္းေတြမွာ သြားခိုလွံဳေနရသလို၊ မတည္ျငိမ္မွဳေၾကာင့္ က်န္သူေတြရဲ႕ စီးပြားေရး လုပ္ငန္းေတြလည္း က်ဆင္းျပီး က်ီးလန္႔စာစား အေျခအေန ေရာက္ကုန္ပါတယ္။ ဒီအတြက္ ဖြံ႕ျဖိဳးေရး ဆိုတာကိုလည္း ေမွ်ာ္မွန္းလို႔ ရႏုိင္ေတာ့မွာ မဟုတ္ပါဘူး။

အဲလို ျပသနာမ်ိဳးစံုနဲ႔ ၾကံဳေနရတဲ့ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းက ျပည္သူေတြကို ကယ္တင္ဖို႔ ဆုိရင္ AA နဲ႔ တပ္မေတာ္ အပစ္အခတ္ ရပ္စဲၾကဖို႔ လိုပါတယ္။ ပစ္ခိုက္တုိက္ခိုက္မွဳ မရပ္စဲႏုိင္မျခင္း၊ ႏိုင္ငံေရးျပသနာေတြကို စားပြဲ၀ိုင္းေပၚမွာ ေျဖရွင္းၾကဖို႔ စိတ္မ၀င္စားမျခင္း ျပသနာေတြ မေျပလည္ႏုိင္သလို၊ ျပည္သူေတြ ဆင္းရဲဒုကၡ ေရာက္ေနၾကဦးမွာ ျဖစ္ပါတယ္။

အျခားတစ္ဖက္မွာေတာ့ ျမန္မာ အစိုးရ အေနနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ေရာက္သြားတဲ့ မူဆလင္ ဒုကၡသည္ေတြ ျပန္လာေအာင္ မစြမ္းေဆာင္ႏုိင္ေသးတဲ့တုိင္၊ ေမာင္ေတာ ေျမာက္ပိုင္းမွာ က်န္ေနတဲ့ မူဆလင္ေတြ လူ႔အခြင့္အေရး ရလာေအာင္၊ သက္ေမြး၀မ္းေက်ာင္း လုပ္ငန္းေတြ ေကာင္းေကာင္းမြန္မြန္ လုပ္ႏုိင္ေအာင္ ဖန္တီးေပးရင္း ေဒသဖြံ႕ျဖိဳးေရး လုပ္ငန္းေတြ ဆက္အေကာင္အထည္ ေဖာ္ေပးရပါလိမ့္မယ္။ တစ္ျပိဳင္တည္း စစ္ေတြဘက္က ဒုကၡသည္ စခန္းေတြထဲ ေရာက္ေနတာ ၆ ႏွစ္ ၇ ႏွစ္ ရွိျပီျဖစ္တဲ့ တစ္သိန္း၀န္းက်င္ရွိမယ့္ မူဆလင္ ဒုကၡသည္ေတြအေရးကိုလည္း အခ်ိန္မဆြဲပဲ လက္ေတြ႕က်က် ေျဖရွင္း ေပးဖို႔ လိုပါလိမ့္မယ္။ အဲဒီလို ေျဖရွင္းရာမွာ အစိုးရအေနနဲ႔ တပ္မေတာ္ကိုေရာ၊ ရခုိင္တုိင္းရင္းသား ေခါင္းေဆာင္ေတြကိုပါ စည္းရံုးဆြဲေဆာင္ဖို႔ လိုပါလိမ့္မယ္။ ဒီလိုမွ မဟုတ္ပဲ ဘက္အသီးသီးက ပါ၀င္ပတ္သက္သူအားလံုး ကိုယ့္အယူအဆနဲ႔ကိုယ္ ပိုေနျမဲ က်ားေနျမဲ နဂိုအတုိင္း တုိက္ျမဲ ခုိက္ျမဲ လုပ္ကိုင္ျမဲ ဆိုရင္ေတာ့ ရခုိင္ျပည္နယ္ေျမာက္ပိုင္းဟာ စစ္အုပ္ခ်ဳပ္ေရးေအာက္ ေရာက္သြားတာ၊ ဒါမွမဟုတ္ ရခိုင္ဟာ က်ရွံုးျပည္နယ္ အဆင့္ ေရာက္သြားတာမ်ိဳး ျဖစ္လာႏုိင္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

-------------------

၂၀၂၀၊ ရခိုင်ပြည်နယ်မှာ ဘာဆက်ဖြစ်မလဲ
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ တပ်မတော်နဲ့ AA ရခိုင်တပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်လို့ ရွာသား နှစ်ထောင်ကျော်လောက် ထွက်ပြေးပြီး ဒုက္ခသည် စခန်းတွေမှာ သွားခိုလှုံကြရပါတယ်။ ဒါဟာ ၂၀၁၉ ကုန်ချိန်အထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွား နေတာကို ပြသလိုက်တာ ဖြစ်ပြီး ဒုက္ခသည် အရည်အတွက်ကလည်း တစ်သိန်းနီးပါး ရောက်လာပြီလို့ ကူညီနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။ ၂၀၁၆-၁၇ ခုနှစ် ကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားတဲ့ သန်းတစ်ဝက်ကျော် ရှိမယ့် မူလဆင် ဒုက္ခသည်တွေလည်း မြန်မာနိုင်ငံထဲ ပြန်ဝင်မလာကြသေးပါဘူး။ အဲဒီအစား စစ်တွေ ဒုက္ခသည် စခန်းမှာ ပိတ်မိနေတဲ့ မူဆလင် ဒုက္ခသည်တွေ ရခိုင်ပြည်နယ် ပြင်ပ မြန်မာနိုင်ငံ အတွင်းပိုင်းကို ခိုးဝင်ချိန် ဖမ်းဆီးခံရမှုတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ နဂို ရှိနေပြီးသား ပြသနာတွေ ပြေငြိမ်းမသွားတဲ့ အပြင် ပြသနာတွေ ပဋိပက္ခတွေ တစ်ခုပြီး တစ်ခု တိုးလာနေတာပဲ တွေ့ကြရပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ရခိုင်ပြည်နယ် အတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ စိုးရိမ်ပူပန်ဖို့ ကောင်းတဲ့ အနေအထားမျိုးပါ။ အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
လာမယ့် ၂၀၂၀ ထဲမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျမယ့် အရိပ်လက္ခဏာ သိပ် မတွေ့ရပါဘူး။ အကြောင်းကတော့ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေနဲ့ AA ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေမှာ သူတို့အနေနဲ့ ရခိုင်ပြည်နယ်က စစ်ရေး ပဋိပက္ခကနေ နောက်ဆုတ်သွားမယ့် အနေအထားမျိုး ပါဝင်တာ မတွေ့ရလို့ပါပဲ။ AA ဟာ အင်အား တစ်စုံတစ်ရာ ရှိပြီး လူထု ထောက်ခံမှုလည်း ရနေတာမို့ တပ်မတော်ဘက်က လွယ်လွယ် နှိမ်နင်းနိုင်မှာ မဟုတ်ပါဘူး။ အခြားတစ်ဖက်မှာလည်း တပ်မတော်ဟာ တရားဝင် တပ်မတော်တစ်ရပ် ဖြစ်နေတာ၊ ကြည်း၊ရေ၊ လေ တပ်ဖွဲ့စုံ ဖွဲ့စည်းထားနိုင်တာ၊ ကျယ်ပြန့်တဲ့ အင်အား အရင်းအမြစ် ရှိနေတာမို့ တပ်မတော်ကို ရခိုင်ပြည်နယ် မြောက်ပိုင်းက ထွက်ခွာသွားအောင် AA တပ်ဖွဲ့က စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ အခုလို အခြေအနေမျိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေက သက်သေ ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခကြောင့် နစ်နာရသူတွေကတော့ ဒေသခံ တိုင်းရင်းသားတွေ ဖြစ်ပြီး အသက်သေဆုံး ဒါဏ်ရာရကြတာ၊ ဒုက္ခသည် စခန်းတွေရောက်ပြီး ဘ၀ မျှော်လင့်ချက် မဲ့သွားတာမျိုးလည်း ကြုံကြရပါတယ်။ အဆိုးဆုံးကတော့ စစ်ပွဲ ရှည်ကြာရင် ရှည်ကြာသလောက် ဒေသတွင်းက လူမျိုးစု တစ်ခုလုံးရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အဖက်ဖက်က နိမ့်ကျသွားခဲ့တာမျိုးပါပဲ။
လက်ရှိ အချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်သွားတဲ့ မူဆလင် ဒုက္ခသည်တွေ တရားဝင် နေရပ် ပြန်လာတာမျိုး မရှိသေးတာကြောင့် မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ ဖိအားဒဏ်တွေ ရင်ဆိုင်နေရဆဲပါ။ ဒုက္ခသည် စခန်းကို ရောက်သွားတဲ့ မူဆလင် ဒုက္ခသည်တွေရဲ့ အနေအထားဟာ ဘယ်လို အခွင့်အရေး၊ ဘယ်လို အနေအထားရမှ ပြန်လာမယ် တောင်းဆိုပြီး မြန်မာအစိုးရကို နိုင်ငံရေး တိုက်ပွဲ ဆင်တဲ့ ပုံသဏ္ဍာန်မျိုး ဖြစ်နေတာကြောင့် လွယ်လွယ် ပြန်လာကြလိမ့်မယ်လို့ မမျှော်မှန်းနိုင်ပါဘူး။ တကယ်လို့များ ကုလသမဂ္ဂရဲ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးကနေ ဂျီနိုဆိုက် အမှုမှာ မြန်မာနိုင်ငံအပေါ် ကြားဖြတ် အမိန့် တစ်ခုခု ချမှတ်ပေးလိုက်တယ် ဆိုရင် အဲဒီ ဒုက္ခသည်တွေ ပြန်လာရေး ပြသနာ ပိုကြာ၊ ပိုဆိုးသွားနိုင်စရာ အကြောင်း ရှိနေပါတယ်။
အဲဒီ သန်းတစ်ဝက်ကျော်လောက် ရှိတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေး ပြသနာ မရှင်းနိုင်သေးခင် လူတစ်သိန်းလောက်ရှိမယ့် စစ်တွေ ဒုက္ခသည် စခန်းက မူဆလင် တစ်ချို့ လူမှောင်ခိုကူးသူတွေ အကူအညီနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းကနေ တဆင့် ရန်ကုန်ဘက် ထွက်ခွာတာ၊ ဥပဒေအရ အဲဒီလူတွေဟာ ခွင့်ပြုချက် မရှိပဲ ရခိုင်ပြည်နယ် အပြင်ဘက် သွားခွင့်မရှိဘူး ဆိုပြီး အာဏာပိုင်တွေက ဖမ်းဆီး၊ တစ်ချို့ကို ထောင်ချ၊ တစ်ချို့ကို နေရပ်ပြန်ပို့ လုပ်နေတာ စတာတွေ နေ့စဉ်ရက်ဆက် မြင်တွေ့နေကြရပါတယ်။ ဒီပြသနာ၊ တစ်နည်းအားဖြင့် စစ်တွေဘက်က ဒုက္ခသည် စခန်း ဖျက်သိမ်းရေး ပြသနာ ပြေလည်အောင် မဖြေရှင်းနိုင်ရင် နိုင်ငံတကာကနေ နောက်ထပ် ရောက်လာနိုင်တဲ့ ပြသနာကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။
ရခိုင်ပြည်နယ်မှာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေရဲ့ စီမံကိန်းကြီးတွေ ရှိနေပါတယ်။ AA တပ်ဖွဲ့ဌာနချုပ်ဟာ တရုတ်နယ်စပ်မှာ အခြေစိုက်တာကြောင့် တရုတ် အစိုးရနဲ့လည်း အဆက်အဆံ ရှိပြီး တရုတ်စီမံကိန်းတွေကို အနှောင့်အယှက်ပေးမှာ မဟုတ်တဲ့အတွက် ရခိုင်ပြည်နယ်ထဲက တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ပြသနာ ကြီးကြီးမားမား ကြုံရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ ကုလားတန်မြစ် ဘက်စုံ စီမံကိန်းကြီးကတော့ AA နဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် လက်ရှိမှာကိုပဲ ပြသနာမျိုးစုံ ကြုံနေရပြီး နောက်ပိုင်း စီမံကိန်း အကောင်အထည် ပေါ်လာရေးမှာလည်း အနှောင့်အယှက်တွေ အများကြီး ကြုံရနိုင်ပါသေးတယ်။ အဲဒီလို ပြသနာကြောင့် ရခိုင်ပြည်နယ်တွင်းမှာ နိုင်ငံတကာက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာရေး ဆိုတာ ကိုလည်း လောလောဆယ် မမျှော်မှန်းနိုင်ပါဘူး။
အရေးကြီးတာက ပြည်သူတွေရဲ့ စားဝတ်နေရေး နဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ ပြသနာပါ။ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြတဲ့ မောင်တောခရိုင် မြောက်ပိုင်းက မူဆလင်တွေရဲ့ ဒေသမှာတော့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှု၊ တပ်မတော်ရဲ့ တန်ပြန်နှိမ်နင်းမှု၊ တဆက်တည်း အဘက်ဘက်ကနေ လုံခြုံရေး တင်းကြပ်မှုတွေကြောင့် ၂၀၁၆ အောက်တိုဘာ နောက်ပိုင်းကတည်းက ရေလုပ်ငန်း အပါအဝင် သက်မွေးဝမ်းကျောင်း စီးပွားရေး လုပ်ငန်း အတော်များများ ပျက်စီးခဲ့ပြီးသား ဖြစ်ပါတယ်။ ခုတစ်ခါ AA နဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် အဲဒီ ဧရိယာထဲက ရခိုင်တိုင်းရင်းသား အတော်များများ ဒုက္ခသည် စခန်းတွေမှာ သွားခိုလှုံနေရသလို၊ မတည်ငြိမ်မှုကြောင့် ကျန်သူတွေရဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ကျဆင်းပြီး ကျီးလန့်စာစား အခြေအနေ ရောက်ကုန်ပါတယ်။ ဒီအတွက် ဖွံ့ဖြိုးရေး ဆိုတာကိုလည်း မျှော်မှန်းလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။
အဲလို ပြသနာမျိုးစုံနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြည်သူတွေကို ကယ်တင်ဖို့ ဆိုရင် AA နဲ့ တပ်မတော် အပစ်အခတ် ရပ်စဲကြဖို့ လိုပါတယ်။ ပစ်ခိုက်တိုက်ခိုက်မှု မရပ်စဲနိုင်မခြင်း၊ နိုင်ငံရေးပြသနာတွေကို စားပွဲဝိုင်းပေါ်မှာ ဖြေရှင်းကြဖို့ စိတ်မဝင်စားမခြင်း ပြသနာတွေ မပြေလည်နိုင်သလို၊ ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်နေကြဦးမှာ ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ မြန်မာ အစိုးရ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်သွားတဲ့ မူဆလင် ဒုက္ခသည်တွေ ပြန်လာအောင် မစွမ်းဆောင်နိုင်သေးတဲ့တိုင်၊ မောင်တော မြောက်ပိုင်းမှာ ကျန်နေတဲ့ မူဆလင်တွေ လူ့အခွင့်အရေး ရလာအောင်၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ကောင်းကောင်းမွန်မွန် လုပ်နိုင်အောင် ဖန်တီးပေးရင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်အကောင်အထည် ဖော်ပေးရပါလိမ့်မယ်။ တစ်ပြိုင်တည်း စစ်တွေဘက်က ဒုက္ခသည် စခန်းတွေထဲ ရောက်နေတာ ၆ နှစ် ၇ နှစ် ရှိပြီဖြစ်တဲ့ တစ်သိန်းဝန်းကျင်ရှိမယ့် မူဆလင် ဒုက္ခသည်တွေအရေးကိုလည်း အချိန်မဆွဲပဲ လက်တွေ့ကျကျ ဖြေရှင်း ပေးဖို့ လိုပါလိမ့်မယ်။ အဲဒီလို ဖြေရှင်းရာမှာ အစိုးရအနေနဲ့ တပ်မတော်ကိုရော၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကိုပါ စည်းရုံးဆွဲဆောင်ဖို့ လိုပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ပဲ ဘက်အသီးသီးက ပါဝင်ပတ်သက်သူအားလုံး ကိုယ့်အယူအဆနဲ့ကိုယ် ပိုနေမြဲ ကျားနေမြဲ နဂိုအတိုင်း တိုက်မြဲ ခိုက်မြဲ လုပ်ကိုင်မြဲ ဆိုရင်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ စစ်အုပ်ချုပ်ရေးအောက် ရောက်သွားတာ၊ ဒါမှမဟုတ် ရခိုင်ဟာ ကျရှုံးပြည်နယ် အဆင့် ရောက်သွားတာမျိုး ဖြစ်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG