သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂူတာျပင္တရားခြင္ ပြင့္လင္းျမင္သာမႈရွိဟု တပ္မေတာ္ေျပာဆို


(Zawgyi/Unicode)

လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) ရဲ႕ အၿပီးသတ္အစီရင္ခံစာမွာ ေဖာ္ျပထားတဲ့ က်ဴးလြန္မႈေတြ ကို စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္တာမွာ စစ္ဘက္ ဥပေဒအတိုင္းစစ္ခံုရံုနဲ႔ စစ္ေဆးသြားဖို႔ ရွိၿပီး ဒီစစ္ေဆးမႈကို အမ်ားျပည္သူေရွ႕မွာ ပြင့္လင္းျမင္သာမႈရွိရွိ လုပ္သြားမယ္ လို႔ တပ္မေတာ္ဘက္ကေျပာဆို လိုက္ပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ ေမခက စုစည္းတင္ျပထားပါတယ္။

ဒီကေန႔ ေနျပည္ေတာ္မွာ လုပ္တဲ့ တပ္မေတာ္သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျပာ ၾကားခဲ့တာပါ။ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE) ရဲ႕ အၿပီးသတ္အစီရင္ခံစာမွာ ေဖာ္ျပထားတဲ့ က်ဴးလြန္မႈေတြ ကို တပ္မေတာ္အေနနဲ႔ ဆက္လက္စံုစမ္းစစ္ေဆးသြားမွာ ျဖစ္ၿပီး ဒီလိုစံုစမ္း စစ္ေဆးမႈေတြကို တပ္မေတာ္ဘက္က ဖြဲ႔ထားတဲ့ စံုစမ္းစစ္ေဆးေရးအဖြဲ႔ က လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

“ ဂူတာျပင္ ျဖစ္စဥ္နဲ႔ပတ္သတ္ၿပီးေတာ့ က်ေနာ္တို႔ ထုတ္ႏိုင္တဲ့သတင္းထုတ္ျပန္ေပးမယ္။ ဂူတာျပင္ ျဖစ္စဥ္နဲ႔ပတ္သတ္ၿပီး ေဆာင္ရြက္မယ့္ဟာေတြ၊ အေရးယူမႈေတြကို က်ေနာ္တို႔ထုတ္ျပန္ေပးမယ္။ဒီ စစ္တရားရံုးစစ္ေဆးမႈမွာ ခုေနာက္ပိုင္းမြတ္ဆလင္ ေတြ လာနားေထာင္တာရွိတယ္။ တရားရံုကိစၥ ၿပီးရင္ေတာ့ဘယ္သူ႔ကို ဘာေၾကာင့္ ဘယ္လိုအမႈနဲ႔ ဘယ္လို အေရးယူခဲ့သလဲ ဆိုတာ ကိုပြင့္လင္းျမင္သာစြာ ထုတ္ျပန္ေပးမွာျဖစ္ပါတယ္။ ICOE နဲ႔႔ ပတ္သတ္တာေတြက ဥပေဒအရ ေဆာင္ ရြက္ဆဲ ျဖစ္လို႔ ဒါနဲ႔ပတ္သတ္လို႔ သတင္းယူခြင့္ကေတာ့ခုေလာေလာဆယ္မေျပာလိုေသးပါဘူး။ ဒါေပမယ့္ေတာ့ က်ေတာ္ တို႔ လုပ္ေဆာင္လာႏိုင္တာကေတာ့ Open Court လုပ္ဖို႔ေတာ့ ရွိပါတယ္။”

တပ္မေတာ္ စစ္ခံုရံုးက စစ္ေဆးမႈ လုပ္ေဆာင္ေဆာင္တာ၊ စစ္ခံုရံုးနဲ႔ စစ္ေဆးတာေတြနဲ႔ ပတ္သက္လို႔ ပြင့္လင္းျမင္သာ မႈ မရွိဘူးလို႕ေဝဖန္မႈ ေတြရွိေနတဲ့ အေပၚ ပြင့္လင္းျမင္သာစြာ စစ္ေဆးဖို႔ လုပ္ေဆာင္ျပမယ္လို႔ သူကတံု႔ျပန္လိုက္တာပါ။

ၿပီးခဲ့တဲ့ ဇန္နဝါရီလက ထုတ္ျပန္ခဲ့တဲ့ လြတ္လပ္ေသာစံုစမ္းစစ္ေဆးေရး ေကာ္မရွင္ (ICOE) ရဲ႕ အၿပီးသတ္ အစီရင္ခံစာမွာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၅ ရက္ေန႔မွ စက္တင္ဘာလ ၅ ရက္ေန႔အတြင္း ရခုိင္ျပည္နယ္ ေျမာက္ ပုိင္းမွာ ျပင္းထန္တဲ့ လူ႕အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ဥပေဒမဲ့လုပ္ရပ္ေတြကုိ တပ္မေတာ္၊ ARSA အပါအ၀င္ အဖြဲ႕အစည္း ေ တြက က်ဴးလြန္ခဲ့ ေၾကာင္း ေဖာ္ျပထားတာပါ။ ဘူးသီးေတာင္ၿမိဳ႕နယ္ဂူတာျပင္ မွာ ျဖစ္ခဲ့တဲ့ ကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္က စစ္ခံုရံုးတင္ အေရးယူလုပ္ေဆာင္ ေနတာေတြရွိေပမယ့္ ႏိုင္ငံတကာဘက္ကေရာ၊ျပည္တြင္းကပါ ပြင့္လင္း ျမင္သာမႈ မရွိဘူးလို႔ ေထာက္ျပေဝဖန္မႈေတြ ရွိပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ICJ ႏိုင္ငံတကာ တရား႐ုံးက ျမန္မာႏိုင္ငံအေပၚ ၾကားျဖတ္အေရးယူ ေဆာင္ရြက္ခ်က္ ၄ ခု ခ်မွတ္ခဲ့တာနဲ႔ ပတ္သက္ၿပီး ႏုိင္ငံေတာ္အစိုးရရဲ့ ညႊန္ၾကားခ်က္ အတုိင္း တပ္မေတာ္က လုပ္ေဆာင္မွာျဖစ္ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။ လက္ရွိမွာေတာ့ ICJ က ဆုံးျဖတ္ခ်က္ ခ်မွတ္ၿပီးေနာက္ပိုင္း တပ္မေတာ္အေနနဲ႔ ရခိုင္ေဒသ လံုၿခံဳေရးပိုင္းတာဝန္ယူရတာမွာ အခက္အခဲ ေတြႀကံဳလာရ တယ္ လို႔လည္းေျပာပါတယ္။ ဒီထုတ္ ျပန္ခ်က္ထုတ္အၿပီးမွာ ရခိုင္ျပည္နယ္ အေရး တပ္မေတာ္ က လုပ္ေဆာင္ရာမွာ ႏိုု္င္ငံတကာက အထင္ျမင္ လြဲေအာင္ လက္နက္ကိုင္တပ္ဖြဲ႔ AA က ႐ုိဟင္ဂ်ာ မြတ္ဆလင္ေတြ ကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြ လုပ္ေဆာင္ေနတယ္လုိ႔ လည္း ဒီကေန႔ သတင္း စာရွင္းလင္းပြဲမွာ ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုခဲ့ပါတယ္။

“ အရင္တုန္းက တိုက္ပြဲေတြ ျဖစ္လာတုန္းက ဘဂၤလီေတြ၊ မြတ္ဆလင္ေတြ ထိခိုက္တာေတာ္ေတာ္နည္းတယ္။ ခုေနာက္ပိုင္း ခပ္စိတ္စိတ္ေလးျဖစ္လာတယ္။ ဒါနဲ႔ပတ္သတ္လို႔ က်ေနာ္တို႔ကေတာ့လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြ အေနနဲ႔ လုပ္ရကိုင္ရတာမွာ ပိုၿပီးသတိထားေဆာင္ရြက္ေနရတယ္လို႔ က်ေနာ္ေျပာခ်င္ပါတယ္”

ၿပီးခဲ့တဲ့ ရက္ပိုင္းက လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တဲ့ ကင္းေတာင္ေက်း ရြာဟာ ႐ုိဟင္ဂ်ာ အမ်ားစု ေနထိုင္တဲ့ေက်းရြာျဖစ္ၿပီး သူတုိ႔ကို တပ္မေတာ္ဘက္က တိုက္ခိုက္ခဲ့တဲ့ ပံုမ်ိဳး ရကၡိဳင့္လက္နက္ကိုင္တပ္ဖြဲ႔ AA ဘက္က ရည္ရြယ္ လုပ္ေဆာင္ ခဲ့ တာျဖစ္တယ္လို႔ ဒီကေန႔ သတင္း စာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာပါ။ ျမန္မာအစိုးရဘက္ကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္ခံထားျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


......................

ဂူတာပြင်တရားခွင် ပွင့်လင်းမြင်သာမှုရှိဟု တပ်မတော်ပြောဆို

(Unicode)

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်တာမှာ စစ်ဘက် ဥပဒေအတိုင်းစစ်ခုံရုံနဲ့ စစ်ဆေးသွားဖို့ ရှိပြီး ဒီစစ်ဆေးမှုကို အများပြည်သူရှေ့မှာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်သွားမယ် လို့ တပ်မတော်ဘက်ကပြောဆို လိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မေခက စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာ လုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြော ကြားခဲ့တာပါ။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ကို တပ်မတော်အနေနဲ့ ဆက်လက်စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပြီး ဒီလိုစုံစမ်း စစ်ဆေးမှုတွေကို တပ်မတော်ဘက်က ဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ က လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

“ ဂူတာပြင် ဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ ကျနော်တို့ ထုတ်နိုင်တဲ့သတင်းထုတ်ပြန်ပေးမယ်။ ဂူတာပြင် ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဆောင်ရွက်မယ့်ဟာတွေ၊ အရေးယူမှုတွေကို ကျနော်တို့ထုတ်ပြန်ပေးမယ်။ဒီ စစ်တရားရုံးစစ်ဆေးမှုမှာ ခုနောက်ပိုင်းမွတ်ဆလင် တွေ လာနားထောင်တာရှိတယ်။ တရားရုံကိစ္စ ပြီးရင်တော့ဘယ်သူ့ကို ဘာကြောင့် ဘယ်လိုအမှုနဲ့ ဘယ်လို အရေးယူခဲ့သလဲ ဆိုတာ ကိုပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ ICOE နဲ့ ပတ်သတ်တာတွေက ဥပဒေအရ ဆောင် ရွက်ဆဲ ဖြစ်လို့ ဒါနဲ့ပတ်သတ်လို့ သတင်းယူခွင့်ကတော့ခုလောလောဆယ်မပြောလိုသေးပါဘူး။ ဒါပေမယ့်တော့ ကျတော် တို့ လုပ်ဆောင်လာနိုင်တာကတော့ Open Court လုပ်ဖို့တော့ ရှိပါတယ်။”

တပ်မတော် စစ်ခုံရုံးက စစ်ဆေးမှု လုပ်ဆောင်ဆောင်တာ၊ စစ်ခုံရုံးနဲ့ စစ်ဆေးတာတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာ မှု မရှိဘူးလို့ဝေဖန်မှု တွေရှိနေတဲ့ အပေါ် ပွင့်လင်းမြင်သာစွာ စစ်ဆေးဖို့ လုပ်ဆောင်ပြမယ်လို့ သူကတုံ့ပြန်လိုက်တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ရဲ့ အပြီးသတ် အစီရင်ခံစာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အတွင်း ရခိုင်ပြည်နယ် မြောက် ပိုင်းမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဥပဒေမဲ့လုပ်ရပ်တွေကို တပ်မတော်၊ ARSA အပါအဝင် အဖွဲ့အစည်း ေ တွက ကျူးလွန်ခဲ့ ကြောင်း ဖော်ပြထားတာပါ။ ဘူးသီးတောင်မြို့နယ်ဂူတာပြင် မှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စစ်ခုံရုံးတင် အရေးယူလုပ်ဆောင် နေတာတွေရှိပေမယ့် နိုင်ငံတကာဘက်ကရော၊ပြည်တွင်းကပါ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ထောက်ပြဝေဖန်မှုတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ICJ နိုင်ငံတကာ တရားရုံးက မြန်မာနိုင်ငံအပေါ် ကြားဖြတ်အရေးယူ ဆောင်ရွက်ချက် ၄ ခု ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက် အတိုင်း တပ်မတော်က လုပ်ဆောင်မှာဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ လက်ရှိမှာတော့ ICJ က ဆုံးဖြတ်ချက် ချမှတ်ပြီးနောက်ပိုင်း တပ်မတော်အနေနဲ့ ရခိုင်ဒေသ လုံခြုံရေးပိုင်းတာဝန်ယူရတာမှာ အခက်အခဲ တွေကြုံလာရ တယ် လို့လည်းပြောပါတယ်။ ဒီထုတ် ပြန်ချက်ထုတ်အပြီးမှာ ရခိုင်ပြည်နယ် အရေး တပ်မတော် က လုပ်ဆောင်ရာမှာ နိုင်ငံတကာက အထင်မြင် လွဲအောင် လက်နက်ကိုင်တပ်ဖွဲ့ AA က ရိုဟင်ဂျာ မွတ်ဆလင်တွေ ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ လည်း ဒီကနေ့ သတင်း စာရှင်းလင်းပွဲမှာ ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

“ အရင်တုန်းက တိုက်ပွဲတွေ ဖြစ်လာတုန်းက ဘင်္ဂလီတွေ၊ မွတ်ဆလင်တွေ ထိခိုက်တာတော်တော်နည်းတယ်။ ခုနောက်ပိုင်း ခပ်စိတ်စိတ်လေးဖြစ်လာတယ်။ ဒါနဲ့ပတ်သတ်လို့ ကျနော်တို့ကတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ လုပ်ရကိုင်ရတာမှာ ပိုပြီးသတိထားဆောင်ရွက်နေရတယ်လို့ ကျနော်ပြောချင်ပါတယ်”

ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ ကင်းတောင်ကျေး ရွာဟာ ရိုဟင်ဂျာ အများစု နေထိုင်တဲ့ကျေးရွာဖြစ်ပြီး သူတို့ကို တပ်မတော်ဘက်က တိုက်ခိုက်ခဲ့တဲ့ ပုံမျိုး ရက္ခိုင့်လက်နက်ကိုင်တပ်ဖွဲ့ AA ဘက်က ရည်ရွယ် လုပ်ဆောင် ခဲ့ တာဖြစ်တယ်လို့ ဒီကနေ့ သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံထားခြင်း မရှိပါဘူး။

XS
SM
MD
LG