သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ျပႆနာကို ကုလသမဂၢ ကိုင္တြယ္ပုံ မွ်တမႈရွိ-မရွိ


ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္း
တိုက္႐ိုက္ လင့္ခ္

စစ္ေအးေခတ္လြန္ ကမာၻ႔ႏိုင္ငံေရးမွာ အင္အားစုဖြဲ႔မႈေတြ အမ်ားအျပား ျဖစ္ထြန္းလာတဲ့အတြက္ ကုလသမဂၢရဲ႕ လုပ္ေဆာင္ခ်က္တခ်ဳိ ႔ဟာ ပင္မအေျခခံမူထက္ အင္အားေတာင့္တဲ့ အုပ္စုေတြအလိုက် ျဖစ္ေနတယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ဆိုပါတယ္။ အာဆီယံအဖြဲ႔ကေတာ့ ျမန္မာ့ျပႆနာရဲ႕ အေျခအေနမွန္ကို နားလည္ၿပီး ကုလသမဂၢအေနနဲ႔လည္း အာဆီယံလို နားလည္လုပ္ေဆာင္မယ္ဆိုရင္ ပိုေကာင္းလိမ့္မယ္လို႔ ေျပာပါတယ္။ အေသးစိတ္ကို သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္း နဲ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ရာမွာ ျမန္မာသံအမတ္ႀကီးက အခုလို စေျပာပါတယ္။

ေျဖ ။ ။ ရခိုင္ျပည္နယ္မွာ ေနရပ္စြန္႔ခြါသြားတဲ့ မူစလင္ေတြနဲ႔ ပတ္သက္တဲ့ ျပႆနာဟာ က်ေနာ္တုိ႔ႏုိင္ငံအတြက္ ျပည္တြင္းမွာသာမကဘဲ ႏိုင္ငံတကာမ်က္ႏွာစာမွာပါ အႀကီးမားဆံုးေသာ ရင္ဆိုင္ႀကံဳေတြ႔ေနရေသာ အခက္အခဲ ျပႆနာတခုဆိုတာ မွန္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကာလကို စတင္ခဲ့တဲ့ ျပည္သူ႔အစိုးရ ေရြးခ်ယ္တင္ေျမွာက္ခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပြဲၿပီးတဲ့ေနာက္ပိုင္းမွာ က်ေနာ္တို႔ရဲ ႔ ေမွ်ာ္မွန္းခ်က္ေတြနဲ႔ အားထုတ္ႀကိဳးပမ္းမႈေတြရဲ ႔ အႀကီးမားဆံုးေသာ အဟန္႔အတားႀကီးကေတာ့ ဒီကိစၥပဲလို႔ေျပာမယ္ဆိုရင္ မမွားဘူးေပါ့။ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ကုလသမဂၢ မ်က္ႏွာစာမွာ မႀကံဳစဖူး၊ အမွန္အတိုင္းေျပာရရင္ ကုလသမဂၢသမိုင္းမွာ ႏိုင္ငံတႏိုင္ငံေပၚ လူ႔အခြင့္အေရးကိစၥနဲ႔ ပတ္သက္ၿပီး humanitarian issues ေခၚတဲ့ ဒုကၡသည္ျပႆနာနဲ႔ ပတ္သက္ၿပီး က်ေနာ္တုိိ႔ေလာက္ ဖိအားအမ်ားဆံုးေပးခံရတဲ့ႏိုင္ငံ က်ေနာ္တို႔ေလာက္ မရိွပါဘူး။ က်ေနာ္တုိ႔က လူ႔အခြင့္ေရးေကာင္စီမွာနဲ႔ ကုလသမဂၢအေထြေထြညီလာခံ၊ လံုၿခံဳေရးေကာင္စီတို႔မွာ ဘက္ေပါင္းစံုကေန ဖိအားေပးျခင္း ခံေနရတာမို႔ ေတာ္ေတာ္ေလး ႀကီးႀကီးမားမား ရင္ဆိုင္ေနရတဲ့ အခက္အခဲလို႔ပဲ ေျပာခ်င္ပါတယ္။

ေမး ။ ။ ဆိုေတာ့ ျမန္မာႏိုင္ငံေပၚ ကုလသမဂၢအေနနဲ႔ ဘာျဖစ္လုိ႔ ဒီေလာက္ေတာ္မွ မႀကံဳစဖူးတဲ့ ဖိအားေပးရတာလဲ။ က်ေနာ္ ႏွစ္ခု စဥ္းစားမိပါတယ္။ ကုလသမဂၢအသိုင္းအဝိုင္းက အမွန္အတိုင္း နားမလည္လို႔လား။ တခ်ဳိ ႔ကလဲ ကုလသမဂၢက ဘက္လိုက္တယ္။ Bias ျဖစ္တယ္။ ျမန္မာႏိုင္ငံက ခုခံႏိုင္စြမ္း သိပ္မရိွလို႔ - ဆိုၾကပါစို႔ .. ဟိုတုန္းကဆိုရင္ တရုတ္ရဲ ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အမ်ားႀကီးရိွခဲ့ေပမယ့္ တရုတ္ရဲ ႔ စီးပြားေရးအင္အားေၾကာင့္ တရုတ္ကို ဒီလိုဖိအားႀကီးႀကီးမားမား မေပးရဲဘူး စသျဖင့္ ေျပာၾကတာရိွၾကပါတယ္။ သံအမတ္ႀကီး ဘယ္လိုႏိႈင္းယွဥ္လိုပါလဲ။

ေျဖ ။ ။ က်ေနာ္ျမင္တာကို ပုဂၢလိကအျမင္နဲ႔ ေျပာမယ္ဆိုရင္ ကုလသမဂၢရဲ ႔ လုပ္ငန္းအေကာင္အထည္ေဖာ္၊ ဖြဲ႔စည္းမႈပံုစံနဲ႔ လုပ္ေဆာင္ေနတဲ့ ပံုစံေတြက (၂၁) ရာစုမွာ ေတာ္ေတာ္ေလး ေျပာင္းလာတယ္လို႔ အဲဒီလိုျမင္တယ္။ အေျခခံမူေတြေပၚမွာ ရပ္တည္တာထက္ အထူးသျဖင့္ စစ္ေအးကာလၿပီးသြားတဲ့အခါ အင္အားၿပိဳင္စနစ္ေတြက သိပ္မ်ားလာေတာ့ ႏုိင္ငံတကာဆက္ဆံေရး ပံုစံသစ္ေျပာင္းလာတဲ့ေပၚ မူတည္ၿပီးေတာ့ ကုလသမဂၢရဲ ႔ လုပ္ေဆာင္တဲ့ပံုစံလည္း ေျပာင္းလာတယ္လို႔ အဲဒီလိုျမင္တယ္။ အထူးသျဖင့္ က်ေနာ္တုိ႔ကိစၥမွာ ဖိအားေပးတဲ့ပံုစံကို ၾကည့္မယ္ဆိုရင္ အဓိကေနာက္ပိုင္းက ဦးေဆာင္ေနတာ ဘယ္အဖြဲ႔လဲဆိုရင္ Organisation of Islamic Cooperation (OIC) အဖြဲ႔နဲ႔ EU အဲဒီႏွစ္ဖြဲ႔က အဓိကဦိးေဆာင္ၿပီး လုပ္ေနတယ္။ OIC ကေတာ့ ဘာသာေရးအေျခခံ အဖြဲ႔အစည္းျဖစ္ေတာ့ သူတုိ႔ၾကည့္ကတည္းက သူတို႔မူစလင္ေတြ ဖိႏိွပ္ခံေနရတယ္။ ႏိွပ္စက္ခံရတယ္ဆိုတဲ့ အျမင္နဲ႔ စည္းရံုးၾကတယ္။

တဘက္မွာရိွတဲ့ ဥေရာပသမဂၢကို ၾကည့္မယ္ဆိုရင္ သူတုိ႔က Moral Point of View ဘက္က ၾကည့္ၿပီးေတာ့ လူ႔အခြင့္အေရး တန္းဖိုးထားမႈ ဒါကိုပဲ အေျခခံၿပီး လုပ္သြားေနတယ္။ ဒီႏွစ္ဖြဲ႔ေပါင္းမိေတာ့ က်ေနာ္တို႔ ရင္ဆိုင္ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြနဲ႔ တကယ့္ပကတိအေျခအေနေတြကို ထည့္တြက္စဥ္းစားျခင္း မရိွဘူး။ ဒီအဖြဲ႔ႏွစ္ဖြဲ႔စလံုးကို ေပါင္းလိုက္မယ္ဆိုရင္ ကုလသမဂၢအဖြဲႀကီးရဲ ႔ တဝက္ေက်ာ္ေလာက္ ျဖစ္သြားေတာ့ သူတုိ႔နဲ႔ ဆက္ႏႊယ္ေနတဲ့ သူတုိ႔ကို မီွခိုေနရတဲ့ ႏုိင္ငံေတြနဲ႔ ေပါင္းလိုက္ရင္ က်ေနာ္တုိ႔ရဲ ႔ တဘက္မွာ အင္အားက ကုလသမဂၢရဲ သံုးပံုႏွစ္ပံုေလာက္ အလိုလိုပါသြားေတာ့ အဲဒီသေဘာလို႔ ျမင္ပါတယ္။

ေမး ။ ။ လံုၿခံဳေရးေကာင္စီမွာေတာ့ ဒီေလာက္မစိုးလွေသာ္လဲ တခ်ဳိ ႔ဖိုရမ္ေတြမွာၾကေတာ့ ျမန္မာႏုိင္ငံကို ပိုၿပီးေတာ့ ဖိအားေပးတယ္။ ဥပမာအားျဖင့္ International Criminal Court (ICC) အဖြဲ႔မ်ဳိးက အေရးယူမယ့္ကိစၥမွာ UN ကလည္း အတည္ျပဳေပးမယ္ Judges ေတြကို UN က ေရြးၿပီးခန္႔လိုက္မယ္ဆိုရင္ ျမန္မာႏိုင္ငံကပါ လိုက္နာရမယ့္ Obligation ရိွလာမယ့္သေဘာမ်ဳိးလည္း ေတြ႔ရပါတယ္။ ဆိုေတာ့ ICC အဖြဲ႔က UN ကို သံုးၿပီးေတာ့ ျမန္မာႏုိင္ငံကို အေရးယူႏုိင္တဲ့ ႀကိဳးပမ္းလာႏုိင္တာေတြ ေရွ ႔မွာ ရိွလာႏုိင္ပါသလား။

ေျဖ ။ ။ က်ေနာ္သံုးသပ္မိသေလာက္ သူတို႔က နည္းလမ္းေပါင္းစံုနဲ႔ ေပၚလစီကို ၿပီးခဲ့တဲ့ ဝန္ႀကီးအဖြဲ႔ အစည္းအေဝးမွာ ဒီဟာကို ICC တင္ျပဖို႔ကိစၥကို ဂမ္ဘီယာႏုိင္ငံကို တာဝန္ေပးၿပီး သူတုိ႔ဆက္လုပ္မယ္ဆိုတဲ့ သေဘာမ်ဳိး ဆံုးျဖတ္ထားၾကတယ္။ တဘက္ကလည္း အီးယူႏုိင္ငံတခ်ဳိ ႔က အထူးသျဖင့္ အေနာက္ဥေရာပႏုိင္ငံတခ်ဳိ ႔က ICC တင္ဖို႔ကိစၥကို က်ားခုတ္က်ားခဲ လုပ္ေနၾကတယ္။ သို႔ေသာ္လဲပဲ ဥပေဒေၾကာင္းရ ေျပာမယ္ဆိုရင္ က်ေနာ္တုိ႔က ICC အဖြဲ႔ဝင္ မဟုတ္တဲ့အတြက္ လက္မွတ္ေရးထိုးထားျခင္း မရိွတဲ့အတြက္ က်ေနာ္တို႔အေပၚ တကယ္က ICC ရဲ ႔ ဥပေဒေၾကာင္းရ အာဏာသက္ေရာက္ပိုင္ခြင့္နဲ႔ က်ေနာ္တုိ႔က လိုက္နာရမယ့္ တာဝန္ဝတၱရား မရိွဘူး။

အဲဒါေၾကာင့္လဲ သူ႔ရဲ ႔ဥပေဒအရာရိွ Chief Prosecutor က စြဲခ်က္ထဲမွာ နာမည္ေပးထားတာကိုက Deportation က်ေနာ္တို႔ဘက္ကေန မူစလင္အုပ္စုကို ႏုိင္ငံအျပင္ကို ေမာင္းထုတ္တယ္၊ ႏွင္ထုတ္တယ္ဆိုတဲ့ စြဲဆိုခ်က္နဲ႔ လုပ္ထားတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ က်ေနာ္တုိ႔ျပည္တြင္းမွာ ျဖစ္တဲ့ကိစၥကို သူတုိ႔က အာဏာသက္ေရာက္မႈ မရိွဘူး။ အဲဒီေတာ့ လက္မွတ္ေရးထိုးထားတဲ့ ဘဂၤလားေဒ့ရွ္ေပၚမွာျဖစ္တဲ့ ရာဇဝတ္မႈ တခုခုေပၚမွာသာ သူတုိ႔က အာဏာသက္ေရာက္မႈရိွတယ္။ အဲဒီသေဘာအရ အဲဒီလိုလုပ္ထားတယ္။ သို႔ေသာ္လဲပဲ ႏိုင္ငံတႏုိင္ငံကို ICC ရဲ ႔ တရားစီရင္ခြင့္ေအာက္ကို လႊဲဖို႔ဆိုတာ ကုလသမဂၢေဘာင္ထဲမွာပဲ က်ေနာ္သိသေလာက္ဆိုရင္ လုပ္ပိုင္ခြင့္ရိွတာ ကုလသမဂၢလံုၿခံဳေရးေကာင္စီ တခုပဲ ရိွတယ္။ အဲဒီေတာ့ လံုၿခံဳေရးေကာင္စီက ဒီဟာကို လႊဲေျပာင္းေပးမွာသာလ်ွင္ Resolutions နဲ႔ ဆံုးျဖတ္ခ်က္ေပးမွာသာ လုပ္လုိ႔ရမယ္။ အဆင့္ေတြကေတာ့ အမ်ားႀကီးရိွပါတယ္။ ဥပေဒေၾကာင္းအရလဲ ခိုင္လံုတဲ့ကိစၥေတာ့ မဟုတ္ဘူး။

ေမး ။ ။ ေနာက္တခုက ျမန္မာႏုိင္ငံေပၚ ကုလသမဂၢေပးတဲ့ ဖိအားေတြ။ ျမန္မာႏုိင္ငံဘက္ကေတာ့ ဒုကၡသည္ေတြကို ျပန္လည္စီစစ္ေနတယ္ ဘာညာကို အၿမဲတမ္းေျပာေပမယ့္ ကုလသမဂၢ ေတာင္းဆိုတဲ့အတိုင္း ဖြင့္ေပးတာေတြ၊ ေဆြးေႏြးႏုိင္တာေတြ မရိွတာကို ေတြ႔ရပါတယ္။ အဲဒါ သူတုိ႔ေတာင္းဆိုမႈေတြက ျမန္မာႏုိင္ငံရဲ ႔ အခ်ဳပ္အျခာအာဏာကို ၿငိ ႔စြန္းေလာက္ေအာင္မ်ား ဖိအားေပးေနတဲ့ ကိစၥေတြ ျဖစ္ေနပါသလား။ သို႔တည္းမဟုတ္ ျမန္မာႏိုင္ငံျပည္တြင္းေရးအတြက္ အခက္အခဲ သိပ္ႀကံဳသြားႏိုင္မလား - သူတုိ႔ေတာင္းဆိုတာကို ခြင့္ျပဳလိုက္ရင္ စသျဖင့္ ဘယ္လိုအခက္အခဲေတြ ရိွေနပါသလဲ။

ေျဖ ။ ။ အမွန္ကေတာ့ ရခုိင္ျပည္နယ္ေျမာက္ပိုင္း လူ႔မႈအသိုင္းအဝိုင္းၾကားမွာ ျဖစ္ေနတဲ့ျပႆနာဟာ ႏွစ္ေပါင္းရွည္ၾကာခဲ့ၿပီ။ အားလံုးလည္းသိတယ္။ အဲဒါေၾကာင့္လဲ ဒီျပႆနာကို ေျဖရွင္းဖုိ႔ဆိုၿပီးေတာ့ ကိုဖိအာနန္ ဦးေဆာင္တဲ့ အႀကံေပးေကာ္မရွင္ကို စဖြဲ႔ခဲ့တာ ဒီအစိုးရကပဲ စဖြဲ႔စည္းခဲ့တယ္။ ေရရွည္မွာ ဒီကိစၥက ေျဖရွင္းရမယ့္ကိစၥ၊ အေရးႀကီးတဲ့ကိစၥဆုိၿပီး စလုပ္တာ က်ေနာ္တို႔အစိုးရကပဲ စၿပီးလုပ္တာပါ။ သို႔ေသာ္လဲ လက္နက္ကိုင္အၾကမ္းဖက္သမားေတြရဲ ႔ တိုက္ခိုက္မႈနဲ႔ စစ္ဆင္ေရးကိစၥေတြ ျဖစ္လာေတာ့ အစုလိုက္အၿပံဳလိုက္ ထြက္ခြါသြားတဲ့ကိစၥေတြ ျဖစ္လာတယ္။ ဒီဘက္မွာေနတဲ့လူေတြ ဘဂၤလားေဒ့ရွ္ကို ထြက္ခြါသြားတယ္ဆိုရင္ ဘဂၤလားေဒ့ရွ္နဲ႔ လက္တြဲၿပီးေတာ့ ေျဖရွင္းရမွာ မဟုတ္ဘူးလား။ ဒါက လုပ္သင့္လုပ္ထိိုက္တဲ့ အလုပ္ပါ။ ဒီဟာကို က်ေနာ္တို႔ လုပ္ေနတယ္။ ဒီလို က်ေနာ္တို႔ႏွစ္ႏုိင္ငံ သေဘာတူၿပီး လုပ္ေနတဲ့ေနရာမွာ ခၽြတ္ေခ်ာ္မႈေတြလည္း တခ်ဳိ ႔ရိွတယ္။ အဲဒီမွာ က်ေနာ္တုိိ႔ တေယာက္နဲ႔တေယာက္ အျပစ္တင္ေနတာ မဟုတ္ဘူး။ ျဖစ္ေနတဲ့ဟာကို ေျပာေနတာ။ ျပန္လည္းလက္ခံဖို႔အတြက္ က်ေနာ္တို႔က လက္ခံမယ္။ က်ေနာ္တို႔ဆီမွာ ေနသြားတဲ့လူေတြ မွန္တယ္ဆိုရင္ အေထာက္အထား တခုခုျပႏုိင္တယ္ဆိုရင္ က်ေနာ္တို႔က စီစစ္ၿပီးေတာ့ မွန္ကန္တယ္ဆိုရင္ ျပန္လည္လက္ခံမယ္လို႔ သေဘာတူညီၿပီးၿပီ။ အဲဒီမွာ သူတို႔ဘက္က လုပ္ရမွာက အဖန္ဖန္အလဲလဲ က်ေနာ္တုိ႔ေျပာၿပီးပါၿပီ … သတ္မွတ္ထားတဲ့ ပံုစံေတြရိွတယ္။ သက္ဆိုင္ရာပုဂၢိဳလ္ေတြကို ျဖည့္ခိုင္းပါ။ တကယ္ျပန္လာခ်င္တဲ့ ဆႏၵအမွန္ရိွရင္ လက္မွတ္ထိုး၊ က်ေနာ္တုိ႔က စီစစ္ၿပီးေတာ့ မွန္တယ္ဆိုရင္ လက္ခံမယ္။ ဒါက လြယ္လြယ္ေလး၊ ရွင္းရွင္းေလးပါ။ သို႔ေသာ္လဲ ဒီဟာကို ပံုမွန္မလုပ္တဲ့အခါၾကေတာ့ က်ေနာ္တို႔မွာ ျပႆနာေတြျဖစ္တယ္။

အားလံုး တၿပံဳတည္းေတာ့ အခက္အခဲရိွတယ္။ သို႔ေသာ္လဲပဲ က်ေနာ္တို႔ေျပာထားတဲ့ အေရအတြက္ ျပန္လာတယ္ဆိုရင္ သူတုိ႔လံုၿခံဳေရးအတြက္လည္း တတ္ႏုိင္ဆံုး လုပ္ေပးမယ္။ သူတုိ႔ရဲ ႔ စားဝတ္ေနေရးအတြက္လည္း ျပန္လည္ေနရာခ်ထားေရးကိုလည္း က်ေနာ္တိုိ႔ လုပ္ေပးမယ္ဆိုတာကို ေျပာထားတယ္။ လက္ခံမယ္ဆိုတာကိုလည္း အဆင္သင့္ပါပဲ။ က်ေနာ္တို႔ဘက္က ဒါပါပဲ။

ေမး ။ ။ ဟိုတုန္းက ဗိုလ္ခ်ဳပ္ႀကီးေနဝင္းလက္ထက္တုန္းက ဒီကိစၥျဖစ္ခဲ့တာကို ႏွစ္ႏုိင္ငံညိွၿပီးေတာ့ ေျဖရွင္းခဲ့တယ္လို႔ ထင္ပါတယ္။ UN ကို မေရာက္ခဲ့ဘူး။ နဂါးမင္းစီမံခ်က္ေၾကာင့္ ထြက္သြားၾကတာကို ဟသၤာစီမံခ်က္နဲ႔ လက္ခံခဲ့တယ္။ အခုၾကေတာ့ ကိုဖီအာနန္ေကာ္မရွင္ ခန္႔ၿပီးေတာ့ ႏုိင္ငံတကာကို အပ္လိုက္တာကို တခ်ဳိ ႔က ေဝဖန္ၾကတယ္။ ႏုိင္ငံတကာ လက္ထဲထည့္လိုက္တယ္။ ဒီဟာကို ကိုယ္ဘာသာေျဖရွင္းလို႔ ရသားနဲ႔ဆိုၿပီးေတာ့ အဲဒီလို အျပစ္တင္ၿပီး ေျပာၾကတာ ရိွပါတယ္။ သူတို႔ေတြကို သံအမတ္ႀကီး ဘယ္လိုတံု႔ျပန္ေျပာလိုပါလဲ။

ေျဖ ။ ။ က်ေနာ္တို႔က အဲဒါ Internationalize လုပ္တာမဟုတ္ဘူ။ အမွန္က ဟိုတုန္းက ေျဖရွင္းခဲ့တယ္ဆိုတာက အရင္းအျမစ္ျပႆနာကို ေျဖရွင္းတာ မဟုတ္ဘူး။ နဂိုျပႆနာကိုပဲ ေျဖရွင္းတာ။ ဒီကေနထြက္သြားတဲ့လူကို ျပန္လည္လက္ခံဖို႔ သေဘာတူလုပ္လာတာ ဒါပဲ။ အဲဒါေၾကာင့္လဲ ႏွစ္ေပါင္းမ်ားစြာ ဒီျပႆနာက တာရွည္ေနတာျဖစ္တယ္။ အဲဒီေတာ့ ဒီတာရွည္ေနတဲ့ ျပႆနာကို အျမစ္ျပတ္ေအာင္ ျပႆနာအရင္းအျမစ္ကို ရွာၿပီးေတာ့ ဘာေတြလုပ္ရမလဲ။ ဘာေတြလုပ္သင့္သလဲဆိုၿပီးေတာ့ ရခိုင္အႀကံေပးေကာ္မရွင္ကို ဖြဲ႔ၿပီးေတာ့ အႀကံျပဳခ်က္ကို ေတာင္းတာျဖစ္တယ္။ အဲဒီလိုေတာင္းတဲ့အခါမွာလဲ ဒီဟာက က်ေနာ္တုိ႔ကိုယ္ပိုင္ပဲ ဘယ္ ကုလသမဂၢ အဖြဲ႔အစည္းက လာၿပီးလုပ္ခိုင္းတာ မဟုတ္ဘူး။ သူတို႔ကို ဘာမွတင္ျပစရာ မရိွဘူး။ မစၥတာကိုဖီအာနန္နဲ႔ သူ႔ရဲ ႔ေကာ္မရွင္က က်ေနာ္တို႔ ႏိုင္ငံေတာ္သမၼတဆီကို သူ႔ရဲ ႔အစီရင္ခံစာတင္ရတယ္။ ကုလသမဂၢနဲ႔ လံုၿခံဳေရးေကာင္စီ တုိ႔ကို တင္ရတာ မဟုတ္ဘူး။ ဒီေလာက္ေရရွည္ျဖစ္ေနတဲ့ ျပႆနာအရင္းအျမစ္ကို ကိုင္တြယ္ဖို႔အတြက္ ဒီအစိုးရက စိတ္ရင္းေစတနာအမွန္နဲ႔ လုပ္တဲ့ကိစၥသာ ျဖစ္တယ္။ ဒီလိုပဲ က်ေနာ္ေျပာခ်င္ပါတယ္။

ေမး ။ ။ က်ေနာ္ေနာက္တခု ေမးခ်င္ပါေသးတယ္။ အခုေနာက္ဆံုး အာဆီယံရဲ ႔ လုပ္ေဆာင္မႈကို ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က သေဘာက်တယ္။ ေထာက္ခံတယ္လုိ ေျပာတယ္ထင္ပါတယ္။ အာဆီယံရဲ ႔ ခ်ဥ္းကပ္မႈက ႏိုင္ငံတကာက ေစာေစာကေျပာခဲ့တဲ့ အဖြဲ႔အစည္းေတြရဲ ႔ ခ်ဥ္းကပ္မႈထက္ ပိုၿပီးေတာ့ ျမန္မာနဲ႔ဟပ္ဆက္မႈ ရိွတယ္ထင္ပါတယ္။ အဲဒီကိစၥကို သံအမတ္ႀကီးရဲ ႔ သေဘာထားကို ေျပာျပပါ။ သံုးသပ္ျပပါ။

ေျဖ ။ ။ အမွန္ကေတာ့ ရွင္းရွင္းေျပာရရင္ေတာ့ အာဆီယံလုပ္တာကေတာ့ ထူးထူးျခားျခား မဟုတ္ဘူး။ သို႔ေသာ္လဲပဲ အမွန္တရားကို သိျမင္ၿပီးေတာ့ လုပ္သင့္လုပ္ထုိက္တာကို လုပ္တယ္လို႔ပဲ ေျပာခ်င္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အာဆီယံက တႏို္င္ငံရဲ ႔ ျပည္တြင္းေရးကို တျခားႏုိင္ငံက ဝင္ေရာက္စြက္ဖက္တာေတြကို လက္မခံဘူး။ က်ေနာ္တုိ႔ရဲ ႔ အေျခအေနေတြကိုလည္း သူတုိ႔နားလည္တယ္။ က်ေနာ္တုိ႔ လက္ေတြ႔လုပ္ႏုိင္မယ့္ အေျခအေနေတြ ဘယ္လိုရိွမလဲဆိုတာကိုလည္း သူတုိ႔သိတယ္။ က်ေနာ္တုိ႔ရဲ ႔ ႀကိဳးစားအားထုတ္မႈေတြနဲ႔ စိတ္ရင္းေစတနာမွန္ေတြကို ဘယ္လိုကူညီရမလဲဆိုတာကို သူတုိ႔က ရွာေဖြတယ္။ နည္းလမ္းရွာတယ္။ ဒီလိုလုပ္ေပးတယ္။ ဒီဟာက ျပႆနာေျဖရွင္းေရးအတြက္ အဓိကအခ်က္ပါပဲ။ ဒါေပမဲ့ ကုလသမဂၢက အဲဒီလိုမဟုတ္ဘူး။ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆိုရင္ ကုလသမဂၢက သူတုိ႔လိုခ်င္တဲ့ ပံုစံကိုပဲ သူတုိ႔က သြတ္သြင္းခ်င္တဲ့သေဘာရိွတယ္။ အာဆီယံကေတာ့ အဖြဲ႔အစည္းတြင္းမွာ တႏုိင္ငံနဲ႔တႏုိင္ငံ နားလည္ၾကတယ္။ သေဘာေပါက္တယ္။ ကူညီခ်င္တဲ့ဆႏၵ အဓိက ျပႆနာေျဖရွင္းခ်င္တဲ့ဆႏၵ အဓိကျဖစ္လို႔ အဆင္ေျပတဲ့သေဘာ ရိွပါတယ္။

ေမး ။ ။ ဆိုေတာ့ ဒီတႀကိမ္မွာ အာဆီယံလုပ္ေဆာင္ခ်က္ကို ကုလသမဂၢက António Guterres က အျပည့္အဝေထာက္ခံမယ္လို႔ ေျပာသြားတယ္ဆိုတာ တနည္းအားျဖင့္ နည္းနည္းနီးစပ္မႈ ရိွလာတယ့္သေဘာေပါ့။ ကုလသမဂၢဟာ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီး အာဆီယံရႈေထာင့္ကေန နားလည္ဖို႔ ႀကိဳးစားလာတယ္ေပါ့။

ေျဖ ။ ။ ဟုတ္ကဲ အဲဒီလို နားလည္ဖို႔ ႀကိဳးစားရင္ေတာ့ အာဆီယံလည္း လုပ္နည္းလုပ္ဟန္ကို သူတုိ႔အေနနဲ႔ အတုယူၿပီးလုပ္မယ္ဆိုရင္ေတာ့ ေအာင္ျမင္ဖို႔ နီးစပ္ပါတယ္။


===Unicode ====

စစ်အေးခေတ်လွန် ကမ္ဘာ့နိုင်ငံရေးမှာ အင်အားစုဖွဲ့မှုတွေ အများအပြား ဖြစ်ထွန်းလာတဲ့အတွက် ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တချို့ဟာ ပင်မအခြေခံမူထက် အင်အားတောင့်တဲ့ အုပ်စုတွေအလိုကျ ဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။ အာဆီယံအဖွဲ့ကတော့ မြန်မာ့ပြဿနာရဲ့ အခြေအနေမှန်ကို နားလည်ပြီး ကုလသမဂ္ဂအနေနဲ့လည်း အာဆီယံလို နားလည်လုပ်ဆောင်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်လို့ ပြောပါတယ်။ အသေးစိတ်ကို သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း နဲ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ရာမှာ မြန်မာသံအမတ်ကြီးက အခုလို စပြောပါတယ်။

ဖြေ ။ ။ ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွါသွားတဲ့ မူစလင်တွေနဲ့ ပတ်သက်တဲ့ ပြဿနာဟာ ကျနော်တို့နိုင်ငံအတွက် ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာမျက်နှာစာမှာပါ အကြီးမားဆုံးသော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ ပြဿနာတခုဆိုတာ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို စတင်ခဲ့တဲ့ ပြည်သူ့အစိုးရ ရွေးချယ်တင်မြှောက်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ရဲ့ မျှော်မှန်းချက်တွေနဲ့ အားထုတ်ကြိုးပမ်းမှုတွေရဲ့ အကြီးမားဆုံးသော အဟန့်အတားကြီးကတော့ ဒီကိစ္စပဲလို့ပြောမယ်ဆိုရင် မမှားဘူးပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကုလသမဂ္ဂ မျက်နှာစာမှာ မကြုံစဖူး၊ အမှန်အတိုင်းပြောရရင် ကုလသမဂ္ဂသမိုင်းမှာ နိုင်ငံတနိုင်ငံပေါ် လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး humanitarian issues ခေါ်တဲ့ ဒုက္ခသည်ပြဿနာနဲ့ ပတ်သက်ပြီး ကျနော်တို့လောက် ဖိအားအများဆုံးပေးခံရတဲ့နိုင်ငံ ကျနော်တို့လောက် မရှိပါဘူး။ ကျနော်တို့က လူ့အခွင့်ရေးကောင်စီမှာနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီတို့မှာ ဘက်ပေါင်းစုံကနေ ဖိအားပေးခြင်း ခံနေရတာမို့ တော်တော်လေး ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ အခက်အခဲလို့ပဲ ပြောချင်ပါတယ်။

မေး ။ ။ ဆိုတော့ မြန်မာနိုင်ငံပေါ် ကုလသမဂ္ဂအနေနဲ့ ဘာဖြစ်လို့ ဒီလောက်တော်မှ မကြုံစဖူးတဲ့ ဖိအားပေးရတာလဲ။ ကျနော် နှစ်ခု စဉ်းစားမိပါတယ်။ ကုလသမဂ္ဂအသိုင်းအဝိုင်းက အမှန်အတိုင်း နားမလည်လို့လား။ တချို့ကလဲ ကုလသမဂ္ဂက ဘက်လိုက်တယ်။ Bias ဖြစ်တယ်။ မြန်မာနိုင်ငံက ခုခံနိုင်စွမ်း သိပ်မရှိလို့ - ဆိုကြပါစို့ .. ဟိုတုန်းကဆိုရင် တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိခဲ့ပေမယ့် တရုတ်ရဲ့ စီးပွားရေးအင်အားကြောင့် တရုတ်ကို ဒီလိုဖိအားကြီးကြီးမားမား မပေးရဲဘူး စသဖြင့် ပြောကြတာရှိကြပါတယ်။ သံအမတ်ကြီး ဘယ်လိုနှိုင်းယှဉ်လိုပါလဲ။

ဖြေ ။ ။ ကျနော်မြင်တာကို ပုဂ္ဂလိကအမြင်နဲ့ ပြောမယ်ဆိုရင် ကုလသမဂ္ဂရဲ့ လုပ်ငန်းအကောင်အထည်ဖော်၊ ဖွဲ့စည်းမှုပုံစံနဲ့ လုပ်ဆောင်နေတဲ့ ပုံစံတွေက (၂၁) ရာစုမှာ တော်တော်လေး ပြောင်းလာတယ်လို့ အဲဒီလိုမြင်တယ်။ အခြေခံမူတွေပေါ်မှာ ရပ်တည်တာထက် အထူးသဖြင့် စစ်အေးကာလပြီးသွားတဲ့အခါ အင်အားပြိုင်စနစ်တွေက သိပ်များလာတော့ နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်ပြောင်းလာတဲ့ပေါ် မူတည်ပြီးတော့ ကုလသမဂ္ဂရဲ့ လုပ်ဆောင်တဲ့ပုံစံလည်း ပြောင်းလာတယ်လို့ အဲဒီလိုမြင်တယ်။ အထူးသဖြင့် ကျနော်တို့ကိစ္စမှာ ဖိအားပေးတဲ့ပုံစံကို ကြည့်မယ်ဆိုရင် အဓိကနောက်ပိုင်းက ဦးဆောင်နေတာ ဘယ်အဖွဲ့လဲဆိုရင် Organisation of Islamic Cooperation (OIC) အဖွဲ့နဲ့ EU အဲဒီနှစ်ဖွဲ့က အဓိကဦိးဆောင်ပြီး လုပ်နေတယ်။ OIC ကတော့ ဘာသာရေးအခြေခံ အဖွဲ့အစည်းဖြစ်တော့ သူတို့ကြည့်ကတည်းက သူတို့မူစလင်တွေ ဖိနှိပ်ခံနေရတယ်။ နှိပ်စက်ခံရတယ်ဆိုတဲ့ အမြင်နဲ့ စည်းရုံးကြတယ်။ တဘက်မှာရှိတဲ့ ဥရောပသမဂ္ဂကို ကြည့်မယ်ဆိုရင် သူတို့က Moral Point of View ဘက်က ကြည့်ပြီးတော့ လူ့အခွင့်အရေး တန်းဖိုးထားမှု ဒါကိုပဲ အခြေခံပြီး လုပ်သွားနေတယ်။ ဒီနှစ်ဖွဲ့ပေါင်းမိတော့ ကျနော်တို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ တကယ့်ပကတိအခြေအနေတွေကို ထည့်တွက်စဉ်းစားခြင်း မရှိဘူး။ ဒီအဖွဲ့နှစ်ဖွဲ့စလုံးကို ပေါင်းလိုက်မယ်ဆိုရင် ကုလသမဂ္ဂအဖွဲကြီးရဲ့ တဝက်ကျော်လောက် ဖြစ်သွားတော့ သူတို့နဲ့ ဆက်နွှယ်နေတဲ့ သူတို့ကို မှီခိုနေရတဲ့ နိုင်ငံတွေနဲ့ ပေါင်းလိုက်ရင် ကျနော်တို့ရဲ့ တဘက်မှာ အင်အားက ကုလသမဂ္ဂရဲ သုံးပုံနှစ်ပုံလောက် အလိုလိုပါသွားတော့ အဲဒီသဘောလို့ မြင်ပါတယ်။

မေး ။ ။ လုံခြုံရေးကောင်စီမှာတော့ ဒီလောက်မစိုးလှသော်လဲ တချို့ဖိုရမ်တွေမှာကြတော့ မြန်မာနိုင်ငံကို ပိုပြီးတော့ ဖိအားပေးတယ်။ ဥပမာအားဖြင့် International Criminal Court (ICC) အဖွဲ့မျိုးက အရေးယူမယ့်ကိစ္စမှာ UN ကလည်း အတည်ပြုပေးမယ် Judges တွေကို UN က ရွေးပြီးခန့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံကပါ လိုက်နာရမယ့် Obligation ရှိလာမယ့်သဘောမျိုးလည်း တွေ့ရပါတယ်။ ဆိုတော့ ICC အဖွဲ့က UN ကို သုံးပြီးတော့ မြန်မာနိုင်ငံကို အရေးယူနိုင်တဲ့ ကြိုးပမ်းလာနိုင်တာတွေ ရှေ့မှာ ရှိလာနိုင်ပါသလား။

ဖြေ ။ ။ ကျနော်သုံးသပ်မိသလောက် သူတို့က နည်းလမ်းပေါင်းစုံနဲ့ ပေါ်လစီကို ပြီးခဲ့တဲ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ ဒီဟာကို ICC တင်ပြဖို့ကိစ္စကို ဂမ်ဘီယာနိုင်ငံကို တာဝန်ပေးပြီး သူတို့ဆက်လုပ်မယ်ဆိုတဲ့ သဘောမျိုး ဆုံးဖြတ်ထားကြတယ်။ တဘက်ကလည်း အီးယူနိုင်ငံတချို့က အထူးသဖြင့် အနောက်ဥရောပနိုင်ငံတချို့က ICC တင်ဖို့ကိစ္စကို ကျားခုတ်ကျားခဲ လုပ်နေကြတယ်။ သို့သော်လဲပဲ ဥပဒေကြောင်းရ ပြောမယ်ဆိုရင် ကျနော်တို့က ICC အဖွဲ့ဝင် မဟုတ်တဲ့အတွက် လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် ကျနော်တို့အပေါ် တကယ်က ICC ရဲ့ ဥပဒေကြောင်းရ အာဏာသက်ရောက်ပိုင်ခွင့်နဲ့ ကျနော်တို့က လိုက်နာရမယ့် တာဝန်ဝတ္တရား မရှိဘူး။ အဲဒါကြောင့်လဲ သူ့ရဲ့ဥပဒေအရာရှိ Chief Prosecutor က စွဲချက်ထဲမှာ နာမည်ပေးထားတာကိုက Deportation ကျနော်တို့ဘက်ကနေ မူစလင်အုပ်စုကို နိုင်ငံအပြင်ကို မောင်းထုတ်တယ်၊ နှင်ထုတ်တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ လုပ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ပြည်တွင်းမှာ ဖြစ်တဲ့ကိစ္စကို သူတို့က အာဏာသက်ရောက်မှု မရှိဘူး။ အဲဒီတော့ လက်မှတ်ရေးထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ်ပေါ်မှာဖြစ်တဲ့ ရာဇဝတ်မှု တခုခုပေါ်မှာသာ သူတို့က အာဏာသက်ရောက်မှုရှိတယ်။ အဲဒီသဘောအရ အဲဒီလိုလုပ်ထားတယ်။ သို့သော်လဲပဲ နိုင်ငံတနိုင်ငံကို ICC ရဲ့ တရားစီရင်ခွင့်အောက်ကို လွှဲဖို့ဆိုတာ ကုလသမဂ္ဂဘောင်ထဲမှာပဲ ကျနော်သိသလောက်ဆိုရင် လုပ်ပိုင်ခွင့်ရှိတာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တခုပဲ ရှိတယ်။ အဲဒီတော့ လုံခြုံရေးကောင်စီက ဒီဟာကို လွှဲပြောင်းပေးမှာသာလျှင် Resolutions နဲ့ ဆုံးဖြတ်ချက်ပေးမှာသာ လုပ်လို့ရမယ်။ အဆင့်တွေကတော့ အများကြီးရှိပါတယ်။ ဥပဒေကြောင်းအရလဲ ခိုင်လုံတဲ့ကိစ္စတော့ မဟုတ်ဘူး။

မေး ။ ။ နောက်တခုက မြန်မာနိုင်ငံပေါ် ကုလသမဂ္ဂပေးတဲ့ ဖိအားတွေ။ မြန်မာနိုင်ငံဘက်ကတော့ ဒုက္ခသည်တွေကို ပြန်လည်စီစစ်နေတယ် ဘာညာကို အမြဲတမ်းပြောပေမယ့် ကုလသမဂ္ဂ တောင်းဆိုတဲ့အတိုင်း ဖွင့်ပေးတာတွေ၊ ဆွေးနွေးနိုင်တာတွေ မရှိတာကို တွေ့ရပါတယ်။ အဲဒါ သူတို့တောင်းဆိုမှုတွေက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ငြိ့စွန်းလောက်အောင်များ ဖိအားပေးနေတဲ့ ကိစ္စတွေ ဖြစ်နေပါသလား။ သို့တည်းမဟုတ် မြန်မာနိုင်ငံပြည်တွင်းရေးအတွက် အခက်အခဲ သိပ်ကြုံသွားနိုင်မလား - သူတို့တောင်းဆိုတာကို ခွင့်ပြုလိုက်ရင် စသဖြင့် ဘယ်လိုအခက်အခဲတွေ ရှိနေပါသလဲ။

ဖြေ ။ ။ အမှန်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း လူ့မှုအသိုင်းအဝိုင်းကြားမှာ ဖြစ်နေတဲ့ပြဿနာဟာ နှစ်ပေါင်းရှည်ကြာခဲ့ပြီ။ အားလုံးလည်းသိတယ်။ အဲဒါကြောင့်လဲ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုပြီးတော့ ကိုဖိအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကို စဖွဲ့ခဲ့တာ ဒီအစိုးရကပဲ စဖွဲ့စည်းခဲ့တယ်။ ရေရှည်မှာ ဒီကိစ္စက ဖြေရှင်းရမယ့်ကိစ္စ၊ အရေးကြီးတဲ့ကိစ္စဆိုပြီး စလုပ်တာ ကျနော်တို့အစိုးရကပဲ စပြီးလုပ်တာပါ။ သို့သော်လဲ လက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ စစ်ဆင်ရေးကိစ္စတွေ ဖြစ်လာတော့ အစုလိုက်အပြုံလိုက် ထွက်ခွါသွားတဲ့ကိစ္စတွေ ဖြစ်လာတယ်။ ဒီဘက်မှာနေတဲ့လူတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွါသွားတယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ လက်တွဲပြီးတော့ ဖြေရှင်းရမှာ မဟုတ်ဘူးလား။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါ။ ဒီဟာကို ကျနော်တို့ လုပ်နေတယ်။ ဒီလို ကျနော်တို့နှစ်နိုင်ငံ သဘောတူပြီး လုပ်နေတဲ့နေရာမှာ ချွတ်ချော်မှုတွေလည်း တချို့ရှိတယ်။ အဲဒီမှာ ကျနော်တို့ တယောက်နဲ့တယောက် အပြစ်တင်နေတာ မဟုတ်ဘူး။ ဖြစ်နေတဲ့ဟာကို ပြောနေတာ။ ပြန်လည်းလက်ခံဖို့အတွက် ကျနော်တို့က လက်ခံမယ်။ ကျနော်တို့ဆီမှာ နေသွားတဲ့လူတွေ မှန်တယ်ဆိုရင် အထောက်အထား တခုခုပြနိုင်တယ်ဆိုရင် ကျနော်တို့က စီစစ်ပြီးတော့ မှန်ကန်တယ်ဆိုရင် ပြန်လည်လက်ခံမယ်လို့ သဘောတူညီပြီးပြီ။ အဲဒီမှာ သူတို့ဘက်က လုပ်ရမှာက အဖန်ဖန်အလဲလဲ ကျနော်တို့ပြောပြီးပါပြီ … သတ်မှတ်ထားတဲ့ ပုံစံတွေရှိတယ်။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ဖြည့်ခိုင်းပါ။ တကယ်ပြန်လာချင်တဲ့ ဆန္ဒအမှန်ရှိရင် လက်မှတ်ထိုး၊ ကျနော်တို့က စီစစ်ပြီးတော့ မှန်တယ်ဆိုရင် လက်ခံမယ်။ ဒါက လွယ်လွယ်လေး၊ ရှင်းရှင်းလေးပါ။ သို့သော်လဲ ဒီဟာကို ပုံမှန်မလုပ်တဲ့အခါကြတော့ ကျနော်တို့မှာ ပြဿနာတွေဖြစ်တယ်။

အားလုံး တပြုံတည်းတော့ အခက်အခဲရှိတယ်။ သို့သော်လဲပဲ ကျနော်တို့ပြောထားတဲ့ အရေအတွက် ပြန်လာတယ်ဆိုရင် သူတို့လုံခြုံရေးအတွက်လည်း တတ်နိုင်ဆုံး လုပ်ပေးမယ်။ သူတို့ရဲ့ စားဝတ်နေရေးအတွက်လည်း ပြန်လည်နေရာချထားရေးကိုလည်း ကျနော်တို့ လုပ်ပေးမယ်ဆိုတာကို ပြောထားတယ်။ လက်ခံမယ်ဆိုတာကိုလည်း အဆင်သင့်ပါပဲ။ ကျနော်တို့ဘက်က ဒါပါပဲ။

မေး ။ ။ ဟိုတုန်းက ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တုန်းက ဒီကိစ္စဖြစ်ခဲ့တာကို နှစ်နိုင်ငံညှိပြီးတော့ ဖြေရှင်းခဲ့တယ်လို့ ထင်ပါတယ်။ UN ကို မရောက်ခဲ့ဘူး။ နဂါးမင်းစီမံချက်ကြောင့် ထွက်သွားကြတာကို ဟင်္သာစီမံချက်နဲ့ လက်ခံခဲ့တယ်။ အခုကြတော့ ကိုဖီအာနန်ကော်မရှင် ခန့်ပြီးတော့ နိုင်ငံတကာကို အပ်လိုက်တာကို တချို့က ဝေဖန်ကြတယ်။ နိုင်ငံတကာ လက်ထဲထည့်လိုက်တယ်။ ဒီဟာကို ကိုယ်ဘာသာဖြေရှင်းလို့ ရသားနဲ့ဆိုပြီးတော့ အဲဒီလို အပြစ်တင်ပြီး ပြောကြတာ ရှိပါတယ်။ သူတို့တွေကို သံအမတ်ကြီး ဘယ်လိုတုံ့ပြန်ပြောလိုပါလဲ။

ဖြေ ။ ။ ကျနော်တို့က အဲဒါ Internationalize လုပ်တာမဟုတ်ဘူ။ အမှန်က ဟိုတုန်းက ဖြေရှင်းခဲ့တယ်ဆိုတာက အရင်းအမြစ်ပြဿနာကို ဖြေရှင်းတာ မဟုတ်ဘူး။ နဂိုပြဿနာကိုပဲ ဖြေရှင်းတာ။ ဒီကနေထွက်သွားတဲ့လူကို ပြန်လည်လက်ခံဖို့ သဘောတူလုပ်လာတာ ဒါပဲ။ အဲဒါကြောင့်လဲ နှစ်ပေါင်းများစွာ ဒီပြဿနာက တာရှည်နေတာဖြစ်တယ်။ အဲဒီတော့ ဒီတာရှည်နေတဲ့ ပြဿနာကို အမြစ်ပြတ်အောင် ပြဿနာအရင်းအမြစ်ကို ရှာပြီးတော့ ဘာတွေလုပ်ရမလဲ။ ဘာတွေလုပ်သင့်သလဲဆိုပြီးတော့ ရခိုင်အကြံပေးကော်မရှင်ကို ဖွဲ့ပြီးတော့ အကြံပြုချက်ကို တောင်းတာဖြစ်တယ်။ အဲဒီလိုတောင်းတဲ့အခါမှာလဲ ဒီဟာက ကျနော်တို့ကိုယ်ပိုင်ပဲ ဘယ် ကုလသမဂ္ဂ အဖွဲ့အစည်းက လာပြီးလုပ်ခိုင်းတာ မဟုတ်ဘူး။ သူတို့ကို ဘာမှတင်ပြစရာ မရှိဘူး။ မစ္စတာကိုဖီအာနန်နဲ့ သူ့ရဲ့ကော်မရှင်က ကျနော်တို့ နိုင်ငံတော်သမ္မတဆီကို သူ့ရဲ့အစီရင်ခံစာတင်ရတယ်။ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီ တို့ကို တင်ရတာ မဟုတ်ဘူး။ ဒီလောက်ရေရှည်ဖြစ်နေတဲ့ ပြဿနာအရင်းအမြစ်ကို ကိုင်တွယ်ဖို့အတွက် ဒီအစိုးရက စိတ်ရင်းစေတနာအမှန်နဲ့ လုပ်တဲ့ကိစ္စသာ ဖြစ်တယ်။ ဒီလိုပဲ ကျနော်ပြောချင်ပါတယ်။

မေး ။ ။ ကျနော်နောက်တခု မေးချင်ပါသေးတယ်။ အခုနောက်ဆုံး အာဆီယံရဲ့ လုပ်ဆောင်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သဘောကျတယ်။ ထောက်ခံတယ်လို ပြောတယ်ထင်ပါတယ်။ အာဆီယံရဲ့ ချဉ်းကပ်မှုက နိုင်ငံတကာက စောစောကပြောခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ ချဉ်းကပ်မှုထက် ပိုပြီးတော့ မြန်မာနဲ့ဟပ်ဆက်မှု ရှိတယ်ထင်ပါတယ်။ အဲဒီကိစ္စကို သံအမတ်ကြီးရဲ့ သဘောထားကို ပြောပြပါ။ သုံးသပ်ပြပါ။

ဖြေ ။ ။ အမှန်ကတော့ ရှင်းရှင်းပြောရရင်တော့ အာဆီယံလုပ်တာကတော့ ထူးထူးခြားခြား မဟုတ်ဘူး။ သို့သော်လဲပဲ အမှန်တရားကို သိမြင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်လို့ပဲ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံက တနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်ရောက်စွက်ဖက်တာတွေကို လက်မခံဘူး။ ကျနော်တို့ရဲ့ အခြေအနေတွေကိုလည်း သူတို့နားလည်တယ်။ ကျနော်တို့ လက်တွေ့လုပ်နိုင်မယ့် အခြေအနေတွေ ဘယ်လိုရှိမလဲဆိုတာကိုလည်း သူတို့သိတယ်။ ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ စိတ်ရင်းစေတနာမှန်တွေကို ဘယ်လိုကူညီရမလဲဆိုတာကို သူတို့က ရှာဖွေတယ်။ နည်းလမ်းရှာတယ်။ ဒီလိုလုပ်ပေးတယ်။ ဒီဟာက ပြဿနာဖြေရှင်းရေးအတွက် အဓိကအချက်ပါပဲ။ ဒါပေမဲ့ ကုလသမဂ္ဂက အဲဒီလိုမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကုလသမဂ္ဂက သူတို့လိုချင်တဲ့ ပုံစံကိုပဲ သူတို့က သွတ်သွင်းချင်တဲ့သဘောရှိတယ်။ အာဆီယံကတော့ အဖွဲ့အစည်းတွင်းမှာ တနိုင်ငံနဲ့တနိုင်ငံ နားလည်ကြတယ်။ သဘောပေါက်တယ်။ ကူညီချင်တဲ့ဆန္ဒ အဓိက ပြဿနာဖြေရှင်းချင်တဲ့ဆန္ဒ အဓိကဖြစ်လို့ အဆင်ပြေတဲ့သဘော ရှိပါတယ်။

မေး ။ ။ ဆိုတော့ ဒီတကြိမ်မှာ အာဆီယံလုပ်ဆောင်ချက်ကို ကုလသမဂ္ဂက António Guterres က အပြည့်အဝထောက်ခံမယ်လို့ ပြောသွားတယ်ဆိုတာ တနည်းအားဖြင့် နည်းနည်းနီးစပ်မှု ရှိလာတယ့်သဘောပေါ့။ ကုလသမဂ္ဂဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံရှုထောင့်ကနေ နားလည်ဖို့ ကြိုးစားလာတယ်ပေါ့။

ဖြေ ။ ။ ဟုတ်ကဲ အဲဒီလို နားလည်ဖို့ ကြိုးစားရင်တော့ အာဆီယံလည်း လုပ်နည်းလုပ်ဟန်ကို သူတို့အနေနဲ့ အတုယူပြီးလုပ်မယ်ဆိုရင်တော့ အောင်မြင်ဖို့ နီးစပ်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG