သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်အဖွဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ ကျိုင်းတုံမှာ ဆွေးနွေးမည်


မြောက်ပိုင်းမဟာမိတ်အဖွဲ့ အစိုးရကိုယ်စားလှယ်တွေ ဧပြီလတုန်းက မူဆယ်မှာတွေ့ဆုံစဉ်
မြောက်ပိုင်းမဟာမိတ်အဖွဲ့ အစိုးရကိုယ်စားလှယ်တွေ ဧပြီလတုန်းက မူဆယ်မှာတွေ့ဆုံစဉ်

မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၄ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ (Northern Alliance) တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သြဂုတ်လ ၃၁ ရက်နေ့ စနေနေ့မှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ကျင်းပ ဖို့ရှိတယ်လို့ ၂ ဖက် တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ နေ့ရက်ဟာ မြန်မာ တပ်မတော်က တစ်ဖက်သက် အပစ်ရပ်ဖို့ ကြေညာထားတဲ့ကာလရဲ့ နောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကချင် လွတ်လပ်ရေး တပ်ဖွဲ့ (KIA)၊ တအာင်း အမျိုးသားများ လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)၊ ရခိုင်တပ်ဖွဲ့ (AA) နဲ့ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ဖွဲ့ (MNDAA) တို့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကိုယ်စားလှယ်တွေ အကြား ဆွေးနွေးပွဲတွေဟာ ဆွေးနွေးပွဲ နေရာအပေါ် အငြင်းပွားနေတာကြောင့် ရွှေ့ဆိုင်းထားခဲ့ရပါတယ်။

အစိုရနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ရဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ မိုင်းလား အထူးဒေသမှာ ဇွန်လ ၃၀ ရက်နေက ကျင်းပခဲ့ပါတယ်။

လေ့လာသူတွေက စေ့စပ် ဆွေးနွေးပွဲတွေ ပြန်လည် စတင်ဖို့နဲ့ ဆွေးနွေးပွဲတွေကြောင့် မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းနဲ့ အနောက်ပိုင်း တွေမှာ ပဋိပက္ခတွေ လျော့ကျသွားမယ်လို့ မျှော်လင့် နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ မြန်မာ တပ်မတော်ဟာ TNLA, AA နဲ့ MNDAA တို့နဲ့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ တပ်မတော်က AA အဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကို တုံ့ပြန်တဲ့အနေနဲ့မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟာ သြဂုတ်လ ၁၅ ရက်နေ့မှာ ထိုးစစ်တွေ ဆက်တိုက်ဆိုသလို စတင်ခဲ့ပြီး မနျ္တလေးတိုင်း ပြင်ဦးလွင်မြို့က တပ်မတော် နည်းပညာ တက္ကသိုလ် နဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်က မြန်မာ တပ်မတော်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG