သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာအေရး ICJ မွာ ေမာ္လဒိုက္ ၾကားျဖတ္အမႈ တင္သြင္းမည္


မွတ္တမ္းရုပ္ပံု - ဂမ္ဘီယာ နဲ႔ ျမန္မာၾကား ICJ အမႈမွာ ႏုိင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္လဲခ်က္တင္သြင္းခဲ႔စဥ္။

ျမန္မာႏုိင္ငံ၊ ရခုိင္ျပည္နယ္ အတြင္း ရုိဟင္ဂ်ာေတြကုိ လူမ်ဳိးတုံး သတ္ျဖတ္မႈေတြ ဆက္လက္ မလုပ္ေဆာင္ေရး ICJ ႏုိင္ငံတကာ တရားရုံးမွာ ၾကားျဖတ္အမႈ တင္သြင္းမယ့္အေၾကာင္း Maldives ႏုိင္ငံက ေျပာၾကားလုိက္ပါတယ္။ ရုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈ က်ဴးလြန္တာကုိ ဟန္႔တားဖုိ႔ ပ်က္ကြက္ခဲ့တယ္လုိ႔ ျမန္မာအစုိးရကုိ စြပ္စြဲထားတဲ့ ဂမ္ဘီယာႏုိင္ငံရဲ႕အမႈကုိ ICJ တရားရုံးက ဆုံးျဖတ္ၿပီး တလေက်ာ္အၾကာမွာ Maldives ႏုိင္ငံကလည္း အလားတူ လုပ္ေဆာင္လာတာ ျဖစ္ပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

Maldives ႏိုင္ငံဟာ ႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို ICJ ႏိုင္ငံတကာတရားရံုးမွာ ၾကားျဖတ္အမႈ တင္တဲ့အေၾကာင္း ေၾကညာပါတယ္။ လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ ႏိ္ုင္ငံတကာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ ဂမ္ဘီယာႏိုင္ငံရဲ႕ စဲြခ်က္ကို ေထာက္ခံၿပီး ICJ တရားရံုးမွာ ၾကားျဖတ္အမႈ တင္သြင္းမယ့္အေၾကာင္း ဆြစ္ဇာလန္ႏုိင္ငံ၊ ဂ်နီဗာၿမိဳ႕မွာ က်င္းပေနတဲ့ (၄၃) ႀကိမ္ေျမာက္ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ စည္းေ၀းပြဲမွာ Maldives ႏုိင္ငံျခားေရး၀န္ႀကီး Abudulla Shahid က ေဖေဖာ္၀ါရီလ ၂၅ ရက္ေန႔မွာ တင္ျပခဲ့တာပါ။

“ရုိဟင္ဂ်ာ အေရးကိစၥနဲ႔ပတ္သက္လုိ႔ ICJ ႏုိင္ငံတကာတရားရုံးက မၾကာေသးခင္က ဆုံးျဖတ္ခ်က္ ခ်လုိက္တဲ့အေပၚ Maldives ႏုိင္ငံက ႀကိဳဆုိပါတယ္။ ရုိဟင္ဂ်ာေတြ အေပၚ ျပစ္မႈက်ဴးလြန္္ခဲ့သူေတြကုိ အေရးယူေရး ေဆာင္ရြက္မႈေတြကုိ Maldives ႏုိင္ငံက ေထာက္ခံေပးသြားမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က OIC ထိပ္သီးစည္းေ၀းပြဲမွာ ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္နဲ႔အညီ ICJ တရားရုံးမွာေရာက္ေနတဲ့ ရုိဟင္ဂ်ာအမႈမွာ ၾကား၀င္ေဆာင္ရြက္ဖုိ႔ ခုိင္မာတဲ့ အေထာက္အထားေတြ ရွိေနတယ္လုိ႔ Maldives အစုိးရက ဆုံးျဖတ္လုိက္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လုိ႔ သင့္ေတာ္တဲ့အခ်ိန္မွာ စာေရး အမႈဖြင့္သြားမွာ ျဖစ္ပါတယ္။ ဒီကိစၥကုိ ဦးေဆာင္လုပ္ကုိင္ခဲ့တဲ့ ဂမ္ဘီယာႏုိင္ငံကုိ OIC အဖြဲ႔၀င္ႏုိင္ငံတခုအေနနဲ႔ ေက်းဇူးတင္ေၾကာင္း ေျပာပါရေစ။”

OIC အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္း ေဆာင္ရြက္ေရး အဖဲြ႕ရဲ႕ ဆံုးျဖတ္ခ်က္နဲ႔အညီ၊ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈ က်ဴးလြန္တဲ့ လုပ္ရပ္ေတြ အေရးယူႏိုင္ဖို႔ ေဆာင္ရြက္တာျဖစ္တယ္လို႔ Maldives ႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာလည္း ပါရွိပါတယ္။

Maldives က ICJ မွာ တင္သြင္းမယ့္ အမႈကုိေတာ့ ရုိဟင္ဂ်ာအေရးကိစၥနဲ႔ပတ္သက္လုိ႔ တက္တက္ႂကြႂကြ ေျပာဆုိေလ့ရွိတဲ့ လူ႔အခြင့္အေရး ေရွ႕ေန Amal Clooney က ေရွ႕ေနအျဖစ္ လိုက္ပါ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ သူဟာ ေဟာလိ၀ုဒ္က နာမည္ေက်ာ္ ႐ုပ္ရွင္မင္းသား George Clooney ရဲ႕ ဇနီးျဖစ္တဲ့အျပင္ အရင္ Maldives သမၼတေဟာင္း Mohamed Nasheed ကုိ ေထာင္ဒဏ္ ၁၃ ႏွစ္ ခ်မွတ္ခဲ့တာ တရားမ၀င္ေၾကာင္း ကုလသမဂၢကုိယ္စား ေအာင္ျမင္စြာ လုိက္ပါ ေဆာင္ရြက္ေပးခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

ျမန္မာ ႏုိင္ငံေတာ္အတုိင္ပင္ခံရုံး၀န္ႀကီး ဦးေက်ာ္တင့္ေဆြကေတာ့ အစိုးရအေနနဲ႔ ရခိုင္အေရးနဲ႔ ပတ္သက္လို႔ လြတ္လပ္ေသာ စံုစမ္းေရးေကာ္မရွင္ ICOE ဖဲြ႕စည္းၿပီး၊ အဲဒီ စံုစမ္းေရးအဖဲြ႕ရဲ႕ အစီရင္ခံစာေပၚ အေရးယူ ေဆာင္ရြက္မႈေတြ လုပ္ဖို႔ ရွိတယ္လို႔ ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔က လူ႔အခြင့္အေရးေကာင္စီ စည္းေ၀းပြဲကုိ ေျပာၾကားတဲ့ မိန္႔ခြန္းထဲ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

“အစိုးရအေနနဲ႔ ဒီ အစီရင္ခံစာကို ေလ့လာၿပီးတဲ့ အခါက်ေတာ့ ေရွေနခ်ဳပ္ရံုးအေနနဲ႔ ေနာက္ထပ္ စံုစမ္းစစ္ေဆးမႈေတြနဲ႔ အေရးယူ ကိုင္တြယ္မႈေတြ လုပ္ဖို႔ သမၼတရံုးကေန ၫႊန္ၾကားခ်က္ထုတ္ခဲ့ပါတယ္။ အလားတူပဲ တပ္မေတာ္ဘက္ကလည္း ဒီအမႈေတြကို တပ္မေတာ္ တရားစီရင္ေရး လမ္းေၾကာင္းအရ အေရးယူဖို႔ စစ္ဥပေဒခ်ဳပ္ရံုးကေန ေဆာင္ရြက္သြားမယ္လို႔ ေၾကညာထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏိ္ုင္ငံ အေနနဲ႔ ဒီ အမႈက်ဴးလြန္သူေတြကို အေရးယူဖို႔ စိတ္ဆႏၵရွိသလို အေရးယူ လုပ္ႏိုင္စြမ္းလည္း ရွိပါတယ္။”

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာႏိ္ုင္ငံကေတာ့ ရခုိင္ျပည္နယ္က ထြက္ေျပးသြားၾကတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ႏုိ္င္ေရး ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ နားလည္မႈစာခၽြန္္လႊာ ေရးထုိးၿပီး ပူးေပါင္း ေဆာင္ရြက္ေနသလုိ၊ ကုလသမဂၢ အဖြဲ႔အစည္းေတြနဲ႔ လက္တြဲ ေဆာင္ရြက္ေနေၾကာင္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈ လုပ္ရပ္ေတြ ဆက္ၿပီးမျဖစ္ေအာင္ တားဆီးေရး ဂမ္ဘီယာႏိုင္ငံဘက္က ေလွ်ာက္ထားခ်က္အရ ၾကားျဖတ္လိုက္နာ လုပ္ေဆာင္ရမယ့္ အခ်က္ ၄ ခ်က္ ကို ICJ တရား႐ုံးက ဇန္န၀ါရီလ ၂၃ ရက္ေန႔မွာ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္ပါတယ္။ တခ်ိန္ထဲမွာဘဲ ဂမ္ဘီယာႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာ လူမ်ဳိးတုံးသတ္ျဖတ္မႈ တားဆီးေရး သေဘာတူညီခ်က္အရ တရားစြဲဆိုပိုင္ခြင့္ မရွိဘူးလို႔ ျမန္မာႏိုုင္ငံဘက္က ေလွ်ာက္ထားတာကို ICJ တရား႐ုံးက ျငင္းဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ဆက်လက် မလုပ်ဆောင်ရေး ICJ နိုင်ငံတကာ တရားရုံးမှာ ကြားဖြတ်အမှု တင်သွင်းမယ့်အကြောင်း Maldives နိုင်ငံက ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်လို့ မြန်မာအစိုးရကို စွပ်စွဲထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့အမှုကို ICJ တရားရုံးက ဆုံးဖြတ်ပြီး တလကျော်အကြာမှာ Maldives နိုင်ငံကလည်း အလားတူ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Maldives နိုင်ငံဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ICJ နိုင်ငံတကာတရားရုံးမှာ ကြားဖြတ်အမှု တင်တဲ့အကြောင်း ကြေညာပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်ကို ထောက်ခံပြီး ICJ တရားရုံးမှာ ကြားဖြတ်အမှု တင်သွင်းမယ့်အကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ (၄၃) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ Maldives နိုင်ငံခြားရေးဝန်ကြီး Abudulla Shahid က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တင်ပြခဲ့တာပါ။

“ရိုဟင်ဂျာ အရေးကိစ္စနဲ့ပတ်သက်လို့ ICJ နိုင်ငံတကာတရားရုံးက မကြာသေးခင်က ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ် Maldives နိုင်ငံက ကြိုဆိုပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူရေး ဆောင်ရွက်မှုတွေကို Maldives နိုင်ငံက ထောက်ခံပေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က OIC ထိပ်သီးစည်းဝေးပွဲမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့အညီ ICJ တရားရုံးမှာရောက်နေတဲ့ ရိုဟင်ဂျာအမှုမှာ ကြားဝင်ဆောင်ရွက်ဖို့ ခိုင်မာတဲ့ အထောက်အထားတွေ ရှိနေတယ်လို့ Maldives အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ သင့်တော်တဲ့အချိန်မှာ စာရေး အမှုဖွင့်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ဂမ်ဘီယာနိုင်ငံကို OIC အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ ကျေးဇူးတင်ကြောင်း ပြောပါရစေ။”

OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ လုပ်ရပ်တွေ အရေးယူနိုင်ဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ Maldives နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ပါရှိပါတယ်။

Maldives က ICJ မှာ တင်သွင်းမယ့် အမှုကိုတော့ ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ တက်တက်ကြွကြွ ပြောဆိုလေ့ရှိတဲ့ လူ့အခွင့်အရေး ရှေ့နေ Amal Clooney က ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူဟာ ဟောလိဝုဒ်က နာမည်ကျော် ရုပ်ရှင်မင်းသား George Clooney ရဲ့ ဇနီးဖြစ်တဲ့အပြင် အရင် Maldives သမ္မတဟောင်း Mohamed Nasheed ကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့တာ တရားမဝင်ကြောင်း ကုလသမဂ္ဂကိုယ်စား အောင်မြင်စွာ လိုက်ပါ ဆောင်ရွက်ပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

မြန်မာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေကတော့ အစိုးရအနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်လို့ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ICOE ဖွဲ့စည်းပြီး၊ အဲဒီ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာပေါ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ ရှိတယ်လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲကို ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အစိုးရအနေနဲ့ ဒီ အစီရင်ခံစာကို လေ့လာပြီးတဲ့ အခါကျတော့ ရှေနေချုပ်ရုံးအနေနဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေနဲ့ အရေးယူ ကိုင်တွယ်မှုတွေ လုပ်ဖို့ သမ္မတရုံးကနေ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ အလားတူပဲ တပ်မတော်ဘက်ကလည်း ဒီအမှုတွေကို တပ်မတော် တရားစီရင်ရေး လမ်းကြောင်းအရ အရေးယူဖို့ စစ်ဥပဒေချုပ်ရုံးကနေ ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ ဒီ အမှုကျူးလွန်သူတွေကို အရေးယူဖို့ စိတ်ဆန္ဒရှိသလို အရေးယူ လုပ်နိုင်စွမ်းလည်း ရှိပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး ပူးပေါင်း ဆောင်ရွက်နေသလို၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်နေကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားချက်အရ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက် ကို ICJ တရားရုံးက ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ တချိန်ထဲမှာဘဲ ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်အရ တရားစွဲဆိုပိုင်ခွင့် မရှိဘူးလို့ မြန်မာနိုင်ငံဘက်က လျှောက်ထားတာကို ICJ တရားရုံးက ငြင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG