သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC က ကြားနာစစ်ဆေးမယ့်ကိစ္စ မြန်မာ ပယ်ချ


နိုဝင်ဘာလ ၄ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ICC ခုံရုံး အစီရင်ခံစာ တုံ့ပြန်ဆွေးနေေွးနေတဲ့ ကုလသမဂ္ဂဆို င်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ (ဓာတ်ပုံ - United Nations)
နိုဝင်ဘာလ ၄ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ICC ခုံရုံး အစီရင်ခံစာ တုံ့ပြန်ဆွေးနေေွးနေတဲ့ ကုလသမဂ္ဂဆို င်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း။ (ဓာတ်ပုံ - United Nations)

(Zawgyi / Unicode)

ပြီးခဲ့တဲ့ သီတင်းပတ်စောပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ ၂၀၁၉ ခုနှစ် ICC နိုင်ငံတကာရာဇဝတ်ခုံရုံး အစီရင်ခံစာမှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် အတင်းအကျပ် မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို ICC ခုံရုံးက လက်ခံ စိစစ်နေပြီဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။ အခုလို ICC ခုံရုံးကနေ မြန်မာအပေါ် တရားစီရင်ပိုင်ခွင့် အလားအလာကို ပထမဆုံးအကြိမ် ထည့်သွင်းဖော်ပြထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာကို မြန်မာအစိုးရဘက်က လက်မခံ၊ ငြင်းပယ်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုဝင်ဘာလ ၄ ရက်နေ့က International Criminal Court (ICC) နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ အစီရင်ခံစာကို တင်သွင်းဆွေးနွေးခဲ့တာပါ။ ICC ခုံရုံးဥက္ကဋ္ဌ တရားသူကြီး Chile Eboe-Osuji က ညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ ICC ခုံရုံးကို ဖြစ်ပေါ်စေတဲ့ Rome Statute မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ နိုင်ငံတွေရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု ကင်းမဲ့နေတဲ့အပိုင်းကို အခုလို ဝေဖန်ပြစ်တင်သွားပါတယ်။

“ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၇၀ ကျော်ဟာ Rome Statute မှာ သဘောတူ လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။ ဒီတော့ လက်တွေ့မှာ ကမ္ဘာရဲ့ အာရုံစိုက်မှု၊ ကျိုးကြောင်းဆင်ခြင်မှုနဲ့ ကျင့်ဝတ်သိက္ခာအရ ထိခိုက်ကြေကွဲစေတဲ့ ပဋိပက္ခတချို့ကို ICC အနေနဲ့ စီရင်ပိုင်ခွင့်မရှိဘဲ ဖြစ်ရပါတယ်။ Rome Statute မှာ လက်မှတ်ရေးထိုးထားခြင်း မရှိတာ၊ ဒါမှမဟုတ် သဘောတူထားခြင်းမရှိတဲ့ နိုင်ငံတွေရဲ့ ပိုင်နက်ထဲမှာ ရက်စက်ကြမ်းကြုတ်လှတဲ့ ပြစ်မှုတွေ ကျူးလွန်တဲ့အခါ ICC ရာဇဝတ်ခုံရုံးက တရားစီရင်လို့ မရပါဘူး။ ဒီလို ရက်စက်ကြမ်းကြုတ်လှတဲ့ ဖိနှိပ်မှုတွေကနေ အသက်မသေ လွတ်မြောက်လာသူတွေကို Rome Statute စနစ်အရ တည်ဆောက်ထားတဲ့ ပြစ်ဒဏ်ခတ်မှုနဲ့ တရားစီရင်ရေးရဲ့ အပြင်ဘက်စည်းဝိုင်းမှာ သူတို့ကို ထားခဲ့သလိုမျိုး ဖြစ်ရပါတယ်။”

ဒီနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ ICC ရဲ့ အစီရင်ခံစာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက်အပြုံလိုက် အတင်းအကျပ် မောင်းထုတ်ခဲ့တဲ့ စွဲချက်ကို လက်ခံပြီး စိစစ်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဖော်ပြခဲ့ပါတယ်။

အခုလို မြန်မာနဲ့ပတ်သက်လို့ ICC က ပထမဆုံးအကြိမ် ကုလသမဂ္ဂ အစီရင်ခံစာထဲ ထည့်သွင်းဖော်ပြခဲ့တာကို မြန်မာအစိုးရက လက်မခံ၊ ပယ်ချကြောင်း နိုဝင်ဘာလ ၄ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ICC အစီရင်ခံစာ ဆွေးနွေးချိန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောပါတယ်။

“ကျနော်တို့ငြင်းတဲ့ အဓိကအချက် နံပါတ်တစ်ကတော့၊ သူက နှစ်ပိုင်းရှိတာပေါ့၊ နံပါတ်တစ်က ကျနော်တို့က ICC အဖွဲ့ဝင် မဟုတ်တဲ့အတွက်၊ Rome Statue ကို လက်မှတ်ထိုးထားတာ မရှိတဲ့အတွက် ဘယ်ကိစ္စပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ကိစ္စတခုခုဟာ ICC အနေနဲ့ ဥပဒေကြောင်းအရ တရားစီရင်ပိုင်ခွင့် လုံးဝမရှိဘူးဆိုတာ နံပါတ်တစ်အချက် ကျနော်တို့က လုံးဝ ဒါကို ကန့်ကွက် ငြင်းပယ်ထားတာ။ ဒါ အစကတည်းကလည်း ကျနော်တို့ ငြင်းပြီးသား။

“နောက်တခုကလည်း သူ့ရဲ့ ဥပဒေအရာရှိရဲ့ တင်ပြချက်ကလည်း အမှန်ကတော့ လုံးဝ မှန်ကန်တဲ့ဟာမဟုတ်ဘူး။ ကျနော်တို့က မောင်းထုတ်တာ မဟုတ်ဘူးလေ။ ဒါက အာဆာ အကြမ်းဖက်အဖွဲ့ကနေ တိုက်လို့် တပ်မတော်ကနေ စစ်ဆင်ရေးအရ ပြန်ပြီးတော့ တုံ့ပြန်စစ်ဆင်ရေး လုပ်တဲ့အခါကျတော့ အဲဒီမှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးပြီးတော့ နယ်စပ်ကိုပြေးပြီးတော့ တဖက်ကို ရောက်သွားတာ။ သူတို့ကို မောင်းထုတ်လို့၊ လူမျိုးတမျိုးမျိုးကို ကျနော်တို့က ဘာသာရေး အကြောင်းပြချက်ဖြစ်စေ၊ လူမျိုးရေး အကြောင်းပြချက်ဖြစ်စေ ကိုယ့်တိုင်းပြည်ကနေ ဘယ်သူမှကို မောင်းထုတ်တာ မရှိဘူး။ အဲဒါ ကျနေ်ာတို့ရဲ့ ဒုတိယ ရပ်တည်ချက်။”

ဒါ့အပြင် မြန်မာအပေါ် ICC ခုံရုံးက တရားစီရင်ပိုင်ခွင့် အလားအလာနဲ့ ပတ်သက်လို့ အခုလို အစီရင်ခံစာထဲ ထည့်သွင်းဖော်ပြခဲ့တာကို တရုတ်နဲ့ ရုရှားတို့ကလည်း အစည်းအဝေးမှာ တရားဝင် ကန့်ကွက်ခဲ့သလို အမေရိကန်ပြည်ထောင်စုကတော့ သူ့နိုင်ငံအရေးကိစ္စနဲ့ ပတ်သက်ပြီး ICC မှာ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ နိုင်ငံတွေအပေါ် တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုတဲ့ မူနဲ့ အစီရင်ခံစာကို ကန့်ကွက်သွားကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

“ရုရှားနဲ့ တရုတ်တို့ဆိုရင် မြန်မာကိစ္စကို အထူးသဖြင့် ရည်ညွှန်းပြီး ပြောသွားတယ်လေ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အဖွဲ့နိုင်ငံမဟုတ်တဲ့ နိုင်ငံတနိုင်ငံကို ICC ကနေ အမှုဆင် စွဲဆိုပြီးတော့ တရားစီရင်ခွင့်ရအောင် လုပ်တဲ့ဟာက မှန်ကန်မှုမရှိဘူး ဆိုပြီးတော့ သူတို့က ပြောတာရှိပါတယ်။ တိတိပပကို ပြောပါတယ်။ အမေရိကန်ကလည်းပဲ ဒီ ICC ကို သူတို့လက်မခံဘူး။ အဲတော့ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ဟာ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံအပေါ်မှာ စီရင်ပိုင်ခွင့် လုံးဝမရှိသင့်ဘူးဆိုတဲ့ဟာ သူပြောသွားတာပါ။ သူကိုယ်တိုင်ကလည်း အဖွဲ့ဝင်မဟုတ်တဲ့ အခါကျတော့လေ။ သူက ဒီအချက်မှာတော့ Principle အရကို ဆန့်ကျင်ကန့်ကွက်တဲ့သဘော ရှိပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရဘက်က တရားဝင် လက်ခံအသိအမှတ်ပြုခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အခုလို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးအနေနဲ့ ICC မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ မြန်မာကို အရေးယူနိုင်ရေး နည်းလမ်းပေါင်းစုံက ကြိုးစားလာတာဟာ အရေးကြီးတယ်လို့ မြင်ကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum San NSang က ပြောပါတယ်။

“ကျနော်တို့က အင်မတန်ကို ကြိုဆိုပါတယ်။ ဒီဟာကတော့ ကောင်းတဲ့လုပ်ရပ်ပါ။ ကျနော်တို့ မြန်မာပြည် ငြိမ်းချမ်းလာဖို့အတွက်၊ တရားဥပဒေ စိုးမိုးလာဖို့အတွက် ပထမခြေလှမ်းပေါ့နော်။ အရေးကြီးတဲ့ ခြေလှမ်းအဖြစ် ကျနော်တို့ ထောက်ခံပါတယ်ဗျ။ တရားမျှတမှု တရားဥပဒေစိုးမိုးမှု မရှိလို့ဘဲ နိုင်ငံတကာကနေပြီးတော့ ပါဝင်ပတ်သက်မှု ရှိလာရတာပါ။”

ICC ခုံရုံးက ဒီနှစ် ကုလသမဂ္ဂကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို လက်ခံထားတဲ့ Pre-Trial Chamber III တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရားသူကြီးအဖွဲ့အနေနဲ့ အမှုကို စတင်စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ဥပဒေအရာရှိချုပ်က ၂၀၁၉ ဇူလိုင်လ ၄ ရက်မှာ လျှောက်လဲထားပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

-------------------------------------

(Unicode)

ICC က ကွားနာစဈဆေးမယ့ျကိစ်စ မွနျမာ ပယျခြ













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG