သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ိဳင္းတံုေဆြးေႏြးပဲြ အလားအလာ


ၾသဂုတ္လ ၃၁ ရက္ေန႔က က်ိဳင္းတံုမွာ ၿငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႔ႏွင့္ ေျမာက္ပိုင္းလက္နက္ကိုင္တို႔ ေတြ႔ဆံုစဥ္(ဓါတ္ပံု- U Hla Maung Shwe (NRPC)

အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ႕ ဖိတ္ၾကားခ်က္အရ က်ိဳင္းတံုမွာ က်င္းပမယ့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲက အလားအလာေကာင္းမယ္လိုု႔ ေမွ်ာ္လင့္ေၾကာင္း အစုိးရဘက္က သတင္းထုုတ္ျပန္ထားေပမယ့္ တိုုင္းရင္းသားအဖြဲ႔ေတြဘက္ကေတာ့ ဒီေဆြးေႏြးပြဲမွာ တပ္ပိုုင္းဆိုုင္ရာ ကိစၥရပ္ေတြေလာက္သာ အဓိကထားေျပာဆိုုႏိုုင္မယ္လိုု႔ ေမွ်ာ္လင့္ေနၾကပါတယ္။ စစ္ေရး၊ ႏုိင္ငံေရး ေလ့လာသုံးသပ္သူေတြကေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြက ဟန္ျပသက္သက္ လုုပ္ေဆာင္ေနၾကတယ္ဆိုုတဲ့ ေဝဖန္မႈ ေတြရွိေနပါတယ္။ အျပည့္အစုံကုိေတာ့ ဗီြအိုုေအ သတင္းေထာက္ေမခက သတင္းေပးပိုု႔ထားပါတယ္။

အစိုးရရဲ့ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ဦးေဆာင္ က်င္းပတဲ့ က်ိဳင္းတံုၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကုိ မနက္ျဖန္ စက္တင္ဘာလ ၁၇ရက္ေန႔မွာ စတင္ေတာ့မွာပါ။ ဒီ ေဆြးေႏြးပြဲကိုတက္ဖုိ႔ ဖိတ္ၾကားခံထားရတဲ့ KIO ကခ်င္၊ PSLF တအန္း(ပေလာင္)၊ MNTJP ကိုးကန္႔ နဲ႔ ULA ရခိုင္ အဖဲြ႔ ၄ ဖြဲ႔စလုံး တက္ေရာက္ၾကမွာပါ။ ေဆြးေႏြးပြဲနဲ ႔ပတ္သတ္လိုု႔ အစိုုးရဘက္ကေတာ့ ပဏာမသေဘာတုူစာခ်ဳပ္ ခ်ဳပ္ႏိုုင္ဖိုု႔အထိ ေမွ်ာ္လင့္ထားေၾကာင္း ႏိုုင္ငံေတာ္သမၼတရံုုးညႊန္ၾကားေရးမႈးခ်ဴဳပ္ဦးေဇာ္ေဌးက စက္တင္ဘာလ ၁၃ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ထုုတ္ေဖာ္ ေျပာဆိုုထားပါတယ္။

က်ိဳင္းတံုေဆြးေႏြးပဲြကို ဖိတ္ၾကားထားတဲ့ ေျမာက္ပိုင္းမဟာမိတ္ ၄ဖဲြ႔ဟာ တစ္ႏိုင္ငံလံုးပစ္ခတ္ တိုက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္မေရးထိုးေသးတဲ့ အဖဲြ႔ေတြျဖစ္ၿပီး လက္ရိွမွာ Bilateral ေခၚ ႏွစ္ဘက္ အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိေရးကို ေဆြးေႏြးေနတာျဖစ္ပါတယ္။

မဟာမိတ္ ၄ဖဲြ႔မွာ PSLF တအန္း(ပေလာင္)၊ MNTJP ကိုးကန္႔ နဲ႔ ULA ရခိုင္ အဖဲြ႔ ၃ဖဲြ႔ကေတာ့ အစိုးရတပ္မေတာ္နဲ႔ တုိက္ပဲြေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့သလို ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြကိုလည္း ပန္ဆန္း ဒါမွမဟုတ္ မိုင္းလားနဲ႔ တရုတ္ျပည္ တစ္ေနရာရာမွာ ေဆြးေႏြးဖို႔ ေတာင္းဆုိခဲ့ေပမယ့္ ေနာက္ပုိင္းမွာ က်ဳိးတုံမွာေတြ႔ဆုံမယ့္ကိစၥကုိ သေဘာတူလုိက္ၾကပါတယ္။

ဒီေဆြးေႏြးပြဲကုိ တပ္မေတာ္ညွိႏႈိင္းေရးအဖြဲ႔ေခါင္းေဆာင္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ရာျပည့္ တက္ေရာက္မယ္လုိ႔ ေဆြးေႏြးပြဲမွာ ပါ၀င္သူေတြက ေျပာဆုိထားသလုိ၊ ေဆြးေႏြးပြဲကေန ေကာင္းမြန္တဲ့ရလဒ္ေတြ ထြက္လာလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း တပ္မေတာ္ ေျပာခြင့္ရ ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း က ဗီြအုိေအကုိ ဒီကေန႔ ေျပာျပခဲ့ပါတယ္။

“က်ေနာ္တိုု႔ဘက္ကလည္း အျပဳသေဘာေဆာင္တဲ့ ေမွ်ာ္လင့္ခ်က္ရွိပါတယ္။ အျပဳသေဘာေမ ွ်ာ္လင့္တာေၾကာင့္ အပစ္ရပ္တာကိုုေတာင္ ၂၁ရက္ေန႔အထိ ထပ္တိုုးေပးထားတာပါ”

တိုုက္ပြဲေတြျုုဖစ္ေနတာနဲ႔ပတ္သတ္လိုု႔ အဓိကထားေဆြးေႏြးဖိုု႔ ျပင္ဆင္ရွိေနတာေၾကာင့္ လာမယ့္ က်ိဳင္းတံုေဆြးေႏြးပဲြမွာ စစ္ေရးကိစၥေတြ ေဆြးေႏြးဖို႔ တပ္မေတာ္ဘက္က ဆံုုးျဖတ္မႈ ေပးႏိုုင္သူေတြ ပါဝင္ဖိုု႔လိုုေၾကာင္း ရကၡိဳင့္တပ္မေတာ္ AA ေျပာခြင့္ရ ခိုုင္သုုခက ေျပာပါတယ္။

“အဓိကေတာ့ Bilateral ကိစၥေဆြးေႏြးမယ္၊ အထူးသျဖင့္ေတာ့အခုုျဖစ္ေနတဲ့ တိုုက္ပြဲေတြ ဘယ္လိုရပ္စဲႏိုင္မလဲဆိုတာ အဓိကထားေဆြးေႏြးမယ္လိုု႔သိရတယ္။ ဒါေပမယ့္ ဒီေဆြးေႏြးပဲ ဘယ္လိုုရလဒ္ထြက္မလဲေတာ့ ေျပာရခက္တာေပါ့။ အထူးသျဖင့္ စစ္တပ္ဘက္က တက္လာတဲ့ တပ္ပိုုင္းဆိုုင္ရာ ကိုယ္စားလွယ္ေတြက သူတို႔ဘာေျပာလာမလဲဆိုတာ အဓိက မူတည္ပါတယ္။”

ၿပီးခဲ့တဲ့ ေဆြးေႏြးပဲြေတြမွာေတာ့ Bilateral ေခၚ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္မူၾကမ္းကို အျပန္အလွန္ ေပးအပ္ထားခဲ့တာပါ။ လာမယ့္ေဆြးေႏြးပဲြမွာေတာ့ ႏွစ္ဘက္ သံုးသပ္ခ်က္ေတြကို အျပန္အလွန္ ေဆြးေႏြးၾကၿပီး နယ္ေျမသတ္မွတ္ဖု႔ိအတြက္လည္း ေဆြးေႏြးဖို႔ ရိွေနတာျဖစ္ပါတယ္။

ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သတ္လိုု႔ ဒီတေခါက္ ေဆြးေႏြးပြဲမွာ တပ္ပိုုင္းဆုုိင္ရာ ကိစၥရပ္ေတြ ေဆြးေႏြးႏိုုင္မယ္လိုု႔ ေမ ွ်ာ္လင့္ေပမယ့္ ပမာဏ အပစ္ရပ္လက္မွတ္ထိုုးႏိုုင္ဖိုု႔ကိုုေတာ့ ထပ္မံေဆြးေႏြးရဦးမယ္လိုု႔ သံုုးသပ္လိုုက္သူကေတာ့ ၿငိမ္းခ်မ္းေရးေလ့လာသံုုးသပ္သူ ဦးေမာင္ေမာင္စိုုးပါ။

ၿပီးခဲ့တဲ့ ရက္ပိုုင္းက KBC ဥကၠဌနဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တုိ႔ေတြ႔ခ်ိန္မွာ ကာခ်ဳပ္ဘက္က တပ္မေတာ္ရဲ႕ သေဘာထား ၆ခ်က္ကိုု ညွိႏိႈင္းလိုု႔ ရတယ္လိုု႔ သတင္းစကားပါးလိုုက္တာ ရွိတာေၾကာင့္ တပ္မေတာ္ဘက္က သေဘာထား အေျပာင္းအလဲ ရွိေလမလားလိုု႔ ဦးေမာင္ေမာင္စိုုးကေတာ့ ေမ ွ်ာ္လင့္ေနပါတယ္။

“အဓိကကေတာ့ တပ္ေနရာခ်ထားေရးနဲ႔ပတ္သတ္ၿပီး တပ္ဘက္က ဘယ္ေလာက္အထိ လိုက္ေလ်ာမလဲဆိုုတာ မူတည္ပါတယ္။ တပ္သေဘာထားက အေျပာင္းအလဲရွိသလား မွန္းဆရတယ္။ မွန္းဆရခ်ိန္မွာေလာေလာဆယ္က Bilateral အေရးႀကီးတယ္။ Bilateral မွာတပ္ေနရာ ခ်ထားေရးက အေရးႀကီးဆံုုးဘဲ။ တပ္ေနရာခ်ထားေရးမွာ ထိပ္ေရာက္ေနတာက ရခိုုင္မွာရွိတဲ့ AAကိုု အသိအမွတ္ ျပဳမွာလား။ မျပဳရင္ ေအာင္ျမင္မွာ မဟုုတ္ဘူးေလ။ အဲဒီေတာ့ အေျခအေန ေစာင့္ၾကည္႔ရမယ္ ထင္တယ္။ က်ေနာ္ထင္တာကေတာ့ တပ္ေနရာခ်ထားေရးအတြက္ ထပ္ၿပီး ေဆြးေႏြးဖို႔အတြက္ အခ်ိန္ယူ မယ္ထင္တယ္။ ဒီေဆြးေႏြးပြဲမွာBilateral ထိုုးႏိုုင္ဖို႔အလားအလာကေတာ့ ျဖစ္ႏိုုင္ဖို႔ ရာခိုင္ႏႈန္းနည္းေနပါတယ္။”

အစိုးရရ့ဲ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖဲြ႔နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔တုိ႔ ၾသဂုတ္လ ၃၁ရက္ေန႔က က်ိဳင္းတံုၿမိဳ႔မွာ ေနာက္ဆံုးေတြ႔ဆံုခဲ့ၾကတာမွာ ဒီေဆြးေႏြးပဲြဟာ ဟန္ျပ လုပ္ပဲြအျဖစ္ ေ၀ဖန္တာေတြလည္း ရိွခဲ့ပါတယ္။

ဒီတေခါက္ေဆြးေႏြးပြဲနဲ႔ ပတ္သတ္လိုု႔ ရလဒ္ေကာင္းရလာမယ္လိုု႔ ေမွ်ာ္လင့္သူေတြ ရွိသလိုု ၿပီးခဲ့တဲ့ ေဆြးေႏြးပြဲေတြကေန ထင္သေလာက္ ၿငိမ္းခ်မ္းေရးအတြက္ ရလဒ္ေကာင္း တစံုုတခုု ထြက္မလာခဲ့တာေတြေၾကာင့္ ေဆြးေႏြးပြဲေတြနဲ႔ပတ္သတ္လိုု႔ ေဝဖန္မႈေတြလည္းရွိေနပါတယ္။

..................

[Unicode Version]

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ဖိတ်ကြားချက်အရ ကျိုင်းတုံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အလားအလာကောင်းမယ်လို့ မျှော်လင့်ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားပေမယ့် တိုင်းရင်းသားအဖွဲ့တွေဘက်ကတော့ ဒီဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေလောက်သာ အဓိကထားပြောဆိုနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ဟန်ပြသက်သက် လုပ်ဆောင်နေကြတယ်ဆိုတဲ့ ဝေဖန်မှု တွေရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက်မေခက သတင်းပေးပို့ထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ဦးဆောင် ကျင်းပတဲ့ ကျိုင်းတုံငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မနက်ဖြန် စက်တင်ဘာလ ၁၇ရက်နေ့မှာ စတင်တော့မှာပါ။ ဒီ ဆွေးနွေးပွဲကိုတက်ဖို့ ဖိတ်ကြားခံထားရတဲ့ KIO ကချင်၊ PSLF တအန်း(ပလောင်)၊ MNTJP ကိုးကန့် နဲ့ ULA ရခိုင် အဖွဲ့ ၄ ဖွဲ့စလုံး တက်ရောက်ကြမှာပါ။ ဆွေးနွေးပွဲနဲ့ပတ်သတ်လို့ အစိုးရဘက်ကတော့ ပဏာမသဘောတုူစာချုပ် ချုပ်နိုင်ဖို့အထိ မျှော်လင့်ထားကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှုးချူုပ်ဦးဇော်ဌေးက စက်တင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

ကျိုင်းတုံဆွေးနွေးပွဲကို ဖိတ်ကြားထားတဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိမှာ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် ချုပ်ဆိုရေးကို ဆွေးနွေးနေတာဖြစ်ပါတယ်။

မဟာမိတ် ၄ဖွဲ့မှာ PSLF တအန်း(ပလောင်)၊ MNTJP ကိုးကန့် နဲ့ ULA ရခိုင် အဖွဲ့ ၃ဖွဲ့ကတော့ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း ပန်ဆန်း ဒါမှမဟုတ် မိုင်းလားနဲ့ တရုတ်ပြည် တစ်နေရာရာမှာ ဆွေးနွေးဖို့ တောင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ကျိုးတုံမှာတွေ့ဆုံမယ့်ကိစ္စကို သဘောတူလိုက်ကြပါတယ်။

ဒီဆွေးနွေးပွဲကို တပ်မတော်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်မယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောဆိုထားသလို၊ ဆွေးနွေးပွဲကနေ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဗွီအိုအေကို ဒီကနေ့ ပြောပြခဲ့ပါတယ်။

“ကျနော်တို့ဘက်ကလည်း အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်ရှိပါတယ်။ အပြုသဘောမေ ျှာ်လင့်တာကြောင့် အပစ်ရပ်တာကိုတောင် ၂၁ရက်နေ့အထိ ထပ်တိုးပေးထားတာပါ”

တိုက်ပွဲတွြေုဖစ်နေတာနဲ့ပတ်သတ်လို့ အဓိကထားဆွေးနွေးဖို့ ပြင်ဆင်ရှိနေတာကြောင့် လာမယ့် ကျိုင်းတုံဆွေးနွေးပွဲမှာ စစ်ရေးကိစ္စတွေ ဆွေးနွေးဖို့ တပ်မတော်ဘက်က ဆုံးဖြတ်မှု ပေးနိုင်သူတွေ ပါဝင်ဖို့လိုကြောင်း ရက္ခိုင့်တပ်မတော် AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“အဓိကတော့ Bilateral ကိစ္စဆွေးနွေးမယ်၊ အထူးသဖြင့်တော့အခုဖြစ်နေတဲ့ တိုက်ပွဲတွေ ဘယ်လိုရပ်စဲနိုင်မလဲဆိုတာ အဓိကထားဆွေးနွေးမယ်လို့သိရတယ်။ ဒါပေမယ့် ဒီဆွေးနွေးပဲ ဘယ်လိုရလဒ်ထွက်မလဲတော့ ပြောရခက်တာပေါ့။ အထူးသဖြင့် စစ်တပ်ဘက်က တက်လာတဲ့ တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်တွေက သူတို့ဘာပြောလာမလဲဆိုတာ အဓိက မူတည်ပါတယ်။”

ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေမှာတော့ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ်မူကြမ်းကို အပြန်အလှန် ပေးအပ်ထားခဲ့တာပါ။ လာမယ့်ဆွေးနွေးပွဲမှာတော့ နှစ်ဘက် သုံးသပ်ချက်တွေကို အပြန်အလှန် ဆွေးနွေးကြပြီး နယ်မြေသတ်မှတ်ဖု့ိအတွက်လည်း ဆွေးနွေးဖို့ ရှိနေတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ ဒီတခေါက် ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးနိုင်မယ်လို့ မေ ျှာ်လင့်ပေမယ့် ပမာဏ အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ကိုတော့ ထပ်မံဆွေးနွေးရဦးမယ်လို့ သုံးသပ်လိုက်သူကတော့ ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက KBC ဥက္ကဌနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ချိန်မှာ ကာချုပ်ဘက်က တပ်မတော်ရဲ့ သဘောထား ၆ချက်ကို ညှိနှိုင်းလို့ ရတယ်လို့ သတင်းစကားပါးလိုက်တာ ရှိတာကြောင့် တပ်မတော်ဘက်က သဘောထား အပြောင်းအလဲ ရှိလေမလားလို့ ဦးမောင်မောင်စိုးကတော့ မေ ျှာ်လင့်နေပါတယ်။

“အဓိကကတော့ တပ်နေရာချထားရေးနဲ့ပတ်သတ်ပြီး တပ်ဘက်က ဘယ်လောက်အထိ လိုက်လျောမလဲဆိုတာ မူတည်ပါတယ်။ တပ်သဘောထားက အပြောင်းအလဲရှိသလား မှန်းဆရတယ်။ မှန်းဆရချိန်မှာလောလောဆယ်က Bilateral အရေးကြီးတယ်။ Bilateral မှာတပ်နေရာ ချထားရေးက အရေးကြီးဆုံးဘဲ။ တပ်နေရာချထားရေးမှာ ထိပ်ရောက်နေတာက ရခိုင်မှာရှိတဲ့ AAကို အသိအမှတ် ပြုမှာလား။ မပြုရင် အောင်မြင်မှာ မဟုတ်ဘူးလေ။ အဲဒီတော့ အခြေအနေ စောင့်ကြည့်ရမယ် ထင်တယ်။ ကျနော်ထင်တာကတော့ တပ်နေရာချထားရေးအတွက် ထပ်ပြီး ဆွေးနွေးဖို့အတွက် အချိန်ယူ မယ်ထင်တယ်။ ဒီဆွေးနွေးပွဲမှာBilateral ထိုးနိုင်ဖို့အလားအလာကတော့ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းနည်းနေပါတယ်။”

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ သြဂုတ်လ ၃၁ရက်နေ့က ကျိုင်းတုံမြို့မှာ နောက်ဆုံးတွေ့ဆုံခဲ့ကြတာမှာ ဒီဆွေးနွေးပွဲဟာ ဟန်ပြ လုပ်ပွဲအဖြစ် ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။

ဒီတခေါက်ဆွေးနွေးပွဲနဲ့ ပတ်သတ်လို့ ရလဒ်ကောင်းရလာမယ်လို့ မျှော်လင့်သူတွေ ရှိသလို ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေကနေ ထင်သလောက် ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်း တစုံတခု ထွက်မလာခဲ့တာတွေကြောင့် ဆွေးနွေးပွဲတွေနဲ့ပတ်သတ်လို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

က်ိဳင္းတံုေဆြးေႏြးပဲြ အလားအလာ
please wait

No media source currently available

0:00 0:04:55 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG