သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေဖြစ်နေတဲ့ အီရန်မှာ အင်တာနက်ဖြတ်တောက်


(Zawgyi/Unicode)

သောကြာနေ့က စပြီး ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို ရင်ဆိုင်နေရတဲ့ အီရန် အာဏာပိုင်တွေဟာ နိုင်ငံတွင်း အင်တာနက်လိုင်းတွေကို တနင်္လာနေ့မှာလည်း တတိယမြောက်နေ့အဖြစ် ဆက်လက် ဖြတ်တောက် ပိတ်ပင် ခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက် အင်တာနက် လေ့လာစောင့်ကြည်ရေး အဖွဲ့ NetBlocks အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Tlp Toker အီရန် အစ္စလာမ်မစ် နိုင်ငံမှာ ဒေသစံတော်ချိန် စနေနေ့ နှောင်းပိုင်း စပြီး အင်တာနက်တွေ ပိတ်ပင်ခဲ့တာကြောင့် အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ အခုလို အင်တာနက်လိုင်း လုံးဝနီးပါး ပြတ်တောက်နေတာကြောင့် အီရန်က ဆန္ဒပြသူတွေ အနေနဲ့ ဆန္ဒပြပွဲ ဓါတ်ပုံတွေနဲ့ သတင်း အချက်အလက် တွေကို အများ သိရှိအောင် မျှဝေပေးဖို့ အခက်ကြုံနေရပါတယ်။

အီရန်နိုင်ငံမှာ သောကြာနေ့က အစိုးရ ထောက်ပံ့ကြေး ပေးနေတဲ့ လောင်စာဆီဈေးနှုန်းကို ၅၀ ရာခိုင်နှုန်း မြှင့်တင်ခဲ့တာကြောင်း စနေ၊ တနင်္ဂနွေရုံးပိတ်ရက်အတွင်း သေဆုံးမှုတဲ့ရှိတဲ့အထိ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။ တစ်လီတာကို ၁၃ ဆင့်သာရှိတဲ့ ဓါတ်ဆီ ဈေးနှုန်း သစ်ဟာ ကမ္ဘာပေါ်က တစ်ခြား နိုင်ငံတွေမှာ ရှိတဲ့ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ အသက်သာဆုံး အဆင့်မှာပဲ ရှိပါသေးတယ်။

မနှစ်က အမေရိကန်နိုင်ငံက အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တင်းကျပ်လိုက်ပြီး နောက်ပိုင်းမှာ အီရန် နိုင်ငံအတွင်း ကုန်ဈေးနှုန်း မြင့်တက်မှု ပြဿနာနဲ့ အလုပ်လက်မဲ့ တိုးပွားလာနေတဲ့ ပြဿနာတွေကို ကြုံတွေ့နေရသလို အီရန်နိုင်ငံသုံး Rial ငွေကြေးဟာလည်း တစ်ရှိန်ထိုး ကျဆင်းပြီး ငွေဖောင်းပွမှု ပြဿနာနဲ့လည်း ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်


....................


(Unicode)




XS
SM
MD
LG