သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခကြီးထွားလာမယ့်အရေး စိုးရိမ်နေကြ


အီရန်ထိပ်တန်းတပ်မှူး Qassim Soleimani ကို သုတ်သင်လိုက်တဲ့အပေါ် အီရန်လူထု ဆန္ဒပြ
အီရန်ထိပ်တန်းတပ်မှူး Qassim Soleimani ကို သုတ်သင်လိုက်တဲ့အပေါ် အီရန်လူထု ဆန္ဒပြ

(Zawgyi / Unicode)

အီရန်ထိပ်တန်းတပ်မှူး Qassim Soleimani ကို အမေရိကန်က သုတ်သင်လိုက်ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းဒေသတွင်းက အမေရိကန်နဲ့သက်ဆိုင်တာတွေကို အီရန်က လက်တုံံ့ပြန်လာနိုင်ခြေအပြင် ပိုပြီးကြီးမားတဲ့ ပဋိပက္ခတခုအဆင့်ထိ ရောက်သွားနိုင်ချေအပေါ် ကမ္ဘာ့ခေါင်းဆောင်တွေ စိုးရိမ်နေကြပါတယ်။

နောက်ထပ် ပင်လယ်ကွေ့စစ်ပွဲတခုကို ကမ္ဘာကြီးအနေနဲ့ ရင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သောကြာနေ့ ထုတ်ပြန်ချက်တခုမှာ သတိပေးထားပြီး ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အမြင့်မားဆုံး ထိန်းသိမ်း လုပ်ဆောင်ကြဖို့ တောင်းဆိုပါတယ်။

ဒီလိုစိုးရိမ်ချက်မျိုးကို ပြင်သစ်၊ ရုရှား၊ တရုတ်နဲ့ ဗြိတိန်တို့အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက လည်း ထုတ်ပြောကြပါတယ်။

ပိုပြီး အန္တရာယ်များတဲ့ ကမ္ဘာတခုမှာ ကျနော်တို့ နိုးထနေရပါပြီလို့ ပြင်သစ်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Amelie de Montchalin က RTL ရေဒီယိုသတင်းဌာနကို ပြောပါတယ်။

Soleiman ကို သုတ်သင်လိုက်တာဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေတဲ့ အဆင်ခြင် မဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး ရုရှားနိုင်ငံခြားရေးဌာနက ပြစ်တင်ရှုတ်ချပါတယ်။

သဘောထားကွဲပြားမှုတွေကို ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းသင့်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်တဦးဖြစ်သူ Yang Jiechi က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သောကြာနေ့က တယ်လီဖုန်းဆက် စကားပြောချိန်အတွင်း ပြောဆိုပါတယ်။ အရှေ့အလယ်ပိုင်းဒေသရဲ့ လက်ရှိအခြေအနေအပေါ် တရုတ်နိုင်ငံအနေနဲ့ အထူးစိုးရိမ် တယ်လို့လည်း Yang Jiechi ကပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Donimic Raab ကတော့ Qasem Soleimani ဦးဆောင်တဲ့ အီရန် Quds တပ်ဖွဲ့ရဲ့ အန္တရာယ်အပေါ် မိမိတို့ အမြဲ သတိပြုမိပါကြောင်းနဲ့ သူသေဆုံးသွားပြီးတဲ့နောက် သက်ဆိုင်သူအားလုံး တင်းမာမှုအရှိန်လျှော့ချကြဖို့ တိုက်တွန်းပြီး နောက်ထပ်ပဋိပက္ခဖြစ်လာတာမျိုးဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ပြောပါတယ်။

Soleimani ကို အမေရိကန်က သုတ်သင်လိုက်ပြီးတဲ့နောက် ကမ္ဘာ့ရေနံဈေးနှုန်း တက်သွားပြီး ဒီဖြစ်ရပ်ဟာ အီရန်နဲ့ အမေရိကန် ကြား တင်းမာမှုမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတခု ဖြစ်သွားစေမယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်


.................

အရှေ့အလယျပိုငျးမှာ ပဋိပက်ခကွီးထှားလာမယ့ျအရေး စိုးရိမျနကွေ

(Unicode)









XS
SM
MD
LG