သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လမ်းသစ်ဖောက်ဖို့ လိုနေပြီလား


သြဂုတ် ၂၄၊ ၂၀၁၉ - မကြာသေးခင်ကစလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ တကျော့ပြန် ကြီးထွားလာရတာဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တစ်ဆို့နေတဲ့ နောက်ဆက်တွဲ အကျိုးဆက်တခုအဖြစ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေ၊ အကဲခတ်တွေ တော်တော်များများက ထောက်ပြနေကြပါတယ်။

ဒါကြောင့်လည်း စစ်ရှိန်လျှော့ချဖို့၊ ငြိမ်းချမ်းရေး လမ်းစပေါ်လာနိုင်ဖို့ ပြည်တွင်းပြည်ပက သြဇာအရှိန်အဝါ ကြီးမားတဲ့ အင်အားစုတွေက ကြားဝင်စေ့စပ်ဖို့ လိုလိမ့်မယ်လို့လည်း ယူဆနေကြတာပါ။

ရှေ့မတိုးနိုင် ဖြစ်နေရတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်စနိုင်ဖို့ ဘာတွေလုပ်ဖို့ လိုနေပါသလဲ၊ ဆွေးနွေးမှုတွေမှာ တိုးတက်မှုရဖို့ လက်ရှိပုံစံကနေ ဖောက်ထွက်ဖို့ လိုနေပြီလား၊ ဆိုတာတွေကိုတော့ ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG