သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ဘ႐ွန္ခ်ာကၽြန္းသို႔ ေျပာင္းေ႐ႊ႕ေရး ေ႐ႊ႕ဆိုင္း


ရိုဟင္ဂ်ာေတြကို ေရႊ႕ေျပာင္းေနရာခ်ဖို႔ စီစဥ္ထားတဲ႔ Bhasan Char ကြ်န္း။

ဘဂၤလားပင္လယ္ေအာ္ထဲက ဘရွန္ခ်ာကၽြန္းမွာ ႐ုိဟင္ဂ်ာဒုကၡသည္ တစ္သိန္းေလာက္ကုိ ေျပာင္းေရႊ႕ ေနရာခ်မယ့္ အစီအစဥ္ကုိ ဆုိင္းငံ့ထားေၾကာင္း ဘဂၤလားေဒ့ရွ္ တာ၀န္ရွိသူတစ္ဦးက ဗုဒၶဟူးေန႔မွာပဲ ေျပာဆုိလုိက္ပါတယ္။

႐ုိဟင္ဂ်ာ ဒုကၡသည္ေတြကုိ ေနရာသစ္မွာ ေျပာင္းေရႊ႕ထားဖုိ႔ ဘဂၤလားေဒ့ရွ္ အာဏာပုိင္ေတြ အခ်ိန္အေတာ္ၾကာ ကတည္းက စီစဥ္ေနတာ ျဖစ္ေပမဲ့ မုတ္သုန္ရာသီမွာ ေရႀကီးႏုိင္တဲ့ အႏၱရာယ္ရွိတဲ့ ေနရာမွာ ေနထုိင္ရမယ့္ အစီအစဥ္အေပၚ ဒုကၡသည္ေတြနဲ႔ လူ႔အခြင့္အေရး အဖဲြ႔ေတြက စုိးရိမ္ေနၾကတာပါ။

ဒါေပမဲ့ အခုအခါ အစီအစဥ္ကုိ ဆုိင္းငံ့လုိက္ၿပီျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ ကပ္ေဘးဒဏ္ စီမံခန္႔ခဲြေရးဆုိင္ရာ အငယ္တန္း၀န္ႀကီး Enamur Rahman ကုိ ကုိးကားၿပီး AFP သတင္းက ေဖာ္ျပခဲ့ပါတယ္။ တ႐ုတ္ႏုိင္ငံရဲ႕ ၾကား၀င္ညွိႏႈိင္းမႈအရ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္မွာ တုိးတက္မႈ ရွိေနတာေၾကာင့္ ေျပာင္းေရႊ႕ေနရာခ်ထားဖုိ႔ထက္ ေနရပ္ျပန္ႏုိင္မယ့္ သံတမန္ေရး ႀကိဳးပမ္းမႈေတြကုိ အာ႐ုံစုိက္ ေဆာင္ရြက္သြားဖုိ႔ ရွိေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။

၂၀၁၇ ခုႏွစ္ထဲ ရခုိင္ျပည္နယ္က လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းခဲ့တဲ့ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြရဲ႕ စစ္ဆင္ေရးေတြေနာက္ပုိင္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ ထြက္ေျပးသြားတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြကုိ ျပန္လည္ လက္ခံေရး ျမန္မာအစုိးရက ဘဂၤလားေဒ့ရွ္နဲ႔ေရာ၊ ကုလသမဂၢနဲ႔ပါ နားလည္မႈ စာခၽြန္လႊာေတြ သီးျခားလက္မွတ္ ေရးထုိးထားပါတယ္။

ဒါေပမဲ့လည္း ဒုကၡသည္ေတြရဲ႕ အေျခခံအခြင့္အေရးေတြနဲ႔ လုံၿခံဳေရးအတြက္ စုိးရိမ္မႈေတြနဲ႔အတူ ေနရပ္ျပန္ပုိ႔ေရး အစီအစဥ္ေတြ အထမေျမာက္ပဲ ျဖစ္ေနတာပါ။ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြကုိ ျပန္လည္လက္ခံဖုိ႔ အသင့္ရွိေၾကာင္း ေျပာဆုိထားၿပီး၊ ကုိယ့္သေဘာဆႏၵနဲ႔ ေနရပ္ျပန္လာသူ ရာဂဏန္းအထိ ရွိေနၿပီလုိ႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘရှန်ချာကျွန်းသို့ ပြောင်းရွှေ့ရေး ရွှေ့ဆိုင်း

ဘင်္ဂလားပင်လယ်အော်ထဲက ဘရှန်ချာကျွန်းမှာ ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းလောက်ကို ပြောင်းရွှေ့ နေရာချမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာသစ်မှာ ပြောင်းရွှေ့ထားဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ အချိန်အတော်ကြာ ကတည်းက စီစဉ်နေတာ ဖြစ်ပေမဲ့ မုတ်သုန်ရာသီမှာ ရေကြီးနိုင်တဲ့ အန္တရာယ်ရှိတဲ့ နေရာမှာ နေထိုင်ရမယ့် အစီအစဉ်အပေါ် ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်နေကြတာပါ။

ဒါပေမဲ့ အခုအခါ အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကပ်ဘေးဒဏ် စီမံခန့်ခွဲရေးဆိုင်ရာ အငယ်တန်းဝန်ကြီး Enamur Rahman ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုအရ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်မှာ တိုးတက်မှု ရှိနေတာကြောင့် ပြောင်းရွှေ့နေရာချထားဖို့ထက် နေရပ်ပြန်နိုင်မယ့် သံတမန်ရေး ကြိုးပမ်းမှုတွေကို အာရုံစိုက် ဆောင်ရွက်သွားဖို့ ရှိကြောင်းလည်း ပြောဆိုခဲ့တာပါ။

၂၀၁၇ ခုနှစ်ထဲ ရခိုင်ပြည်နယ်က လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေနောက်ပိုင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ရော၊ ကုလသမဂ္ဂနဲ့ပါ နားလည်မှု စာချွန်လွှာတွေ သီးခြားလက်မှတ် ရေးထိုးထားပါတယ်။

ဒါပေမဲ့လည်း ဒုက္ခသည်တွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့အတူ နေရပ်ပြန်ပို့ရေး အစီအစဉ်တွေ အထမမြောက်ပဲ ဖြစ်နေတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆိုထားပြီး၊ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်လာသူ ရာဂဏန်းအထိ ရှိနေပြီလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG