(Zawgyi/Unicode)
တပ္မေတာ္နဲ႔ စစ္ေရးတင္းမာေနတဲ့ တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔ ၃ ဖဲြ႔က ၂ လတာ တဖက္သတ္ အပစ္အခတ္ ရပ္စဲလုိက္ေၾကာင္း ဒီကေန႔ ၂၀၂၀ ျပည့္ ႏွစ္သစ္မွာပဲ ေၾကညာလုိက္ပါတယ္။ တပ္မေတာ္ဘက္ကေတာ့ ေၾကညာ ခ်က္အေပၚ သတိထား ႀကိဳဆုိခဲ့တာပါ။ အျပည့္အစုံကုိေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ဗြီအုိေအ ျမန္မာပုိင္း သတင္း ေထာက္ ႏုိင္ကြမ္းအိန္က သတင္းေပးပုိ႔ ထားပါတယ္။
လက္ရွိျမန္မာစစ္တပ္နဲ႕ တိုက္ပြဲျဖစ္ပြားေနဆဲျဖစ္တဲ့ ညီေနာင္မဟာမိတ္(၃)ဖြဲ ႕ျဖစ္တဲ့ ကိုးကန္႕တပ္ဖြဲ႕MNDAA၊ ရခိုင္ လက္နက္ကိုင္အဖြဲ႕ AA၊ တအာင္း ပေလာင္တပ္ဖြဲ႕TNLA တို႕က (၂)လတာတဖက္သတ္အပစ္ရပ္စဲမယ္လို႔တအာင္းပေလာင္တပ္ဖြဲ႕ TNLA ျပန္ၾကားေရး တာ၀န္ခံ ဗို္လ္မွဴးတာအိုက္ေက်ာ္က အခုလို ေျပာပါတယ္။
“ကြ်န္ေတာ္တို႕ဒီေရွ႕ဆက္ၿပီး (၂၀၂၀)မွာ တိုက္ပြဲေတြမျဖစ္ေအာင္ ကြ်န္ေတာ္တို႕ဒီ Bilateral ကို လက္မွတ္အရင္ ထိုးနိုင္ဖို႕အတြက္ လူထုေတြျငိမ္းခ်မ္းေရး ခံစားနိုင္ဖို႕အတြက္ ကြ်န္ေတာ္တို႕က ကနဦးေျခလွမ္း ပုံစံနဲ႕(၂)လ တိုက္ပြဲ ပစ္ခတ္မွဳ မရွိေအာင္ ကြ်န္ေတာ္တို႕က ရပ္မယ္လို႕ ကြ်န္ေတာ္တို႕ထုတ္ျပန္ေၾကညာတာ ျဖစ္တယ္။”
ညီေနာင္ မဟာမိတ္ ၃ဖြဲ႕ ဟာ ၂၀၁၉ခုႏွစ္ စက္တင္ဘာ ၉ ရက္ကေန ေအာက္တိုဘာ ၈ ရက္ အထိ တလၾကာ ပထမ အၾကိမ္အပစ္ရပ္ ေၾကညာခဲ့ၿပီး၊ ဒုတိယ အႀကိမ္အေနနဲ႕စက္တင္ဘာ ၂၀ ရက္ကေန ဒီဇင္ဘာ ထိထပ္မံတိုးျမင့္ ေၾကညာခဲ့ပါတယ္။ အခုအၾကိမ္မွာ ဒီလကေန ေဖေဖၚ၀ါရီလကုန္ အထိတဖက္သတ္ အပစ္ရပ္ဆိုင္းေၾကာင္း တတိယအၾကိမ္ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။
ညီေနာင္မဟာမိတ္(၃)ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး တပ္မေတာ္ဘက္က သေဘာထားကိုသိရွိဖို႕ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္း ရာမွာ အခုလိုေျပာပါတယ္။
“ကြ်န္ေတာ္တို႕တပ္မေတာ္အေနနဲ႕ကလဲ ျငိမ္းခ်မ္းေရးအတြက္က တံခါးဖြင့္ ေပးေနတာျဖစ္တယ္။ ဒီ(၂၀၂၀)ျပည့္ႏွစ္မွာ ျငိမ္းခ်မ္းေရးအတြက္ ပိုၿပီးေကာင္းမြန္ တဲ့ေနရာကို ဦးတည္ၿပီး သြားနိုင္တယ္ဆိုရင္ေတာ့ ဒီထုတ္ျပန္ခ်က္နဲ႕ပက္သက္ၿပီး ကြ်န္ေတာ္တို႕က ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ အက်ိဳးျဖစ္ထြန္းမယ္လို႕ ျမင္ပါတယ္။ သို႕ေသာ္အေျပာနဲ႕ အလုပ္မညီ ဘဲနဲ႕ အင္အားတည္ေဆာက္ဖို႕ နယ္ေျမတည္ေဆာက္ဖို႕ နိုင္ငံေရးအရ အသာစီးရဖို႕ ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္မ်ိဳး ဆိုရင္ ေတာ့ ဒီဟာသည္ ယခင္အတိုင္းဘဲ အလုပ္ျဖစ္နိုင္မွာ မဟုတ္ဘူး ဆိုတာ ေတာ့ ကြ်န္ေတာ္ ေျပာခ်င္ပါတယ္။”
ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ၾသဂုတ္လကုန္ပိုင္းမွာ ျမန္မာအစိုးရNRPC ကိုယ္စားလွယ္အဖဲြ႕နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕တို႕ ေတြ႕ဆုံမွဳမွာ လက္ရွိျဖစ္ပြားေနတဲ့တိုက္ပြဲေတြ အျမန္ ရပ္တန္႕ေရး ပစ္ခတ္တိုက္ခိုက္မူ ရပ္စဲေရး စာခ်ဳပ္အျမန္ ေရးထိုးနိုင္ေရး ကိစၥေတြကိုေဆြေႏြးခဲ့ၾကေပမဲ့ သေဘာတူညီခ်က္မရရွိခဲ့ပါဘူး။ တပ္မေတာ္ ဘက္ကေရာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြဘက္ကပါ အပစ္ရပ္စဲေၾကာင္း အၾကိမ္ၾကိမ္ထုတ္ျပန္ခဲ့ ေပမဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသနဲ႕ရခိုင္ျပည္နယ္အတြင္းမွာ တိုက္ပြဲေတြ ကေတာ့ျဖစ္ေနဆဲျဖစ္ပါတယ္။
AA ရခိုင္လက္နက္ကိုင္အဖြဲ႕ေျပာခြင့္ရခိုင္သုခကေတာ့ အခုလိုတိုက္ပြဲေတြ ျဖစ္ပြားေနရတာဟာ တပ္မေတာ္ဘက္ကထိုးစစ္ဆင္လို႕ ျဖစ္ေၾကာင္း ေျပာပါတယ္။
“အရင္အၾကိမ္ေတြတုန္းကေတာ့ ျမန္မာစစ္တပ္ဘက္ကေတာ့ ထိုးစစ္ေတြ သူတို႕ပိုၿပီးေတာ့ လုပ္တဲ့အခါက်ေတာ့ ကြ်န္ေတာ္ တို႕ဘက္ ကလဲဒါကိုခုခံရတဲ့ အေနအထားေတြ အမ်ားၾကီးရွိပါတယ္။
တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ အပစ္ရပ္စဲေၾကာင္းထုတ္ျပန္ေပမဲ့ တိုက္ခိုက္မွဳေတြရွိေနဆဲ အေျခအေနနဲ႕ ပက္သက္ ၿပီး အခုလိုေျပာပါတယ္။
“အပစ္ရပ္စဲေရးကာလကြ်န္ေတာ္တို႕ေဆြးေႏြးတယ္။ ေဆြးေႏြးတဲ့အခါမွာလဲ မယ္မယ္ရရ အေျဖမထြက္ဘူး။ ဒါနဲ႕ဘဲ ကြ်န္ ေတာ္တို႕လမ္းဆုံးသြားတာေပါ့။ ဒါေတြကကြ်န္ေတာ္တို႕ တပ္မေတာ္ရဲ႕အပစ္ခတ္ရပ္စဲေရးကာလေပါ့။ အဲဒီေနာက္ ပိုင္းၿပီး မွ သူတို႕က တလလား သူတို႕ထုတ္ခဲ့တာရွိတယ္။ အဲဒီမွာလည္း တိုက္ခိုက္မွဳေတြေပၚလာတယ္။ ၿပီးရင္ေတာ့ ကြ်န္ေတာ္တို႕ ထုံးစံအတိုင္းတပ္မေတာ္ကတိုက္ခိုက္လို႕ ဆိုတဲ့ ဟာမ်ိဳးစြပ္စြဲတာေပါ့။
နိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ အျပန္အလွန္ နားလည္မႈ ယူႏိုင္ဖို႔ ႏွစ္ဖက္ မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆံု ေဆြးေႏြးဖို႔ လိုအပ္ေနတယ္လို႔ သုံးသပ္ပါတယ္။
“တဖက္သတ္အပစ္ရပ္ေရးအေၾကာင္းကို တဖက္ဆီကေန အျပန္အလွန္ ေၾကညာေနတာေတြဟာ နိုင္ငံေရးအရဘဲ အသာ စီးယူဖို႕ အခ်က္ဘဲ ကြ်န္ေတာ္ျမင္ပါတယ္။ တကယ္တမ္း အဲဒီအျပန္အလွန္ေၾကညာခ်က္ေတြ ထုတ္ေနတာဟာ လက္ေတြ႕ မွာ အပစ္ခတ္ရပ္စဲေရးကို ဘာမွသက္ေရာက္မွဳမရွိပါဘူး။ လက္ေတြ႕မွာ အပစ္ခတ္ရပ္စဲေရးလုပ္ခ်င္လို႕ရိွရင္ တပ္ေနရာခ် ထားေရးအပါအ၀င္ လက္ငင္းေျမျပင္တပ္ေတြရွိေနတဲ့အေျခအေနကိုသုံးသပ္ၿပီးေတာ့ ႏွစ္ဖက္ တပ္ဘက္ ဆိုင္ရာ ေခါင္း ေဆာင္ေတြေတြ႕ဆုံၿပီးေတာ့ ေဆြးေႏြးၿပီးေတာ့ေျဖရွင္းမွဘဲရမယ္။”
ဒီကေန႕ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ညီေနာင္မဟာမိတ္ (၃)ဖြဲ႕အေနနဲ႕ အပစ္ခတ္ရပ္ဆိုင္းေရးဆိုင္ရာ စာခ်ဳပ္နဲ႕၂၀၂၀ ေရြးေကာက္ပြဲမွာ ၿငိမ္းခ်မ္းတဲ့ပတ္ဝန္းက်င္ကို တည္ေဆာက္ၿပီးၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ဖို႕အတြက္ တစ္ဖက္ သတ္အပစ္္ရပ္ဆိုင္းတာ ျဖစ္တယ္လို႕ ေဖာ္ျပထားပါတယ္။ ဘယ္နယ္ေျမေတြမွာ တုိက္ခုိက္မႈ ေတြ ရပ္မယ္ဆုိတာေတာ့ ထုတ္ျပန္ခ်က္မွာ တိတိက်က်ေဖၚျပထားတာမရွိပါဘူး။
ဒါေပမဲ့ ျမန္မာ့တပ္မေတာ္ ဘက္က ထိုးစစ္ဆင္လာရင္ ေတာ့ ခုခံကာကြယ္သြား မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
.............
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တဖက်သတ်အပစ်ရပ်ကြေညာ
(Unicode)
တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က ၂ လတာ တဖက်သတ် အပစ်အခတ် ရပ်စဲလိုက်ကြောင်း ဒီကနေ့ ၂၀၂၀ ပြည့် နှစ်သစ်မှာပဲ ကြေညာလိုက်ပါတယ်။ တပ်မတော်ဘက်ကတော့ ကြေညာ ချက်အပေါ် သတိထား ကြိုဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်း ထောက် နိုင်ကွမ်းအိန်က သတင်းပေးပို့ ထားပါတယ်။
လက်ရှိမြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့MNDAA၊ ရခိုင် လက်နက်ကိုင်အဖွဲ့ AA၊ တအာင်း ပလောင်တပ်ဖွဲ့TNLA တို့က (၂)လတာတဖက်သတ်အပစ်ရပ်စဲမယ်လို့တအာင်းပလောင်တပ်ဖွဲ့ TNLA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က အခုလို ပြောပါတယ်။
“ကျွန်တော်တို့ဒီရှေ့ဆက်ပြီး (၂၀၂၀)မှာ တိုက်ပွဲတွေမဖြစ်အောင် ကျွန်တော်တို့ဒီ Bilateral ကို လက်မှတ်အရင် ထိုးနိုင်ဖို့အတွက် လူထုတွေငြိမ်းချမ်းရေး ခံစားနိုင်ဖို့အတွက် ကျွန်တော်တို့က ကနဦးခြေလှမ်း ပုံစံနဲ့(၂)လ တိုက်ပွဲ ပစ်ခတ်မှု မရှိအောင် ကျွန်တော်တို့က ရပ်မယ်လို့ ကျွန်တော်တို့ထုတ်ပြန်ကြေညာတာ ဖြစ်တယ်။”
ညီနောင် မဟာမိတ် ၃ဖွဲ့ ဟာ ၂၀၁၉ခုနှစ် စက်တင်ဘာ ၉ ရက်ကနေ အောက်တိုဘာ ၈ ရက် အထိ တလကြာ ပထမ အကြိမ်အပစ်ရပ် ကြေညာခဲ့ပြီး၊ ဒုတိယ အကြိမ်အနေနဲ့စက်တင်ဘာ ၂၀ ရက်ကနေ ဒီဇင်ဘာ ထိထပ်မံတိုးမြင့် ကြေညာခဲ့ပါတယ်။ အခုအကြိမ်မှာ ဒီလကနေ ဖေဖေါ်ဝါရီလကုန် အထိတဖက်သတ် အပစ်ရပ်ဆိုင်းကြောင်း တတိယအကြိမ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က သဘောထားကိုသိရှိဖို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်း ရာမှာ အခုလိုပြောပါတယ်။
“ကျွန်တော်တို့တပ်မတော်အနေနဲ့ကလဲ ငြိမ်းချမ်းရေးအတွက်က တံခါးဖွင့် ပေးနေတာဖြစ်တယ်။ ဒီ(၂၀၂၀)ပြည့်နှစ်မှာ ငြိမ်းချမ်းရေးအတွက် ပိုပြီးကောင်းမွန် တဲ့နေရာကို ဦးတည်ပြီး သွားနိုင်တယ်ဆိုရင်တော့ ဒီထုတ်ပြန်ချက်နဲ့ပက်သက်ပြီး ကျွန်တော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကျိုးဖြစ်ထွန်းမယ်လို့ မြင်ပါတယ်။ သို့သော်အပြောနဲ့ အလုပ်မညီ ဘဲနဲ့ အင်အားတည်ဆောက်ဖို့ နယ်မြေတည်ဆောက်ဖို့ နိုင်ငံရေးအရ အသာစီးရဖို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မျိုး ဆိုရင် တော့ ဒီဟာသည် ယခင်အတိုင်းဘဲ အလုပ်ဖြစ်နိုင်မှာ မဟုတ်ဘူး ဆိုတာ တော့ ကျွန်တော် ပြောချင်ပါတယ်။”
ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် သြဂုတ်လကုန်ပိုင်းမှာ မြန်မာအစိုးရNRPC ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တွေ့ဆုံမှုမှာ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ အမြန် ရပ်တန့်ရေး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေး စာချုပ်အမြန် ရေးထိုးနိုင်ရေး ကိစ္စတွေကိုဆွေနွေးခဲ့ကြပေမဲ့ သဘောတူညီချက်မရရှိခဲ့ပါဘူး။ တပ်မတော် ဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကပါ အပစ်ရပ်စဲကြောင်း အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ ပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသနဲ့ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ကတော့ဖြစ်နေဆဲဖြစ်ပါတယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ အခုလိုတိုက်ပွဲတွေ ဖြစ်ပွားနေရတာဟာ တပ်မတော်ဘက်ကထိုးစစ်ဆင်လို့ ဖြစ်ကြောင်း ပြောပါတယ်။
“အရင်အကြိမ်တွေတုန်းကတော့ မြန်မာစစ်တပ်ဘက်ကတော့ ထိုးစစ်တွေ သူတို့ပိုပြီးတော့ လုပ်တဲ့အခါကျတော့ ကျွန်တော် တို့ဘက် ကလဲဒါကိုခုခံရတဲ့ အနေအထားတွေ အများကြီးရှိပါတယ်။
တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ အပစ်ရပ်စဲကြောင်းထုတ်ပြန်ပေမဲ့ တိုက်ခိုက်မှုတွေရှိနေဆဲ အခြေအနေနဲ့ ပက်သက် ပြီး အခုလိုပြောပါတယ်။
“အပစ်ရပ်စဲရေးကာလကျွန်တော်တို့ဆွေးနွေးတယ်။ ဆွေးနွေးတဲ့အခါမှာလဲ မယ်မယ်ရရ အဖြေမထွက်ဘူး။ ဒါနဲ့ဘဲ ကျွန် တော်တို့လမ်းဆုံးသွားတာပေါ့။ ဒါတွေကကျွန်တော်တို့ တပ်မတော်ရဲ့အပစ်ခတ်ရပ်စဲရေးကာလပေါ့။ အဲဒီနောက် ပိုင်းပြီး မှ သူတို့က တလလား သူတို့ထုတ်ခဲ့တာရှိတယ်။ အဲဒီမှာလည်း တိုက်ခိုက်မှုတွေပေါ်လာတယ်။ ပြီးရင်တော့ ကျွန်တော်တို့ ထုံးစံအတိုင်းတပ်မတော်ကတိုက်ခိုက်လို့ ဆိုတဲ့ ဟာမျိုးစွပ်စွဲတာပေါ့။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ အပြန်အလှန် နားလည်မှု ယူနိုင်ဖို့ နှစ်ဖက် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်နေတယ်လို့ သုံးသပ်ပါတယ်။
“တဖက်သတ်အပစ်ရပ်ရေးအကြောင်းကို တဖက်ဆီကနေ အပြန်အလှန် ကြေညာနေတာတွေဟာ နိုင်ငံရေးအရဘဲ အသာ စီးယူဖို့ အချက်ဘဲ ကျွန်တော်မြင်ပါတယ်။ တကယ်တမ်း အဲဒီအပြန်အလှန်ကြေညာချက်တွေ ထုတ်နေတာဟာ လက်တွေ့ မှာ အပစ်ခတ်ရပ်စဲရေးကို ဘာမှသက်ရောက်မှုမရှိပါဘူး။ လက်တွေ့မှာ အပစ်ခတ်ရပ်စဲရေးလုပ်ချင်လို့ရှိရင် တပ်နေရာချ ထားရေးအပါအဝင် လက်ငင်းမြေပြင်တပ်တွေရှိနေတဲ့အခြေအနေကိုသုံးသပ်ပြီးတော့ နှစ်ဖက် တပ်ဘက် ဆိုင်ရာ ခေါင်း ဆောင်တွေတွေ့ဆုံပြီးတော့ ဆွေးနွေးပြီးတော့ဖြေရှင်းမှဘဲရမယ်။”
ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ အပစ်ခတ်ရပ်ဆိုင်းရေးဆိုင်ရာ စာချုပ်နဲ့၂၀၂၀ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ကို တည်ဆောက်ပြီးငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် တစ်ဖက် သတ်အပစ်ရပ်ဆိုင်းတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဘယ်နယ်မြေတွေမှာ တိုက်ခိုက်မှု တွေ ရပ်မယ်ဆိုတာတော့ ထုတ်ပြန်ချက်မှာ တိတိကျကျဖေါ်ပြထားတာမရှိပါဘူး။
ဒါပေမဲ့ မြန်မာ့တပ်မတော် ဘက်က ထိုးစစ်ဆင်လာရင် တော့ ခုခံကာကွယ်သွား မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။