သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KBC ဥက္ကဋ္ဌအပေါ် တပ်မတော်တရားစွဲဆိုမှု အမေရိကန်စိုးရိမ်


အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ခြင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam
အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ခြင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော်ခလမ်ဆမ်ဆွမ်ကို စစ်တပ်က တရားစွဲဖို့ ပြင်ဆင်နေတဲ့အပေါ် အမေရိကန်အစိုးရက အင်မတန်စိုးရိမ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေး ဖိနှိပ်ခံနေရတဲ့ ကိစ္စကို အမေရိကန်သမ္မတ Donald Trump နဲ့ ဇွန် လတုန်းက အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် ဆရာတော် ခလမ်ဆမ်ဆွမ်က ရှင်းပြခဲ့သလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်တပ်အပေါ် အမေရိကန် အရေးယူဒဏ်ခတ်တာကို ကြိုဆိုတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုတာနဲ့ လူ့အခွင့်အရေးကို ကာကွယ်ဆောင်ရွက်တဲ့အပေါ် ထောက်ခံကြောင်း ပြောကြားတာကို ရာဇဝတ်မှုအဖြစ် သဘောမထားသင့်ဘူးလို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆရာတော် ခလမ်ဆမ်ဆွမ်ဟာ ကချင်ပြည်နယ်ထဲက ပဋိပက္ခတွေကြောင့် အိုးအိမ်ပစ် ထွက်ပြေး တိမ်းရှောင်နေကြရသူတွေ အရေးကို ရေရှည်ဖြေရှင်းပေးနိုင်ဖို့ မနားမနေ ကြိုးစားသူဖြစ်တယ်လို့လည်း ပြောထားပါတယ်။

သူ့အပေါ် စစ်တပ်က တရားစွဲဖို့ကြိုးစားမှုကြောင့် ထောင်နဲ့ချီတဲ့ ရွာပုန်း ရွာရှောင် ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ထိခိုက်မယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ထောက်ပြထားပါတယ်။

ဝါရှင်တန်မြို့တော်မှာ သမ္မတ Trump နဲ့ တွေ့စဉ်က ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေအကြောင်းနဲ့ ခရစ်ယာန်ဘာသာဝင်တွေ နှိပ်ကွပ်ခံနေရတဲ့အကြောင်းတွေကို ဆရာတော်ခလမ်ဆမ်ဆွမ် ပြောကြားခဲ့ကြောင်း World News Now Facebook Page မှာ ဖေါ်ပြခဲ့တဲ့တွက် ဥပဒေအရ အရေးယူဖို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က မြစ်ကြီးနား တရားရုံးမှာ သြဂုတ်လ ၂၆ ရက်နေ့က ဦးတိုက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ အမှုကို ဘယ်လိုဆက်လက် ဆောင်ရွက်မယ်ဆိုတာ စက်တင်ဘာ ၉ ရက်မှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

KBC ဥက္ကဋ္ဌအပေါ် တပ်မတော်တရားစွဲဆိုမှု အမေရိကန်စိုးရိမ်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG