သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္အေရး ASEAN ပူးေပါင္းေဆာင္ရြက္မႈ ကုလအတြင္းေရးမွဴးခ်ဳပ္ ႀကိဳဆို


(Zawgyi/Unicode)

ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ အေျခအေနနဲ႔ပတ္သက္လို႔ အာဆီယံ ပါဝင္ေဆာင္ရြက္လာတာဟာ ကုလသမဂၢအတြက္ လြန္စြာအေရးပါတယ္လုိ႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ António Guterres က ေျပာၾကားလုိက္ပါတယ္။

အာဆီယံ-ကုလသမဂၢ ပူးေပါင္းေဆာင္ရြက္ေရးန႔ဲ ပတ္သက္ၿပီး လုံၿခဳံေရးေကာင္စီကုိ မိန္႔ခြန္းေျပာၾကားရာမွာ အတြင္းေရးမႉးခ်ဳပ္က အဲဒီလို ထည့္သြင္း ေျပာၾကားသြားတာ ျဖစ္ပါတယ္။ အခုအခါ ေနရပ္စြန္႔ခြာ သြားၾကသူေတြနဲ႔ ဒုကၡသည္ေတြ ႀကဳံေတြ႔ေနရတဲ့ အခက္အခဲေတြကို ႏိုင္ငံတကာက ပူးေပါင္းအေျဖရွာေရးဟာ မရွိမျဖစ္ လုိအပ္ၿပီး၊ ရခုိင္ျပည္နယ္ အႀကံေပးေကာ္မရွင္ရဲ႕ ေထာက္ခံတင္ျပခ်က္ေတြနဲ႔အညီ အာဆီယံနဲ႔ ကုလသမဂၢက ေရွ႕တိုးေဆာင္ရြက္ သြားႏို္င္လိမ့္မယ္လို႔ ေျပာၾကားသြားပါတယ္။

ICJ ဆုံးျဖတ္ခ်က္ ကုလအတြင္းေရးမႉးခ်ဳပ္ ႀကိဳဆိုတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

ဒီလုိ လုပ္ေဆာင္ႏိုင္ဖုိ႔ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ သူတို႔ဆႏၵအေလွ်ာက္ ဂုဏ္သိကၡာရွိစြာနဲ႔ ေဘးကင္းလုံၿခဳံစြာ ျပန္လာႏိုင္ေရးအတြက္ အေျခအေနေကာင္းေတြ ဖန္တီးေပးႏိုင္ေရးဟာ အပူတျပင္းလိုအပ္ေနတယ္လို႔ Guterres က ေျပာပါတယ္။ ႐ုိဟင္ဂ်ာဆိုတာကို ျမန္မာအစိုးရက လက္မခံ ျငင္းဆိုထားပါတယ္။

ကမၻာ့ျငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးအတြက္ စိန္ေခၚမႈေတြ ႀကီးထြားလာေနခ်ိန္မွာ ကုလသမဂၢနဲ႔ ေဒသဆုိင္ရာအဖြဲ႔အစည္းေတြ ပူးေပါင္းေဆာင္ရြက္ မႈအပါအဝင္ ဘက္စုံပူးေပါင္းလုပ္ေဆာင္မႈေတြဟာ မရွိမျဖစ္ လိုအပ္တယ္လို႔ အတြင္းေရးမႉးခ်ဳပ္က ေျပာဆုိသလို၊ ၂၀၂၀ ျပည့္ႏွစ္အတြက္ အာဆီယံ အလွည့္က် ဥကၠဌအျဖစ္ေရာ၊ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ ဥကၠဌအျဖစ္ပါ တာဝန္ယူေဆာင္ရြက္မယ့္ ဗီယက္နမ္ႏို္င္ငံကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။

အာဆီယံနဲ႔ ကုလသမဂၢတုိ႔ရဲ႕ ဘက္စုံ ပူးေပါင္းေဆာင္ရြက္မႈဟာ ၂၀၁၁ မွာ စတင္ ခဲ့ခ်ိန္ကစလို႔ အေရးပါလာခဲ့ၿပီး အခုလက္ရွိ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရး စိန္ေခၚမႈေတြကို ရင္ဆုိင္ေျဖရွင္းတဲ့ေနရာမွာ ခြန္အားျဖစ္ထြန္း ေစတယ္လို႔လည္း ေျပာၾကားသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

ရခိုင်အရေး ASEAN ပူးပေါင်းဆောင်ရွက်မှု ကုလအတွင်းရေးမှူးချုပ်ကြိုဆို

(Unicode)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်လို့ အာဆီယံ ပါဝင်ဆောင်ရွက်လာတာဟာ ကုလသမဂ္ဂအတွက် လွန်စွာအရေးပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောကြားလိုက်ပါတယ်။

အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကို မိန့်ခွန်းပြောကြားရာမှာ အတွင်းရေးမှူးချုပ်က အဲဒီလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။ အခုအခါ နေရပ်စွန့်ခွာ သွားကြသူတွေနဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာက ပူးပေါင်းအဖြေရှာရေးဟာ မရှိမဖြစ် လိုအပ်ပြီး၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ ထောက်ခံတင်ပြချက်တွေနဲ့အညီ အာဆီယံနဲ့ ကုလသမဂ္ဂက ရှေ့တိုးဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ ပြောကြားသွားပါတယ်။

ICJ ဆုံးဖြတ်ချက် ကုလအတွင်းရေးမှူးချုပ် ကြိုဆိုတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

ဒီလို လုပ်ဆောင်နိုင်ဖို့ ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျှောက် ဂုဏ်သိက္ခာရှိစွာနဲ့ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ရေးဟာ အပူတပြင်းလိုအပ်နေတယ်လို့ Guterres က ပြောပါတယ်။ ရိုဟင်ဂျာဆိုတာကို မြန်မာအစိုးရက လက်မခံ ငြင်းဆိုထားပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှုတွေ ကြီးထွားလာနေချိန်မှာ ကုလသမဂ္ဂနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက် မှုအပါအဝင် ဘက်စုံပူးပေါင်းလုပ်ဆောင်မှုတွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ အတွင်းရေးမှူးချုပ်က ပြောဆိုသလို၊ ၂၀၂၀ ပြည့်နှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ်ရော၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌအဖြစ်ပါ တာဝန်ယူဆောင်ရွက်မယ့် ဗီယက်နမ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။

အာဆီယံနဲ့ ကုလသမဂ္ဂတို့ရဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုဟာ ၂၀၁၁ မှာ စတင် ခဲ့ချိန်ကစလို့ အရေးပါလာခဲ့ပြီး အခုလက်ရှိ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ခွန်အားဖြစ်ထွန်း စေတယ်လို့လည်း ပြောကြားသွားပါတယ်။

XS
SM
MD
LG