(zawgyi/unicode)
ျမန္မာႏိ္ုင္ငံ ဒီမိုကေရစီအသြင္ကူေျပာင္းေရးမွာ ႏိ္ုင္ငံတြင္း ႐ိုဟင္ဂ်ာေတြနဲ႔ အျခားလူနည္းစုအခြင့္အေရးအကာအကြယ္ေပးဖို႔ မျဖစ္မေနအေရးႀကီးတာေၾကာင့္၊ ဒီအခြင့္အေရးေတြကို အာမခံမယ့္ ဥပေဒနဲ႔မူဝါဒဆိုင္ရာျပင္ဆင္မႈေတြလုပ္ဖို႔ လူ႔အခြင့္အေရးဆိုင္ရာကုလသမဂၢမဟာမင္းႀကီး Michelle Bachelet က ျမန္မာအစိုးရကို တိုက္တြန္းပါတယ္။
ျမန္မာႏိုင္ငံက ႐ိုဟင္ဂ်ာနဲ႔အျခားလူနည္းစုအေရးနဲ႔ပတ္သက္လို႔ ကုလမဟာမင္းႀကီးက အခုက်င္းပေနတဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီကို ဒီကေန႔ အစီရင္ခံစာ တင္သြင္းတာပါ။ ႐ိုဟင္ဂ်ာေတြကို အကာအကြယ္ေပးဖို႔ ICJ ႏိုင္ငံတကာတရားရံုးရဲ႕ ၾကားျဖတ္အစီအမံကို ျမန္မာအစိုးရအေနနဲ႔ လက္ခံေဆာင္ရြက္ဖို႔ကိုလည္း အဖဲြ႕၀င္ႏိုင္ငံအေတာ္မ်ားမ်ားက တိုက္တြန္းၾကပါတယ္။ ဒီအေၾကာင္း ကိုသားၫြန္႔ဦး ေျပာျပမွာပါ။
ျမန္မာႏိုင္ငံရဲ႕ ႐ိုဟင္ဂ်ာနဲ႔လူနည္းစုလူမ်ိဳးေတြရဲ႕ အခြင့္အေရးနဲ႔ပတ္သက္လို႔ လူ႔အခြင့္အေရးမဟာမင္းႀကီး Michelle Bachelet ရဲ႕ အစီရင္ခံစာထဲမွာေတာ့ ျမန္မာႏိုင္ငံမွာ ရာစုႏွစ္၀က္ေက်ာ္ ရွိေနခဲ့တဲ့ ဥပေဒေတြနဲ႔ အစိုးရမူဝါဒေတြမွာ လူနည္းစုဘာသာ၀င္ေတြနဲ႔ လူမ်ိဳးစုေတြအေပၚ ခဲြျခားဆက္ဆံတာ ဖယ္ထုတ္တာေတြ ရွိေနတယ္လို႔ ေထာက္ျပၿပီး၊ ဒီလို မူဝါဒေတြေၾကာင့္ အၾကမ္းဖက္မႈေတြ ဆင္းရဲမဲြေတမႈေတြနဲ႔ အျမတ္ထုတ္မႈေတြ ျဖစ္ေပၚေစတယ္လို႔ သံုးသပ္ထားပါတယ္။ ဒါ့အျပင္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္မႈ ဥပေဒမ်ိဳးေတြေၾကာင့္ ႐ိုဟင္ဂ်ာေတြနဲ႔ အျခားမြတ္ဆလင္ေတြ ႏိုင္ငံမဲ့ျဖစ္သြားေစတဲ့ အေျခအေနကို ဆိ္ုက္ေရာက္သြားေစတယ္လို႔ ေထာက္ျပပါတယ္။ ဒါေၾကာင့္လည္း ဒီမူဝါဒေတြကို ျပင္ဆင္မႈလုပ္ဖို႔ ကုလ မဟာမင္းႀကီးက တိုက္တြန္းပါတယ္။
“ခဲြျခားဆက္ဆံမႈေတြရွိေနတဲ့ ဥပေဒေတြနဲ႔ မူဝါဒေတြကို ဖ်က္ပစ္ရပါမယ္။ ဖဲြ႕စည္းပံုျပင္ဆင္ေရးလုပ္ငန္းစဥ္ဟာ အုပ္ခ်ဳပ္ေရးအဆင့္ဆင့္မွာ ခဲြျခားဆက္ဆံမႈေတြမရွိဖို႔ လူနည္းစုအခြင့္အေရးေတြကို အာမခံဖို႔ တကယ့္အခြင့္အလမ္းေကာင္းပါ။”
ဆယ္စုႏွစ္နဲ႔ခ်ီၾကာေနတဲ့ အာဏာရွင္အုပ္ခ်ဳပ္မႈကေန အသြင္ေျပာင္းလာခ်ိန္မွာ ႏိုင္ငံျခားသား မုန္းတီးမႈေတြနဲ႔ အၾကမ္းဖက္မႈေတြ တိုးလာတာေတြေၾကာင့္၊ ျမန္မာႏိုင္ငံအသြင္ကူးေျပာင္းမႈဟာ ဖိအားေတြနဲ႔ မေသခ်ာမႈေတြ ရင္ဆိုင္ေနရတယ္လို႔လည္း ကုလ မဟာမင္းႀကီးက ေျပာပါတယ္။ လြတ္လပ္လာတဲ့ အင္တာနက္အြန္လိုင္းေတြကတဆင့္ အစြန္းေရာက္အမ်ိဳးသားေရးလႈပ္ရွားမႈေတြဟာ အၾကမ္းဖက္မႈေတြနဲ႔ မုန္းတီးမႈေတြနဲ႔ လူမႈအဓိက႐ုဏ္းေတြျဖစ္လာေအာင္ လံႈ႔ေဆာ္လာတယ္လို႔လည္း ဆိုပါတယ္။ ဒါေၾကာင့္ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြနဲ႔ အျခားလူနည္းစုေတြအေပၚ ရန္လိုမုန္းတီးမႈေတြနဲ႔ လႈံ႔ေဆာ္မႈေတြ တိုးလာတာကို ကိုင္တြယ္ေျဖရွင္းသြားဖို႔ ျမန္မာအစိုးရကို တိုက္တြန္းသြားသလို၊ ပန္းစကားလို အရပ္ဖက္လူမႈအဖဲြ႕အစည္းေတြရဲ႕ လႈပ္ရွားမႈမ်ိဳး၊ ဘာသာစံုခ်စ္ၾကည္ေရး လႈပ္ရွားမႈမ်ိဳးေတြကို အားေပးေထာက္ခံရမယ္လို႔ ကုလ မဟာမင္းႀကီးက ေျပာပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏံႈးကိုလက္မခံသလို၊ ႏိုင္ငံတကာတရားရံုးမွာ ရင္ဆိုင္ေနရတဲ့ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္ခဲ့ၾကတယ္ဆိုတာကိုလည္း ျငင္းဆန္ထားပါတယ္။
တခ်ိန္တည္းမွာပဲ ICJ ႏိုင္ငံတကာတရားရံုးကေန ႐ိုဟင္ဂ်ာလူနည္းစုေတြအကို အကာအကြယ္ေပးဖို႔ ၾကားျဖတ္အစီအမံေတြ ခ်မွတ္ထားတာကိုလည္း လိုက္နာေဆာင္ရြက္ဖို႔လည္း သူက တိုက္တြန္း ပါတယ္။
“ ICJ ႏိုင္ငံတကာတရားရံုးကေန ခ်မွတ္ခဲ့တဲ့ ၾကားျဖတ္အစီအမံေတြကို ျမန္မာအစိုးရအေနနဲ႔ အေကာင္အထည္ေဖာ္ေဆာင္ရြက္ဖို႔လိုပါတယ္။ ”
ပဋိပကၡေတြေျဖရွင္းၿပီး ၿငိမ္းခ်မ္းေရးတည္ေဆာက္ဖို႔ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို ေဆာင္ရြက္ဖို႔ဆိုတဲ့ေနရာမွာ လူနည္းစုအခြင့္အေရးေတြက မျဖစ္မေန အေရးႀကီးတယ္လို႔လည္း ဆိုပါတယ္။ ႏိုင္ငံသားျဖစ္မႈဥပေဒအပါအ၀င္ ဥပေဒေရးရာနဲ႔ မူဝါဒေရးရာ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔အျပင္၊ အမ်ိဳးသားလကၡဏာသစ္တရပ္ကို ေပၚလြင္ေစၿပီးေတာ့ မတူကဲြျပားမႈေတြအေပၚ နားလည္လက္ခံတဲ့ ပညာေရးတရပ္ျဖစ္လာဖို႔ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ရမယ္လို႔လည္း ေထာက္ျပပါတယ္။ နက္နက္ရိႈင္းရိႈင္းကဲြျပားမႈျဖစ္ေနတာေတြကို ကုစားဖို႔ဆိုရင္ အသြင္ကူးေျပာင္းေရး တရားမွ်တမႈရွာေဖြေရး လုပ္ငန္းစဥ္ေတြက အေထာက္အကူျဖစ္ႏိုင္တယ္လို႔လည္း ကုလမဟာမင္းႀကီးက ေျပာခဲ့ပါတယ္။
ကုလ မဟာမင္းႀကီးရဲ႕ ဒီအစီရင္ခံစာအေပၚ ႏိ္ုင္ငံအေတာ္မ်ားမ်ားက ေဆြးေႏြးရာမွာ ICJ ႏိုင္ငံတကာတရားရံုးက ခ်မွတ္ခဲ့တဲ့ ၾကားျဖတ္အေရးေပၚအစီအမံကို လိုက္နာဖို႔ ျမန္မာအအစိုးရကို တိုက္တြန္းၾကပါတယ္။ တ႐ုတ္အပါအ၀င္ အိမ္နိးခ်င္းႏိုင္ငံေတြကေတာ့ ဘဂၤလားေဒ့ရွ္နဲ႔ခ်ဳပ္ဆိုထားတဲ့ သေဘာတူညီခ်က္အတိုင္း ဒုကၡသည္ေတြ ေနရပ္ျပန္ေရးကို ျမန္ျမန္ဆန္ဆန္ေဆာင္ရြက္ဖ္ို႔ တိုက္တြန္းၾကပါတယ္။ တခ်ိန္တည္းမွာပဲ ရခိုင္ျပည္နယ္အတြင္း လတ္တေလာျဖစ္လာတဲ့ AA ရခိုင္လက္နက္ကိုင္ေတြနဲ႔ ျဖစ္ေနတဲ့ စစ္ေရးပဋိပကၡေၾကာင့္ ေဒသခံေတြ အေျခအေနပိုဆိုးလာတာကိုလည္း စိုးရိမ္တဲ့အေၾကာင္းေထာက္ျပၾကပါတယ္။ ၿဗိတိသွ် သံကိုယ္စားလွယ္ကေတာ့ ရခိုင္ျပည္နယ္က အေျခအေနသစ္ေတြေၾကာင့္ ေဒသခံေတြကို ေနာက္ထပ္ ကန္႔သတ္ခ်ဳပ္ျခယ္မႈေတြမလုပ္ဖို႔ တိုက္တြန္းပါတယ္။
“ လြတ္လပ္စြာေျပာဆိုခြင့္ကို ကန္႔သတ္လာတာေတြကို UK အေနနဲ႔ စိုးရိမ္မိပါတယ္။ ရခိုင္ျပည္နယ္အတြင္း အင္တာနက္ျဖတ္ေတာက္မႈ ျပန္႐ုပ္ေပးဖို႔ ျမန္မာအစိုးရကို ေတာင္းဆိုပါတယ္။ ရခိုင္ျပည္နယ္မွာျဖစ္လာတဲ့အေျခအေနသစ္ေတြေၾကာင့္ ႐ိုဟင္ဂ်ာ၊ ရခိုင္နဲ႔ အျခားလူမ်ိဳးေတြအေပၚ ကန္႔သတ္မႈေတြ မလုပ္သင့္ပါဘူး။”
အခုႏွစ္မွာက်င္းပမယ့္ ေရြးေကာက္ပဲြ၊ လက္ရွိေဆြးေႏြးေနၾကတဲ့ ဖဲြ႕စည္းပံုျပင္ဆင္ေရးနဲ႔ လက္ရွိလုပ္ေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြဟာ အတိတ္ကာလျမန္မာႏိုင္ငံရဲ႕ျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔၊ ျမန္မာႏိုင္ငံအနာဂတ္ကို ပံုေဖာ္ႏိုင္ဖို႔ အေရးႀကီးတဲ့ အခြင့္အလမ္းေတြျဖစ္တယ္လို႔ ကုလ မဟာမင္းႀကီး Michelle Bachelet က ေျပာခဲ့ပါတယ္။ ဖိႏွိပ္မႈေတြနဲ႔ ပဋိပကၡေတြ ႏွစ္ေပါင္းမ်ားစြာၾကံဳေတြ႕ခဲ့ရတဲ့ေနာက္ လူ႔အဖဲြ႕အစည္းကို တည္ေဆာက္တဲ့အခါမွာ တန္းတူညီမွ်မႈအေပၚမူတည္ဖို႔၊ ခဲြျခားဆက္ဆံမႈမရွိပဲ အျပန္အလွန္ ေလးစားအသိအမွတ္ျပဳဖို႔ဆိုတာေတြ အေရးပါတယ္ဆိုတာကိုလည္း သတိေပးသြားပါတယ္။
...................
ရိုဟင်ဂျာအခွင့်အရေး ကုလမဟာမင်းကြီးအစီရင်ခံစာတင်သွင်း
(unicode)
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူပြောင်းရေးမှာ နိုင်ငံတွင်း ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုအခွင့်အရေးအကာအကွယ်ပေးဖို့ မဖြစ်မနေအရေးကြီးတာကြောင့်၊ ဒီအခွင့်အရေးတွေကို အာမခံမယ့် ဥပဒေနဲ့မူဝါဒဆိုင်ရာပြင်ဆင်မှုတွေလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့အခြားလူနည်းစုအရေးနဲ့ပတ်သက်လို့ ကုလမဟာမင်းကြီးက အခုကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဒီကနေ့ အစီရင်ခံစာ တင်သွင်းတာပါ။ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ICJ နိုင်ငံတကာတရားရုံးရဲ့ ကြားဖြတ်အစီအမံကို မြန်မာအစိုးရအနေနဲ့ လက်ခံဆောင်ရွက်ဖို့ကိုလည်း အဖွဲ့ဝင်နိုင်ငံအတော်များများက တိုက်တွန်းကြပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ပြောပြမှာပါ။
မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာနဲ့လူနည်းစုလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံမှာ ရာစုနှစ်ဝက်ကျော် ရှိနေခဲ့တဲ့ ဥပဒေတွေနဲ့ အစိုးရမူဝါဒတွေမှာ လူနည်းစုဘာသာဝင်တွေနဲ့ လူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံတာ ဖယ်ထုတ်တာတွေ ရှိနေတယ်လို့ ထောက်ပြပြီး၊ ဒီလို မူဝါဒတွေကြောင့် အကြမ်းဖက်မှုတွေ ဆင်းရဲမွဲတေမှုတွေနဲ့ အမြတ်ထုတ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ သုံးသပ်ထားပါတယ်။ ဒါ့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေမျိုးတွေကြောင့် ရိုဟင်ဂျာတွေနဲ့ အခြားမွတ်ဆလင်တွေ နိုင်ငံမဲ့ဖြစ်သွားစေတဲ့ အခြေအနေကို ဆိုက်ရောက်သွားစေတယ်လို့ ထောက်ပြပါတယ်။ ဒါကြောင့်လည်း ဒီမူဝါဒတွေကို ပြင်ဆင်မှုလုပ်ဖို့ ကုလ မဟာမင်းကြီးက တိုက်တွန်းပါတယ်။
“ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေကို ဖျက်ပစ်ရပါမယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်ဟာ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ခွဲခြားဆက်ဆံမှုတွေမရှိဖို့ လူနည်းစုအခွင့်အရေးတွေကို အာမခံဖို့ တကယ့်အခွင့်အလမ်းကောင်းပါ။”
ဆယ်စုနှစ်နဲ့ချီကြာနေတဲ့ အာဏာရှင်အုပ်ချုပ်မှုကနေ အသွင်ပြောင်းလာချိန်မှာ နိုင်ငံခြားသား မုန်းတီးမှုတွေနဲ့ အကြမ်းဖက်မှုတွေ တိုးလာတာတွေကြောင့်၊ မြန်မာနိုင်ငံအသွင်ကူးပြောင်းမှုဟာ ဖိအားတွေနဲ့ မသေချာမှုတွေ ရင်ဆိုင်နေရတယ်လို့လည်း ကုလ မဟာမင်းကြီးက ပြောပါတယ်။ လွတ်လပ်လာတဲ့ အင်တာနက်အွန်လိုင်းတွေကတဆင့် အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုတွေဟာ အကြမ်းဖက်မှုတွေနဲ့ မုန်းတီးမှုတွေနဲ့ လူမှုအဓိကရုဏ်းတွေဖြစ်လာအောင် လှုံ့ဆော်လာတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ အခြားလူနည်းစုတွေအပေါ် ရန်လိုမုန်းတီးမှုတွေနဲ့ လှုံ့ဆော်မှုတွေ တိုးလာတာကို ကိုင်တွယ်ဖြေရှင်းသွားဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားသလို၊ ပန်းစကားလို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုမျိုး၊ ဘာသာစုံချစ်ကြည်ရေး လှုပ်ရှားမှုမျိုးတွေကို အားပေးထောက်ခံရမယ်လို့ ကုလ မဟာမင်းကြီးက ပြောပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုလက်မခံသလို၊ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြတယ်ဆိုတာကိုလည်း ငြင်းဆန်ထားပါတယ်။
တချိန်တည်းမှာပဲ ICJ နိုင်ငံတကာတရားရုံးကနေ ရိုဟင်ဂျာလူနည်းစုတွေအကို အကာအကွယ်ပေးဖို့ ကြားဖြတ်အစီအမံတွေ ချမှတ်ထားတာကိုလည်း လိုက်နာဆောင်ရွက်ဖို့လည်း သူက တိုက်တွန်း ပါတယ်။
“ ICJ နိုင်ငံတကာတရားရုံးကနေ ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံတွေကို မြန်မာအစိုးရအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုပါတယ်။ ”
ပဋိပက္ခတွေဖြေရှင်းပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာ လူနည်းစုအခွင့်အရေးတွေက မဖြစ်မနေ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံသားဖြစ်မှုဥပဒေအပါအဝင် ဥပဒေရေးရာနဲ့ မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အပြင်၊ အမျိုးသားလက္ခဏာသစ်တရပ်ကို ပေါ်လွင်စေပြီးတော့ မတူကွဲပြားမှုတွေအပေါ် နားလည်လက်ခံတဲ့ ပညာရေးတရပ်ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်လို့လည်း ထောက်ပြပါတယ်။ နက်နက်ရှိုင်းရှိုင်းကွဲပြားမှုဖြစ်နေတာတွေကို ကုစားဖို့ဆိုရင် အသွင်ကူးပြောင်းရေး တရားမျှတမှုရှာဖွေရေး လုပ်ငန်းစဉ်တွေက အထောက်အကူဖြစ်နိုင်တယ်လို့လည်း ကုလမဟာမင်းကြီးက ပြောခဲ့ပါတယ်။
ကုလ မဟာမင်းကြီးရဲ့ ဒီအစီရင်ခံစာအပေါ် နိုင်ငံအတော်များများက ဆွေးနွေးရာမှာ ICJ နိုင်ငံတကာတရားရုံးက ချမှတ်ခဲ့တဲ့ ကြားဖြတ်အရေးပေါ်အစီအမံကို လိုက်နာဖို့ မြန်မာအအစိုးရကို တိုက်တွန်းကြပါတယ်။ တရုတ်အပါအဝင် အိမ်နိးချင်းနိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ချုပ်ဆိုထားတဲ့ သဘောတူညီချက်အတိုင်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ တိုက်တွန်းကြပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်လာတဲ့ AA ရခိုင်လက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကြောင့် ဒေသခံတွေ အခြေအနေပိုဆိုးလာတာကိုလည်း စိုးရိမ်တဲ့အကြောင်းထောက်ပြကြပါတယ်။ ဗြိတိသျှ သံကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်က အခြေအနေသစ်တွေကြောင့် ဒေသခံတွေကို နောက်ထပ် ကန့်သတ်ချုပ်ခြယ်မှုတွေမလုပ်ဖို့ တိုက်တွန်းပါတယ်။
“ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်လာတာတွေကို UK အနေနဲ့ စိုးရိမ်မိပါတယ်။ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှု ပြန်ရုပ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်လာတဲ့အခြေအနေသစ်တွေကြောင့် ရိုဟင်ဂျာ၊ ရခိုင်နဲ့ အခြားလူမျိုးတွေအပေါ် ကန့်သတ်မှုတွေ မလုပ်သင့်ပါဘူး။”
အခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲ၊ လက်ရှိဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အတိတ်ကာလမြန်မာနိုင်ငံရဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့၊ မြန်မာနိုင်ငံအနာဂတ်ကို ပုံဖော်နိုင်ဖို့ အရေးကြီးတဲ့ အခွင့်အလမ်းတွေဖြစ်တယ်လို့ ကုလ မဟာမင်းကြီး Michelle Bachelet က ပြောခဲ့ပါတယ်။ ဖိနှိပ်မှုတွေနဲ့ ပဋိပက္ခတွေ နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့နောက် လူ့အဖွဲ့အစည်းကို တည်ဆောက်တဲ့အခါမှာ တန်းတူညီမျှမှုအပေါ်မူတည်ဖို့၊ ခွဲခြားဆက်ဆံမှုမရှိပဲ အပြန်အလှန် လေးစားအသိအမှတ်ပြုဖို့ဆိုတာတွေ အရေးပါတယ်ဆိုတာကိုလည်း သတိပေးသွားပါတယ်။