သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေရွာင္ေတြ ေနရပ္ျပန္ေရး ကာခ်ဳပ္နဲ႔ KBC ဥကၠ႒ေဆြးေႏြး


အပစ္ရပ္ေရးထိုးျပီးမွ စစ္ေရွာင္ေတြေနရပ္ျပန္ႏိုင္ေရး KBC နဲ႔ တပ္မေတာ္ေဆြးေႏြးခဲ့စဥ္

အပစ္အခတ္ရပ္စဲေရး သေဘာတူညီကုိ မလုပ္ေဆာင္ႏုိင္ခင္ အစုိးရဘက္က တင္ျပလာသလုိ စစ္ေရွာင္ေတြေနရပ္ျပန္ေရးကုိ အရင္လုပ္မယ္ဆုိရင္ ၿငိမ္းခ်မ္းေရးကုိ ျမင္ေတြ႔ရမွာ မဟုတ္ဘူးလုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံစဥ္တင္ျပခဲ့တယ္လို႔ KBC ကခ်င္ႏွစ္ခ်င္း ခရစ္ယာန္အဖြဲ႔ခ်ဳပ္ ဥကၠ႒က ေျပာပါတယ္။ တပ္မေတာ္အေပၚ အသေရဖ်က္မႈနဲ႔ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ ဒုတိယ ဗုိလ္မွဴးႀကီး သန္းထုိက္က ျမစ္ႀကီးနားၿမိဳ႕ တရားရုံးမွာ ဦးတုိက္ေလွ်ာက္ထားခဲ့တာကုိ တပ္မေတာ္ဘက္က ျပန္လည္ရုပ္သိမ္းၿပီး ရက္ပုိင္းအတြင္းမွာဘဲ KBC ဥကၠ႒နဲ႔ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တုိ႔ မေန႔က မႏၱေလးၿမိဳ႕မွာ ေတြ႔ဆုံခဲ့ၾကတာပါ။ ဒီအေၾကာင္း ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ ေမးျမန္းေပးပို႔ထားပါတယ္။

KBC ကခ်င္ႏွစ္ခ်င္း ခရစ္ယာန္အဖြဲ႔ခ်ဳပ္ဥကၠ႒ ခလမ္ဆန္ဆြမ္အေနနဲ႔ တပ္မေတာ္ရဲ႕ ဂုဏ္သိကၡာညိဳးႏြမ္းေစတဲ့ ေျပာဆုိခဲ့တယ္ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ ဒုတိယ ဗုိလ္မွဴးႀကီး သန္းထုိက္က ျပစ္မႈဆုိင္ရာ ဥပေဒပုဒ္မ ၂၀၀ နဲ႔ ျမစ္ႀကီးနားၿမိဳ႕ တရားရုံးမွာ ၾသဂုတ္လ ၁၆ ရက္ေန႔က ဦးတုိက္ ေလွ်ာက္ထားခဲ့တဲ့ ကိစၥကုိ ျပန္လည္ ရုပ္သိမ္းၿပီး ၂ ရက္အၾကာ စက္တင္ဘာ ၁၂ ရက္ေန႔က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ KBC ဥကၠ႒တုိ႔ မႏၱေလးၿမိဳ႕မွာ ေတြ႔ဆုံခဲ့ၾကတာပါ။

ေတြ႔ဆုံမႈအတြင္း တပ္မေတာ္ဘက္ KBC ဥကၠ႒ကိုတရားစြဲတာ ရုပ္သိမ္းတဲ့အေၾကာင္း၊ ျငိမ္းခ်မ္းေရးလက္တြဲေဆာင္ရြက္ဖုိ႔ ျပီးေတာ့ ဘာသာေရးဖိႏွိပ္မႈေတြ တပ္မေတာ္ဘက္က မရွိေၾကာင္း ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေျပာခဲ့တယ္လုိ႔ ဆုိပါတယ္။ KBC ဥကၠ႒ ေဒါက္တာခလမ္ဆန္ဆြမ္ ဘက္ကေတာ့ ႏွစ္ဘက္ ျငိမ္းခ်မ္းေရးကိစၥေတြ ျပန္စႏိုင္ဖို႔နဲ႔ စစ္ေရွာင္ေတြ အိမ္ျပန္ႏုိင္ဖုိ႔ အဓိကေဆြးေႏြးခဲ့ျပီး ႏွစ္ဘက္ အပစ္ရပ္ေရးထိုးျပီးမွပဲ ေဒသခံေတြ ေနရပ္ျပန္ေရးကို ေမ်ွာ္လင့္ေၾကာင္း ဗြီအိုေအကို အခုလိုေျပာပါတယ္။

“အခုက်ေနာ္တုိ႔နဲ႔ NRPC နဲ႔လုပ္ေနတဲ့အေပၚမွာ ၁၇ရြာကို အရင္ျပန္မယ္ဆိုတဲ့အေပၚမွာ ဒီ ၁၇ ရြာပဲျပန္ျပီး Peace Process ကိုေတာ့ မေရာက္ႏုိင္ဘူးေပါ့။ အဲဒါေၾကာင့္မို႔ က်ေနာ္တို႔ကေတာ့ KHCC အေနနဲ႔ကေတာ့ KIO နဲ႔လည္း ေဆြးေႏြးျပီးတဲ့ အခ်က္ကေတာ့ bilateral ထိုးျပီးမွ အားလံုးျပန္ေရးကို စလုပ္ၾကပါစို႔ ဆိုတဲ့ ပံုစံျဖစ္ပါတယ္။ ဒါေၾကာင့္ IDP ေတြ အားလံုးေနရပ္ျပန္ေရးက ျငိမ္းခ်မ္းေရးရဲ႕ ေျခလွမ္းတရပ္ကို က်ေနာ္တို႔ စျပီးေတြ႔ရမွာ ျဖစ္တယ္။”

ႏွစ္ဘက္ တပ္ပိုင္းဆိုင္ရာ ကိစၥေတြ ေဆြးေႏြးတဲ့အခါမွာ အေလ်ွာ့အတင္းနဲ႔ ညွိႏႈိင္းၾကဖို႔လည္း ေဆြးေႏြးခဲ့ၾကတာမွာ တပ္မေတာ္ဘက္ကလည္း ျငိမ္းခ်မ္းေရးကို အခ်ိန္ယူျပီး ပူးေပါင္းေဆာင္ရြက္ဖို႔ ေမ်ွာ္လင့္ေၾကာင္း ေဒါက္တာခလမ္ဆန္ဆြမ္က ေျပာပါတယ္။

“ဒါေပမဲ့ ခ်က္ခ်င္းၾကီး ေျပာင္းလဲဖို႔ မရတဲ့အပိုင္းမွာလည္း သူတို႔ဘာသာသူတို႔ ရုန္းကန္ေနရတယ္လို႔လည္း က်ေနာ္ အဲလိုျမင္ပါတယ္။ ေတြ႔ဆံုေဆြးေႏြးျပီးမွ ထင္ျမင္ ယူဆခ်က္အေပၚမွာ ေမတၱာနဲ႔ေပါ့။ အျပဳသေဘာနဲ႔ ျငိမ္းခ်မ္းေရးကို အားလံုးေဆာင္ရြက္သြားမယ္ ဆိုရင္ေတာ့ ျဖစ္ႏိုင္မယ္လို႔ က်ေနာ္ အဲလို ျမင္ပါတယ္။”

ကခ်င္ႏွစ္ခ်င္းခရစ္ယာန္အဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒါက္တာ ခလမ္ဆန္ဆြမ္နဲ႔ အတူ ဆရာေတာ္ ေဖာ္ေရာ္တူးမိုင္၊ ဆရာ ေဖာ္ယမ္ခါးလီ ျပီးေတာ့ ျငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရးအဖြဲ႔ PCG က ဦးလမိုင္ဂြမ္ဂ်ာနဲ႔ ဦးခပ္ပရာခြန္းေအာင္တို႔ တက္ေရာက္ခဲ့တာပါ။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရုံးကလည္း ဒီေတြ႔ဆုံမႈအေၾကာင္း သတင္း ထုတ္ျပန္ထားပါတယ္။

KIO ပါတဲ့ ေျမာက္ပိုင္းမဟာမိတ္ေလးဖြဲ႔နဲ႔ အစုိးရ ၿငိမ္းခ်မ္းေရးကုိယ္စားလွယ္အဖြဲ႔ေတြ ႏွစ္ဘက္ အပစ္အခတ္ရပ္စဲေရးအတြက္ လာမယ့္စက္တင္ဘာ ၁၆ နဲ႔ ၁၇ ရက္တုိ႔မွာ က်ဳိင္းတုံၿမိဳ႕မွာ ေတြ႔ဆံု ေဆြးေႏြး ဖို႔ေနရွိသလုိ တပ္မေတာ္နဲ႔ KIO အဖြဲ႔တုိ႔အၾကားမွာလည္း အပစ္အခတ္ရပ္စဲေရးအတြက္ သီးျခား ေတြ႔ဆုံ ေဆြးေႏြးတာေတြ ရွိခဲ့ပါတယ္။

၂၀၁၁ ကေန ျပန္ျဖစ္ပြားေနတဲ့ ကခ်င္လက္နက္ကိုင္ KIA နဲ႔ တပ္မေတာ္ၾကား တေက်ာ့ျပန္ တိုက္ပြဲေတြေၾကာင့္ ကခ်င္နဲ႔ ရွမ္းေျမာက္မွာ စစ္ေရွာင္ဦးေရ တ သိန္းဝန္းက်င္ရွိျပီး သူတို႔ေနရပ္ျပန္နိုင္ဖို႔ ကခ်င္စစ္ေရွာင္မ်ား ကူညီကယ္ဆယ္ေရး ေကာ္မတီ KHCC က ၾကိဳးစားေနတာလည္း ျဖစ္ပါတယ္။

[Unicode Version]

အပစ်အခတ်ရပ်စဲရေး သဘောတူညီကို မလုပ်ဆောင်နိုင်ခင် အစိုးရဘက်က တင်ပြလာသလို စစ်ရှောင်တွေနေရပ်ပြန်ရေးကို အရင်လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးကို မြင်တွေ့ရမှာ မဟုတ်ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်တင်ပြခဲ့တယ်လို့ KBC ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောပါတယ်။ တပ်မတော်အပေါ် အသရေဖျက်မှုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က မြစ်ကြီးနားမြို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာကို တပ်မတော်ဘက်က ပြန်လည်ရုပ်သိမ်းပြီး ရက်ပိုင်းအတွင်းမှာဘဲ KBC ဥက္ကဋ္ဌနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့က မန္တလေးမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

KBC ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ ခလမ်ဆန်ဆွမ်အနေနဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းစေတဲ့ ပြောဆိုခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၀၀ နဲ့ မြစ်ကြီးနားမြို့ တရားရုံးမှာ သြဂုတ်လ ၁၆ ရက်နေ့က ဦးတိုက် လျှောက်ထားခဲ့တဲ့ ကိစ္စကို ပြန်လည် ရုပ်သိမ်းပြီး ၂ ရက်အကြာ စက်တင်ဘာ ၁၂ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KBC ဥက္ကဋ္ဌတို့ မန္တလေးမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံမှုအတွင်း တပ်မတော်ဘက် KBC ဥက္ကဋ္ဌကိုတရားစွဲတာ ရုပ်သိမ်းတဲ့အကြောင်း၊ ငြိမ်းချမ်းရေးလက်တွဲဆောင်ရွက်ဖို့ ပြီးတော့ ဘာသာရေးဖိနှိပ်မှုတွေ တပ်မတော်ဘက်က မရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။ KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆန်ဆွမ် ဘက်ကတော့ နှစ်ဘက် ငြိမ်းချမ်းရေးကိစ္စတွေ ပြန်စနိုင်ဖို့နဲ့ စစ်ရှောင်တွေ အိမ်ပြန်နိုင်ဖို့ အဓိကဆွေးနွေးခဲ့ပြီး နှစ်ဘက် အပစ်ရပ်ရေးထိုးပြီးမှပဲ ဒေသခံတွေ နေရပ်ပြန်ရေးကို မျှော်လင့်ကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

“အခုကျနော်တို့နဲ့ NRPC နဲ့လုပ်နေတဲ့အပေါ်မှာ ၁၇ရွာကို အရင်ပြန်မယ်ဆိုတဲ့အပေါ်မှာ ဒီ ၁၇ ရွာပဲပြန်ပြီး Peace Process ကိုတော့ မရောက်နိုင်ဘူးပေါ့။ အဲဒါကြောင့်မို့ ကျနော်တို့ကတော့ KHCC အနေနဲ့ကတော့ KIO နဲ့လည်း ဆွေးနွေးပြီးတဲ့ အချက်ကတော့ bilateral ထိုးပြီးမှ အားလုံးပြန်ရေးကို စလုပ်ကြပါစို့ ဆိုတဲ့ ပုံစံဖြစ်ပါတယ်။ ဒါကြောင့် IDP တွေ အားလုံးနေရပ်ပြန်ရေးက ငြိမ်းချမ်းရေးရဲ့ ခြေလှမ်းတရပ်ကို ကျနော်တို့ စပြီးတွေ့ရမှာ ဖြစ်တယ်။”

နှစ်ဘက် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ အလျှော့အတင်းနဲ့ ညှိနှိုင်းကြဖို့လည်း ဆွေးနွေးခဲ့ကြတာမှာ တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေးကို အချိန်ယူပြီး ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ဒေါက်တာခလမ်ဆန်ဆွမ်က ပြောပါတယ်။

“ဒါပေမဲ့ ချက်ချင်းကြီး ပြောင်းလဲဖို့ မရတဲ့အပိုင်းမှာလည်း သူတို့ဘာသာသူတို့ ရုန်းကန်နေရတယ်လို့လည်း ကျနော် အဲလိုမြင်ပါတယ်။ တွေ့ဆုံဆွေးနွေးပြီးမှ ထင်မြင် ယူဆချက်အပေါ်မှာ မေတ္တာနဲ့ပေါ့။ အပြုသဘောနဲ့ ငြိမ်းချမ်းရေးကို အားလုံးဆောင်ရွက်သွားမယ် ဆိုရင်တော့ ဖြစ်နိုင်မယ်လို့ ကျနော် အဲလို မြင်ပါတယ်။”

ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆန်ဆွမ်နဲ့ အတူ ဆရာတော် ဖော်ရော်တူးမိုင်၊ ဆရာ ဖော်ယမ်ခါးလီ ပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာနဲ့ ဦးခပ်ပရာခွန်းအောင်တို့ တက်ရောက်ခဲ့တာပါ။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ဒီတွေ့ဆုံမှုအကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

KIO ပါတဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တွေ နှစ်ဘက် အပစ်အခတ်ရပ်စဲရေးအတွက် လာမယ့်စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်တို့မှာ ကျိုင်းတုံမြို့မှာ တွေ့ဆုံ ဆွေးနွေး ဖို့နေရှိသလို တပ်မတော်နဲ့ KIO အဖွဲ့တို့အကြားမှာလည်း အပစ်အခတ်ရပ်စဲရေးအတွက် သီးခြား တွေ့ဆုံ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

၂၀၁၁ ကနေ ပြန်ဖြစ်ပွားနေတဲ့ ကချင်လက်နက်ကိုင် KIA နဲ့ တပ်မတော်ကြား တကျော့ပြန် တိုက်ပွဲတွေကြောင့် ကချင်နဲ့ ရှမ်းမြောက်မှာ စစ်ရှောင်ဦးရေ တ သိန်းဝန်းကျင်ရှိပြီး သူတို့နေရပ်ပြန်နိုင်ဖို့ ကချင်စစ်ရှောင်များ ကူညီကယ်ဆယ်ရေး ကော်မတီ KHCC က ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG