သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖေဖေါ်ဝါရီ ၁၃ ဗိုလ်ချုပ် မွေးနေ့ မြန်မာကလေးများနေ့


ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၄) နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် ကလေးငယ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ အာဟာရဒါနပြုကျွေးမွေးလှူဒါန်းတာ အပါအဝင် မွေးနေ့ပွဲကို မြန်မာနိုင်ငံတဝှမ်း ကျင်းပလေ့ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ပြည်ထောင်စုစိတ်ဓါတ်ကိုအခြေခံ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓါတ်ကို မြန်မာလူငယ်တွေ ငယ်ရွယ်စဉ်ကတည်းက ကိန်းအောင်းစေဖို့ မတူကွဲပြားခြင်း၊ အားလုံးပါဝင်ခြင်းနဲ့ လွတ်လပ်ခြင်း တို့အတွက် ဖော်ဆောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်ခဲ့မှုတွေကို ပြန်လည်အမှတ်ရ စေဖို့ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာကလေးများနေ့ကို နိုင်ငံတဝှမ်း ကျင်းပကြတာ ဖြစ်ပါတယ်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ အမှတ်တရ ဓာတ်ပုံ၊ ကာတွန်းစာအုပ်ပြပွဲတွေကို ကျင်းပကြသလို ပြခန်းတွေမှာ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ သမိုင်းအဆက်ဆက် စာအုပ်တွေ၊ ဗိုလ်ချုပ်ရဲ့ဘဝမှတ်တမ်းတွေ၊ မိသားစုသမိုင်းဝင်ဓာတ်ပုံတွေ ပြသပြီး ဗိုလ်ချုပ်အမှတ်တရ ကာတွန်းရုပ်ပြတွေနဲ့ လက်ကမ်းစာစောင်တွေကို ဝေဌပေး့ပြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ကျင်းပလေ့ရှိပါတယ်။

ဖခင်ဖြစ်သူ ရှေ့နေဦးဖာနဲ့ ဒေါ်စုတို့က ၁၉၁၅ခုနှစ်က မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နှစ်တရာပြည့်မွေးနေ့ကို ၂၀၁၅ခုနှစ် က ဗိုလ်ချုပ်ရဲ့ ဇာတိ မကွေးခရိုင် နတ်မောက်မြို့ အပါအဝင် နိုင်ငံတဝှမ်းမှာရော ပြည်ပမှာပါ ရာပြည့်အခမ်းအနားတွေနဲ့ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG