သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ဆုံးျဖတ္ခ်က္ ျမန္မာလုိက္နာေရး လုံၿခံဳေရးေကာင္စီ သေဘာတူညီခ်က္မရ


ကုလ လံုၿခံဳေရးေကာင္စီ

(Zawgyi/Unicode)

႐ုိဟင္ဂ်ာေတြအေပၚ လူမ်ဳိးတုံးသတ္ျဖတ္ရာေရာက္မယ့္ လုပ္ရပ္ေတြကုိ ဟန္႔တားႏုိင္ေအာင္ ျမန္မာအစုိးရက ေဆာင္ရြက္သြားဖုိ႔ အျပည္ျပည္ဆုိင္ရာ တရား႐ုံး (ICJ) ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္လုိ႔ အဂၤါေန႔က ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ တံခါးပိတ္ ေဆြးေႏြးပါတယ္။

ဒါေပမဲ့လည္း ေဆြးေႏြးပဲြအၿပီး ေၾကညာခ်က္ထုတ္ျပန္ဖုိ႔ အတြက္ေတာ့ သေဘာတူညီမႈ မရခဲ့ၾကပါဘူး။ ဒီအတြက္ လုံၿခံဳေရးေကာင္စီ အဖဲြ႔၀င္ ဥေရာပသမဂၢ (EU) ႏုိင္ငံေတြကသာ ပူးတဲြေၾကညာခ်က္ထုတ္ျပန္ခဲ့ၾကပါတယ္။

ICJ က ခ်မွတ္လိုက္တဲ့ ၾကားျဖတ္ အေရးေပၚစီမံခ်က္ေတြကို ဖတ္႐ႈႏုိင္ပါတယ္။

ICJ က ခ်မွတ္ထားတဲ့ ကနဦးဆုံးျဖတ္ခ်က္ေတြကုိ ျမန္မာႏုိင္ငံအေနနဲ႔ လုိက္နာဖုိ႔ တုိက္တြန္းေၾကာင္းနဲ႔ ႏုိင္ငံတကာဥပေဒေတြနဲ႔အညီ ခုိင္မာတဲ့ ေဆာင္ရြက္ခ်က္ေတြ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တာ၀န္ရွိသူေတြကုိ တရားဥပေဒေရွ႕ေမွာက္ အေရးယူႏုိင္ဖုိ႔ ထပ္မံေတာင္းဆုိေၾကာင္း EU အဖဲြ႔၀င္ Estonia ႏုိင္ငံက ကုလသမဂၢဆုိင္ရာသံအမတ္ႀကီး Sven Jürgenson က ေၾကညာခ်က္ကုိ ဖတ္ျပခဲ့တာပါ။

ရခုိင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ အေၾကာင္းရင္းကုိ ေျဖရွင္းဖုိ႔ သာမက ကခ်င္နဲ႔ ရွမ္းျပည္နယ္က အေျခအေနေတြကုိ ေျဖရွင္းဖုိ႔လည္း ေၾကညာခ်က္မွာ တုိက္တြန္းထားပါတယ္။ ႐ုိဟင္ဂ်ာေတြ ကုိယ့္သေဘာဆႏၵနဲ႔ သိကၡာရွိရွိ၊ လုံၿခံဳမႈရွိရွိ ေနရပ္ျပန္ႏုိင္ေရး စီစဥ္ဖုိ႔နဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ေဟာင္း Kofi Annan ဦးေဆာင္တဲ့ ရခုိင္ျပည္နယ္အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြကုိ အေကာင္အထည္ေဖာ္ဖုိ႔လည္း ပါ၀င္ပါတယ္။

လုံၿခံဳေရးေကာင္စီ အစည္းအေ၀းအၿပီး ေၾကညာခ်က္ထုတ္ျပန္မယ့္ အစီအစဥ္ကုိေတာ့ ျမန္မာႏုိင္ငံနဲ႔ အဓိကမဟာမိတ္လုိ႔ အမ်ားကျမင္ၾကတဲ့ တ႐ုတ္ႏုိင္ငံနဲ႔ လုံၿခံဳေရးေကာင္စီ အလွည့္က်ဥကၠ႒ ဗီယက္နမ္ႏုိင္ငံတုိ႔က ကန္႔ကြက္ခဲ့တာလုိ႔လည္း သံတမန္အသုိင္းအ၀န္းကုိ ကုိးကားၿပီး AP သတင္းက ေဖာ္ျပပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ရခုိင္ျပည္နယ္ ေျမာက္ပုိင္းမွာရွိတဲ့ ရဲကင္းစခန္းေတြကို ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုက စီးနင္းတုိက္ခုိက္တာကို ျမန္မာစစ္တပ္က တုံ႔ျပန္ရာမွာ ႐ုိဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြဟာ လူမ်ဳိးတုံးသတ္ျဖတ္မႈဆုိင္ရာ ပဋိဥာဥ္ကုိ ခ်ဳိးေဖာက္ရာ ေရာက္တယ္ဆုိၿပီး ဂမ္ဘီယာႏုိင္ငံက တရားစဲြခဲ့တာကုိ ICJ က ကနဦးဆုံးျဖတ္ခ်က္ခ်ရာမွာ လူမ်ဳိးတုံးသတ္ျဖတ္ရာေရာက္မယ့္ လုပ္ရပ္ေတြကုိ ဟန္႔တားႏုိင္ေအာင္ ျမန္မာအစုိးရက ေဆာင္ရြက္သြားဖုိ႔ ၿပီးခဲ့တဲ့လထဲမွာပဲ ဆုံးျဖတ္ထားတာပါ။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္ခံမထားတဲ့ ျမန္မာအစုိးရကေတာ့ ရခုိင္ျပည္နယ္မွာ လူမ်ဳိးျပဳန္းေအာင္ လုပ္ခဲ့တာမ်ဳိး မရွိခဲ့ေၾကာင္း ေျပာဆုိထားေပမဲ့ စစ္ရာဇ၀တ္မႈေျမာက္တဲ့ လုပ္ရပ္တခ်ဳိ႕ရွိခဲ့ေၾကာင္း မၾကာေသးခင္ကပဲ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

....................

ICJ ဆုံးဖြတ်ချက် မြန်မာလိုက်နာရေး လုံခြုံရေးကောင်စီ သဘောတူညီချက်မရ
(Unicode)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရာရောက်မယ့် လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရက ဆောင်ရွက်သွားဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အင်္ဂါနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးပါတယ်။

ဒါပေမဲ့လည်း ဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ဖို့ အတွက်တော့ သဘောတူညီမှု မရခဲ့ကြပါဘူး။ ဒီအတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ဥရောပသမဂ္ဂ (EU) နိုင်ငံတွေကသာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။

ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေးပေါ်စီမံချက်တွေကို ဖတ်ရှုနိုင်ပါတယ်။

ICJ က ချမှတ်ထားတဲ့ ကနဦးဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့ လိုက်နာဖို့ တိုက်တွန်းကြောင်းနဲ့ နိုင်ငံတကာဥပဒေတွေနဲ့အညီ ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားဥပဒေရှေ့မှောက် အရေးယူနိုင်ဖို့ ထပ်မံတောင်းဆိုကြောင်း EU အဖွဲ့ဝင် Estonia နိုင်ငံက ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး Sven Jürgenson က ကြေညာချက်ကို ဖတ်ပြခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြောင်းရင်းကို ဖြေရှင်းဖို့ သာမက ကချင်နဲ့ ရှမ်းပြည်နယ်က အခြေအနေတွေကို ဖြေရှင်းဖို့လည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေ ကိုယ့်သဘောဆန္ဒနဲ့ သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်ရေး စီစဉ်ဖို့နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့လည်း ပါဝင်ပါတယ်။

လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ကြေညာချက်ထုတ်ပြန်မယ့် အစီအစဉ်ကိုတော့ မြန်မာနိုင်ငံနဲ့ အဓိကမဟာမိတ်လို့ အများကမြင်ကြတဲ့ တရုတ်နိုင်ငံနဲ့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံတို့က ကန့်ကွက်ခဲ့တာလို့လည်း သံတမန်အသိုင်းအဝန်းကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုက စီးနင်းတိုက်ခိုက်တာကို မြန်မာစစ်တပ်က တုံ့ပြန်ရာမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပဋိဉာဉ်ကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲခဲ့တာကို ICJ က ကနဦးဆုံးဖြတ်ချက်ချရာမှာ လူမျိုးတုံးသတ်ဖြတ်ရာရောက်မယ့် လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် မြန်မာအစိုးရက ဆောင်ရွက်သွားဖို့ ပြီးခဲ့တဲ့လထဲမှာပဲ ဆုံးဖြတ်ထားတာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မှာ လူမျိုးပြုန်းအောင် လုပ်ခဲ့တာမျိုး မရှိခဲ့ကြောင်း ပြောဆိုထားပေမဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တချို့ရှိခဲ့ကြောင်း မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။

XS
SM
MD
LG