သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bhashan Char ကျွန်း ကုလအဖွဲ့ သွားရောက်ရေး ဘင်္ဂလားဆိုင်းငံ့


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတခု အတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၂၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်စခန်းတခု အတွင်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရာချထားဖို့ ပြင်ဆင်နေတဲ့ Bhashan Char ကျွန်းကို ၃ ရက်ကြာ သွားမယ့် ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့ သွားမယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုင်းငံ့လိုက်ပါတယ်။

ဒီကျွန်းကိုသွားမယ့် ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် သတ်မှတ်ချက် တင်ပြဖို့ ဘင်္ဂလားဒေ့ရှ်က တောင်းဆိုထားတာလို့ ဘင်္ဂလားဒေ့ရှ် Daily Star သတင်းမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့က Bhashan Char ကျွန်းကို နိုဝင်ဘာလ ၁၇ ရက်နေ့နဲ့ ၁၉ ရက်နေ့ထိ ၃ ရက်ကြာ သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Bhashan Char ကျွန်းကို ကုလသမဂ္ဂဘက်က ကျွမ်းကျင်သူအဖွဲ့တခု စေလွှတ်လိုတာမှာ ဘာတွေကို လေ့လာချင်လဲ ဆိုတာကို အတိအကျ သိရှိလိုတယ်လို့ ဘေးဒုက္ခ စီမံခန့်ခွဲမှု ဝန်ကြီးဌာန အကြီးတန်းအတွင်းဝန် Shah Kamal ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Daily Star က ဖော်ပြတာပါ။

Bhashan Char ကျွန်းမှာ ဘေးကင်းလုံခြုံမှုကိစ္စကို သွားရောက်လေ့လာဖို့ ကုလသမဂ္ဂဘက်က စီစဉ်တာ ဖြစ်ပါတယ်။ ဒါကာအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက ပြောခွင့်ရကတော့ အခုခရီးစဉ်ကို ဆိုင်းငံ့ဖို့ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ် ညှိနှိုင်း သဘောထားတာလို့ ပြောပါတယ်။

Bhasan Char ကျွန်းကို ဒုက္ခသည်တွေ ပြောင်းရွှေ့ နေရာချထားရေးအတွက် ကုလသမဂ္ဂဘက်က ဆန်းစစ်ရေးအတွက်လည်း အစိုးရနဲ့ ဆွေးနွေးနေတယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။

မြန်မာဘက်က ရိုဟင်ဂျာ အသုံးအနှုန်းကို အသိအမှတ် မပြုသလို နိုင်ငံသားဖြစ်ရေး အာမခံချက် မခိုင်မာတဲ့ အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ဌာနေပြန်ရေး မရေမရာ ဖြစ်နေတာပါ။

ဘင်္ဂလားဒေ့ရှ် အစိုးရက ဒီဒုက္ခသည်တွေကို မြေနုကျွန်း Bhashan Char ကျွန်းကို ပြောင်းရွှေ့ နေရာချထားလိုပေမယ့် ဒုက္ခသည်တွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ ဘေးကင်းမှုအတွက် စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

-----------------------------------

(Unicode)










တိုက်ရိုက် လင့်ခ်


XS
SM
MD
LG