သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ သဇင္ၿမိဳင္ရဲကင္းက နယ္ျခားေစာင့္ရဲ (၂)ဦးေပ်ာက္ဆုံးေန


(Zawgyi / Unicode)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕က နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ ၄ဦး မေန႔က တိုက္ခိုက္ခံရၿပီး ၂ဦးက အခုအခ်ိန္အထိ ေပ်ာက္ဆုံးေနဆဲျဖစ္ပါတယ္။ တပ္မေတာ္ဘက္ကေတာ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ ရဲ႕ တိုက္ခိုက္မႈလို႔ ေျပာေပမဲ့၊ AA ဘက္ကေတာ့ ဒါကို ျငင္းဆိုထားပါတယ္။ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေပးပို႔ထားပါတယ္။

ဇန္နဝါ ၂ရက္က ရေသ့ေတာင္ၿမိဳ႕နယ္ သဇင္ၿမိဳင္နယ္ျခားေစာင့္ ရဲကင္းစခန္းက တပ္သား ၄ေယာက္ဟာ ၇မိုင္ေဝးတဲ့ ေစတီျပင္နယ္ျခားေစာင့္ ရဲစခန္းမွာ လစာသြားထုတ္ၿပီး အျပန္မွာ တိုက္ခိုက္ ခံရတာလို႔ဆိုပါတယ္။ ၂ဦးကေတာ့ အခုအခ်ိန္အထိ ေပ်ာက္ဆုံးေနဆဲျဖစ္ၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ တိုက္ခိုက္မႈျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ မေန႔ကကြၽန္ေတာ္တို႔သဇင္ၿမိဳင္ရဲစခန္းကေနၿပီးေတာ့လစာသြားထုတ္တဲ့ ရဲဝန္ထမ္း(၄)ေယာက္ေပါ့။ အဲဒီေစတီျပင္မွာ လစာသြားထုတ္တယ္။ ေစတီျပင္အေနာက္ေျမာက္ဖက္ မီတာ(၃၀၀၀)ေလာက္မွာေတာ့ AAအဖြဲ႕ကေနပစ္ခတ္ခဲ့တာ ရွိတယ္။ အဲဒီကေနလူစုကြဲၿပီးေတာ့ ႏွစ္ေယာက္ကေတာ့ သဇင္ၿမိဳင္ကို ျပန္ေရာက္တယ္။ ႏွစ္ေယာက္ကေတာ့ ခုခ်ိန္ထိ ေပ်ာက္ဆုံးေနတုန္းဘဲ။ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ တပ္ကေတာ့လိုက္ရွာေနဆဲဘဲရွိတယ္။”

ရခိုင္လက္နက္ကိုင္ AA ရဲ႕ ေျပာခြင့္ရ ခိုင္သုခကေတာ့ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး သူတို႔မသိရေသးေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ ဘာမွမသိေသးဘူး။ ျဖစ္ႏိုင္တာကေတာ့ လစာသြားထုတ္တဲ့သူဆိုရင္ သူပိုက္ဆံယူၿပီးေတာ့ ေျပးသြားတာလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္တယ္ေပါ့။ သူတို႔မွာ တျခားအေၾကာင္းေတြ ရွိႏိုင္တာေပါ့။”

ေျမာက္ပိုင္းညီေနာင္မဟာမိတ္သုံးဖြဲ႕ျဖစ္တဲ့ ရခိုင္လက္နက္ကိုင္ AA၊ တေအာင္းလက္နက္ကိုင္ TNLA နဲ႔ ကိုးကန႔္အဖြဲ႕ MNDAA တို႔ဟာ အပစ္အခတ္ ရပ္စဲေရးစာခ်ဳပ္ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ဇန္နဝါရီ ၁ရက္ကစၿပီး ၂လတာ တဖက္သတ္ အပစ္ရပ္ေၾကာင္း ေၾကညာထားပါတယ္။ ဒါေပမဲ့လည္း ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ ဒီရက္ပိုင္း တိုက္ပြဲေတြေန႔တိုင္းရွိေနတယ္လို႔ ရခိုင္လက္နက္ကိုင္ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA ႏွစ္ဘက္စလုံးဟာ သူတို႔လုံၿခဳံေရးအေျခအေနအရ လူတခ်ိဳ႕ကို ဖမ္းဆီး စစ္ေဆးတာမ်ိဳးေတြရွိခဲ့ပါတယ္။ တခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့သလို တခ်ိဳ႕ကေတာ့ စစ္ေဆးေနဆဲမွာပဲ ေသဆုံးခဲ့တာမ်ိဳးလည္းရွိပါတယ္။ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံးက အၾကမ္းဖ်ဥ္း ေကာက္ယူထားတဲ့ စာရင္းအရဆိုရင္ တပ္မေတာ္ဘက္က ဖမ္းဆီးထားတဲ့ အေရအတြက္ဟာ ၂၇၀ ေက်ာ္ရွိၿပီး၊ ရခိုင္လက္နက္ကိုင္ AA ဘက္က ဖမ္းဆီးထားတဲ့သူက ၅၀ ဝန္းက်င္ရွိပါတယ္။

တပ္မေတာ္နဲ႔ ရခိုင္လက္လက္နက္ကိုင္ AA ၾကားတိုက္ပြဲေတြေၾကာင့္ အရပ္သား ၉၀ေက်ာ္ ေသဆုံးခဲ့ၿပီး ၁၂၀ေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ စစ္ေရွာင္ဦးေရကလည္း ၁သိန္းဝန္းက်င္ထိရွိလာေနၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

ရသေ့တောင် သဇင်မြိုင်ရဲကင်းက နယ်ခြားစောင့်ရဲ (၂)ဦးပျောက်ဆုံးနေ

(Unicode)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၄ဦး မနေ့က တိုက်ခိုက်ခံရပြီး ၂ဦးက အခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ တပ်မတော်ဘက်ကတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ရဲ့ တိုက်ခိုက်မှုလို့ ပြောပေမဲ့၊ AA ဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပေးပို့ထားပါတယ်။

ဇန်နဝါ ၂ရက်က ရသေ့တောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့် ရဲကင်းစခန်းက တပ်သား ၄ယောက်ဟာ ၇မိုင်ဝေးတဲ့ စေတီပြင်နယ်ခြားစောင့် ရဲစခန်းမှာ လစာသွားထုတ်ပြီး အပြန်မှာ တိုက်ခိုက် ခံရတာလို့ဆိုပါတယ်။ ၂ဦးကတော့ အခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ မနေ့ကကျွန်တော်တို့သဇင်မြိုင်ရဲစခန်းကနေပြီးတော့လစာသွားထုတ်တဲ့ ရဲဝန်ထမ်း(၄)ယောက်ပေါ့။ အဲဒီစေတီပြင်မှာ လစာသွားထုတ်တယ်။ စေတီပြင်အနောက်မြောက်ဖက် မီတာ(၃၀၀၀)လောက်မှာတော့ AAအဖွဲ့ကနေပစ်ခတ်ခဲ့တာ ရှိတယ်။ အဲဒီကနေလူစုကွဲပြီးတော့ နှစ်ယောက်ကတော့ သဇင်မြိုင်ကို ပြန်ရောက်တယ်။ နှစ်ယောက်ကတော့ ခုချိန်ထိ ပျောက်ဆုံးနေတုန်းဘဲ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တပ်ကတော့လိုက်ရှာနေဆဲဘဲရှိတယ်။”

ရခိုင်လက်နက်ကိုင် AA ရဲ့ ပြောခွင့်ရ ခိုင်သုခကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး သူတို့မသိရသေးကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှမသိသေးဘူး။ ဖြစ်နိုင်တာကတော့ လစာသွားထုတ်တဲ့သူဆိုရင် သူပိုက်ဆံယူပြီးတော့ ပြေးသွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်ပေါ့။ သူတို့မှာ တခြားအကြောင်းတွေ ရှိနိုင်တာပေါ့။”

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA၊ တအောင်းလက်နက်ကိုင် TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA တို့ဟာ အပစ်အခတ် ရပ်စဲရေးစာချုပ် အကောင်အထည်ဖော်နိုင်ဖို့ ဇန်နဝါရီ ၁ရက်ကစပြီး ၂လတာ တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာထားပါတယ်။ ဒါပေမဲ့လည်း ရခိုင်မြောက်ပိုင်း မြို့နယ်တချို့မှာ ဒီရက်ပိုင်း တိုက်ပွဲတွေနေ့တိုင်းရှိနေတယ်လို့ ရခိုင်လက်နက်ကိုင် ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA နှစ်ဘက်စလုံးဟာ သူတို့လုံခြုံရေးအခြေအနေအရ လူတချို့ကို ဖမ်းဆီး စစ်ဆေးတာမျိုးတွေရှိခဲ့ပါတယ်။ တချို့ကို ပြန်လွှတ်ပေးခဲ့သလို တချို့ကတော့ စစ်ဆေးနေဆဲမှာပဲ သေဆုံးခဲ့တာမျိုးလည်းရှိပါတယ်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက အကြမ်းဖျဉ်း ကောက်ယူထားတဲ့ စာရင်းအရဆိုရင် တပ်မတော်ဘက်က ဖမ်းဆီးထားတဲ့ အရေအတွက်ဟာ ၂၇၀ ကျော်ရှိပြီး၊ ရခိုင်လက်နက်ကိုင် AA ဘက်က ဖမ်းဆီးထားတဲ့သူက ၅၀ ဝန်းကျင်ရှိပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်လက်နက်ကိုင် AA ကြားတိုက်ပွဲတွေကြောင့် အရပ်သား ၉၀ကျော် သေဆုံးခဲ့ပြီး ၁၂၀ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်ရှောင်ဦးရေကလည်း ၁သိန်းဝန်းကျင်ထိရှိလာနေပြီဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG