သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ဳိင္းတံု ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ေျမာက္ပိုင္း ၄ ဖြဲ႔ တက္မည္


ၾသဂုတ္လ ၃၁ ရက္ေန႔က က်ိဳင္းတံုမွာ ၿငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႔ႏွင့္ ေျမာက္ပိုင္းလက္နက္ကိုင္တို႔ ေတြ႔ဆံုစဥ္(ဓါတ္ပံု- U Hla Maung Shwe (NRPC)

အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ဖိတ္ၾကားထားတဲ့က်ိဳင္းတံုမွာ က်င္းပမယ့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြကို ေျမာက္ပိုင္းမဟာမိတ္ ၄ဖဲြ႔လုံး တက္ေရာက္မွာျဖစ္ေၾကာင္း AAရခုိင္အဖြ႔ဲ ေျပာခြင့္ရက ေျပာပါတယ္။ ဒီေဆြးေႏြးပဲြမွာ စစ္ေရးဆုိင္ရာ ကိစၥရပ္ေတြေဆြးေႏြးဖို႔ တပ္မေတာ္က ဆံုးျဖတ္ခ်က္ေပးႏိုင္သူေတြ ပါ၀င္လာမယ္လို႔လည္း မဟာမိတ္အဖဲြ႔ေတြ ဘက္က ေမွ်ာ္လင့္ထားသလို တပ္မေတာ္ဘက္ကလည္း ပါ၀င္ တက္ေရာက္ဖုိ႔ ရိွနေပါတယ္။

ဒီသတင္းအျပည့္အစံုကို ဗီြအုိေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

အစိုးရရဲ့ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ၿငိမ္းခ်မ္းေရးအတြက္ က်ိဳင္းတံုၿမိဳ႔မွာ ဒီလ ၁၆ရက္နဲ႔ ၁၇ရက္ေန႔မွာ ေတြ႔ဆံုေဆြးေႏြးဖို႔ကို KIO ကခ်င္၊ PSLF တအန္း(ပေလာင္)၊ MNTJP ကိုးကန္႔ နဲ႔ ULA ရခိုင္ အဖဲြ႔ေတြကို ဒီလ ၉ရက္ေန႔ ေန႔စဲြနဲ႔ ဖိတ္ၾကားထားတာပါ။

ULA ရခိုင္အဖဲြ႔ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ခိုင္သုခကေတာ့ သူတုိ႔ အဖဲြ႔အေနနဲ႔ တက္ေရာက္ဖုိ႔ ရိွေၾကာင္း အခုလုိ ေျပာပါတယ္။

“ က်ိဳင္းတံုမွာ ျဖစ္ဖို႔ကေတာ့ ေသခ်ာသြားၿပီလုိ႔ ေျပာတယ္။ ဆုိေတာ့ ဒီ က်ိဳင္းတံုမွာ ၁၇ ရက္ေန႔ျဖစ္မယ္လုိ႔ေတာ့ ေျပာတယ္ဗ်။ အဲဒါ ရက္ကိုေတာ့ ၁၆လား၊ ၁၇လားေတာ့ အဲဒီမွာ ထပ္ညိွေနလား၊ အတည္ျပဳၿပီလားေတာ့ မသိဘူး။ ဒါေပမဲ့ က်ေနာ့ဆီ ပို႔လာတဲ့ စာမွာေတာ့ ၁၇ရက္ေန႔လို႔ ေျပာတယ္။ ဆိုေတာ့ ၁၇ရက္ေန႔ပဲျဖစ္ျဖစ္၊ ၁၆ရက္ေန႔ပဲျဖစ္ျဖစ္ က်ေနာ္တုိ႔ ဘက္ကေတာ့ ဗုိလ္မႈးခ်ဳပ္ ေဒါက္တာ ညိဳထြန္းေအာင္ ဦးေဆာင္ၿပီးေတာ့ တက္မယ္ဗ်။ ”

က်န္အဖဲြ႔ေတြ တက္ေရာက္မယ့္ အလားအလာကို - “ တက္မယ္ဗ်။ ဒီဟာက က်ေနာ္တို႔ ဒီေျမာက္ပိုင္းမဟာမိတ္ ၄ဖဲြ႔ လံုး ညိွႏိႈင္းၿပီးေတာ့မွ တက္မယ္ဆုိၿပီးေတာ့ ဆံုးျဖတ္တာလို႔ ေျပာတယ္။”

KIO က တက္ေရာက္ဖို႔ ျပင္ဆင္ထားၿပီျဖစ္ေၾကာင္းလည္း အဖဲြ႔ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗုိလ္မႈးၾကီးေနာ္ဘူက အခုလုိ ေျပာပါတယ္။

“ က်ေနာ္တုိ႔ KIO က က်ိဳင္းတံုအစည္းအေ၀းကို တက္ဖုိ႔ အားလံုးက ျပင္ဆင္ၿပီးသားျဖစ္ပါတယ္။ က်ေနာ္တုိ႔ KIO က မနက္ဖန္မဟုတ္လုိ႔ရိွရင္ သန္ဘက္ခါေပ့ါ။ ၁၃ မဟုတ္ရင္ ၁၄ ရက္ေန႔မွာ က်ေနာ္တုိ႔ လိုင္ဇာဌာနခ်ဳပ္ကေန က်ေနာ္တို႔ ထြက္ဖုိ႔ ျပင္ဆင္ထားပါတယ္။ ”

က်ိဳင္းတံုေဆြးေႏြးပဲြကို ဖိတ္ၾကားထားတဲ့ ေျမာက္ပိုင္းမဟာမိတ္ ၄ဖဲြ႔ဟာ တစ္ႏိုင္ငံလံုးပစ္ခတ္ တိုက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္မေရးထိုးေသးတဲ့ အဖဲြ႔ေတြျဖစ္ၿပီး လက္ရိွမွာ Bilateral ေခၚ ႏွစ္ဘက္ အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိေရးကို ေဆြးေႏြးေနတာျဖစ္ပါတယ္။

မဟာမိတ္ ၄ဖဲြ႔မွာ PSLF တအန္း(ပေလာင္)၊ MNTJP ကိုးကန္႔ နဲ႔ ULA ရခိုင္ အဖဲြ႔ ၃ဖဲြ႔ကေတာ့ အစိုးရတပ္မေတာ္နဲ႔ တုိက္ပဲြေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့သလို ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြကိုလည္း ပန္ဆန္း ဒါမွမဟုတ္ မိုင္းလားနဲ႔ တရုတ္ျပည္ တစ္ေနရာရာမွာ ေဆြးေႏြးဖို႔ ေတာင္းဆုိခဲ့တာပါ။

လာမယ့္ က်ိဳင္းတံုေဆြးေႏြးပဲြမွာ စစ္ေရးကိစၥေတြေဆြးေႏြးဖို႔ တပ္မေတာ္ဘက္ကပါ ပါ၀င္ဖို႔ လိုအပ္ေနေၾကာင္း ခုိင္သုခက ဆက္ေျပာပါတယ္။

“ အဓိကကေတာ့ ဒီလာမယ့္ ေဆြးေႏြးပဲြမွာ ဗမာစစ္တပ္ဘက္ကေနၿပီးေတာ့ အဆံုးအျဖတ္ေပးႏိုင္တဲ့ ပုဂိၢဳလ္ေတြ တက္မတက္ဆုိတာနဲ႔ ဆုိင္တယ္ဗ်။ ဟုိတစ္ေခါက္တံုးကလည္း ဗမာစစ္တပ္ဘက္က သူတို႔ တကယ္ဆံုးျဖတ္ႏိုင္တဲ့ တပ္ဘက္က လူေတြ မပါဘူး။ အဲဒါေၾကာင့္ ေဆြးေႏြးပဲြက သိပ္မထိေရာက္ဘူးလုိ႔ ေျပာလုိ႔ ရတာေပါ့။ ဆိုေတာ့ ဒီတစ္ၾကိမ္မွာ တပ္ဘက္ကလူေတြ ပါလာမယ္ဆုိတဲ့ ဥစၥာသူတုိ႔ အျပင္အစည္းအေ၀းေတြမွာ ေျပာထားတာရိွေတာ့ တကယ္ပါလာဖုိ႔ေတာ့ လိုတာေပါ့ဗ်ာ။ ဒီတစ္ၾကိမ္ေဆြးေႏြးပဲြမွာ အဲဒါမွပဲ တပ္ပိုင္းဆုိင္ရာကိစၥေတြကို ညိွလုိ႔ ရမွာေပါ့။ အခုဒီ အခု PC နဲ႔ ညိွလို႔ အဆံုးစြန္ထိ ပဲြက မၿပီးဘူးေလ။ အဲဒီမွာ ဗမာစစ္တပ္နဲ႔ ညိွဖို႔ လုိတာေပါ့။ ”

တပ္မေတာ္ဘက္က ပါ၀င္တက္ေရာက္ေရးနဲ႔ပတ္သက္လုိ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ အတြင္းေရးမႈး ဗုိလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းက အခုလို ေျပာပါတယ္။

“ က်ေနာ္ ေျပာႏိုင္တာကေတာ့ ရိွပါတယ္။ ရိွတယ္။ က်ေနာ္တုိ႔ NRPC ရဲ့ ဦးေဆာင္မႈေအာက္မွာ သူတုိ႔ လုိအပ္တဲ့အပိုင္းေတြကို ေဆြးေႏြးပါလိမ့္မယ္ခင္ဗ်။ ”

ၿပီးခဲ့တဲ့ ေဆြးေႏြးပဲြေတြမွာေတာ့ Bilateral ေခၚ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္မူၾကမ္းကို အျပန္အလွန္ ေပးအပ္ထားခဲ့တာပါ။ လာမယ့္ေဆြးေႏြးပဲြမွာေတာ့ ႏွစ္ဘက္ သံုးသပ္ခ်က္ေတြကို အျပန္အလွန္ေဆြးေႏြးၾကၿပီး နယ္ေျမသတ္မွတ္ဖု႔ိအတြက္လည္း ေဆြးေႏြးဖို႔ ရိွေနတာျဖစ္ပါတယ္။

အစိုးရရ့ဲ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖဲြ႔ဟာ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔နဲ႔ ၾသဂုတ္လ ၃၁ရက္ေန႔က က်ိဳင္းတံုၿမိဳ႔မွာ ေနာက္ဆံုးေတြ႔ဆံုခဲ့တာျဖစ္ၿပီး ဒီေဆြးေႏြးပဲြအေပၚမွာ ဟန္ျပ လုပ္ပဲြအျဖစ္ ေ၀ဖန္တာေတြလည္း ရိွခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

Unicode version

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ဖိတ်ကြားထားတဲ့ကျိုင်းတုံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့လုံး တက်ရောက်မှာဖြစ်ကြောင်း AAရခိုင်အဖွ့ဲ ပြောခွင့်ရက ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးဖို့ တပ်မတော်က ဆုံးဖြတ်ချက်ပေးနိုင်သူတွေ ပါဝင်လာမယ်လို့လည်း မဟာမိတ်အဖွဲ့တွေ ဘက်က မျှော်လင့်ထားသလို တပ်မတော်ဘက်ကလည်း ပါဝင် တက်ရောက်ဖို့ ရှိနပေါတယ်။

ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ငြိမ်းချမ်းရေးအတွက် ကျိုင်းတုံမြို့မှာ ဒီလ ၁၆ရက်နဲ့ ၁၇ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ကိုKIO ကချင်၊ PSLF တအန်း(ပလောင်)၊ MNTJP ကိုးကန့် နဲ့ ULA ရခိုင် အဖွဲ့တွေကို ဒီလ ၉ရက်နေ့ နေ့စွဲနဲ့ ဖိတ်ကြားထားတာပါ။

ULA ရခိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ သူတို့ အဖွဲ့အနေနဲ့ တက်ရောက်ဖို့ ရှိကြောင်း အခုလို ပြောပါတယ်။

“ ကျိုင်းတုံမှာ ဖြစ်ဖို့ကတော့ သေချာသွားပြီလို့ ပြောတယ်။ ဆိုတော့ ဒီ ကျိုင်းတုံမှာ ၁၇ ရက်နေ့ဖြစ်မယ်လို့တော့ ပြောတယ်ဗျ။ အဲဒါ ရက်ကိုတော့ ၁၆လား၊ ၁၇လားတော့ အဲဒီမှာ ထပ်ညှိနေလား၊ အတည်ပြုပြီလားတော့ မသိဘူး။ ဒါပေမဲ့ ကျနော့ဆီ ပို့လာတဲ့ စာမှာတော့ ၁၇ရက်နေ့လို့ ပြောတယ်။ ဆိုတော့ ၁၇ရက်နေ့ပဲဖြစ်ဖြစ်၊ ၁၆ရက်နေ့ပဲဖြစ်ဖြစ် ကျနော်တို့ ဘက်ကတော့ ဗိုလ်မှုးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်ပြီးတော့ တက်မယ်ဗျ။ ”

ကျန်အဖွဲ့တွေ တက်ရောက်မယ့် အလားအလာကို - “ တက်မယ်ဗျ။ ဒီဟာက ကျနော်တို့ ဒီမြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ လုံး ညှိနှိုင်းပြီးတော့မှ တက်မယ်ဆိုပြီးတော့ ဆုံးဖြတ်တာလို့ ပြောတယ်။”

KIO က တက်ရောက်ဖို့ ပြင်ဆင်ထားပြီဖြစ်ကြောင်းလည်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ ကျနော်တို့ KIO က ကျိုင်းတုံအစည်းအဝေးကို တက်ဖို့ အားလုံးက ပြင်ဆင်ပြီးသားဖြစ်ပါတယ်။ ကျနော်တို့ KIO က မနက်ဖန်မဟုတ်လို့ရှိရင် သန်ဘက်ခါပေ့ါ။ ၁၃ မဟုတ်ရင် ၁၄ ရက်နေ့မှာ ကျနော်တို့ လိုင်ဇာဌာနချုပ်ကနေ ကျနော်တို့ ထွက်ဖို့ ပြင်ဆင်ထားပါတယ်။ ”

ကျိုင်းတုံဆွေးနွေးပွဲကို ဖိတ်ကြားထားတဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိမှာ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် ချုပ်ဆိုရေးကို ဆွေးနွေးနေတာဖြစ်ပါတယ်။

မဟာမိတ် ၄ဖွဲ့မှာ PSLF တအန်း(ပလောင်)၊ MNTJP ကိုးကန့် နဲ့ ULA ရခိုင် အဖွဲ့ ၃ဖွဲ့ကတော့ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း ပန်ဆန်း ဒါမှမဟုတ် မိုင်းလားနဲ့ တရုတ်ပြည် တစ်နေရာရာမှာ ဆွေးနွေးဖို့ တောင်းဆိုခဲ့တာပါ။

လာမယ့် ကျိုင်းတုံဆွေးနွေးပွဲမှာ စစ်ရေးကိစ္စတွေဆွေးနွေးဖို့ တပ်မတော်ဘက်ကပါ ပါဝင်ဖို့ လိုအပ်နေကြောင်း ခိုင်သုခက ဆက်ပြောပါတယ်။

“ အဓိကကတော့ ဒီလာမယ့် ဆွေးနွေးပွဲမှာ ဗမာစစ်တပ်ဘက်ကနေပြီးတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ တက်မတက်ဆိုတာနဲ့ ဆိုင်တယ်ဗျ။ ဟိုတစ်ခေါက်တုံးကလည်း ဗမာစစ်တပ်ဘက်က သူတို့ တကယ်ဆုံးဖြတ်နိုင်တဲ့ တပ်ဘက်က လူတွေ မပါဘူး။ အဲဒါကြောင့် ဆွေးနွေးပွဲက သိပ်မထိရောက်ဘူးလို့ ပြောလို့ ရတာပေါ့။ ဆိုတော့ ဒီတစ်ကြိမ်မှာ တပ်ဘက်ကလူတွေ ပါလာမယ်ဆိုတဲ့ ဥစ္စာသူတို့ အပြင်အစည်းအဝေးတွေမှာ ပြောထားတာရှိတော့ တကယ်ပါလာဖို့တော့ လိုတာပေါ့ဗျာ။ ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ အဲဒါမှပဲ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ညှိလို့ ရမှာပေါ့။ အခုဒီ အခု PC နဲ့ ညှိလို့ အဆုံးစွန်ထိ ပွဲက မပြီးဘူးလေ။ အဲဒီမှာ ဗမာစစ်တပ်နဲ့ ညှိဖို့ လိုတာပေါ့။ ”

တပ်မတော်ဘက်က ပါဝင်တက်ရောက်ရေးနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“ ကျနော် ပြောနိုင်တာကတော့ ရှိပါတယ်။ ရှိတယ်။ ကျနော်တို့ NRPC ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့ လိုအပ်တဲ့အပိုင်းတွေကို ဆွေးနွေးပါလိမ့်မယ်ခင်ဗျ။ ”

ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေမှာတော့ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ်မူကြမ်းကို အပြန်အလှန် ပေးအပ်ထားခဲ့တာပါ။ လာမယ့်ဆွေးနွေးပွဲမှာတော့ နှစ်ဘက် သုံးသပ်ချက်တွေကို အပြန်အလှန်ဆွေးနွေးကြပြီး နယ်မြေသတ်မှတ်ဖု့ိအတွက်လည်း ဆွေးနွေးဖို့ ရှိနေတာဖြစ်ပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ သြဂုတ်လ ၃၁ရက်နေ့က ကျိုင်းတုံမြို့မှာ နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး ဒီဆွေးနွေးပွဲအပေါ်မှာ ဟန်ပြ လုပ်ပွဲအဖြစ် ဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG