စက်တင်ဘာ ၇၊ ၂၀၁၉ - တပ်မတော်က စစ်တိုင်း ၅ တိုင်းမှာ တဖက်သတ် အပစ်ရပ် နောက်ထပ် သီတင်း ၃ ပတ် သက်တမ်းတိုးဖို့ ကြေညာအပြီး၊ ရက်ပိုင်းအတွင်းမှာပဲ တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကလည်း ထိုးစစ်တွေရပ်မယ်ဆိုပြီး ကြေညာထားပါတယ်။
တိုက်ခိုက်မှုတွေ ရပ်စဲဖို့ အပြန်အလှန် ကြေညာချက်တွေက လက်ရှိ တိုက်ခိုက်မှုတွေ လျော့ပါးရေးအတွက် လက်တွေ့မှာ ဘယ်လောက်အထိ အထောက်အကူ ဖြစ်လာနိုင်သလဲ၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်ရော ရှေ့ဆက်ဘာတွေ လုပ်ဖို့လိုနေသလဲ ဆိုတာတွေကိုတော့ ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။