သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္နဲ႔ အဆက္ျဖတ္ဖို႔ ၾသစေၾတးလ်ကို HRW တိုက္တြန္း


ျမန္မာႏုိင္ငံဆုိင္ရာ ၾသစေၾတးလ် သံအမတ္ႀကီး Andrea Faulkner အေနနဲ႔ ဇန္န၀ါရီလ ၂၉ ရက္ေန႔တုန္းက ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံ

(Zawgyi/Unicode)

လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့တယ္လုိ႔ စြပ္စဲြခံေနရတဲ့ ျမန္မာစစ္တပ္နဲ႔ ၾသစေၾတးလ်ႏုိင္ငံက အဆက္ျဖတ္ဖုိ႔ ႏုိင္ငံတကာ လူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔ (Human Rights Watch) က တိုက္တြန္းလုိက္ပါတယ္။

ျမန္မာႏုိင္ငံဆုိင္ရာ ၾသစေၾတးလ် သံအမတ္ႀကီး Andrea Faulkner အေနနဲ႔ ဇန္န၀ါရီလ ၂၉ ရက္ေန႔တုန္းက ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံခဲ့တာဟာ ႐ုိဟင္ဂ်ာေတြအေပၚ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တာ၀န္ရွိတဲ့ စစ္ေခါင္းေဆာင္တေယာက္ရဲ႕ လုပ္ရပ္ကုိ လ်စ္လ်ဴ႐ႈရာေရာက္ေၾကာင္း ၾကာသပေတးေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေျပာဆုိထားတာပါ။

ဆုိးရြားတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ စုံစမ္းစစ္ေဆးသင့္တဲ့သူ တေယာက္နဲ႔ ဓာတ္ပုံအတူတဲြ႐ုိက္ၿပီး လက္ေဆာင္ေတြ အျပန္အလွန္ လဲလွယ္မယ့္အစား ၾသစေၾတးလ်ႏုိင္ငံက အေရးယူဒဏ္ခတ္သင့္ေၾကာင္းလည္း HRW အဖဲြ႔ရဲ႕ ၾသစေၾတးလ်ႏုိင္ငံဆုိင္ရာ ညႊန္ၾကားေရးမွဴး Elaine Pearson က ေျပာပါတယ္။

ျမန္မာစစ္တပ္ ထိပ္တန္းေခါင္းေဆာင္နဲ႔ ၾသစေၾတးလ် သံအမတ္ႀကီးတုိ႔ ၿပီးခဲ့တဲ့လက ေနျပည္ေတာ္မွာ ေတြ႔ဆုံစဥ္မွာေတာ့ ၂ ႏုိင္ငံနဲ႔ ေဒသတြင္း ကိစၥေတြကုိ ေဆြးေႏြးခဲ့သလုိ၊ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္လုိ႔ အျပည္ျပည္ဆုိင္ရာ တရား႐ုံး (ICJ) က ခ်မွတ္ထားတဲ့ ၾကားျဖတ္စီမံခ်က္ေတြနဲ႔ ပတ္သက္လုိ႔ တပ္မေတာ္ဘက္က ေဆာင္ရြက္ေနတာေတြကို ရွင္းျပခဲ့ေၾကာင္းလည္း ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။

႐ုိဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြဟာ လူမ်ဳိးတုံးသတ္ျဖတ္မႈဆုိင္ရာ ပဋိဥာဥ္ကုိ ခ်ဳိးေဖာက္ရာ ေရာက္တယ္ဆုိၿပီး ဂမ္ဘီယာႏုိင္ငံက တရားစဲြခဲ့ၿပီးေနာက္ လူမ်ဳိးတုံးသတ္ျဖတ္ရာေရာက္မယ့္ လုပ္ရပ္ေတြကုိ ဟန္႔တားႏုိင္ေအာင္ ျမန္မာအစုိးရက ေဆာင္ရြက္ဖုိ႔ ICJ က ၾကားျဖတ္ဆုံးျဖတ္ခ်က္ ခ်မွတ္ထားတာပါ။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ ရခုိင္ျပည္နယ္မွာ လူမ်ဳိးျပဳန္းေအာင္ လုပ္ခဲ့တာမ်ဳိး မရွိခဲ့ေၾကာင္း ေျပာဆုိထားေပမဲ့ စစ္ရာဇ၀တ္မႈေျမာက္တဲ့ လုပ္ရပ္တခ်ဳိ႕ရွိခဲ့ေၾကာင္းနဲ႔ က်ဳးလြန္သူေတြကုိ စုံစမ္းေဖာ္ထုတ္ အေရးယူမွာျဖစ္ေၾကာင္းလည္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာစစ်တပ်နဲ့ အဆက်ဖြတ်ဖို့ သြစတြေးလျကို HRW တိုက်တွန်း

(Unicode)

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်နဲ့ သြစတြေးလျနိုင်ငံက အဆက်ဖြတ်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (Human Rights Watch) က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး Andrea Faulkner အနေနဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့တုန်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာဟာ ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တယောက်ရဲ့ လုပ်ရပ်ကို လျစ်လျူရှုရာရောက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုထားတာပါ။

ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးသင့်တဲ့သူ တယောက်နဲ့ ဓာတ်ပုံအတူတွဲရိုက်ပြီး လက်ဆောင်တွေ အပြန်အလှန် လဲလှယ်မယ့်အစား သြစတြေးလျနိုင်ငံက အရေးယူဒဏ်ခတ်သင့်ကြောင်းလည်း HRW အဖွဲ့ရဲ့ သြစတြေးလျနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။

မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်နဲ့ သြစတြေးလျ သံအမတ်ကြီးတို့ ပြီးခဲ့တဲ့လက နေပြည်တော်မှာ တွေ့ဆုံစဉ်မှာတော့ ၂ နိုင်ငံနဲ့ ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးခဲ့သလို၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ချမှတ်ထားတဲ့ ကြားဖြတ်စီမံချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က ဆောင်ရွက်နေတာတွေကို ရှင်းပြခဲ့ကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပဋိဉာဉ်ကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲခဲ့ပြီးနောက် လူမျိုးတုံးသတ်ဖြတ်ရာရောက်မယ့် လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရက ဆောင်ရွက်ဖို့ ICJ က ကြားဖြတ်ဆုံးဖြတ်ချက် ချမှတ်ထားတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းအောင် လုပ်ခဲ့တာမျိုး မရှိခဲ့ကြောင်း ပြောဆိုထားပေမဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တချို့ရှိခဲ့ကြောင်းနဲ့ ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ် အရေးယူမှာဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG