သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဋိပကၡအတြင္း ကေလးသူငယ္ကာကြယ္ေရး ႏိုင္ငံတကာ တိုက္တြန္း


ရခိုင္ျပည္နယ္ရွိကေလးငယ္မ်ား (၂၀၁၆ ေအာက္တိုဘာလ)

(Zawgyi/Unicode)

ရခုိင္ျပည္နယ္မွာ ၾကာသပေတးေန႔က လက္နက္ႀကီးက်ည္ ထိမွန္ရာက မူလတန္းေက်ာင္းသား ကေလး ၂၀ ထိခုိက္ဒဏ္ရာရခဲ့ၿပီးေနာက္ ကေလးငယ္ေတြကုိ အကာအကြယ္ေပးဖုိ႔ ႏုိင္ငံတကာက တုိက္တြန္းသံေတြ ထြက္ေပၚလာပါတယ္။

မၾကာေသးခင္ကစလုိ႔ ရခိုင္ျပည္နယ္မွာ အၾကမ္းဖက္မႈေတြ တိုးလာေနတာဟာ ေဒသခံျပည္သူအမ်ားစုအတြက္ စိတ္ပ်က္စရာ ျဖစ္ရသလုိ၊ အခုေနာက္ဆုံး ျမန္မာႏုိင္ငံရဲ႕ ကေလးမ်ားေန႔မွာပဲ စာသင္ေက်ာင္းတစ္‌ေက်ာင္းကို လက္နက္ႀကီးက်ေရာက္ခဲ့ၿပီး၊ မၾကာေသးခင္တုန္းကလည္း အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြ ေသဆုံးရတာေတြဟာ အျပစ္မဲ့ျပည္သူေတြအတြက္ ထိ‌ခိုက္နစ္နာစရာ ျဖစ္ရေၾကာင္းလည္း ျမန္မာႏုိင္ငံဆုိင္ရာ ၿဗိတိသွ်သံအမတ္ႀကီး Dan Chugg က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိခဲ့တာပါ။

ျမန္မာႏုိင္ငံက လက္နက္ကုိင္ ပဋိပကၡေတြအတြင္း ကေလးေတြ၊ စာသင္ေက်ာင္းေတြကုိ အကာအကြယ္ေပးဖုိ႔ ႏုိင္ငံတကာ ပရဟိတ အဖဲြ႔တခုျဖစ္တဲ့ Save the Children ကလည္း တုိက္တြန္းထားပါတယ္။

ဘူသီးေတာင္ၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခံဳေရးေဆာင္ရြက္ေနတဲ့ စစ္ေၾကာင္းတခုကုိ ၿခံဳခုိတုိက္ခုိက္ခဲ့တဲ့ ရခုိင္လက္နက္ကုိင္တပ္ဖဲြ႔ (AA) က ပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ဟာ ခမီးေခ်င္းေက်းရြာမွာရွိတဲ့ မူလတန္းေက်ာင္းကုိ ထိမွန္ရာက ေက်ာင္းသား ၁၄ ေယာက္၊ ေက်ာင္းသူ ၆ ေယာက္တုိ႔ကုိ ထိမွန္ဒဏ္ရာရခဲ့ေၾကာင္း တပ္မေတာ္က ၾကာသပေတးေန႔မွာပဲ သတင္းထုတ္ျပန္ထားတာပါ။

AA အဖဲြ႔ ေျပာခြင့္ရ ခုိင္သုခကေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ အေစာပုိင္း ျဖစ္ခဲ့တဲ့ တုိက္ပဲြအတြင္း အထိအခုိက္အက်အဆုံး မ်ားျပားခဲ့တဲ့ ျမန္မာစစ္တပ္က စစ္ဖက္နဲ႔မဆုိင္တဲ့ ပစ္မွတ္ေတြကုိပါ ပစ္ခတ္ခဲ့ရာက စာသင္ေက်ာင္းကုိ ထိမွန္ခဲ့တာျဖစ္ေၾကာင္း ဗြီအုိေအကုိ ေျပာပါတယ္။ ၿဗိတိသွ်သံအမတ္ႀကီးကေတာ့ ၂ ဘက္စလုံး တုိက္ပဲြေတြ ရပ္ဆုိင္းၿပီး၊ ျပည္သူေတြကုိ အစြမ္းကုန္ အကာအကြယ္ေပးဖုိ႔နဲ႔ ျဖစ္ပ်က္ေနတာေတြကုိ သိႏုိင္ဖုိ႔ အင္တာနက္အဆက္အသြယ္ ျဖတ္ေတာက္မႈေတြကုိ ျပန္ဖြင့္ေပးဖုိ႔လည္း တုိက္တြန္းထားတာပါ။

Save the Children အဖဲြ႔ရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ ညႊန္ၾကားေရးမွဴး Duncan Harvey ကေတာ့ လက္နက္ကုိင္ ပဋိပကၡေတြအတြင္း ကေလးေတြအေပၚ အၾကမ္းဖက္တဲ့ လုပ္ရပ္မွန္သမွ်ကုိ ႐ႈတ္ခ်ေၾကာင္းနဲ႔ ကေလးငယ္ေတြကုိ ကာကြယ္ေစာင့္ေရွာက္ဖုိ႔ဟာ က်င့္၀တ္အရသာမက၊ ဥပေဒအရပါ လုိက္နာရမယ့္ တာ၀န္တရပ္ျဖစ္ေၾကာင္းလည္း သတိေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ပဋိပက္ခအတွင်း ကလေးသူငယ်ကာကွယ်ရေး နိုင်ငံတကာ တိုက်တွန်း

(Unicode)

ရခိုင်ပြည်နယ်မှာ ကြာသပတေးနေ့က လက်နက်ကြီးကျည် ထိမှန်ရာက မူလတန်းကျောင်းသား ကလေး ၂၀ ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာက တိုက်တွန်းသံတွေ ထွက်ပေါ်လာပါတယ်။

မကြာသေးခင်ကစလို့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ တိုးလာနေတာဟာ ဒေသခံပြည်သူအများစုအတွက် စိတ်ပျက်စရာ ဖြစ်ရသလို၊ အခုနောက်ဆုံး မြန်မာနိုင်ငံရဲ့ ကလေးများနေ့မှာပဲ စာသင်ကျောင်းတစ်‌ကျောင်းကို လက်နက်ကြီးကျရောက်ခဲ့ပြီး၊ မကြာသေးခင်တုန်းကလည်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ သေဆုံးရတာတွေဟာ အပြစ်မဲ့ပြည်သူတွေအတွက် ထိ‌ခိုက်နစ်နာစရာ ဖြစ်ရကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Dan Chugg က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးတွေ၊ စာသင်ကျောင်းတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာ ပရဟိတ အဖွဲ့တခုဖြစ်တဲ့ Save the Children ကလည်း တိုက်တွန်းထားပါတယ်။

ဘူသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်းတခုကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ခမီးချေင်းကျေးရွာမှာရှိတဲ့ မူလတန်းကျောင်းကို ထိမှန်ရာက ကျောင်းသား ၁၄ ယောက်၊ ကျောင်းသူ ၆ ယောက်တို့ကို ထိမှန်ဒဏ်ရာရခဲ့ကြောင်း တပ်မတော်က ကြာသပတေးနေ့မှာပဲ သတင်းထုတ်ပြန်ထားတာပါ။

AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ ဘူးသီးတောင်မြို့နယ်မှာ အစောပိုင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံး များပြားခဲ့တဲ့ မြန်မာစစ်တပ်က စစ်ဖက်နဲ့မဆိုင်တဲ့ ပစ်မှတ်တွေကိုပါ ပစ်ခတ်ခဲ့ရာက စာသင်ကျောင်းကို ထိမှန်ခဲ့တာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။ ဗြိတိသျှသံအမတ်ကြီးကတော့ ၂ ဘက်စလုံး တိုက်ပွဲတွေ ရပ်ဆိုင်းပြီး၊ ပြည်သူတွေကို အစွမ်းကုန် အကာအကွယ်ပေးဖို့နဲ့ ဖြစ်ပျက်နေတာတွေကို သိနိုင်ဖို့ အင်တာနက်အဆက်အသွယ် ဖြတ်တောက်မှုတွေကို ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းထားတာပါ။

Save the Children အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Duncan Harvey ကတော့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးတွေအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်မှန်သမျှကို ရှုတ်ချကြောင်းနဲ့ ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ဟာ ကျင့်ဝတ်အရသာမက၊ ဥပဒေအရပါ လိုက်နာရမယ့် တာဝန်တရပ်ဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

XS
SM
MD
LG