Zawgyi/ Unicode
ICJ ႏိုင္ငံတကာတရားရံုးရဲ႕ ၾကားျဖတ္အေရးယူ စီမံေဆာင္ရြက္ခ်က္မ်ားအမိန္႔ ခ်မွတ္လိုက္တာကို ၾကည့္ရင္ တရားရံုး စီရင္ပိုင္ခြင့္အေပၚ ျမန္မာရဲ႕ကန္႔ကြက္ခ်က္ ေရွ႕ဆက္ ေအာင္ျမင္မွာ မဟုတ္ဘူးဆိုတာ အခိုင္အမာျပသလိုက္တာျဖစ္တယ္လို႔ ႏိုင္ငံတကာ ဥပေဒပညာရွင္ Michael Becker ကသံုးသပ္ပါတယ္။
Michael Becker ဟာ ICJ ႏိုင္ငံတကာတရားရံုးမွာ ၂၀၁၀- ၂၀၁၄ခုႏွစ္ထိ လက္ေထာက္ ဥပေဒအရာရွိအျဖစ္ ေလးႏွစ္ၾကာလုပ္ခဲ့သူျဖစ္ၿပီး၊ ျမန္မာကို အျခားႏိုင္ငံတႏိုင္ငံက လူမ်ဳိးတုံး သတ္ျဖတ္မႈ ဆိုင္ရာ သေဘာတူစာခ်ဳပ္နဲ႔ပတ္သက္ၿပီး ICJ တရားရံုးမွာ အမႈဖြင့္တရားစဲြႏိုင္တဲ့ အလားအလာဆိုတဲ့ ေခါင္းစဥ္နဲ႔ စာတမ္းကို ၂၀၁၈ ခုႏွစ္က ေရးသားျပဳစုခဲ့သူလည္းျဖစ္ပါတယ္။ အခုလက္ရွိ အိုင္ယာလန္ႏိုင္ငံ Durblin က Trinity ေကာလိပ္ ဥပေဒဘာသာရပ္ဌာန လက္ေထာက္ပါေမာကၡျဖစ္တဲ့ Mr. Becker နဲ႔ မအင္ၾကင္းႏိုင္က Skype ကေန သီးသန္႔ ဆက္သြယ္ေမးျမန္းထားပါတယ္။
အင္ၾကင္းႏိုင္။ ။ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ဆက္ၿပီးက်န္ေနတဲ့ ရိုဟင္ဂ်ာမြတ္စလင္ေတြကို လူမ်ဳိးတုန္း သတ္ျဖတ္မႈ ဆိုင္ရာ ျပဳမူေဆာင္ရြက္ခ်က္အားလံုးကေန ျမန္မာအစိုးရက အကာအကြယ္ေပးဖို႔ ICJ တရားရံုးက ဆံုးျဖတ္ခ်က္ခ်လိုက္ပါတယ္။ ဒီတရားရံုး အမိန္႔ဟာ ဘယ္ေလာက္ထိ ထူးျခားမႈရွိလည္းလို႔ ျမင္ပါသလဲ။
Michael Becker။ ။ ဒီကေန႔ တရားရံုးဆံုးျဖတ္ခ်က္ဟာ ၾကားျဖတ္အေရးယူစီမံေဆာင္ရြက္ခ်က္ ကိစၥျဖစ္ပါတယ္။ အလြန္ထူးျခားပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ျမန္မာႏိုင္ငံအေနနဲ႔ လူမ်ဳိးတုန္းသတ္ျဖတ္မႈဆိုင္ရာ ကာကြယ္တားဆီးေရးသေဘာတူစာခ်ဳပ္အတိုင္း လိုက္နာေဆာင္ရြက္ဖို႔ လိုအပ္ေနတယ္ဆိုတာ တရားရံုးက ျပတ္ျပတ္သားသားခ်မွတ္ခဲ့တာျဖစ္ပါတယ္။ အခုတရားရံုးအမိန္႔ဟာ ျမန္မာႏိုင္ငံထဲမွာ ဆက္ၿပီးက်န္ေနတဲ့ ရိုဟင္ဂ်ာအသိုင္းအ၀ိုင္းအတြက္ အဓိကထားတာျဖစ္ပါတယ္။
လူမ်ဳိးတုန္းသတ္ျဖတ္မႈဆိုင္ရာ အျပဳအမူေတြကို လုပ္လာႏိုင္ေျခရွိေနတဲ့ လံုၿခံဳေရး၊ စစ္တပ္ ဒါမွမဟုတ္ အျခားဘယ္သူပဲျဖစ္ျဖစ္ရိုဟင္ဂ်ာေတြအေပၚ ႏွိပ္စက္ညွင္းပမ္းမႈေတြ မလုပ္ေအာင္ အေရးေပၚစီမံေဆာင္ရြက္ခ်က္အားလံုးမွန္သမွ် ျမန္မာအစိုးရအေနနဲ႔ ေဆာင္ရြက္ဖို႔လိုပါတယ္။ စာခ်ဳပ္ကို သေဘာတူလက္မွတ္ေရးထိုးထားတဲ့ ျမန္မာႏိုင္ငံအတြက္ လိုက္နာေဆာင္ရြက္မယ့္ အခ်က္ေတြရွိေနၿပီး ျဖစ္တာေၾကာင့္ စာခ်ဳပ္ဆုိင္ရာ ကိစၥရပ္ေတြမွာ အသစ္ေတာ့မဟုတ္ပါဘူး။ အေရးႀကီးတာက အခုလို လိုက္နာရမယ့္အခ်က္ေတြဟာ ေလးေလးနက္နက္နဲ႔ လက္ေတြ႕က်င့္သံုးဖို႔ ျဖစ္လာၿပီဆိုတာ ထပ္ေလာင္း ေျပာဆိုလုိက္တာျဖစ္ပါတယ္။ ျမန္မာအစိုးရအေနနဲ႔ သေဘာတူ စာခ်ဳပ္အတိုင္း လိုက္နာရမယ့္တာ၀န္ေတြကို ေဆာင္ရြက္ဖို႔ ႀကိဳးစားအားထုတ္တယ္ဆိုတာကို ျပသဖို႔လိုေနပါတယ္။
ေနာက္ၿပီး ဒီကေန႔ တရားရံုးဆံုးျဖတ္ခ်က္ရဲ႕ တကယ့္ထူးျခားမႈက ျမန္မာဘက္က အဆိုျပဳထားတဲ့ တရားသူႀကီးအပါအ၀င္ တရားသူႀကီး ၁၇ ဦးလံုး တညီတညြတ္တည္း ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ျမန္မာအေပၚ ၾကားျဖတ္အေရးယူစီမံေဆာင္ရြက္ခ်က္ေတြ ခ်မွတ္ဖို႔ အားလံုးသေဘာတူခဲ့တာပါ။
အင္ၾကင္းႏို င္။ ။ အခုလို ေမးျမန္းေနခ်ိန္မွာပဲ ICJ တရားရံုးရဲ႕ ဆံုးျဖတ္ခ်က္အေပၚမွာ ျမန္မာအစိုးရရဲ႕ သေဘာထား ေၾကညာခ်က္ထြက္လာပါတယ္။ အဲဒီထဲမွာ သူတို႔ဘက္က ဒီဆံုးျဖတ္ခ်က္ေတြကို မွတ္သားထားမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။ ေနာက္ၿပီးေတာ့ ဒီအမႈရဲ႕ မူလ ေလွ်ာက္ထားခ်က္ခိုင္ လံုမႈ ရွိမရွိနဲ႔ ပတ္သက္လို႔ ICJ တရားရံုးအေနနဲ႔ မွန္မွန္ကန္ကန္ စီရင္ဆံုးျဖတ္ဖို႔ျမန္မာအတြက္ အေရးႀကီးတယ္လို႔ ေဖၚျပထားပါတယ္။ ဒီအေပၚမွာ ဘယ္လိုျမင္ပါလဲ။
Michael Becker။ ။ အခုအခ်ိန္ထိေတာ့ အဲဒီေၾကညာခ်က္ကို က်ေနာ္မေတြ႕ရေသးပါဘူး။ ဒါေပမယ့္ က်ေနာ့္အျမင္ေျပာရရင္ လူအမ်ားအတြက္ အေရးႀကီးတဲ့အခ်က္က ဒီကေန႔ ICJ တရားရံုးက ဘာကိုဆံုးျဖတ္ခ်က္ ခ်လိုက္သလဲ၊ ဘယ္အခ်က္က ဆံုးျဖတ္တဲ့အထဲမပါဘူးလဲ ဆိုတာပဲျဖစ္ပါတယ္။ အခုအဆင့္က လူမ်ဳိးတုန္းသတ္ျဖတ္မႈ ျဖစ္ခဲ့သလား၊ မျဖစ္ခဲ့ဘူးလား၊ သေဘာတူစာခ်ဳပ္ကို ခ်ဳိးေဖာက္ခဲ့သလား၊ မခ်ဳိးေဖာက္ခဲ့ဘူးလား ဆိုတာနဲ႔ ပတ္သက္လို႔ တရားရံုးဆံုးျဖတ္ခ်က္ကို ေတာင္းခံတာမဟုတ္ပါဘူး။ မူလ ေလွ်ာက္ထားခ်က္ရဲ႕ ခိုင္လံုမႈရွိမရွိ ဆိုတဲ့ကိစၥဆိုတာက တရားရံုးက လူမ်ဳိးတုန္းသတ္ျဖတ္မႈ စြပ္စဲြခ်က္ကို စဥ္းစားဆံုးျဖတ္တဲ့အခ်ိန္ေရာက္မွ ျဖစ္လာမွာပါ။ ဒါကလည္း အခ်ိန္ ၾကာအံုးမွာျဖစ္ပါတယ္။
ဒါေပမယ့္ ဒီကေန႔ တရားရံုးဆံုးျဖတ္ခ်က္ကိုၾကည့္ရင္ တရားသူႀကီးေတြဘက္က ေတြ႕ရွိထားတဲ့အခ်က္က ရခိုင္ျပည္နယ္မွာ က်န္ခဲ့တဲ့ရိုဟင္ဂ်ာေတြအတြက္ အလြန္ႀကီးမားတဲ့ အႏၱရာယ္ရွိေနတယ္ဆိုတာျဖစ္ပါတယ္။ လူမ်ဳိးတုန္းသတ္ျဖတ္မႈျဖစ္ေစတဲ့ လုပ္ရပ္ေတြျဖစ္လာႏိုင္တဲ့အႏၱရာယ္ရွိေနတယ္လို႔ တရားသူႀကီးေတြက ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ တကယ္လို႔ သူတို႔က်ဴးလြန္ခဲ့မယ္ဆိုရင္ေတာ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈ သေဘာတူစာခ်ဳပ္ကို ျမန္မာက ခ်ဳိးေဖာက္ရာ က်သြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ လြန္ခဲ့တဲ့သံုးႏွစ္ေက်ာ္က ျဖစ္ခဲ့တဲ့ကိစၥေတြဟာ လူမ်ဳိးတုန္းသတ္ျဖတ္မႈ အဆင့္ပမာဏနဲ႔ သြားၿပီးညီမွ်ေနတယ္ဆိုတာကို လူေတြ ပိုပိုၿပီး သိလာၾကတာျဖစ္ပါတယ္။ ဒါေပမယ္လို႔ တရားရံုးဘက္ကေျပာရရင္ေတာ့ ျမန္မာႏိုင္ငံမွာ လူမ်ဳိးတုန္းသတ္ျဖတ္မႈ ျဖစ္ခဲ့သလား၊ မျဖစ္ခဲ့ဘူးလားဆိုတာ သူတို႔ မေတြ႕ေသးပါဘူး။
အင္ၾကင္းႏုိင္။ ။ ျမန္မာဘက္က လိုက္နာေဆာင္ရြက္ဖို႔ ICJ တရားရံုးက ခ်မွတ္လိုက္တဲ့ ၾကားျဖတ္စီမံေဆာက္ရြက္ခ်က္ ေလးခုကိုၾကည့္ရင္ ျမန္မာအတြက္ အခက္အခဲ စိန္ေခၚမႈေတြရွိမယ္ဆိုတာ ေသခ်ာပါတယ္။ဒီအေပၚမွာ Michael Becker ရဲ႕အျမင္ဘယ္လိုရွိပါလဲ။
Michael Becker။ ။ ပထမ ႏွစ္ခ်က္အရဆိုရင္ လူမ်ဳိးတုန္းသတ္ျဖတ္မႈျဖစ္ေစတဲ့ လုပ္ရပ္ေတြကို တားဆီးေရး စီမံေဆာင္ရြက္ခ်က္အားလံုးကို ျမန္မာအေနနဲ႔ မျဖစ္မေနလုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ေျပာထားတာပါ။ ဂမ္ဘီယာဘက္က လိုခ်င္တာက လူမ်ဳိးတုန္းသတ္ျဖတ္မႈကို ျဖစ္ေစတဲ့ လုပ္ရပ္ဆိုတဲ့အေပၚမွာ ျမန္မာဘက္က ဘယ္အခ်က္ေတြကို အဓိကထားလိုက္နာေဆာင္ရြက္ရမယ္ဆိုတာမ်ဳိး ICJ တရားရံုးအမိန္႔မွာ တိတိက်က် ျပတ္ျပတ္သားသား ေဖၚျပေစခ်င္ခဲ့တာပါ။ ဒါေပမယ့္ တရားရံုးဘက္က ဒီေတာင္းဆိုခ်က္ကို လက္မခံပဲ စီမံေဆာင္ရြက္အားလံုးကို ျမန္မာအေနနဲ႔ လုပ္ေဆာင္ဖို႔ ေယဘုယ်ဆန္တဲ့ ဆံုးျဖတ္မ်ဳိး ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ တတိယအခ်က္က ဂမ္ဘီယာက ေတာင္းဆိုထားတဲ့ အေထာက္အထားေတြကို ထိန္းသိမ္းဖို႔နဲ႔ မေဖ်ာက္ပစ္ဖို႔ အခ်က္ကိုတရားရံုးက ဆံုးျဖတ္ခ်က္မွာ ထည့္သြင္းခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုး စတုတၳေျမာက္အခ်က္က စိတ္၀င္စားစရာေကာင္းပါတယ္။ ျမန္မာဘက္က ICJ တရားရံုးကို ေလးလအတြင္း အစီရင္ခံစာ တင္သြင္းဖို႔ျဖစ္ပါတယ္။ တရားရံုးရဲ႕ ၾကားျဖတ္အေရးေပၚ ဆံုးျဖတ္ခ်က္အတိုင္း သူတို႔ဘာေတြေဆာင္ရြက္ၿပီးစီးခဲ့သလဲဆိုတာ ျမန္မာဘက္က တင္ျပရမွာျဖစ္ပါတယ္။ ေလးလၿပီးရင္ေတာ့ ေနာက္ပိုင္းမွာ ေျခာက္လတႀကိမ္ တရားရံုးကို ျမန္မာက အစီရင္ခံရမွာျဖစ္ပါတယ္။ အဲဒီေတာ့ ဂမ္ဘီယာဘက္က အခြင့္အေရးရဖို႔ရွိတာက ျမန္မာဘက္ကအစီရင္ခံစာတင္သြင္းတိုင္းမွာ ျပန္ၿပီးတုန္႔ျပန္ဖို႔ ျဖစ္ပါတယ္။
အင္ၾကင္းႏိုင္။ ။ ကုလသမဂၢအျမင့္ဆံုးတရားရံုးျဖစ္တဲ့ ICJရဲ႕ ဆံုးျဖတ္ခ်က္ကို မျဖစ္မေန ဘယ္ေလာက္ထိလိုက္နာဖို႔ လိုသလဲ။ ေနာက္ ဒီဆံုးျဖတ္ခ်က္ကို ICJ က ကုလသမဂၢလံုၿခံဳေရး ေကာင္စီကို ေပးပို႔မွာလည္းျဖစ္ေတာ့ ဘယ္လို သက္ေရာက္မႈေတြရွိလာမလဲ။
Michael Becker။ ။ ဥပေဒေၾကာင္းအရ ICJ တရားရံုးက ခ်မွတ္တဲ့ ၾကားျဖတ္အေရးယူ စီမံေဆာင္ရြက္ခ်က္ေတြကို မျဖစ္မေနလိုက္နာေဆာင္ရြက္ဖို႔ လိုပါတယ္။ ဒါေၾကာင့္ ICJရဲ႕ ဆံုးျဖတ္ခ်က္ဟာ ျမန္မာအတြက္ လိုက္နာဖို႔ တာ၀န္၀တၲရားေတြကိုခ်မွတ္တာ၊ရွိေနၿပီးသာ တာ၀န္၀တၱရားေတြကို လိုက္နာဖို႔ ထပ္ၿပီးေျပာဆိုတာျဖစ္ပါတယ္။ ဒါေပမယ့္ ထိေရာက္မႈရွိမလား၊ ဒါမွမဟုတ္ ဥပေဒအရ အေရးယူမႈရွိမရွိဆိုတဲ့အပိုင္းမွာေတာ့ ေျပာဖို႔ခက္ပါတယ္။ ျမန္မာအေနနဲ႔ တာ၀န္၀တၱရားေတြကို လိုက္နာဖို႔ ဆန္႔က်င္တယ္လို႔ ဂမ္ဘီယာျဖစ္ျဖစ္၊ အျခားႏုိင္ငံ တႏုိင္ငံကပဲျဖစ္ျဖစ္ ရွဳျမင္ၿပီး တင္ျပလာတဲ့ စိုးရိမ္မႈေတြကို လံုၿခံဳေရးေကာင္စီက လက္ခံႏိုင္ပါတယ္။ ဒါေပမယ္လို႔ ဒီစိုးရိမ္ခ်က္ေတြနဲ႔ပတ္သက္လို႔ လံုၿခံဳေရးေကာင္စီဘက္က ထိထိေရာက္ေရာက္နဲ႔ ပါ၀င္ပတ္သက္မယ္လိုေတာ့ ျမင္လို႔မရပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တရုတ္နဲ႔ ျမန္မအစိုးရ ဆက္ဆံေရးဟာ အရမ္းကို နီးစပ္မႈရွိပါတယ္။ ဒါေၾကာင့္ ICJ ဆံုးျဖတ္ခ်က္ကို ျမန္မာဘက္က ဥပေဒေၾကာင္းအရ မျဖစ္မေနလိုက္နာေဆာင္ရြက္ဖို႔ လံုၿခံဳေရးေကာင္စီက ပါ၀င္ပတ္သက္လိမ့္မယ္လို႔ ေမွ်ာ္လင့္လို႔မရပါဘူး။
အင္ၾကင္းႏိုင္။ ။ တရားရံုးရဲ႕ အခုဆံုးျဖတ္ခ်က္ဟာ အၿပီးသတ္အမိန္႔ခ်မွတ္မယ့္ကိစၥျဖစ္တဲ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈ ေျမာက္မေျမာက္ဆိုတဲ့အေပၚမွာ ဘယ္လိုသက္ေရာက္မႈေတြရွိေနလဲလို႔ျမင္လဲ။
Michael Becker။ ။ အခု ၾကားျဖတ္အေရးယူစီမံေဆာင္ရြက္မ်ား ခ်မွတ္ေပးဖို႔ဆိုတဲ့ ကိစၥက အဓိက ဘာကိုျပသေနသလဲဆိုရင္ ICJ ရဲ႕ တရားစီရင္ပိုင္ခြင့္ နဲ႔ပတ္သက္လို႔ ျမန္မာဘက္က ကန္႔ကြက္မႈအေတာ္မ်ားမ်ားဟာ ေအာင္ျမင္မႈ မရွိဘူးဆိုတာ ေသခ်ာသေလာက္ေတြ႕ရပါတယ္။ တကယ္လို႔ ျမန္မာဘက္က ICJ တရားရံုးစီရင္ပိုင္ခြင့္ကို ဆက္လက္ စိန္ေခၚဖို႔ စီစဥ္ေနတယ္ဆိုရင္ တရားရံုးဘက္က အခိုင္အမာျပလိုက္တဲ့ အခ်က္ကေတာ့ ျမန္မာဘက္က ခုခံေျခပခ်က္ေတြဟာ ေအာင္ျမင္မႈရွိမွာ မဟုတ္ဘူးဆိုတာပဲျဖစ္ပါတယ္။
---------------------
ICJ နိုင်ငံတကာတရားရုံးရဲ့ ကြားဖြတ်အရေးယူ စီမံဆောင်ရွက်ချက်များအမိန့် ချမှတ်လိုက်တာကို ကြည့်ရင် တရားရုံး စီရင်ပိုင်ခွင့်အပေါ် မြန်မာရဲ့ကန့်ကွက်ချက် ရှေ့ဆက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာ အခိုင်အမာပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။
Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက် ဥပဒေအရာရှိအဖြစ် လေးနှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး၊ မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ သဘောတူစာချုပ်နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခဖြစ်တဲ့ Mr. Becker နဲ့ မအင်ကြင်းနိုင်က Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။
--------------------------------
အင်ကြင်းနိုင်။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဆက်ပြီးကျန်နေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို လူမျိုးတုန်း သတ်ဖြတ်မှု ဆိုင်ရာ ပြုမူဆောင်ရွက်ချက်အားလုံးကနေ မြန်မာအစိုးရက အကာအကွယ်ပေးဖို့ ICJ တရားရုံးက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီတရားရုံး အမိန့်ဟာ ဘယ်လောက်ထိ ထူးခြားမှုရှိလည်းလို့ မြင်ပါသလဲ။
Michael Becker။ ။ ဒီကနေ့ တရားရုံးဆုံးဖြတ်ချက်ဟာ ကြားဖြတ်အရေးယူစီမံဆောင်ရွက်ချက် ကိစ္စဖြစ်ပါတယ်။ အလွန်ထူးခြားပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကာကွယ်တားဆီးရေးသဘောတူစာချုပ်အတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်နေတယ်ဆိုတာ တရားရုံးက ပြတ်ပြတ်သားသားချမှတ်ခဲ့တာဖြစ်ပါတယ်။ အခုတရားရုံးအမိန့်ဟာ မြန်မာနိုင်ငံထဲမှာ ဆက်ပြီးကျန်နေတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် အဓိကထားတာဖြစ်ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အပြုအမူတွေကို လုပ်လာနိုင်ခြေရှိနေတဲ့ လုံခြုံရေး၊ စစ်တပ် ဒါမှမဟုတ် အခြားဘယ်သူပဲဖြစ်ဖြစ် ရိုဟင်ဂျာတွေအပေါ် နှိပ်စက်ညှင်းပမ်းမှုတွေ မလုပ်အောင် အရေးပေါ်စီမံဆောင်ရွက်ချက်အားလုံးမှန်သမျှ မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ဖို့လိုပါတယ်။ စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံအတွက် လိုက်နာဆောင်ရွက်မယ့် အချက်တွေရှိနေပြီး ဖြစ်တာကြောင့် စာချုပ်ဆိုင်ရာ ကိစ္စရပ်တွေမှာ အသစ်တော့မဟုတ်ပါဘူး။ အရေးကြီးတာက အခုလို လိုက်နာရမယ့်အချက်တွေဟာ လေးလေးနက်နက်နဲ့ လက်တွေ့ကျင့်သုံးဖို့ ဖြစ်လာပြီဆိုတာ ထပ်လောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ သဘောတူ စာချုပ်အတိုင်း လိုက်နာရမယ့်တာဝန်တွေကို ဆောင်ရွက်ဖို့ ကြိုးစားအားထုတ်တယ်ဆိုတာကို ပြသဖို့လိုနေပါတယ်။
နောက်ပြီး ဒီကနေ့ တရားရုံးဆုံးဖြတ်ချက်ရဲ့ တကယ့်ထူးခြားမှုက မြန်မာဘက်က အဆိုပြုထားတဲ့ တရားသူကြီးအပါအဝင် တရားသူကြီး ၁၇ ဦးလုံး တညီတညွတ်တည်း ချမှတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာအပေါ် ကြားဖြတ်အရေးယူစီမံဆောင်ရွက်ချက်တွေ ချမှတ်ဖို့ အားလုံးသဘောတူခဲ့တာပါ။
အင်ကြင်းနိုင်။ ။ အခုလို မေးမြန်းနေချိန်မှာပဲ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မြန်မာအစိုးရရဲ့ သဘောထား ကြေညာချက်ထွက်လာပါတယ်။ အဲဒီထဲမှာ သူတို့ဘက်က ဒီဆုံးဖြတ်ချက်တွေကို မှတ်သားထားမှာဖြစ်တယ်လို့ ပြောထားပါတယ်။ နောက်ပြီးတော့ ဒီအမှုရဲ့ မူလ လျှောက်ထားချက်ခိုင် လုံမှု ရှိမရှိနဲ့ ပတ်သက်လို့ ICJ တရားရုံးအနေနဲ့ မှန်မှန်ကန်ကန် စီရင်ဆုံးဖြတ်ဖို့ မြန်မာအတွက် အရေးကြီးတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။
Michael Becker။ ။ အခုအချိန်ထိတော့ အဲဒီကြေညာချက်ကို ကျနော်မတွေ့ရသေးပါဘူး။ ဒါပေမယ့် ကျနော့်အမြင်ပြောရရင် လူအများအတွက် အရေးကြီးတဲ့အချက်က ဒီကနေ့ ICJ တရားရုံးက ဘာကိုဆုံးဖြတ်ချက် ချလိုက်သလဲ၊ ဘယ်အချက်က ဆုံးဖြတ်တဲ့အထဲမပါဘူးလဲ ဆိုတာပဲဖြစ်ပါတယ်။ အခုအဆင့်က လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား၊ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့သလား၊ မချိုးဖောက်ခဲ့ဘူးလား ဆိုတာနဲ့ ပတ်သက်လို့ တရားရုံးဆုံးဖြတ်ချက်ကို တောင်းခံတာမဟုတ်ပါဘူး။ မူလ လျှောက်ထားချက်ရဲ့ ခိုင်လုံမှုရှိမရှိ ဆိုတဲ့ကိစ္စဆိုတာက တရားရုံးက လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ကို စဉ်းစားဆုံးဖြတ်တဲ့အချိန်ရောက်မှ ဖြစ်လာမှာပါ။ ဒါကလည်း အချိန် ကြာအုံးမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီကနေ့ တရားရုံးဆုံးဖြတ်ချက်ကိုကြည့်ရင် တရားသူကြီးတွေဘက်က တွေ့ရှိထားတဲ့အချက်က ရခိုင်ပြည်နယ်မှာ ကျန်ခဲ့တဲ့ရိုဟင်ဂျာတွေအတွက် အလွန်ကြီးမားတဲ့ အန္တရာယ်ရှိနေတယ်ဆိုတာဖြစ်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်စေတဲ့ လုပ်ရပ်တွေဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ တရားသူကြီးတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ တကယ်လို့ သူတို့ကျူးလွန်ခဲ့မယ်ဆိုရင်တော့ လူမျိုးတုန်းသတ်ဖြတ်မှု သဘောတူစာချုပ်ကို မြန်မာက ချိုးဖောက်ရာ ကျသွားမှာဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့သုံးနှစ်ကျော်က ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု အဆင့်ပမာဏနဲ့ သွားပြီးညီမျှနေတယ်ဆိုတာကို လူတွေ ပိုပိုပြီး သိလာကြတာဖြစ်ပါတယ်။ ဒါပေမယ်လို့ တရားရုံးဘက်ကပြောရရင်တော့ မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလားဆိုတာ သူတို့ မတွေ့သေးပါဘူး။
အင်ကြင်းနိုင်။ ။ မြန်မာဘက်က လိုက်နာဆောင်ရွက်ဖို့ ICJ တရားရုံးက ချမှတ်လိုက်တဲ့ ကြားဖြတ်စီမံဆောက်ရွက်ချက် လေးခုကိုကြည့်ရင် မြန်မာအတွက် အခက်အခဲ စိန်ခေါ်မှုတွေရှိမယ်ဆိုတာ သေချာပါတယ်။ ဒီအပေါ်မှာ Michael Becker ရဲ့အမြင်ဘယ်လိုရှိပါလဲ။
Michael Becker။ ။ ပထမ နှစ်ချက်အရဆိုရင် လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်စေတဲ့ လုပ်ရပ်တွေကို တားဆီးရေး စီမံဆောင်ရွက်ချက်အားလုံးကို မြန်မာအနေနဲ့ မဖြစ်မနေလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောထားတာပါ။ ဂမ်ဘီယာဘက်က လိုချင်တာက လူမျိုးတုန်းသတ်ဖြတ်မှုကို ဖြစ်စေတဲ့ လုပ်ရပ်ဆိုတဲ့အပေါ်မှာ မြန်မာဘက်က ဘယ်အချက်တွေကို အဓိကထားလိုက်နာဆောင်ရွက်ရမယ်ဆိုတာမျိုး ICJ တရားရုံးအမိန့်မှာ တိတိကျကျ ပြတ်ပြတ်သားသား ဖေါ်ပြစေချင်ခဲ့တာပါ။ ဒါပေမယ့် တရားရုံးဘက်က ဒီတောင်းဆိုချက်ကို လက်မခံပဲ စီမံဆောင်ရွက်အားလုံးကို မြန်မာအနေနဲ့ လုပ်ဆောင်ဖို့ ယေဘုယျဆန်တဲ့ ဆုံးဖြတ်မျိုး ချမှတ်ခဲ့တာဖြစ်ပါတယ်။ တတိယအချက်က ဂမ်ဘီယာက တောင်းဆိုထားတဲ့ အထောက်အထားတွေကို ထိန်းသိမ်းဖို့နဲ့ မဖျောက်ပစ်ဖို့ အချက်ကို တရားရုံးက ဆုံးဖြတ်ချက်မှာ ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး စတုတ္ထမြောက်အချက်က စိတ်ဝင်စားစရာကောင်းပါတယ်။ မြန်မာဘက်က ICJ တရားရုံးကို လေးလအတွင်း အစီရင်ခံစာ တင်သွင်းဖို့ဖြစ်ပါတယ်။ တရားရုံးရဲ့ ကြားဖြတ်အရေးပေါ် ဆုံးဖြတ်ချက်အတိုင်း သူတို့ဘာတွေဆောင်ရွက်ပြီးစီးခဲ့သလဲဆိုတာ မြန်မာဘက်က တင်ပြရမှာဖြစ်ပါတယ်။ လေးလပြီးရင်တော့ နောက်ပိုင်းမှာ ခြောက်လတကြိမ် တရားရုံးကို မြန်မာက အစီရင်ခံရမှာဖြစ်ပါတယ်။ အဲဒီတော့ ဂမ်ဘီယာဘက်က အခွင့်အရေးရဖို့ရှိတာက မြန်မာဘက်ကအစီရင်ခံစာတင်သွင်းတိုင်းမှာ ပြန်ပြီးတုန့်ပြန်ဖို့ ဖြစ်ပါတယ်။
အင်ကြင်းနိုင်။ ။ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJရဲ့ ဆုံးဖြတ်ချက်ကို မဖြစ်မနေ ဘယ်လောက်ထိလိုက်နာဖို့ လိုသလဲ။ နောက် ဒီဆုံးဖြတ်ချက်ကို ICJ က ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို ပေးပို့မှာလည်းဖြစ်တော့ ဘယ်လို သက်ရောက်မှုတွေရှိလာမလဲ။
Michael Becker။ ။ ဥပဒေကြောင်းအရ ICJ တရားရုံးက ချမှတ်တဲ့ ကြားဖြတ်အရေးယူ စီမံဆောင်ရွက်ချက်တွေကို မဖြစ်မနေလိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့် ICJရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာအတွက် လိုက်နာဖို့ တာဝန်ဝတ္တရားတွေကိုချမှတ်တာ၊ ရှိနေပြီးသာ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ ထပ်ပြီးပြောဆိုတာဖြစ်ပါတယ်။ ဒါပေမယ့် ထိရောက်မှုရှိမလား၊ ဒါမှမဟုတ် ဥပဒေအရ အရေးယူမှုရှိမရှိဆိုတဲ့အပိုင်းမှာတော့ ပြောဖို့ခက်ပါတယ်။ မြန်မာအနေနဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့ ဆန့်ကျင်တယ်လို့ ဂမ်ဘီယာဖြစ်ဖြစ်၊ အခြားနိုင်ငံ တနိုင်ငံကပဲဖြစ်ဖြစ် ရှုမြင်ပြီး တင်ပြလာတဲ့ စိုးရိမ်မှုတွေကို လုံခြုံရေးကောင်စီက လက်ခံနိုင်ပါတယ်။ ဒါပေမယ်လို့ ဒီစိုးရိမ်ချက်တွေနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီဘက်က ထိထိရောက်ရောက်နဲ့ ပါဝင်ပတ်သက်မယ်လိုတော့ မြင်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်နဲ့ မြန်မအစိုးရ ဆက်ဆံရေးဟာ အရမ်းကို နီးစပ်မှုရှိပါတယ်။ ဒါကြောင့် ICJ ဆုံးဖြတ်ချက်ကို မြန်မာဘက်က ဥပဒေကြောင်းအရ မဖြစ်မနေလိုက်နာဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီက ပါဝင်ပတ်သက်လိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။
အင်ကြင်းနိုင်။ ။ တရားရုံးရဲ့ အခုဆုံးဖြတ်ချက်ဟာ အပြီးသတ်အမိန့်ချမှတ်မယ့်ကိစ္စဖြစ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်မမြောက်ဆိုတဲ့အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိနေလဲလို့မြင်လဲ။
Michael Becker။ ။ အခု ကြားဖြတ်အရေးယူစီမံဆောင်ရွက်များ ချမှတ်ပေးဖို့ဆိုတဲ့ ကိစ္စက အဓိက ဘာကိုပြသနေသလဲဆိုရင် ICJ ရဲ့ တရားစီရင်ပိုင်ခွင့် နဲ့ပတ်သက်လို့ မြန်မာဘက်က ကန့်ကွက်မှုအတော်များများဟာ အောင်မြင်မှု မရှိဘူးဆိုတာ သေချာသလောက်တွေ့ရပါတယ်။ တကယ်လို့ မြန်မာဘက်က ICJ တရားရုံးစီရင်ပိုင်ခွင့်ကို ဆက်လက် စိန်ခေါ်ဖို့ စီစဉ်နေတယ်ဆိုရင် တရားရုံးဘက်က အခိုင်အမာပြလိုက်တဲ့ အချက်ကတော့ မြန်မာဘက်က ခုခံခြေပချက်တွေဟာ အောင်မြင်မှုရှိမှာ မဟုတ်ဘူးဆိုတာပဲဖြစ်ပါတယ်။