သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ICC စုံစမ်းခွင့်ပြု


(Zawgyi/Unicode)

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စတင်စုံစမ်းဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ခွင့်ပြုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုကို စုံစမ်းခွင့်ပြုဖို့ ICC ဥပဒေအရာရှိချုပ်က ဇူလိုင်လ ၄ ရက်နေ့မှာ လျှောက်ထားတာကို တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးရတဲ့ တရားသူကြီး ၃ ဦးပါ အဖွဲ့က ခွင့်ပြုလိုက်တာဖြစ်ကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုြတ်ပန်ပြောဆိုလိုက်တာပါ။

ကျယ်ကျယ်ပြန့်ပြန့်၊ ဒါမှမဟုတ် စီစဉ်တကျ အကြမ်းဖက်မှုတွေကို ကျုးလွန်ခဲ့တာတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်ကောင်း မြောက်နိုင်တယ်လို့ ယုံကြည်လောက်စရာ အကြောင်းရင်းတွေ ရှိနေကြောင်းလည်း တရားသူကြီးအဖွဲ့က သုံးသပ်ခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။ နောက်တဆင့် အနေနဲ့ ICC ဥပဒေအရာရှိရုံးက ရနိုင်သမျှ အချက်အလက် အထောက်အထားတွေ စုဆောင်းမှာဖြစ်ပြီး၊ လိုအပ်သလို အချိန်ယူမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားတာပါ။

၂၀၁၇ သြဂုတ်လတုန်းက ARSA အစွန်းရောက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က ဒေသတွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ရာကနေ ရိုဟင်ဂျာတွေ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ICC ကို ဖွဲ့စည်းထားတဲ့ ရောမစာချုပ်ကို လက်မှတ်ရေးထိုး မထားတဲ့ မြန်မာနိုင်ငံကတော့ စုံစမ်းမယ့် အစီအစဉ်တွေကို လက်ခံမှာမဟုတ်ကြောင်း ပြောဆိုထားပြီး၊ လက်မှတ်ထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ထောက်ခံထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျုးလွန်ခဲ့ကြောင်း ပြောဆိုထားသလို၊ ကျုးလွန်ခဲ့တာတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်


......................


(Unicode)






XS
SM
MD
LG