သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ညီေနာင္မဟာမိတ္ေတြနဲ႔ အပစ္ရပ္ေရး အလားအလာ


ၾသဂုတ္လ ၃၁ ရက္ေန႔က က်ိဳင္းတံုမွာ ၿငိမ္းခ်မ္းေရးေကာ္မရွင္အဖြဲ႔ႏွင့္ ေျမာက္ပိုင္းလက္နက္ကိုင္တို႔ ေတြ႔ဆံုစဥ္(ဓါတ္ပံု- U Hla Maung Shwe (NRPC)

ေရွ႕သီတင္းပတ္ထဲ ရွမ္းျပည္နယ္ ၊ က်ဳိင္းတုံၿမဳိ႕မွာ ေတြ႔ဆုံဖို႔ရွိတဲ့ ျငိမ္းခ်မ္းေရးဆိုင္ရာ ေဆြးေႏြးပြဲမွာ ျမန္မာစစ္တပ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ တပ္ဖြဲ႔ေတြအေနနဲ႔ တဖက္နဲ႔တဖက္ အေလွ်ာ့ေပးမႈေတြ လုပ္ႏိုင္မွသာ အပစ္ရပ္စဲေရးအေျခအေနကို ေရာက္လာႏိုင္မွာ ျဖစ္တယ္လို႔ တုိင္းရင္းသားအေရး လႈပ္ရွားသူတခ်ဳိ႕က သုံးသပ္သလို၊ ဒီေဆြးေႏြးပြဲ ဖိတ္ၾကားထားတဲ့ တခ်ိန္ထဲမွာပဲ ေျမျပင္တုိက္ပြဲေတြ ဆက္ရွိေနတာကို ၾကည့္ရင္ လက္ေတြ႔ အပစ္ရပ္ေရးအတြက္ ႏွစ္ဖက္သေဘာတူညီခ်က္ရဖုိ႔ သိပ္မနီးစပ္ေသးဘူးလို႔ ေလ့လာသူတခ်ဳိ႕က သုံးသပ္ပါတယ္။

အေၾကာင္းစုံကို ကိုဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

ေျမာက္ပိုင္းမဟာမိတ္ တုိင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔ေတြျဖစ္တဲ့ KIA/ TNLA/ AA/ MNDAA တပ္ဖြဲ႔ေတြနဲ႔ ျမန္မာ့တပ္မေတာ္တုိ႔ၾကား ၾသဂုတ္လ(၃၁)ရက္ေန႔က ရွမ္းျပည္အေရွ႕ျခမ္း က်ဳိင္းတုံၿမဳိ႕မွာ ေတြ႔ဆုံၿပီးေနာက္၊ စက္တင္ဘာ(၁၆-၁၇) က်ဳိင္းတုံၿမဳိ႕မွာပဲ ေနာက္ထပ္တႀကိမ္ ေတြ႔ဆုံဖို႔ အဆုိျပဳခဲ့ၾကတဲ့အတုိင္း NRPC ဘက္က စက္တင္ဘာ(၉)ရက္ေန႔မွာ ဖိတ္ၾကားစာပို႔ခဲ့တာကို ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ေတြကလည္း တက္ေရာက္မယ္လို႔ VOA ကုိအတည္ျပဳ ေျပာထားပါတယ္။

အခုလာမယ့္ ေရွ႕သီတင္းပတ္ထဲေတြ႔ဆုံမႈအေပၚ အေကာင္းျမင္ ေမွ်ာ္လင့္ထားတယ္လို႔ အေမရိကန္အေျခစို္က တိုင္းရင္သားမ်ားမဟာမိတ္ အဖြဲ႔ Nationalities Alliance (Burma) အေထြေထြအတြင္းေရးမႉး ဦးအမ္တုေအာင္က ေျပာပါတယ္။

“လြန္ခဲ့တဲ့ ၾသဂုတ္(၃၁)ရက္ေန႔မွာ တရုတ္ဖိအားေၾကာင့္ပဲျဖစ္ျဖစ္ ျမန္မာစစ္တပ္အေနနဲ႔ နိုင္ငံတကာရဲ႕ ဖိအားေပးမႈကို ေရွာင္ရွားလိုတဲ့အေနနဲ႔ပဲျဖစ္ျဖစ္ ဘယ္လိုပဲျဖစ္ျဖစ္ ေပါ့ဗ်ာ ဒီလိုအစည္းအေ၀းလုပ္တယ္ဆိုတာက အင္မတန္ေကာင္းမြန္တယ္ က်ေန္ာတို႔ႀကိဳဆိုတယ္။ ဒီထက္ပိုၿပီးမွ စက္တင္ဘာ ၁၆-၁၇ မွာ လုပ္မယ့္အစည္းအေ၀းအတြက္လည္း က်ေနာ့္အေနနဲ႔ ပိုၿပီးေတာ့မွ ေမွ်ာ္လင့္မိတယ္။”

ၾသဂုတ္(၃၁)ရက္ေဆြးေႏြးပြဲမွာ ျမန္မာ့တပ္မေတာ္ဘက္က အဆုံးအျဖတ္ေပးႏိုင္တဲ့သူေတြ တက္ေရာက္ခဲ့ျခင္း မရွိတာေၾကာင့္ တခ်ဳိ႕ကိစၥ ေတြမွာ ႏွစ္ဘက္ညႇိႏႈိင္းဖို႔ အခက္အခဲ ရွိခဲ့ၾကပါတယ္။ ဒီတေခါက္မွာ အေၾကအလည္ မေဆြးေႏြးႏုိ္င္ရင္ အပစ္ရပ္ေရး ႏွစ္ဖက္သေဘာတူညီမႈ ရဖို႔ ခက္ေနလိမ့္မယ္လို႔ ဂ်ာမနီႏုိင္ငံမွာေနတဲ့ ျမန္မာ့တုိင္းရင္းသားအေရး ကၽြမ္းက်င္သူ စိုင္းဝမ္စိုင္းက သုံးသပ္ပါတယ္။

“နဂိုက သူတို႔ မေက်လည္တဲ့ ေနရာသတ္မွတ္မႈေတြရွိတယ္ေလ။ အဲဒီေနရာသတ္မွတ္မႈက ဘာလဲဆိုေတာ့ အစတုန္းက AA ကို လိုင္ဇာေျပာင္းရမယ္လို႔ ေျပာတယ္ဗ်ာ။ ေနာက္ပိုင္းက်ေတာ့ တဆင့္ေလ်ာ့လာၿပီး ရွမ္းျပည္မွာ တိုက္ေနရင္လည္း ရွမ္းျပည္မွာေနပါဆိုတာေတြ ျဖစ္လာေရာ ဆိုေတာ့ အဲဒီအပိုင္းကလည္း အပစ္အခတ္ရပ္စဲေရးလုပ္မယ္ဆိုရင္ အခုတိုက္ေနတဲ့တပ္ေတြ ေရာက္ေနတဲ့ေနရာမွာ အကုန္ရပ္ရၾကမွာေပါ့။ အဲဒါ အခုညီေနာင္ ၃ ဖြဲ႔ရဲ႕ position ေပါ့ေနာ္။ ျပႆနာက သူတို႔အဲဒါကို မေၾကလည္ေအာင္ မေဆြးေႏြးႏိုင္ဘူးဆိုရင္ bilateral ceasefire လည္းမျဖစ္ႏိုင္ဘူးခင္ဗ်။”

ဒီတေခါက္မွာ ႏွစ္ဖက္တပ္ေတြၾကား တပ္ပိုင္းဆုိင္ရာကိစၥေတြ အဓိကထား ေဆြးေႏြးၾကဖို႔ရွိတာေၾကာင့္ စစ္ေၾကာင့္ျဖစ္လာမယ့္ ဆုိးက်ဳိး ေတြကို ေဒသခံျပည္သူေတြ ဆက္ၿပီးမခံစားရေအာင္ အေလွ်ာ့ေပးမႈေတြလုပ္ဖုိ႔ လိုလိမ့္မယ္လို႔ ဦးအမ္တုေအာင္က ေထာက္ျပပါတယ္။

“အျပစ္အခတ္ရပ္ဆိုင္းေရး ဒီကိစၥကို လုပ္ေဆာင္တဲ့အခါမွာ အဓိက အေရးႀကီးတာက ၂ ဖက္လံုးက စစ္တပ္ဘက္ကေရာ အခုညီေနာင္ ၃ ဖြဲ႔ေရာ အဓိကေတာ့ အေလ်ာ့အတင္းေလးေတြေပါ့။ စစ္တပ္ဘက္က ကိုယ္လိုခ်င္တာပဲ ေတာင္းဆိုတာမဟုတ္ပဲနဲ႔ ထို႔အတူ ညီေနာင္ ၃ ဖြဲ႔ဘက္ကလည္း ကိုယ္လိုခ်င္တာပဲ ေတာင္းဆိုတာမဟုတ္ပဲနဲ႔ ႏွစ္ဦးႏွစ္ဖက္ အေလ်ာ့အတင္းေလးေတြကို တန္းတူညီမွ်ေပါ့ေနာ္ ၊ ျဖစ္ႏိုင္ေျခရွိတာေလးေတြကို ေဆာင္ရြက္သြားမယ္ ညိွႏႈိင္းသြားမယ္ဆိုရင္ အျပဳသေဘာေဆာင္တဲ့အေနအထားကို က်ေနာ္တို႔ ေရာက္သြားမယ္ ေနာက္ထပ္တဆင့္တက္လာတယ္လို႔ ယူဆလို႔ရတယ္။ ဒါေပမယ့္ အေလ်ာ့အတင္းေလးေတြ အေပးအယူေတြကို တဖက္သတ္မဟုတ္ဘဲနဲ႔ ေဆာင္ရြက္မယ္ဆိုရင္ေတာ့ ေအာင္ျမင္ႏိုင္တယ္။ သို႔ေသာ္ ဒီမွာကေတာ့ ေဆြးေႏြးေနၿပီးေတာ့ အေနာက္ဘက္မွာ ျပန္ၿပီးေတာ့ တိုက္ခိုက္ေနတာမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူးေပါ့ေနာ္။”

တကယ္ေတာ့ ၾသဂုတ္လ(၃၁)ရက္ေန႔ က်ဳိင္းတုံေဆြးေႏြးပြဲ ျဖစ္လာတယ္ဆုိတာကလည္း တ႐ုတ္ႏိုင္ငံရဲ႕ ၾကားဝင္ ဖိအားေပးမႈေတြေၾကာင့္ ျဖစ္တယ္လို႔ ေလ့လာသူ အမ်ားစုက သုံးသပ္ထားတာပါ။ တကယ့္အပစ္ခတ္ရပ္စဲေရးလိုခ်င္ရင္ေတာ့ အင္အားႀကီးတဲ့ဘက္က ေလွ်ာ့ဖို႔လို တယ္လို႔ စိုင္းဝမ္စိုင္းက ျမင္ပါတယ္။

“ေယဘုယ် အားျဖင့္ ၾကည့္ရင္ေတာ့ ၂ ဘက္စလံုးက နီးစပ္ခ်င္တယ္ဆိုတဲ့ ဆႏၵရွိတဲ့ ပံုစံမ်ိဳး ေပါက္တယ္။ ဒါေပမယ့္ အဲဒီအေနာက္ဘက္မွာ က်ေနာ္တို႔ကိုလာတိုက္ရင္ေတာ့ က်ေနာ္တို႔ အစြမ္းကုန္ ခုခံမယ္တို႔ ဘာတို႔ ညီေနာင္ ၃ ဖြဲ႔က ေျပာတယ္ အစိုးရကလည္း သူတို႔ကိုလာၿပီးတိုက္တယ္ဆိုရင္ ျပန္တိုက္ရမယ္ အဲဒီလိုမ်ိဳး ေျပာထားတဲ့အခါက်ေတာ့ အခုသူတို႔ ထြက္မယ့္ ေၾကညာခ်က္ေပါ့ေနာ္ ၊ သိပ္ၿပီး စိတ္ထဲမွာ တက္လိုက္က်လိုက္ ပံုစံမ်ိဳးထက္ ႏိုင္ငံေရးအရ Position ယူခ်င္တာပဲ သြားေပါက္တာေပါ့ေနာ္ ဆိုေတာ ့က်ေနာ္ထင္တာ ထိေရာက္မႈ သိပ္မရွိဘူးလို႔ထင္တယ္။ တပ္မေတာ္ဘက္ ဒီထက္ပိုၿပီး တဆင့္ေလ်ာ့မယ္ဆိုရင္ေတာ့ အျပစ္အခတ္ရပ္စဲေရး ျဖစ္လာႏိုင္ေျခရွိတယ္ တကယ္လို႔ တပ္မေတာ္ က အရင္ပံုစံအတိုင္းပဲဆိုရင္ေတာ့ အပစ္အခတ္ရပ္စဲေရးအဆင့္ေရာက္ဖို႔ေတာင္ ေတာ္ေတာ္ခက္မယ္လို႔ က်ေနာ္ထင္ပါတယ္။”

ဒီအေတာတြင္း ရခုိင္ေဒသမွာ AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔နဲ႔ အစိုးရတပ္ေတြၾကား တုိက္ပြဲျပင္းထန္ေနသလို၊ ရွမ္းျပည္နယ္ ေက်ာက္မဲၿမဳိ့နယ္ ခ်ဳိးေဟာင္းရြာမွာလည္း စက္တင္ဘာ (၁၂)ရက္ ညေနပိုင္းက ျမန္မာ့တပ္မေတာ္ တပ္မ(၁၀၁)ကေန TNLA တပ္ရင္း ၉၈၇ ကိုလာေရာက္ တုိက္ခိုက္လို႔ တုိက္ပြဲေတြျဖစ္ပြားခဲ့ေၾကာင္း TNLA ကသတင္းထုတ္ျပန္ထားပါတယ္။

..........

Unicode version

ရှေ့သီတင်းပတ်ထဲ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ တွေ့ဆုံဖို့ရှိတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲမှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေအနေနဲ့ တဖက်နဲ့တဖက် အလျှော့ပေးမှုတွေ လုပ်နိုင်မှသာ အပစ်ရပ်စဲရေးအခြေအနေကို ရောက်လာနိုင်မှာ ဖြစ်တယ်လို့ တိုင်းရင်းသားအရေး လှုပ်ရှားသူတချို့က သုံးသပ်သလို၊ ဒီဆွေးနွေးပွဲ ဖိတ်ကြားထားတဲ့ တချိန်ထဲမှာပဲ မြေပြင်တိုက်ပွဲတွေ ဆက်ရှိနေတာကို ကြည့်ရင် လက်တွေ့ အပစ်ရပ်ရေးအတွက် နှစ်ဖက်သဘောတူညီချက်ရဖို့ သိပ်မနီးစပ်သေးဘူးလို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KIA/ TNLA/ AA/ MNDAA တပ်ဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား သြဂုတ်လ(၃၁)ရက်နေ့က ရှမ်းပြည်အရှေ့ခြမ်း ကျိုင်းတုံမြို့မှာ တွေ့ဆုံပြီးနောက်၊ စက်တင်ဘာ(၁၆-၁၇) ကျိုင်းတုံမြို့မှာပဲ နောက်ထပ်တကြိမ် တွေ့ဆုံဖို့ အဆိုပြုခဲ့ကြတဲ့အတိုင်း NRPC ဘက်က စက်တင်ဘာ(၉)ရက်နေ့မှာ ဖိတ်ကြားစာပို့ခဲ့တာကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကလည်း တက်ရောက်မယ်လို့ VOA ကိုအတည်ပြု ပြောထားပါတယ်။

အခုလာမယ့် ရှေ့သီတင်းပတ်ထဲတွေ့ဆုံမှုအပေါ် အကောင်းမြင် မျှော်လင့်ထားတယ်လို့ အမေရိကန်အခြေစိုက တိုင်းရင်သားများမဟာမိတ် အဖွဲ့ Nationalities Alliance (Burma) အထွေထွေအတွင်းရေးမှူး ဦးအမ်တုအောင်က ပြောပါတယ်။

“လွန်ခဲ့တဲ့ သြဂုတ်(၃၁)ရက်နေ့မှာ တရုတ်ဖိအားကြောင့်ပဲဖြစ်ဖြစ် မြန်မာစစ်တပ်အနေနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ရှောင်ရှားလိုတဲ့အနေနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ပေါ့ဗျာ ဒီလိုအစည်းအဝေးလုပ်တယ်ဆိုတာက အင်မတန်ကောင်းမွန်တယ် ကျနေ်ာတို့ကြိုဆိုတယ်။ ဒီထက်ပိုပြီးမှ စက်တင်ဘာ ၁၆-၁၇ မှာ လုပ်မယ့်အစည်းအဝေးအတွက်လည်း ကျနော့်အနေနဲ့ ပိုပြီးတော့မှ မျှော်လင့်မိတယ်။”

သြဂုတ်(၃၁)ရက်ဆွေးနွေးပွဲမှာ မြန်မာ့တပ်မတော်ဘက်က အဆုံးအဖြတ်ပေးနိုင်တဲ့သူတွေ တက်ရောက်ခဲ့ခြင်း မရှိတာကြောင့် တချို့ကိစ္စ တွေမှာ နှစ်ဘက်ညှိနှိုင်းဖို့ အခက်အခဲ ရှိခဲ့ကြပါတယ်။ ဒီတခေါက်မှာ အကြေအလည် မဆွေးနွေးနိုင်ရင် အပစ်ရပ်ရေး နှစ်ဖက်သဘောတူညီမှု ရဖို့ ခက်နေလိမ့်မယ်လို့ ဂျာမနီနိုင်ငံမှာနေတဲ့ မြန်မာ့တိုင်းရင်းသားအရေး ကျွမ်းကျင်သူ စိုင်းဝမ်စိုင်းက သုံးသပ်ပါတယ်။

“နဂိုက သူတို့ မကျေလည်တဲ့ နေရာသတ်မှတ်မှုတွေရှိတယ်လေ။ အဲဒီနေရာသတ်မှတ်မှုက ဘာလဲဆိုတော့ အစတုန်းက AA ကို လိုင်ဇာပြောင်းရမယ်လို့ ပြောတယ်ဗျာ။ နောက်ပိုင်းကျတော့ တဆင့်လျော့လာပြီး ရှမ်းပြည်မှာ တိုက်နေရင်လည်း ရှမ်းပြည်မှာနေပါဆိုတာတွေ ဖြစ်လာရော ဆိုတော့ အဲဒီအပိုင်းကလည်း အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆိုရင် အခုတိုက်နေတဲ့တပ်တွေ ရောက်နေတဲ့နေရာမှာ အကုန်ရပ်ရကြမှာပေါ့။ အဲဒါ အခုညီနောင် ၃ ဖွဲ့ရဲ့ position ပေါ့နော်။ ပြဿနာက သူတို့အဲဒါကို မကြေလည်အောင် မဆွေးနွေးနိုင်ဘူးဆိုရင် bilateral ceasefire လည်းမဖြစ်နိုင်ဘူးခင်ဗျ။”

ဒီတခေါက်မှာ နှစ်ဖက်တပ်တွေကြား တပ်ပိုင်းဆိုင်ရာကိစ္စတွေ အဓိကထား ဆွေးနွေးကြဖို့ရှိတာကြောင့် စစ်ကြောင့်ဖြစ်လာမယ့် ဆိုးကျိုး တွေကို ဒေသခံပြည်သူတွေ ဆက်ပြီးမခံစားရအောင် အလျှော့ပေးမှုတွေလုပ်ဖို့ လိုလိမ့်မယ်လို့ ဦးအမ်တုအောင်က ထောက်ပြပါတယ်။

“အပြစ်အခတ်ရပ်ဆိုင်းရေး ဒီကိစ္စကို လုပ်ဆောင်တဲ့အခါမှာ အဓိက အရေးကြီးတာက ၂ ဖက်လုံးက စစ်တပ်ဘက်ကရော အခုညီနောင် ၃ ဖွဲ့ရော အဓိကတော့ အလျော့အတင်းလေးတွေပေါ့။ စစ်တပ်ဘက်က ကိုယ်လိုချင်တာပဲ တောင်းဆိုတာမဟုတ်ပဲနဲ့ ထို့အတူ ညီနောင် ၃ ဖွဲ့ဘက်ကလည်း ကိုယ်လိုချင်တာပဲ တောင်းဆိုတာမဟုတ်ပဲနဲ့ နှစ်ဦးနှစ်ဖက် အလျော့အတင်းလေးတွေကို တန်းတူညီမျှပေါ့နော် ၊ ဖြစ်နိုင်ခြေရှိတာလေးတွေကို ဆောင်ရွက်သွားမယ် ညှိနှိုင်းသွားမယ်ဆိုရင် အပြုသဘောဆောင်တဲ့အနေအထားကို ကျနော်တို့ ရောက်သွားမယ် နောက်ထပ်တဆင့်တက်လာတယ်လို့ ယူဆလို့ရတယ်။ ဒါပေမယ့် အလျော့အတင်းလေးတွေ အပေးအယူတွေကို တဖက်သတ်မဟုတ်ဘဲနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ အောင်မြင်နိုင်တယ်။ သို့သော် ဒီမှာကတော့ ဆွေးနွေးနေပြီးတော့ အနောက်ဘက်မှာ ပြန်ပြီးတော့ တိုက်ခိုက်နေတာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့နော်။”

တကယ်တော့ သြဂုတ်လ(၃၁)ရက်နေ့ ကျိုင်းတုံဆွေးနွေးပွဲ ဖြစ်လာတယ်ဆိုတာကလည်း တရုတ်နိုင်ငံရဲ့ ကြားဝင် ဖိအားပေးမှုတွေကြောင့် ဖြစ်တယ်လို့ လေ့လာသူ အများစုက သုံးသပ်ထားတာပါ။ တကယ့်အပစ်ခတ်ရပ်စဲရေးလိုချင်ရင်တော့ အင်အားကြီးတဲ့ဘက်က လျှော့ဖို့လို တယ်လို့ စိုင်းဝမ်စိုင်းက မြင်ပါတယ်။

“ယေဘုယျ အားဖြင့် ကြည့်ရင်တော့ ၂ ဘက်စလုံးက နီးစပ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိတဲ့ ပုံစံမျိုး ပေါက်တယ်။ ဒါပေမယ့် အဲဒီအနောက်ဘက်မှာ ကျနော်တို့ကိုလာတိုက်ရင်တော့ ကျနော်တို့ အစွမ်းကုန် ခုခံမယ်တို့ ဘာတို့ ညီနောင် ၃ ဖွဲ့က ပြောတယ် အစိုးရကလည်း သူတို့ကိုလာပြီးတိုက်တယ်ဆိုရင် ပြန်တိုက်ရမယ် အဲဒီလိုမျိုး ပြောထားတဲ့အခါကျတော့ အခုသူတို့ ထွက်မယ့် ကြေညာချက်ပေါ့နော် ၊ သိပ်ပြီး စိတ်ထဲမှာ တက်လိုက်ကျလိုက် ပုံစံမျိုးထက် နိုင်ငံရေးအရ Position ယူချင်တာပဲ သွားပေါက်တာပေါ့နော် ဆိုတော့ကျနော်ထင်တာ ထိရောက်မှု သိပ်မရှိဘူးလို့ထင်တယ်။ တပ်မတော်ဘက် ဒီထက်ပိုပြီး တဆင့်လျော့မယ်ဆိုရင်တော့ အပြစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ခြေရှိတယ် တကယ်လို့ တပ်မတော် က အရင်ပုံစံအတိုင်းပဲဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးအဆင့်ရောက်ဖို့တောင် တော်တော်ခက်မယ်လို့ ကျနော်ထင်ပါတယ်။”

ဒီအတောတွင်း ရခိုင်ဒေသမှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲပြင်းထန်နေသလို၊ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ချိုးဟောင်းရွာမှာလည်း စက်တင်ဘာ (၁၂)ရက် ညနေပိုင်းက မြန်မာ့တပ်မတော် တပ်မ(၁၀၁)ကနေ TNLA တပ်ရင်း ၉၈၇ ကိုလာရောက် တိုက်ခိုက်လို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်ထားပါတယ်။

ညီေနာင္မဟာမိတ္ေတြနဲ႔ အပစ္ရပ္ေရး အလားအလာ
please wait

No media source currently available

0:00 0:05:09 0:00
တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG