(Zawgyi/unicode)
ဂမ္ဘီယာဘက္က အမႈအတြက္ အခုႏွစ္ ဂ်ဴလိုင္ ၂၃ ရက္ေန႔မွာ စတင္ေလွ်ာက္ထားရမွာျဖစ္ၿပီး ျမန္မာႏိုင္ငံဘက္က ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၂၅ ရက္ေန႔မွာ ေခ်ပေလွ်ာက္ထားခ်က္ေပးရမယ္လို႔ တရား႐ံုးထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
ကုလသမဂၢရဲ႕ လူမ်ဳိးတုံးသတ္ျဖတ္မႈ တားဆီးေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားတ့ဲ့ ျမန္မာႏိုင္ငံက ဒီသေဘာတူခ်က္ကို ေဖာက္ဖ်က္ကာ ႐ုိဟင္ဂ်ာမူဆလင္ေတြကို လူမ်ဳိးတုံးသတ္ျဖတ္မႈက်ဴးလြန္ေနတယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက တရားစြဲထားတာျဖစ္ပါတယ္။
ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္ အေရးေပၚစီမံခ်က္ေတြကို ဖတ္႐ႈႏုိင္ပါတယ္။
ဒီအမႈအတြက္ ၾကားနာမႈ မစတင္ခင္မွာ လူမ်ဳိးတုန္းသတ္ျဖတ္မႈအေျခအေန တားဆီးေရး ၾကားျဖတ္အစီအမံေတြကို ICJ တရား႐ံုးက ဇန္နဝါရီလ ၂၃ ရက္ေန႔က ခ်မွတ္ခဲ့ပါတယ္။ အေရးေပၚၾကားျဖတ္ေဆာင္႐ြက္ရမယ့္ အခ်က္ ၄ ခ်က္ကို တရား႐ံုးက ဆံုးျဖတ္ခ်မွတ္ခ့ဲတာပါ။
အဲဒီထဲမွာ ျမန္မာစစ္တပ္အပါအဝင္ သက္ဆိုင္ရာအဖဲြ႔အစည္းေတြအေနနဲ႔ ေနာက္ထပ္က်ဴးလြန္မႈေတြ မလုပ္ေအာင္ တားဆီးေရး၊ လူ႔အခြင့္အေရးခ်ဳိးေဖာက္တဲ့ အေထာက္အထားေတြ ထိန္းသိမ္းထားေရး၊ ျမန္မာဘက္က တုိးတက္မႈအေျခအေနကို အစီရင္ခံစာတင္ေရး စတဲ့အခ်က္ေတြပါဝင္ပါတယ္။ ႐ိုဟင္ဂ်ာဆိုတာကို လက္မခံတဲ့ ျမန္မာႏုိင္ငံကေတာ့ ဒီဆံုးျဖတ္ခ်က္ေတြကို မွတ္သားထားမယ္လို႔ တံု႔ျပန္ထားပါတယ္။
......................
မြန်မာ-ဂမ်ဘီယာအမှု ICJ ကြားနာရက် ကြေညာ
(unicode)
ဂမ်ဘီယာဘက်က အမှုအတွက် အခုနှစ် ဂျူလိုင် ၂၃ ရက်နေ့မှာ စတင်လျှောက်ထားရမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ချေပလျှောက်ထားချက်ပေးရမယ်လို့ တရားရုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံက ဒီသဘောတူချက်ကို ဖောက်ဖျက်ကာ ရိုဟင်ဂျာမူဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာဖြစ်ပါတယ်။
ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေးပေါ်စီမံချက်တွေကို ဖတ်ရှုနိုင်ပါတယ်။
ဒီအမှုအတွက် ကြားနာမှု မစတင်ခင်မှာ လူမျိုးတုန်းသတ်ဖြတ်မှုအခြေအနေ တားဆီးရေး ကြားဖြတ်အစီအမံတွေကို ICJ တရားရုံးက ဇန်နဝါရီလ ၂၃ ရက်နေ့က ချမှတ်ခဲ့ပါတယ်။ အရေးပေါ်ကြားဖြတ်ဆောင်ရွက်ရမယ့် အချက် ၄ ချက်ကို တရားရုံးက ဆုံးဖြတ်ချမှတ်ခဲ့တာပါ။
အဲဒီထဲမှာ မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ နောက်ထပ်ကျူးလွန်မှုတွေ မလုပ်အောင် တားဆီးရေး၊ လူ့အခွင့်အရေးချိုးဖောက်တဲ့ အထောက်အထားတွေ ထိန်းသိမ်းထားရေး၊ မြန်မာဘက်က တိုးတက်မှုအခြေအနေကို အစီရင်ခံစာတင်ရေး စတဲ့အချက်တွေပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတာကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ ဒီဆုံးဖြတ်ချက်တွေကို မှတ်သားထားမယ်လို့ တုံ့ပြန်ထားပါတယ်။