သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ဆံုးျဖတ္ခ်က္ ကုလလူ႔အခြင့္အေရး မဟာမင္းႀကီး႐ံုး ႀကိဳဆို


(Zawgyi / Unicode)

ICJ ႏိုင္ငံတကာ တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကို ကုလသမဂၢ လူ႔အခြင့္ေရးဆိုင္ရာ မဟာမင္းႀကီး႐ုံးက ႀကဳိဆိုလိုက္ၿပီး ဆုံးျဖတ္ခ်က္ေတြ အေကာင္အထည္ေဖၚရာမွာ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ျမန္မာအစိုးရကို ထပ္မံတိုက္တြန္း လိုက္ပါတယ္။ ကိုဉာဏ္ဝင္းေအာင္က ဆက္ၿပီးတင္ျပမွာပါ။

႐ုိဟင္ဂ်ာေတြ လူမ်ဳိးတုံး သုတ္သင္ဖယ္ရွား ခံရမယ့္ ျဖစ္ႏိုင္ေျခေတြရွိတာေၾကာင့္ ဒီအေျခအေနကေန အကာအကြယ္ရဖုိ႔ ICJ ႏိုင္ငံတကာ တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကို ႀကဳိဆိုေၾကာင္း ကုလသမဂၢ လူ႔အခြင့္ေရးဆိုင္ရာ မဟာမင္းႀကီး႐ုံး OHCHR ေျပာခြင့္ရပုဂၢဳိလ္ မစၥ္ Liz Throssell က ေျပာဆိုလုိက္ပါတယ္။

“ျမန္မာႏိုင္ငံအေနနဲ႔ သူ႔လုပ္ပုိင္ခြင့္ အာဏာထဲကေန အေရးယူ ေဆာင္ရြက္မႈအားလုံးကို လုပ္ရမယ္ဆိုတဲ့ ICJ တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ကို က်မတို႔ ႀကဳိဆိုပါတယ္။ လူမ်ဳိးတုံးသတ္ျဖတ္မႈ တားဆီးေရးနဲ႔ အျပစ္ေပးေရးဆုိင္ရာ သေဘာတူစာခ်ဳပ္ အပုိဒ္ ၂ မွာပါတဲ့ ၾကားကာလ အေရးယူ ေဆာင္ရြက္ခ်က္ေတြနဲ႔ အနာဂတ္ကာလမွာ ႐ုိဟင္ဂ်ာေတြ ရင္ဆုိင္ရဖြယ္ရွိတဲ့ လူမ်ဳိးတုံးသတ္ျဖတ္မႈကို အကာအကြယ္ေပးသြားဖို႔ လုိပါတယ္။”

ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္ အေရးေပၚစီမံခ်က္ေတြကို ဖတ္႐ႈႏုိင္ပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမဳိ႕ ကုလ႐ုံးမွာ ဇန္နဝါရီ ၂၄ ရက္ေန႔ သတင္းေထာက္ေတြနဲ႔ ေတြ႔ဆုံခ်ိန္ Liz Throssell က အဲဒီလို ေျပာဆိုလုိက္ တာပါ။ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet ကလည္း ၂၀၁၆ -၂၀၁၇ ခုႏွစ္ေတြတုန္းက ႐ုိဟင္ဂ်ာေတြဟာ အၾကမ္းဖက္ မႈေတြကို အႀကိမ္ႀကိမ္ ေတြႀကဳံခံစားခဲ့ရတာကို သူ႔အေနနဲ႔ အထူးစိုးရိမ္မိတယ္ဆိုတာ ထပ္ခါတလဲလဲ ေျပာဆိုခဲ့ေၾကာင္း Liz Throssell က ေျပာပါတယ္။ ဒါေၾကာင့္ ICJ ရဲ႕ဆုံးျဖတ္ခ်က္ကို ျမန္မာအစိုးရက လိုက္နာ အေကာင္အထည္ ေဖၚဖို႔ OHCHR က ေတာင္းဆိုလိုက္ပါတယ္။

“လူမ်ဳိးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ စာခ်ဳပ္ပါ လိုက္နာေဆာင္ရြက္ရမယ့္ အခ်က္ေတြအတိုင္း ျမန္မာႏိုင္ငံက ခၽြင္းခ်က္မရွိ ခ်က္ခ်င္း တာဝန္ယူ လုပ္ေဆာင္ဖို႔ကိုလည္း ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး႐ုံးက တိုက္တြန္းပါတယ္။”
႐ုိဟင္ဂ်ာလို႔ေခၚဆိုတာကို လက္မခံတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ICJ ဆုံးျဖတ္ခ်က္ကို လိုက္နာ လုပ္ေဆာင္ပါမယ္လုိ႔ ခုထိ အတိအက် ေျပာမထားေသးပါဘူး။ ICJ တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ေတြဟာ ႏိုင္ငံတကာဥပေဒေတြအရ မလိုက္နာပဲ ေနလုိ႔မရတဲ့ အခ်က္ေတြျဖစ္တယ္ လို႔လည္း Throssell က ဆုိပါတယ္။

႐ုိဟင္ဂ်ာေတြကို သတ္ျဖတ္တာနဲ႔ အျပင္းအထန္ ဖိႏွိပ္တာေတြအတြက္ လူမ်ဳိးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ရဲ႕ အဖြဲ႔ဝင္ႏိုင္ငံတခုျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ တာဝန္ရွိတယ္ဆိုတာကို တရားစီရင္ေရးအရ ဆုံးျဖတ္ႏိုင္ေစမယ့္လမ္းေၾကာင္း ပြင့္သြားတာက သိပ္အေရးပါတယ္လို႔ OHCHR ေျပာခြင့္ရက ေျပာပါတယ္။

“အျခား ႏိုင္ငံတကာ စုံစမ္းစစ္ေဆးမႈေတြ၊ တာဝန္ခံမႈရွိတဲ့ လုပ္ငန္းစဥ္ေတြလိုပဲ ျမန္မာအစိုးရကလည္း လိုအပ္တဲ့ စုံစမ္းစစ္ေဆးမႈ အားလုံးမွာ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္ေဆာင္ရြက္ပါလုိ႔ က်မတို႔ ေတာင္းဆိုပါတယ္။ တခ်ိန္ထဲမွာပဲ ျမန္မာႏုိင္ငံထဲမွာ ႐ိုဟင္ဂ်ာေတြ ၿငိမ္းခ်မ္း စြာနဲ႔ ဂုဏ္သိကၡာရွိစြာ ေနထိုင္ႏိုင္ဖုိ႔ ထိေရာက္တက္ၾကြတဲ့ လုပ္ေဆာင္ခ်က္ေတြ လုပ္ေဆာင္ဖုိ႔လိုၿပီး၊ သူတုိ႔ရဲ႕ လူ႔အခြင့္အေရးကို အျပည့္အဝ ခံစားရေအာင္ ေဖၚေဆာင္ေပးဖုိ႔လိုပါတယ္။”

ICJ တရား႐ုံးက ဆုံးျဖတ္ခ်က္ခ်ရတဲ့ အေၾကာင္းရင္းေတြကိုၾကည့္ရင္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ က ဖြဲ႔ေပးထားတဲ့ ျမန္မာႏိုင္ငံ ဆုိင္ရာ သီးျခားလြတ္လပ္တဲ့ အခ်က္အလက္ရွာေဖြေရး FFM အဖြဲ႔ရဲ႕ အစီရင္ခံစာကို အႀကိမ္ႀကိမ္ ရည္ညႊန္းထားသလို၊ ကုလအေထြေထြ ညီလာခံက ႐ုိဟင္ဂ်ာေတြနဲ႔ ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္ေတြကိုပါ ရည္ညႊန္းထားတာ ေတြ႔ရလိမ့္မယ္လို႔ ေျပာခြင့္ရ Throssell က ေထာက္ျပ ပါတယ္။

ဒါ့အျပင္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာလာၿပီျဖစ္တဲ့ ပဋိပကၡအတြင္း အျခားတိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္က လူ႔အခြင့္အေရးခ်ဳိးေဖာက္ ခဲ့တာေတြကုိ FFM အဖြဲ႔အစီရင္ခံစာမွာ ေဖၚျပခဲ့တယ္လို႔ Throssell ကေျပာပါတယ္။ အဲဒီလို ခ်ဳိးေဖာက္မႈေတြအတြက္ အျပစ္ကင္းလြတ္ခြင့္ ရေနတဲ့ကိစၥကို ကုိယ္တြယ္ေျဖရွင္းေရးဟာ ျမန္မာႏိုင္ငံက လူပုဂၢဳိလ္အားလုံးအတြက္ ေရရွည္ခုိင္မာတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ထိေရာက္တဲ့ တရားစီရင္ေရး အနာဂတ္တခု ေပၚေပါက္လာေစဖို႔ မရွိမျဖစ္ လိုအပ္တယ္လို႔ Throssell ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......................

ICJ ဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေး မဟာမင်းကြီးရုံး ကြိုဆို

(Unicode)

ICJ နိုင်ငံတကာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကြိုဆိုလိုက်ပြီး ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖေါ်ရာမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို ထပ်မံတိုက်တွန်း လိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီးတင်ပြမှာပါ။

ရိုဟင်ဂျာတွေ လူမျိုးတုံး သုတ်သင်ဖယ်ရှား ခံရမယ့် ဖြစ်နိုင်ခြေတွေရှိတာကြောင့် ဒီအခြေအနေကနေ အကာအကွယ်ရဖို့ ICJ နိုင်ငံတကာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ပြောခွင့်ရပုဂ္ဂိုလ် မစ္စ် Liz Throssell က ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ သူ့လုပ်ပိုင်ခွင့် အာဏာထဲကနေ အရေးယူ ဆောင်ရွက်မှုအားလုံးကို လုပ်ရမယ်ဆိုတဲ့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ ကြိုဆိုပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂ မှာပါတဲ့ ကြားကာလ အရေးယူ ဆောင်ရွက်ချက်တွေနဲ့ အနာဂတ်ကာလမှာ ရိုဟင်ဂျာတွေ ရင်ဆိုင်ရဖွယ်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အကာအကွယ်ပေးသွားဖို့ လိုပါတယ်။”

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကုလရုံးမှာ ဇန်နဝါရီ ၂၄ ရက်နေ့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် Liz Throssell က အဲဒီလို ပြောဆိုလိုက် တာပါ။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကလည်း ၂၀၁၆ -၂၀၁၇ ခုနှစ်တွေတုန်းက ရိုဟင်ဂျာတွေဟာ အကြမ်းဖက် မှုတွေကို အကြိမ်ကြိမ် တွေကြုံခံစားခဲ့ရတာကို သူ့အနေနဲ့ အထူးစိုးရိမ်မိတယ်ဆိုတာ ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြောင်း Liz Throssell က ပြောပါတယ်။ ဒါကြောင့် ICJ ရဲ့ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက လိုက်နာ အကောင်အထည် ဖေါ်ဖို့ OHCHR က တောင်းဆိုလိုက်ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ စာချုပ်ပါ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေအတိုင်း မြန်မာနိုင်ငံက ချွင်းချက်မရှိ ချက်ချင်း တာဝန်ယူ လုပ်ဆောင်ဖို့ကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက တိုက်တွန်းပါတယ်။”
ရိုဟင်ဂျာလို့ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ ICJ ဆုံးဖြတ်ချက်ကို လိုက်နာ လုပ်ဆောင်ပါမယ်လို့ ခုထိ အတိအကျ ပြောမထားသေးပါဘူး။ ICJ တရားရုံးရဲ့ဆုံးဖြတ်ချက်တွေဟာ နိုင်ငံတကာဥပဒေတွေအရ မလိုက်နာပဲ နေလို့မရတဲ့ အချက်တွေဖြစ်တယ် လို့လည်း Throssell က ဆိုပါတယ်။

ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေးပေါ်စီမံချက်တွေကို ဖတ်ရှုနိုင်ပါတယ်။

ရိုဟင်ဂျာတွေကို သတ်ဖြတ်တာနဲ့ အပြင်းအထန် ဖိနှိပ်တာတွေအတွက် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်ဆိုတာကို တရားစီရင်ရေးအရ ဆုံးဖြတ်နိုင်စေမယ့်လမ်းကြောင်း ပွင့်သွားတာက သိပ်အရေးပါတယ်လို့ OHCHR ပြောခွင့်ရက ပြောပါတယ်။

“အခြား နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ်တွေလိုပဲ မြန်မာအစိုးရကလည်း လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှု အားလုံးမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်ဆောင်ရွက်ပါလို့ ကျမတို့ တောင်းဆိုပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေ ငြိမ်းချမ်း စွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ဖို့ ထိရောက်တက်ကြွတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့လိုပြီး၊ သူတို့ရဲ့ လူ့အခွင့်အရေးကို အပြည့်အဝ ခံစားရအောင် ဖေါ်ဆောင်ပေးဖို့လိုပါတယ်။”

ICJ တရားရုံးက ဆုံးဖြတ်ချက်ချရတဲ့ အကြောင်းရင်းတွေကိုကြည့်ရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က ဖွဲ့ပေးထားတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သီးခြားလွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေး FFM အဖွဲ့ရဲ့ အစီရင်ခံစာကို အကြိမ်ကြိမ် ရည်ညွှန်းထားသလို၊ ကုလအထွေထွေ ညီလာခံက ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကိုပါ ရည်ညွှန်းထားတာ တွေ့ရလိမ့်မယ်လို့ ပြောခွင့်ရ Throssell က ထောက်ပြ ပါတယ်။

ဒါ့အပြင် ဆယ်စုနှစ်ပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ ပဋိပက္ခအတွင်း အခြားတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက် ခဲ့တာတွေကို FFM အဖွဲ့အစီရင်ခံစာမှာ ဖေါ်ပြခဲ့တယ်လို့ Throssell ကပြောပါတယ်။ အဲဒီလို ချိုးဖောက်မှုတွေအတွက် အပြစ်ကင်းလွတ်ခွင့် ရနေတဲ့ကိစ္စကို ကိုယ်တွယ်ဖြေရှင်းရေးဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်အားလုံးအတွက် ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ ထိရောက်တဲ့ တရားစီရင်ရေး အနာဂတ်တခု ပေါ်ပေါက်လာစေဖို့ မရှိမဖြစ် လိုအပ်တယ်လို့ Throssell ကပြောပါတယ်။

XS
SM
MD
LG