သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾသစေၾတးလ်-တရုတ္ ဆက္ဆံေရးအဖုအထစ္


Australian ျပည္ထဲေရးဝန္ႀကီး Peter Dutton

တ႐ုတ္ကြန္ျမဴနစ္ပါတီဟာ ၾသစေၾတးလ်ႏိုင္ငံရဲ႕ အေတြးအေခၚ တန္ဖိုးေတြနဲ႔ မေလ်ာ္ညီတဲ႔ အျပဳအမူေတြလုပ္ေနတယ္လို႔ ၾသစေၾတးလ်ႏိုင္ငံျပည္ထဲေရး၀န္ႀကီးက စြပ္စြဲလိုက္ပါတယ္။ ၾသစေၾကးလ်တကၠသိုလ္ေတြမွာ ျပည္ပဝင္ေရာက္စြက္ဖက္တာေတြ၊ Cyber ေထာက္လွမ္းေရးလုပ္တာေတြကို တန္ျပန္လုပ္ေဆာင္သြားမယ္လို႔လည္း ဝန္ႀကီး Peter Dutton က သတိေပးလိုက္ပါတယ္။ VoA သတင္းေထာက္ Phil Mercer,Sydney ကေနေပးပို႔ထားတာကို ကိုရဲမင္းထြန္းေျပာျပေပးပါမယ္။

ၾသစေၾတးလ်ႏုိင္ငံ ျပည္ထဲေရးဝန္ႀကီး Peter Dutton ရဲ႕ အခုလိုေဝဖန္ခ်က္ဟာ လက္ေတြ႔မွာ ေပၚေပါက္လာျခင္းမရွိေသးတဲ့ တရုတ္ႏုိ္င္ငံရဲ႕ ျခိမ္းေျခာက္မႈအႏၱရာယ္နဲ႔ပတ္သက္ျပီး ၾသစေၾတးလ်ဘက္က အျပင္းထန္ဆုံးေဝဖန္မႈတခု ျဖစ္ပါတယ္။

တရုတ္ႏုိ္င္ငံက ၾသစေၾတးလ်ႏုိ္င္ငံအေပၚ ဆိုင္ဘာတိုက္ခိုက္မႈေတြ ျပဳလုပ္တယ္ဆိုတာေတြနဲ႔ ၾသစေၾတးလ် ျပည္တြင္းေရးမွာ တရုတ္ေတြ ဝင္ေရာက္စြက္ဖက္တယ္ဆိုတဲ့စြပ္စြဲခ်က္ေတြဟာ ႏွစ္ႏို္္င္ငံအၾကား မၾကာေသးခင္က တင္းမာမႈေတြ ျမင့္တက္လာေစခဲ့ရတဲ့အေၾကာင္းရင္းေတြပါ။ ဒီၾကားထဲ တရုတ္ႏြယ္ဖြား ၾသစေၾတးလ်ႏုိင္ငံသား စာေရးဆရာတေယာက္ကို ဘီဂ်င္းျမိဳ႕မွာ တရုတ္အာဏာပိုင္ေတြက ဖမ္းဆီးထိန္းသိမ္းလိုက္တဲ့ကိစၥနဲ႔ ေတာင္တရုတ္ပင္လယ္အတြင္း တရုတ္ႏို္င္ငံက နယ္ေျမပိုင္ဆို္င္မႈကို ေတာင္းဆိုေနတဲ့ကိစၥဟာလည္း နဂိုက အဆင္မေျပတဲ့ဆက္ဆံေရးမွာ တပူေပၚ ႏွစ္ပူဆင့္သလို ပိုဆိုး လာေစခဲ့ရပါတယ္။

တရုတ္ႏုိ္္င္ငံက ၾသစေၾတးလ်တကၠသိုလ္ေတြထဲ ဝင္စြက္ေနတာေတြကလည္း ၾသစေၾတးလ်ႏုိင္ငံအတြက္ စိတ္ပူစရာပါ။ ေဟာင္ေကာင္က ဒီမိုကေရစီလိုလားတဲ့ ဆႏၵျပပြဲေတြကို ေထာက္ခံတဲ့ ေက်ာင္းသူေက်ာင္းသားေတြကို တရုတ္ ေထာက္ လွမ္းေရး ေအးဂ်င့္ေတြက မဖြယ္မရာ အေႏွာက္အယွက္ေပးတာေတြနဲ႔ ေစာင့္ၾကည့္ မွတ္တမ္းတင္ေနတဲ့ကိစၥေတြလို ျဖစ္ရပ္ေတြဟာ စိတ္ပူပန္စရာ ကိစၥေတြ ျဖစ္လာခဲ့ပါတယ္။

ဝန္ၾကီး Peter Dutton က တရုတ္ရဲ႕ ရည္မွန္းခ်က္ေတြအေပၚ ၾသစေၾတးလ်တို႔ စိုးရိမ္ပူပန္သင့္တယ္လို႔ ဆိုပါတယ္။

”က်ေနာ့္ျပႆနာက တရုတ္ကြန္ျမဴနစ္ပါတီနဲ႔ သူတို႔ရဲ႕မူဝါဒေတြနဲ႔ က်ေနာ္တို႔ထားတဲ့ အေတြးအေခၚဆိုင္ရာတန္ဖိုးေတြ ကြဲလြဲေနတာနဲ႔ သက္ဆိုင္တယ္။ က်ေနာ္တို႔လို ဒီမိုကေရစီႏုိင္ငံေတြမွာ လြတ္လပ္တဲ့အေတြးအေခၚေတြနဲ႔ လြတ္လပ္စြာ ေျပာဆိုခြင့္ကို အားေပးတယ္။ ဒီ တန္ဖိုးေတြအေပၚ တိုက္ခိုက္လာခဲ့ရင္ ဥပေဒျပင္ပကလုပ္လာခဲ့ရင္ ဒီလူေတြ တရုတ္ ႏိုင္ငံ ကပဲ ျဖစ္ျဖစ္ ဘယ္တိုင္းျပည္ကပဲလာလာ က်ေနာ္တို႔ရင္ဆိုင္ၾကရမွာပဲ။”

Peter Dutton ရဲ႕ ေဝဖန္ခ်က္ကို တရုတ္အစုိးရက တူးတူးခါးခါး တုံ႔ျပန္ခဲ့ပါတယ္။ စစ္ေအးေခတ္ စိတ္ဓါတ္အေတြးအေခၚနဲ႔ တဖက္သတ္ျဖစ္မႈေတြကို ၾသစေၾတးလ်တို႔ လက္ခံမွာမဟုတ္ဘူးလို႔ထင္မိသလို အျပည္အလွန္ ယုံၾကည္မႈနဲ႔ ႏွစ္ႏုိင္ငံ ဆက္ဆံေရးေကာင္းဖို႔လုပ္လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္မိေၾကာင္း တရုတ္ႏုိ္င္ငံျခားေရး၀န္ၾကီးဌာန ေျပာခြင့္ရ Geng Shuang က ေျပာဆိုခဲ့ပါတယ္။

ကင္ဘာရာျမိဳ႕ေတာ္က တရုတ္သံရုံးကလည္း Mr Dutton ရဲ႕ ယုတၱိမတန္တဲ့ စြပ္စြဲခ်က္ေတြဟာ တုန္လွုပ္စရာျဖစ္သလို အေျခအျမစ္လည္း မရွိဘူးလို႔ ဆိုပါတယ္။

လစ္ဘရယ္ျဖစ္တဲ့ ၾသစေၾတးလ်ႏုိ္င္ငံဟာ ကမၻာမွာ အလယ္အလတ္တန္း၀င္တဲ့ အင္အားၾကီးတစ္ႏုိင္ငံ ျဖစ္ပါတယ္။ တရုတ္ႏုိင္ငံဟာ ၾသစေၾတးလ်ရဲ႕ အၾကီးဆုံး ကုန္သြယ္ဖက္ႏုိင္ငံျဖစ္သလို ၾသစေၾတးလ် စီးပြားေရးမွာ အေရးအၾကီးဆုံး က႑ေတြျဖစ္တဲ့ သတၱဳတူးေဖာ္ေရး၊ ခရီးသြားလုပ္ငန္းနဲ႔ ပညာေရးက႑ေတြဟာ တရုတ္ရဲ႕ ဝယ္လိုအားအေပၚ အၾကီးအက်ယ္ မွီခိုေနရတာပါ။

ဒါေၾကာင့္ အေမရိကန္ႏိုင္ငံနဲ႔ ရင္းႏွီးခ်စ္ၾကည္မႈလည္းရွိ စစ္ေရး မဟာမိတ္တစ္ဦးလည္းျဖစ္တဲ့ ၾသစေၾတးလ်ႏုိင္ငံအတြက္ စိန္ေခၚမႈတစ္ခု ျဖစ္လာတာကေတာ့ တရုတ္ကို အဓိက ကုန္သြယ္ေရး မိတ္ဖက္ႏုိ္င္ငံအျဖစ္ ထိန္းသိမ္းဆက္ဆံေနရင္းနဲ႔ ေ၀ဖန္စိန္ေခၚႏုိင္စြမ္းလည္း ရရွိရမယ့္ အေရးပဲ ျဖစ္ပါတယ္ ခင္ဗ်ား။

unicode

တရုတ်ကွန်မြူနစ်ပါတီဟာ သြစတြေးလျနိုင်ငံရဲ့ အတွေးအခေါ် တန်ဖိုးတွေနဲ့ မလျော်ညီတဲ့ အပြုအမူတွေလုပ်နေတယ်လို့ သြစတြေးလျနိုင်ငံပြည်ထဲရေးဝန်ကြီးက စွပ်စွဲလိုက်ပါတယ်။ သြစကြေးလျတက္ကသိုလ်တွေမှာ ပြည်ပဝင်ရောက်စွက်ဖက်တာတွေ၊ Cyber ထောက်လှမ်းရေးလုပ်တာတွေကို တန်ပြန်လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီး Peter Dutton က သတိပေးလိုက်ပါတယ်။ VoA သတင်းထောက် Phil Mercer,Sydney ကနေပေးပို့ထားတာကို ကိုရဲမင်းထွန်းပြောပြပေးပါမယ်။

သြစတြေးလျနိုင်ငံ ပြည်ထဲရေးဝန်ကြီး Peter Dutton ရဲ့ အခုလိုဝေဖန်ချက်ဟာ လက်တွေ့မှာ ပေါ်ပေါက်လာခြင်းမရှိသေးတဲ့ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုအန္တရာယ်နဲ့ပတ်သက်ပြီး သြစတြေးလျဘက်က အပြင်းထန်ဆုံးဝေဖန်မှုတခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံက သြစတြေးလျနိုင်ငံအပေါ် ဆိုင်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်တယ်ဆိုတာတွေနဲ့ သြစတြေးလျ ပြည်တွင်းရေးမှာ တရုတ်တွေ ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့စွပ်စွဲချက်တွေဟာ နှစ်နို်င်ငံအကြား မကြာသေးခင်က တင်းမာမှုတွေ မြင့်တက်လာစေခဲ့ရတဲ့အကြောင်းရင်းတွေပါ။ ဒီကြားထဲ တရုတ်နွယ်ဖွား သြစတြေးလျနိုင်ငံသား စာရေးဆရာတယောက်ကို ဘီဂျင်းမြို့မှာ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စနဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက နယ်မြေပိုင်ဆိုင်မှုကို တောင်းဆိုနေတဲ့ကိစ္စဟာလည်း နဂိုက အဆင်မပြေတဲ့ဆက်ဆံရေးမှာ တပူပေါ် နှစ်ပူဆင့်သလို ပိုဆိုး လာစေခဲ့ရပါတယ်။

တရုတ်နို်င်ငံက သြစတြေးလျတက္ကသိုလ်တွေထဲ ဝင်စွက်နေတာတွေကလည်း သြစတြေးလျနိုင်ငံအတွက် စိတ်ပူစရာပါ။ ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို ထောက်ခံတဲ့ ကျောင်းသူကျောင်းသားတွေကို တရုတ် ထောက် လှမ်းရေး အေးဂျင့်တွေက မဖွယ်မရာ အနှောက်အယှက်ပေးတာတွေနဲ့ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ကိစ္စတွေလို ဖြစ်ရပ်တွေဟာ စိတ်ပူပန်စရာ ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။

ဝန်ကြီး Peter Dutton က တရုတ်ရဲ့ ရည်မှန်းချက်တွေအပေါ် သြစတြေးလျတို့ စိုးရိမ်ပူပန်သင့်တယ်လို့ ဆိုပါတယ်။

”ကျနော့်ပြဿနာက တရုတ်ကွန်မြူနစ်ပါတီနဲ့ သူတို့ရဲ့မူဝါဒတွေနဲ့ ကျနော်တို့ထားတဲ့ အတွေးအခေါ်ဆိုင်ရာတန်ဖိုးတွေ ကွဲလွဲနေတာနဲ့ သက်ဆိုင်တယ်။ ကျနော်တို့လို ဒီမိုကရေစီနိုင်ငံတွေမှာ လွတ်လပ်တဲ့အတွေးအခေါ်တွေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အားပေးတယ်။ ဒီ တန်ဖိုးတွေအပေါ် တိုက်ခိုက်လာခဲ့ရင် ဥပဒေပြင်ပကလုပ်လာခဲ့ရင် ဒီလူတွေ တရုတ် နိုင်ငံ ကပဲ ဖြစ်ဖြစ် ဘယ်တိုင်းပြည်ကပဲလာလာ ကျနော်တို့ရင်ဆိုင်ကြရမှာပဲ။”

Peter Dutton ရဲ့ ဝေဖန်ချက်ကို တရုတ်အစိုးရက တူးတူးခါးခါး တုံ့ပြန်ခဲ့ပါတယ်။ စစ်အေးခေတ် စိတ်ဓါတ်အတွေးအခေါ်နဲ့ တဖက်သတ်ဖြစ်မှုတွေကို သြစတြေးလျတို့ လက်ခံမှာမဟုတ်ဘူးလို့ထင်မိသလို အပြည်အလှန် ယုံကြည်မှုနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းဖို့လုပ်လိမ့်မယ်လို့လည်း မျှော်လင့်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang က ပြောဆိုခဲ့ပါတယ်။

ကင်ဘာရာမြို့တော်က တရုတ်သံရုံးကလည်း Mr Dutton ရဲ့ ယုတ္တိမတန်တဲ့ စွပ်စွဲချက်တွေဟာ တုန်လှုပ်စရာဖြစ်သလို အခြေအမြစ်လည်း မရှိဘူးလို့ ဆိုပါတယ်။

လစ်ဘရယ်ဖြစ်တဲ့ သြစတြေးလျနိုင်ငံဟာ ကမ္ဘာမှာ အလယ်အလတ်တန်းဝင်တဲ့ အင်အားကြီးတစ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ သြစတြေးလျရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သလို သြစတြေးလျ စီးပွားရေးမှာ အရေးအကြီးဆုံး ကဏ္ဍတွေဖြစ်တဲ့ သတ္တုတူးဖော်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ပညာရေးကဏ္ဍတွေဟာ တရုတ်ရဲ့ ဝယ်လိုအားအပေါ် အကြီးအကျယ် မှီခိုနေရတာပါ။

ဒါကြောင့် အမေရိကန်နိုင်ငံနဲ့ ရင်းနှီးချစ်ကြည်မှုလည်းရှိ စစ်ရေး မဟာမိတ်တစ်ဦးလည်းဖြစ်တဲ့ သြစတြေးလျနိုင်ငံအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာတာကတော့ တရုတ်ကို အဓိက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံအဖြစ် ထိန်းသိမ်းဆက်ဆံနေရင်းနဲ့ ဝေဖန်စိန်ခေါ်နိုင်စွမ်းလည်း ရရှိရမယ့် အရေးပဲ ဖြစ်ပါတယ် ခင်ဗျား။

ၾသစေၾတးလ်-တရုတ္ ဆက္ဆံေရးအဖုအထစ္
please wait

No media source currently available

0:00 0:03:19 0:00
တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG